Aye Chan Ko JADE

Aye Chan Ko JADE jade saler

09-441750750

22/12/2023

ကျောက်လေးတွေ မရောင်းတော့ဘူးလား မေးကြလို့ အလုပ်လေးရှုပ်နေလို့ ကျောက်အရောင်းလေးတွေ နားထားပါတယ်ခဗျ🥰🥰

မှော် - တာမခံအလေးချိန် -6ကျပ်သားခန့်မှန်းအတွင်း ကျောက်သားလေးကတော့ ညို့နေပီဖြတ်ချင် ခေါင်းချင်သောလောပန်းတို့ အနာပဲ ခေါင်း...
26/11/2023

မှော် - တာမခံ
အလေးချိန် -6ကျပ်သားခန့်မှန်း
အတွင်း ကျောက်သားလေးကတော့ ညို့နေပီ
ဖြတ်ချင် ခေါင်းချင်သောလောပန်းတို့
အနာပဲ ခေါင်းရမယ်🥰🥰
ကျောက်ဆီ ကျောက်သားကောင်း🥰

ဈေး -15000နဲ့ယူပါဗျ

09-974217449
Cb-ကနေလဲ ဆက်သွယ် ဝယ်ယူနိုင်သည်

 #ရောင်းထွက်သွားပါပီဗျ 🥰 မလှိုင်မြို့မှ ဝယ်ယူအားပေးသော လောပန်း မဂ်လာဖြစ်ပါဈေဗျမှော် - တာမခံ6 လုံးပါ လော့လေးပါဗျ ဆေးချက် ...
22/11/2023

#ရောင်းထွက်သွားပါပီဗျ 🥰 မလှိုင်မြို့မှ
ဝယ်ယူအားပေးသော လောပန်း မဂ်လာဖြစ်ပါဈေဗျ

မှော် - တာမခံ
6 လုံးပါ လော့လေးပါဗျ
ဆေးချက် 80%ကျန်ပါမယ်ဗျ🥰
ဖြတ်ချင် ကွမ်ချင် တဲ့လောပန်းတို့
ဖြတ်ပျော် ကံစမ်းပျော် ဈေးလေးနဲ့ယူပါဗျ🥰🥰
ဈေး - 15000‌
09-974217449
ကနေဆက်သွယ်ဝယ်ယူနိုင်ပါတယ်ဗျ

ခန်တီး လော့လေးပါဗျ12လုံး လော့ ဆေးချက် 80%ကျန်ဆက်ဆေးချင် ခေါင်းချင်တဲ့လောပန်းတို့ဖြတ်ပျော် ခေါင်းပျော်ဈေးလေးနဲ့ ယူဗျာ 🥰ဈေ...
22/11/2023

ခန်တီး လော့လေးပါဗျ
12လုံး လော့
ဆေးချက် 80%ကျန်
ဆက်ဆေးချင် ခေါင်းချင်တဲ့လောပန်းတို့
ဖြတ်ပျော် ခေါင်းပျော်ဈေးလေးနဲ့ ယူဗျာ 🥰
ဈေး -20000 နဲ့ယူ

09-974217449

17/11/2023

Good Morning ✨
မဂ်လာရှိသော မနက်ခင်းလေး
ဆောင်းငွေ့သက်အေးအေးလေး
မဂ်လာအောင်ကျောက်များ ပိုင်ဆိုင်ကြပါစေ🤍✨💝

10/11/2023

သိသူဖော်စား မသိသူကျော်သွား ၊ သက်ကြီးစကား သက်ငယ်ကြား
🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️

ရှင်းနဲ့ငချိတ်တုံးနိုင်
ပြည်တန်ကျောက်ကို… ကိုင်
ပိန်းဥနဲ့အသား
ကိုင်လိုက်ရင် ကြွေကာကျပါစေ့
အရည်နေရာအသားနပ်လို့က
တသက်ထိုင်စား…

ရှင်းပါမှာ မကြောက်နဲ့
ရဲရဲ သာကိုင်
ဝင်စမ်းပါစေ ရှင်းတုံး
အရည်သာခိုရင်က
ဒီနေရာတခါဖြတ်မယ်
ပြည်တန်တဲ့ … မြအလား

ငချိတ်မှာ အရည်ကူး
တယ်မြူးတဲ့အရည်
အဝါသန်အရည်ထူးရင်က
ဒီတခါ ဆယ်ခါလှူလိုက်မယ်
ကုန်ဘူးကွဲ့ ထိုင်စား ။

ရှင်းပျော့ပျော့ဖြူဖြူ
နယ်လိုက်တဲ့အတုံး
အစက်တာတည်ဖေါက်ရင်က
အောက်ထိုင်ကာသူခိုထားလိုက်ရင်
အရည်က … အတုံး။

အရည်က လှချက်
ဗျိုင်းဖြူဖြူချေးကပါ
စိတ်ပျက်လိုက်တာ
အဖျက်တာထင်ရင်က
ပြစ်ဆိုကာသူဝယ်ဖြတ်လိုက်မယ်
တသက်အမှား ။

