Linn - Book Shop

Linn - Book Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Linn - Book Shop, Book shop, 73×40, Mandalay.

ခင်ခင်ထူး Collection_________________________________မအိမျကံ   20000တောမင်းသမီး  15000ပင်လယ်ဘေးကရွာကလေး  6000ခမည်းကြိုး ...
03/11/2023

ခင်ခင်ထူး Collection
_________________________________

မအိမျကံ 20000

တောမင်းသမီး 15000

ပင်လယ်ဘေးကရွာကလေး 6000

ခမည်းကြိုး 10000

ဆူးပန်းခွေသွယ်ဘယက် 9000

ပါးကွက်ကြား 4000

ပန်းကြာဝတ်မှုန် 9000

ဝတ်လဲတော်ရွှေပုဆိုး 3000

ဖက်စိမ်းကွမ်းထောင် 4000

သျှောင်ပေစူး 4000

ရက်ကန်းလွန်း 3000

ဆံရစ်ဝိုင်း 4000

စည်းကုံးကြိုး 5000

ပန်းစည်းကြိုး 3000

ကြာဆစ်ကြိုး 3000

အညာသူအညာသားကျွန်မဆွေမျိူးများ 8000

ပဲသင်းကောက် 2500

လှည်းယဉ်ကြော့ 4000

ကျေးတရာ 3500

ဈေးခြင်းတောင်း 3500
_____________________________________

*စာအုပ်တန်ဖိုးအတက်အကျရှိနိုင်ပါတယ်*

ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ် - ဂျူးအိပ်မက်ကို နှစ်သက်တဲ့လူဟာလက်တွေ့ရဲ့ အမှန်တရားကို တုန်လှုပ်ရတတ်တယ် - မင်းညိုစင် ...
31/10/2023

ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ် - ဂျူး

အိပ်မက်ကို နှစ်သက်တဲ့လူဟာ
လက်တွေ့ရဲ့ အမှန်တရားကို
တုန်လှုပ်ရတတ်တယ်

- မင်းညိုစင် -

ဆရာမဂျူး ရဲ့ စာအုပ်တွေထဲမှာ ဖတ်ပြီး
တော်တော်နဲ့ မေ့ဖျောက်မရတဲ့ ဇာတ်လမ်းတွေထဲမှာ ဒီစာအုပ်က ထိပ်ဆုံးမှာပါတယ် ။
လှပစိမ်းနက်နေတဲ့ စံကားဥယျာဉ်ကြီးထဲမှာ
မြ နဲ့ ဉယျာဉ်မှူး ပုံပြင် ကို ပြောပြတဲ့ ခွန်သာ ဆိုတဲ့
လူတစ်ယောက် ကြောင့်ပေါ့ ။

နိုင်ငံကျော်စာရေးဆရာမကြီး မြဦးမေ ရဲ့
အတ္ထုပ္ပတ္တိ ကို ပြုစုဖို့ မေဇော်နု ဆိုတဲ့ မိန်းကလေး
တောကြီးရွာက စံကားဉယျာဉ်ကြီးဆီ
ရောက်လာခဲ့တယ် ။

လျှို့ဝှက်မှုတွေ ၊ ချစ်ခြင်းမေတ္တာတွေ ၊
ဝမ်းနည်းရခြင်း တွေနဲ့ ပြည့်နှက်နေတဲ့ ပုံပြင်
တစ်ပုဒ် (တစ်နည်း) မြ ဆိုတဲ့ မြဦးမေ ရဲ့အကြောင်းကို စံကားပင်တွေကြားကနေ ပေါ်ပေါ်လာတတ်တဲ့ ခွန်သာ ဆိုတဲ့ ကောင်ကလေး က ပြောပြပေးခဲ့တယ်

များပြားလှတဲ့ စံကားမျိုးစိတ်အကြောင်းကို
ခွန်သာ ပြောပြတော့မှ သိခဲ့ရတယ် ။ အစက တရုတ်စံကားပွင့် တစ်မျိုးလောက်ပဲ သိခဲ့တာ။

စံကားပင်တွေကြားမှာ ၊ စံကားပွင့်တွေ ကြွေကျ
နေတဲ့ မြေပြင်ပေါ် မှာ ထိုင်ရင်း မြ နဲ့ ဉယျာဉ်မှူး အကြောင်း ကို နားထောင်ရတာ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းလွန်းလှတယ် ။

မြ အတွက် ကမ္ဘာပေါ်က ရှိသမျှ စံကားမျိုးစိတ်အကုန် ရှာပြီး စိုက်ပျိုးပေးခဲ့တဲ့ ဉယျာဉ်မှူး ။
ခြံကြီးထဲမှာ စံကားပင်ပေါင်း သုံးရာတစ်ဆယ့်ခုနစ်ပင် တောင် ရှိသတဲ့လေ ။

စံကားဉယျာဉ်ကြီးထဲမှာ စံကားမျိုးစိတ်တွေအကြောင်း ပြောပြရင်း မေ လို့ တစ်လုံးတည်း
နူးနူးညံ့ညံ့ခေါ်တတ်တဲ့ ခွန်သာ ။

" ကိုယ်က မေ့အတွက်ဆိုရင် ဘာမဆိုပေးဖို့
အဆင်သင့်ပါပဲ "

ခွန်သာ ဟာ လူလား ဝိညာဉ်လား ဆိုတာ
သိချင်စိတ် နဲ့ လှလှပပနူးနူးညံ့ညံ့လေးဖတ်ရမှာပါ။ ခွန်သာ ကို သနားတဲ့စိတ် ၊ လူပဲဖြစ်ပါစေလို့
ဆုတောင်းပြီး ရင်တထိတ်ထိတ်နဲ့ ဖတ်ရတာ ။

မေဇော်နု အတွက် အမြဲတမ်းဖြည့်ဆည်းပေးခဲ့တဲ့သူငယ်ချင်း မင်းညိုစင် နဲ့ စံကားပွင့်
ပုံပြင်တွေကိုပြောပြတတ်တဲ့ နူးညံ့တဲ့ ခွန်သာ
သူတို့နှစ်ယောက် မှာ မေဇော် ဟာ ဘယ်သူ့ကို
ပိုမေတ္တာသက်ဝင်ခဲ့သလဲ ။

မြ နဲ့ ဉယျာဉ်မှူး တို့ ပုံပြင်လေး ဇာတ်သိမ်းလှလေ
မလား ။

စံကားပင်ပေါင်း ၃၁၇ ပင်ရှိတဲ့ ခြံကြီးထဲက သစ်လုံးအိမ်လေးထဲမှာ နေတဲ့ ခွန်သာ က လှပနူးညံ့စွာ ပြောပြပေးပါလိမ့််မယ် ။



'sBooksDiary

Aug 25 , 2022

#ဂျူး
#ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်
တန်ဖိုး ၆၅၀၀ကျပ်

မေတ္တာများနဲ့စိန်ပန်းနီနီ - တက္ကသိုလ်ဘုန်းနိုင် (ပထမဦးဆုံးအနေနဲ့ reviewလေးစမရေးခင်မှာဆရာ့စာအုပ်တွေက လွမ်းရတာတွေများတယ်။...
17/10/2023

မေတ္တာများနဲ့စိန်ပန်းနီနီ - တက္ကသိုလ်ဘုန်းနိုင်

(ပထမဦးဆုံးအနေနဲ့ reviewလေးစမရေးခင်မှာ
ဆရာ့စာအုပ်တွေက လွမ်းရတာတွေများတယ်။လွမ်းတာမကြိုက်ကြသူတွေ ဆရာ့စာအုပ်ထဲကလွမ်းရတာနည်းတဲ့စာအုပ်ကိုဖတ်ချင်ရင်တော့ ဒီစာအုပ်ကိုဖတ်ကြည့်ကြပါဗျ ဇာတ်လမ်းတစ်ခုလုံးကတော့ လွမ်းတာလေးမသိမသာလေးသာပါပြီး မသိခြင်းများစွာ နားမလည်ခြင်းများစွာနဲ့
နောက်ဆုံးရောက်မှ ဒီလိုဖြစ်နေရတာဒါကြောင့်ကိုလို့စိတ်မောခြင်းများစွာနဲ့ဖတ်ရမှာပါ။နောက်တစ်ခုကတော့ဆရာ့ရဲ့ဒီစာအုပ်​လေးကတော့Happy endingလေးပါဗျ)။