တောက်တောက်နဲ့မီးထိုး
ပေါက်အားဘဲ လိုက်ကိုင်
အမြင်ကိုလုပ်တာလုပ်စား
ဒီပညာကျော်ရင်က
ဘယ်ခါမှာသူချမ်းသာမယ်
မွဲမယ့်လူသား။

အောက်ချေကို အပိုင်လိုက်
မျိုးတန်းကပိုင်
ရမ်းအထိုင်သိရင်က
နင်မငယ်မျက်နှာ
လက်မှိုင်ကာတန်ကြေးပေးလိမ့်မယ်
မြောက်ဘက်ကလူသား။

အာဂုဏ်ဆောင်ထားတဲ့ ရှေးဆရာတွေရဲ့နည်းနာလေးပါ။
.......................................

အိုဘယ့် ပညာသင်မိတ်ဆွေ

"ချော်"
ထူ၊ပါး၊စီး၊ကပ်၊ကျပ်သည်တလီ
အကာဖြူနှင့်
အခေါ်ကွဲပြားအမျိုးများစွာ
ရှိသည်မသွေ မှော်နယ်မြေ၌။

စီး၊ကပ်၊တမူ အကာဖြူက
ဆန်းမည်အသား ခါးတန်းအထက်
မှတ်လေအဆွေ မျိုးကောင်းပေ

တဖန်ကွဲပြား ချော်ပါးအထူ
နှိုင်းယှဉ် ချိန်ဆ ဝယ်တတ်မှသာ
ရွလျင်အသား ခါးနှင့်ခါးသန်
ကျပ်လျင်မသွေ အောက်ကျပေတတ်

ချော်၏သဘော ဉာဏ်မနှောက
မှားတတ်လှစွာ ချော်ကပ် ချော်ကျပ်

ခြောက်သွေ့တမျိုးအရောင်ဆိုးက
မျိုးတန်းမမှန် မဟန် အသား
အဖြစ်များသည်
မှတ်ကြပါလေ ချစ်မိတ်ဆွေတို့။
............................

အသက်၆၀နီးပါး
အိုးဆားဗစ်ကြီးတစ်ယောက်ပြောတဲ့
ကျောက်နဲ့ပက်သက်သမျှ
မှတ်မိသလောက်လေးပါ။

၁။ ကုမ္ပဏီသမားနေနေ
မြေစာပုံရှာရောင်းသမားနေနေ
တန်ပြတ်ဝယ်ရောင်းသမားနေနေ
ဆေးရောင်းသမားနေနေ
ဝယ်ရောင်းနေနေ
ကျောက်သမားတိုင်း ကျောက်အောင်ချင်ကြတာကို
မေ့မထားပါနဲ့တဲ့။

၂။ ရေမဆေးဝယ်ဆေးပြီး
ဖြတ်တဲ့သူတွေအောင်နိုင်တဲ့ကျောက်က
အကာမျိုးပဲတဲ့။

၃။ မှော်ဝမ်းလေးနဲ့ မှော်ဝမ်းကြီးကျောက်တွေဟာ
အရေပျော်သလို
အရေလို့ထင်ရတဲ့ မောက်လည်းပျော်တယ်တဲ့။

၄။ မှော်စီဆာကျောက်မှာ
ဒုက္ခအပေးဆုံးက ယမ်းဆော့တာပဲတဲ့။

၅။ ဝေခါကျောက်မှာ
ဒုက္ခအပေးဆုံးက မျိုးရောတတ်တာပဲတဲ့။

၆။ ခန္တီးကျောက်တွေမှာ
ဒုက္ခအပေးဆုံးက
အနာနဲ့အသားလျော့ အဆံထောက်တာပဲတဲ့။

၇။ ကျောက်ကြီးဖြတ်သားတွေမှာ
အသားလျော့ပေမဲ့
အရေကြိုးနေရာ အသားနပ်တတ်တယ်တဲ့။

၈။ အမဲကြော အကျွတ်တွေက
များသောအားဖြင့် အပြင်လက္ခဏာထက်
အတွင်းကျွတ်များတယ်တဲ့။

၉။ ကာလာဆိုရင် မီးထိုးရင်
ကျောက်အရောင်က အပြာဘက်မသိမသာရောက်နေပြီး
အရေဆိုရင်
မသိမသာ အဝါဘက်ရောက်တယ်တဲ့ (မီးအဝါ)

၁၀။ အရေမှာ ဝေခါနဲ့ငချိပ်
အသားမှာ
မှော်စီဆာနဲ့တာမခံတဲ့။

၁၁။ အခွံတုအခွံပြင်တွေ
အများဆုံးက
အခွံဖြူနဲ့ အခွံဝါတွေပိုများတယ်တဲ့။

၁၂။ ၂ကျပ်သားနဲ့
သိန်း၁ထောင်ကျော်တဲ့ကျောက် သူမြင်ဘူးတယ်တဲ့။
(2002 2005 ဝန်းကျင်တုန်းက)