ဇာတ်လမ်းအစကတော့ ကိုယ်ဘယ်သူလဲ၊ကိုယ်ဘာ
ဖြစ်ခဲ့သလဲ ကိုယ့်ကိုကိုယ်မသိခြင်းများစွာနဲ့အတိတ်မေ့နေတဲ့ ဒေါက်တာလဲ့လဲ့ တဖြစ်လည်း စာရေးဆရာမလဲ့နှင်းရည်ဟာ မွေးရပ်ဇာတိမော်လမြိုင်မြို့ကို လက်ရှိကျန်းမာရေးအခြေအနေကြောင့်မိဘတွေနဲ့ အတူပြန်နားဖို့လိုက်လာရင်းနဲ့စထားပါတယ်။ နာမည်တွေကိုတောင် မိဘတွေကအသိပေးထားလို့ကိုယ့်နာမည်ကိုကိုယ်ပြန်မှတ်ထားရတဲ့ လဲ့လဲ့တစ်ယောက်တစ်ညနေမှာ မော်လမြိုင်ကောလိပ်မှာလမ်းလျှောက်ထွက်ရင်း
အယ်ဒီတာအလုပ်လုပ်ကိုင်နေတဲ့သူကိုစိန်ပန်း နဲ့အမှတ်မထင်ဆုံကြရာမှထွက်ရင်းနဲ့မှ "စိန်ပန်း"ဆိုတဲ့ သနားစရာစိန်ပန်းတွေအကြောင်းနဲ့အတူ လဲ့လဲ့ရဲ့စိတ်ထဲကို ကိုစိန်ပန်းကဝင်ရောက်လာပါတော့တယ်
ပိုအံ့သြစရာကောင်းတာက ကိုစိန်ပန်းဆိုတဲ့အယ်ဒီတာကအားလပ်ရက်မှာမော်လမြိုင်မြို့ကအပန်းလာဖြေပြီးလဲ့လဲ့တို့နဲ့ခြံချင်းကပ်ရက်ကအိမ်မှာတည်းနေသတဲ့။ ဒါနဲ့ကိုယ်ဘာဖြစ်ခဲ့သလဲဆိုတာကိုပြန်အစဖော်၊ကိုယ်အတိတ်ကိုပြန်တူးဖော်မရသေးတဲ့ လဲ့လဲ့တဖြစ်လည်းစာရေးဆရာမလဲ့နှင်းရည်ရဲ့အာရုံထဲမှာတော့"ထွေး"ဆိုတဲ့သူဌေးသမီးလေးနဲ့"တိုးတိုး"ဆိုတဲ့ထွေးတို့ခြံမှာအလုပ်လုပ်နေရတဲ့ အလုပ်သမားလေးတို့ဇာတ်လမ်းကလည်း ပေါ်လာပါတော့တယ်။အိမ်ချင်းကပ်ရက်
ကိုစိန်ပန်းရဲ့တိုက်တွန်းချက်ကြောင့်လည်းလဲ့လဲ့ဟာတိုးတိုးနဲ့ထွေးတို့ဇာတ်လမ်းကို ဝတ္ထုရေးဖို့ဖြစ်လာပါတော့တယ်။
ဘဝချင်းမတူပေမယ့်တိုးတိုးနဲ့ထွေးဟာ တစ်အိမ်ထဲအတူနေရင်း ရင်းနှီးရာက တိုးတိုးဟာ ထွေးဆိုတဲ့သူဌေးသမီးလေးသူငယ်ချင်းတွေဖြစ်ခဲ့ရတယ်။မယ်ဒလင်လေးတီးရင်း ပတ်ပျိုးတွေဆိုရင်း မော်လမြိုင်ကောလိပ်ထဲမှာစက်ဘီးလေးပတ်စီးရင်းအပြစ်ကင်းစင်တဲ့ကလေးဘဝလေးဟာကုန်မှန်းမသိကုန်လာခဲ့ရတယ် ဒီဇာတ်လမ်းထဲမှာ ထွေးရဲ့အိမ်နီးချင်းဖြစ်ခဲ့တဲ့ ထွေးရဲ့သူငယ်ချင်းကိုကိုလတ် လည်းဒီဇာတ်လမ်းထဲမှာအရေးပါတဲ့ဇာတ်ဆောင်တစ်ယောက်ပါပဲ။ အရွယ်ရောက်လာတဲ့အခါ ထွေးမိဘကြောင့်ရော၊မိမိဆေးတက္ကသိုလ်တက်ဖို့အတွက်ပါ တိုးတိုးဟာစတဲ့အခြေနေအရပ်ရပ်ကြောင့်ထွေးရှိတဲ့မော်လမြိုင်မြို့ကိုခွဲသွားရပါတော့တယ်။လဲ့လဲ့ရေးတဲ့ တိုးတိုးနဲ့ထွေးတို့ရဲ့ဇာတ်လမ်းလေးကလည်းနောက်ဆုံးမှာ အတိတ်မေ့နေတဲ့ လဲ့လဲ့
တစ်ယောက် လွမ်းစရာတွေနဲ့အဆုံးသတ်ထားခဲ့မလားပျော်စရာတွေနဲ့အဆုံးသတ်လိုက်မလား။
အတိတ်မေ့အောင်အထိဦးခေါင်းဒဏ်ရာရခဲ့တဲ့ လဲ့လဲ့ရဲ့ မေ့နေခဲ့တဲ့အတိတ်ကရောဘယ်လိုတွေရှိနေသလဲ၊ဘာကြောင့် ဦးခေါင်းထိခိုက်ခဲ့ရသလဲ။
လဲ့လဲ့ ရဲ့တိုးတိုးနဲ့ထွေးဝတ္ထုအခန်းဆက်ရေးနိုင်
အောင်အကြံတွေပေးနေတဲ့ လဲ့လဲ့အနီးကိုရောက်လာတဲ့ကိုစိန်ပန်းဆိုတဲ့လူကရော တကယ်ပဲ ဘယ်လိုလူစားမျိုးလဲ။
လဲ့လဲ့ အတွေးထဲမှာပေါ်လာလို့ဝတ္ထုရေးဖြစ်ခဲ့တဲ့
တိုးတိုးနဲ့ထွေးတို့ကရော လဲ့လဲ့နဲ့ဘယ်လိုပတ်သက်ဆက်နွယ်မူမျိုးတွေရှိနေသလဲ. . .
စတဲ့မေးခွန်းတွေကိုဖတ်နေရင်းဒါပြီးရင်ဘာလာမလဲဆိုတာဇာတ်လမ်းကိုကြိုမခန်းမှန်းနိုင်အောင်ဘဲ။စာအုပ်တစ်အုပ်ထဲမှာမှဇာတ်လမ်းနှစ်ပုဒ်ကိုတစ်ပြိုင်တည်းဖတ်ရသလိုခံစားရတယ်။ဖတ်ရတာ လုံးဝကိုမပျင်းရတဲ့စာအုပ်လေးပါ။ ဇာတ်ကွက်တစ်ခုနဲ့တစ်ခုဘယ်လိုချိတ်ဆက်သွားမလဲဆိုတာ မသိခြင်းတွေနဲ့အတူအဖြေရှာကြည့်ကြပါဗျ။အလွမ်းနည်းနည်းလေးပဲကြိုက်တယ်ဆိုလည်း ဒီစာအုပ်ကိုဖတ်ကြည့်ကြပါဗျ။ထပ်ပြောပါမယ် ဒီစာအုပ်လေးကHappy endingလေးပါဗျ။ ဒီစာအုပ်ဖတ်ပြီးရင်တော့ အမှုမဲ့အမှတ်မဲ့ သတိမထားမိခဲ့တဲ့စိန်ပန်းကိုချစ်သွားလိမ့်မယ်။ကျွန်တော်တော့ မော်လမြိုင်ရောက်တိုင်း အပယ်ခံပန်းလေးစိန်ပန်းတွေကိုတော့သတိတရနဲ့လိုက်ကြည့်ရင်းထွေးနဲ့တိုးတိုးတို့ရဲ့ဇာတ်လမ်းလေးကိုလည်းသတိရနေတော့မှာပဲဗျ

Review @ A Tay

စာအုပ်တန်ဖိုး ၈၅၀၀ ကျပ်း

မိမိကိုယ့်ကိုယ်သာ ဆန်းစစ်ပါ****************************လူတွေဟာ သူများအမှားကိုပဲ ထောက်ပြချင်နေကြတယ်၊ ကိုယ့်အမှားကိုကျတော့...
17/10/2023

မိမိကိုယ့်ကိုယ်သာ ဆန်းစစ်ပါ
****************************

လူတွေဟာ
သူများအမှားကိုပဲ ထောက်ပြချင်နေကြတယ်၊ ကိုယ့်အမှားကိုကျတော့ မပြင်ချင်ကြဘူး။

လူတွေဟာ
သူများ မကောင်းကြောင်းကိုပဲ
လိုက်ပြောချင်နေကြတယ်
ကိုယ်မကောင်းတာကိုကျတော့
မမြင်တတ်ကြဘူး။

လူတွေဟာ
သူများအပြစ်ကိုပဲမြင်နေတတ်ကြတယ်
ကိုယ့်အပြစ်ကိုကျတော့
ဝန်မခံချင်ကြဘူး။

လူတွေဟာ
သူများ အားနည်းချက်ကိုပဲ ဝေဖန်ချင်ကြတယ်
ကိုယ့်အားနည်းချက်ကိုကျ မသိတတ်ကြဘူး။

လူတွေဟာ
မိတ်ဆွေကောင်းတော့ လိုချင်နေကြတယ်၊ ကိုယ်တိုင်ကျတော့ မိတ်ဆွေကောင်း မဖြစ်ချင်ကြဘူး။

#စိတ်ထွက်ပေါက်
#မောင်သာကျော်(ဖြစ်ရပ်မှန်)
Crd

စာအုပ်-3000ကျပ်

စာအုပ်ကို သဘောကျဖတ်ရှုလို၍မှာယူလိုပါက
Page cbတွင် ဆက်သွယ် မှာယူနိုင်ပါတယ်📖🖤

သိုးဆောင်း  ( Collection )ငါ့ရဲ့ဒေဝီ ( ၆၀၀၀ ကျပ် )ဝင်ခွင့်မရမြို့ ( ၅၀၀၀ ကျပ် )မုဆိုးမရွာ ( ၆၀၀၀ ကျပ် )ဤအရပ်တွင်မိုးရွာခ...
10/10/2023

သိုးဆောင်း ( Collection )

ငါ့ရဲ့ဒေဝီ ( ၆၀၀၀ ကျပ် )

ဝင်ခွင့်မရမြို့ ( ၅၀၀၀ ကျပ် )

မုဆိုးမရွာ ( ၆၀၀၀ ကျပ် )

ဤအရပ်တွင်မိုးရွာခဲ့သည် ( ၅၀၀၀ ကျပ် )

မိုးမိသောအိမ်မက်များ ( ၄၅၀၀ ကျပ် )

သူ....ဘယ်သူလဲ ( ၅၀၀၀ ကျပ် )

သုံးခါနမ်းမှပွင့်မယ့်ပန်း ( ၄၅၀၀ ကျပ် )

လက်ညှိုးထိုး၍ပန်းဝေသည် ( ၇၅၀၀ ကျပ် )

ဧဒင်မြို့ကအပြေးသမား ( ၅၅၀၀ ကျပ် )

ပုံပြင်တွေလွယ်ထားတဲ့ချစ်သူ ( ၅၅၀၀ ကျပ် )

Psycho Software ( ၅၀၀၀ ကျပ် )

အကြင်သူသည် ( ၆၅၀၀ ကျပ် )

ငါ့အလင်းတံခါးမှာ ဖယောင်းတိုင် ထွန်းထားတယ် ( ၄၅၀၀ ကျပ် )

ဟာမစ့်တ် ပျောက်ဆုံးခြင်း ( ၄၅၀၀ ကျပ် )

အပေတေတစ်ယောက်ရဲ့ကျောင်းဆင်းချိန် ( ၅၀၀၀ ကျပ် )

ကတိသစ္စာတည်သောခါဝယ် နွယ်မြက်သစ်ပင် ချစ်သက်ဝင်၏ ( ၆၅၀၀ ကျပ် )

သိသောသူမည်ကား ကြားပါစေ ( ၆၀၀၀ ကျပ် )

ပြီးခဲ့တဲ့ရက်က သမီးဖြစ်သူက သူ့ယောက်ျားကို ကြော,က်လို့ မိဘကိုမြင်တာတောင် နှုတ်မဆက်ရဲဘူး ဆိုတဲ့ Video clip လေး မတော်တဆ တွေ...
08/10/2023

ပြီးခဲ့တဲ့ရက်က
သမီးဖြစ်သူက သူ့ယောက်ျားကို ကြော,က်လို့
မိဘကိုမြင်တာတောင် နှုတ်မဆက်ရဲဘူး ဆိုတဲ့
Video clip လေး မတော်တဆ တွေ့လိုက်မိတော့
ကျွန်မရဲ့ " သမီးကြီး .. " စာအုပ်ကို
တန်းပြီး သတိရတယ် ..
ပြီးတော့ ဒီစာအုပ်လေးကို
သားသမီးတိုင်း ဖတ်စေချင်တယ် ...

သမီးကြီး ဝတ္ထုကတော့
မေသက်ဟာ ... အိမ်ထောင်ကျသွားတယ်
အလုပ်မရှိ မှီခိုသူ တစ်ယောက်မို့
မိဘကို ထောက်ပံ့ချင်ပေမယ့်
ဟင်းတစ်ခွက်တောင် မပေးနိုင်တဲ့အဆုံး
သူမရဲ့ အိမ်‌ထောင်သည်ဘဝနဲ့
အဆင်မပြေတဲ့ သူမ မိသားစုကြား
သူမ ဘာလုပ်ပေးနိုင်တဲ့သလဲဆို
ကြံရာမရတဲ့ အဆုံး ...
ဘယ်လို ဆုံးဖြတ်ချက် ချမလဲ ...

ကြည်ကြည်မြဟာ အဆင်ပြေတဲ့
အိမ်ထောင်သည်ဘဝ တစ်ခုကို ပိုင်ဆိုင်ထားပေမယ့်
လခစား ဝန်ထမ်းဖြစ်သူ မောင်လေးရဲ့ အိမ်ထောင်ရေးဟာ
ခပ်လှုပ်လှုပ် ဖြစ်လာတဲ့အခါ သမီးကြီးပီသစွာ
ဘယ်လို ကိုင်တွယ်ခဲ့ပုံ .. စသဖြင့် ရေးသားထားပါတယ် ..။

မိသားစုတစ်ခုမှာ
တာဝန်သိတတ်တဲ့ လူတစ်ယောက်ပါရင်
တာဝန်သတိတဲ့လူဟာ မိသားစုတစ်ခုလုံးကို
ထောက်ပံ့ ပံ့ပိုးပေးနိုင်ရင်
အဲဒီ မိသားစုဟာ အရိပ်အာဝါသ lကောင်းတစ်ခုကို
ပိုင်ဆိုင်ရတာပဲ ...

အဲဒါကြောင့် ကျွန်မ ဒီစာအုပ်ကို မရေးခင်မှာရော
အခုအချိန်ထိရော
မိဘကို စိတ်ရှိတိုင်းထောက်ပံ့ပေးနိုင်သူ
မောင်နှမအချင်းချင်း ကူညီပံ့ပိုး ပေးနိုင်သူ ဖြစ်ပါစေ လို့ အမြဲဆုတောင်းဖြစ်တယ် ...

သမီးကြီးကျွန်မဟာ
မိသားစုအတွက် ထီးတစ်ချောင်း
နောက် ...
ငှက်တစ်သောင်းနားနိုင်တဲ့
ညောင်ပင်ကြီး ဖြစ်ချင်ပါတယ် .. ။

#သက်ထားခင်(THK)
#သမီးကြီးနှင့်အခြားရသဝတ္ထုများ
#သမီးကြီးမို့ထီးတစ်ချောင်းဖြစ်ချင်ပါသည်


(Photo crd)❣

စာအုပ်တန်ဖိုး-6000ကျပ်

နေရှိရာဘက်ကို မျက်နှာမူပြီးရှင်သန်ပွင့်လန်းနေတဲ့ နေကြာပန်းလေးတစ်ပွင့်ကပြောတယ်။အချိန်ကို ပြောင်းလဲနိုင်သည်ဖြစ်စေ ၊မပြောင်...
07/10/2023

နေရှိရာဘက်ကို မျက်နှာမူပြီးရှင်သန်ပွင့်လန်းနေတဲ့ နေကြာပန်းလေးတစ်ပွင့်ကပြောတယ်။
အချိန်ကို ပြောင်းလဲနိုင်သည်ဖြစ်စေ ၊
မပြောင်းလဲနိုင်သည်ဖြစ်စေ ရှင်သန်နေချိန်မှာ အချိန်ကို တစ်စက္ကန့် ၊ တစ်မိနစ် ဖမ်းဆုပ်ပြီး ဘ၀အတွက် ၊ တောက်ပမှုအတွက် အချိန်နဲ့အမျှ အဓိပ္ပာယ်ရှိတဲ့ အလုပ်တွေ လုပ်ဆောင်နေဖို့ပါပဲ တဲ့ .. ။

ဒီလောကမှာ လူတချို့ရဲ့ ၀မ်းနည်းကြေကွဲခြင်းက ကိုယ်ဆုံးရှုံးသွားလို့ မဟုတ်ဘူး ၊
တခြားသူရသွားလို့ ဖြစ်တယ်

ဒီစာအုပ်လေးက စိတ်ခွန်အားပေး စာအုပ်လေးဆိုတာထက် စိတ်ကို ကြည်နူးမှုတွေ ပေးစွမ်းနိုင်တဲ့ စာအုပ်လေးပဲဖြစ်တယ် .. နေ့သစ်တွေကို ရှင်သန်ချင်စိတ်တွေနဲ့ အကောင်းဆုံး ဖြတ်သန်းကျော်လွှားနိုင်ဖို့ နေကြာပန်းလေးတစ်ပွင့်လို့ ပြုံးကြပါစို့။

တန်ဖိုး - ၄၀၀၀ကျပ်

#နေကြာပန်းလေးတစ်ပွင့်လိုပြုံးပါ
#နိုင်းနိုင်းစနေ

လရောင်အောက်မှာ အလှဆုံးအရာနှစ်ခုက ပင်လယ်နဲ့မိန်းမပဲကွ။အေး ..လောကမှာ နားလည်ရ အခက်ဆုံးကလည်း အဲ့ဒီနှစ်ခုပဲ ။(ပါပီယွန်)ဇီးကွက...
06/10/2023

လရောင်အောက်မှာ
အလှဆုံးအရာနှစ်ခုက ပင်လယ်နဲ့မိန်းမပဲကွ။
အေး ..
လောကမှာ နားလည်ရ အခက်ဆုံးကလည်း
အဲ့ဒီနှစ်ခုပဲ ။

(ပါပီယွန်)

ဇီးကွက်ချောင်းတံတားပေါ်ကအဝါရောင်ဝက်ဝံရုပ်အကျိုးအပဲ့လေး - ၄၀၀၀ကျပ်

ဂွတ်ဘိုင်ဘလတ်ဒီးမေရီ - ၄၀၀၀ကျပ်

မက္ကဇင်ပါပီရဲ့ထရော်မာများ - ၆၀၀၀ကျပ်

ဆံနွယ်ခက်ခက်အိပ်မက်ရနံ့ဟောင်း - ၄၀၀၀ကျပ်

နွမ်းကာမှနွမ်းပါစေ၊မောင်ပို့လိုက်မယ်ဆိုရင် ချယ်ရီနွမ်းကိုပဲလန်းတယ်လို့ ခိုင်မြင်ထင်ကြည့်ပြီးကျေးဇူးတင်ဝမ်းသာမိပါမယ် မောင...
05/10/2023

နွမ်းကာမှနွမ်းပါစေ၊မောင်ပို့လိုက်မယ်ဆိုရင် ချယ်ရီနွမ်းကိုပဲလန်းတယ်လို့ ခိုင်မြင်ထင်ကြည့်ပြီးကျေးဇူးတင်ဝမ်းသာမိပါမယ် မောင်...
ရှားသောအရာဟာတန်ဖိုးကြီးသတဲ့မောင်၊ချယ်ရီပွင့်လန်းကိုအဝေးကနေမှန်းလွမ်းရတဲ့အခြေမှာမို့ ပွင့်နွမ်းရရင်ပဲ ဆန်းပါပေတယ်လို့ စိတ်ဖြေမြတ်နိုးယုယမှာပါပဲ မောင်....

ဒီစာသားလေးကတော့ မင်မင်အကြိုက်ဆုံးပဲ ချစ်ရတဲ့သူကပေးတဲ့ပန်းဆိုနွမ်းနေရင်မြတ်နိုးယုယရသတဲ့ 😍သိပ်ကိုချစ်တတ် အစွဲလမ်းကြီးတတ်တဲ့ခိုင်
ချစ်တဲ့နေရာမှာ ချစ်နိုင်သူတွေအများကြီးရှိပေမဲ့ချစ်ရတဲ့သူကိုပဲ ချစ်ခဲ့တဲ့ခိုင် ဟိုးငယ်ထဲက သူငယ်ချင်းအဖြစ်ရှိခဲ့တဲ့ မောင်နှင့်ခိုင်

ဒီစာအုပ်လေးကတော့မင်မင့်အတွက်နောက်ထပ်ထပ်မဖတ်နိုင်အောင်ခံစားရသောပါရှင်🥺🥺

ဒီစာအုပ်ထဲမှာပါတဲ့ အေးငြိမ်းမေဆိုတဲ့ကလေးမလေးက နိူင်ငံခြားပညာသင်ဆုအတွက် ဖြေဆိုရတဲ့အင်တာဗျူးမေးခွန်းတွေပါ။ စိတ်ဝင်စားပြီး ...
05/10/2023

ဒီစာအုပ်ထဲမှာပါတဲ့ အေးငြိမ်းမေဆိုတဲ့ကလေးမလေးက နိူင်ငံခြားပညာသင်ဆုအတွက် ဖြေဆိုရတဲ့အင်တာဗျူးမေးခွန်းတွေပါ။

စိတ်ဝင်စားပြီး ဒီမေးခွန်းလေးတွေဖြေကြည့်ချင်ရင်....

ငယ်ငယ်ကဖတ်ခဲ့ပေမယ့် ခုမှတွေးကြည့်ချင်စိတ်ပေါက်လို့ တချက်ချင်းစီ စာအုပ်ထဲချရေးကြည့်ဦးမယ်။
.😍.ဒီစာအုပ်ကိုဖတ်ဖို့ ဆယ်ကျော်သက် လူငယ်တွေကို အဓိကထားပြီး ရည်ညွှန်းပါတယ်။

၁။ မင်းဘဝမှာ အရေးအပါဆုံးလို့ မင်းထင်တဲ့အချိုးအကွေ့တခု။

၂။ ဘဝမှာ မင်းကိုယ်တိုင် ဖြေရှင်းရပြီး အောင်မြင်ခဲ့တဲ့ အခက်အခဲ ပြဿနာတခုအကြောင်း

၃။ မင်းအတွက် သက်တောင့်သက်သာ စိတ်ချမ်းမြေ့စရာ အဝန်းအဝိုင်းက ဘာလဲ။

၄။ မင်းအပေါ်မှာ သြဇာအလွှမ်းမိုးဆုံး စာအုပ်တအုပ်။

၅။ ဆင်းရဲခြင်းကြောင့်ဖြစ်ရတဲ့ဆိုးကျိုးတခုခုအကြောင်း

၆။ မိန်းမတွေ ပညာတတ်စေချင်တဲ့အကြောင်း ......မိန်းမတွေ ဆင်ခြင်ဉာဏ်ရှိစေခြင်တဲ့အကြောင်း။

၇။ မင်းရဲ့ဘဝဒဿနက ဘာလဲ။

၈။ မြန်မာလူမျိုးတွေရဲ့ နေ့စဥ်အပြုအမူအပြောဆိုတွေကို လွှမ်းမိုးထားတဲ့စကားလုံးက ဘာလဲ။

၉။ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဘာလဲ။ .....ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီး မင်းကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးတဲ့ လုပ်ငန်းတခုအကြောင်း။

၁၀။ မင်းကိုအဖွဲ့အစည်းတခုခုက သို့မဟုတ် တယောက်ယောက်က ဒေါ်လာနှစ်သိန်းပေးလိုက်မယ် ဆိုပါစို့။ မင့်နိူင်ငံအတွက် မင်းဒီငွေကို အသုံးချပြီး ဖွံ့ဖြိုးတိုးတက်မှုမှာ သုံးတော့ဆိုရင် မင်း ဘယ်နေရာမှာ အသုံးချမလဲ။ ဘယ်လိုအသုံးချမလဲ။

၁၁။ ယုံကြည်မှုတည်ဆောက်ခြင်းဆိုတာ ဘာလဲ။ ...... ယုံကြည်မှုကို ဘယ်လို တည်ဆောက်ရသလဲ။

#သူမင်းကိုဘယ်တော့မှ( ဂျူး )

ဒီစာအုပ်လေးကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး "အပြာရောင်ဟူဒီ" "အသားညှပ်ပေါင်မုန့်" " သူတို့က ကျွန်မကို ကမ္ဘာပေါ်မှာ ရုပ...
04/10/2023

ဒီစာအုပ်လေးကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး "အပြာရောင်ဟူဒီ" "အသားညှပ်ပေါင်မုန့်" " သူတို့က ကျွန်မကို ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံးမိန်းမလို့ ခေါ်ကြတယ်" " သော့ခလောက်များ" စတဲ့ အတွေးရသပေးတဲ့ ဝတ္ထုတိုလေးတွေ၊ " လူတစ်ယောက်ရဲ့မြစ်" "သူစိမ်းကမ္ဘာ" " အရောင်လွင့်သွားတဲ့ ထီးလေးတွေ" အပါအဝင် " ကိုယ့်ရဲ့ ချစ်လှစွာသော " ရသစကားပြေတွေ ပါဝင် ဖွဲ့စည်းထားပြီး ထွက်ရှိခဲ့ချိန်တုန်းက လူငယ် လူလတ်ပိုင်းစာဖတ်သူများ ကြိုက်နှစ်သက်ခဲ့ကြတဲ့ အရေးအသားများကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ယခု ၂၀၂၃ အောက်တိုဘာလမှာ ဒုတိယအကြိမ် အဖြစ် ပြန်လည်ထွက်ရှိလာမှာ ဖြစ်ပါတယ်။

စာအုပ်အမည် - ကိုယ့်ရဲ့ ချစ်လှစွာသော
( စကားပြေနှင့် ဝတ္ထုတို)
စာရေးသူ - ခွန်းညိုသွေး
ထုတ်ဝေသည့်အကြိမ် - ဒုတိယအကြိမ်
စာမျက်နှာ - ၁၇၆
တန်ဖိုး - ၆၅၀၀ ကျပ်

အခုနှစ်မှာ ကာဗာအသစ်လေးဖြင့် ပြန်လည်ထွက်ရှိတော့မှာဖြစ်ပါတယ်ရှင့်

Address

73×40
Mandalay

Opening Hours

09:00 - 17:00

Telephone

+959775803235

Website

Alerts

Be the first to know and let us send you an email when Linn - Book Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category