၁၃။ ကျောက်တစ်တုံးမှာ
အကောင်းဆုံးအသား
အကောင်းဆုံးအရေနေရာကို
အပွင့်ကောင်းထုတ်ပါတဲ့။
ဘေးပုတ်စကိုမနှမြောပါနဲ့တဲ့။

၁၄။ မမြင်မထင်လုပ်ရင်
ရေမဆေးလုပ်
အမြင်အထင်လုပ်ရင်
အပွင့် လက်ကောက်လုပ်တဲ့။

၁၅။ ဖြတ်သားလုပ်ရင်
အန်ပီုရီယံအကျထက်
မှော်ထဲက ကုမ္ပဏီတွေ ဖြတ်ပြီး
ပုံထားတဲ့အပုံကို
ပိုဝယ်သင့်တယ်တဲ့။

သတိရသလောက် မှတ်မိသလောက်လေး အဆင်ပြေအောင်ပြန်မျှပေးတာပါ။ ပြောတာကတော့အများကြီးပဲ သူ့အာဘော်ပါ။

မူရင်း ရေးသားသူများအား လေးစားစွာ credit ပေးပါသည်။

"လူပြောများနေသော"လူပြောများနေသော ဂွါတီမာလာကျောက်စိမ်းအကြောင်း"******************************ယခုနောက်ပိုင်း မန်းဝိုင်းစျေ...
05/11/2023

"လူပြောများနေသော
"လူပြောများနေသော ဂွါတီမာလာကျောက်စိမ်းအကြောင်း"
******************************
ယခုနောက်ပိုင်း မန်းဝိုင်းစျေးကွက်မှာရော
မှော်ထဲနှင့်ပြည်တွင်း၌ အရောင်းမှား/အဝယ်မှားယုံမက ပြည်တွင်းထွက်မြန်မာပြည်ကျောက်စိမ်းစျေးကွက်ကိုပါ ဂယက်ရိုက်တဲ့ထိဖြစ်စေသော ဂွါတီမာလာကျောက်အကြောင်းလေး အစုံအလင်ကြီးမဟုတ်ခဲ့ရင်တောင် တော်တော်များများနားလည်လွယ်အောင် ပြောပြပေးပါမယ်ရှင့်

ကျမတို့ကတော့ လုံးစွတ်လိုင်းမို့ လုံးစွတ်နှင်ဆက်စပ်၍ မြန်မာဂျိတ်နဲ့ ဂွါတီမာလာဂျိတ်တို့ ဆင်တူသလိုနဲ့ကွဲပြားသောအချို့အချက်တွေရှိပါတယ်ရှင့်

No(1)ကျောက်ယမ်း (ကျောက်ယမ်းကြည့်၍ခွဲရခက်မယ် နားမလည်သူအတွေ့အကြုံနည်းပါက ခက်ခဲပါမယ်)

No(2)ကျောက်ဝိတ် အလေးချိန်(ဝိတ်အလေးချိန်အားဖြင့်လဲ ခွဲရခက်ပါတယ် )

No(3)အထိုင် (အထိုင်အားဖြင့်လဲ ခွဲရခက်ပါတယ်)
ဤ(3)ချက်အားဖြင့် အကြမ်းဖျင်းခွဲရခက်ပါတယ် (တစ်ခုတော့ အမြဲလုပ်ကိုင်နေသူအတွက်တော့ခွဲရလွယ်ပါတယ် ယမ်း အထိုင် ဝိတ် သိသိသာသာတူညီတာမျိုးမဟုတ်သောကြောင့် မသိမသာလေးကွာဟမူအနည်းငယ်လေးသာရှိသောကြောင့် ခွဲရနိုင်ပါတယ်)

မြန်မာဂျိတ်နဲ့ ဂွါတီမာလာဂျိတ်တို့ လုံးစွတ်၌ ဘယ်အချက်တွေက မတူညီကွဲပြားသိသာစေသလဲ?

No(1)=အခွံ (ကျောက်ခွံရောင်ကိုကြည့်၍ ခွဲလို့ရတယ် ကျောက်ခွံရောင်သည် မြန်မာကျောက်စိမ်းကဲ့သို့လာတတ်ပေမဲ့ အရောင်အသွေးပုံစံသည် တအားသိသာခြင်းမျိုးမဟုတ်ပေမဲ့ မျက်မြင်ထိတွေ့ရပါက ခွဲရလွယ်စေပါတယ်)(အရောင်အားဖြင့် ကွဲပြားပါတယ်)

No(2) # အခွံကြော (အခွံကြောသည်လဲ ဆင်တူသလိုထင်ရပေမဲ့ ထိုကျောက်ပုံစံများသည် အခွံကျပ်ပုံစံများ အများစုလာတတ်မယ် အခွံကျပ်မယ်အခွံပါးမယ် အခွံကြောတင်းတယ်လိုဆိုရမယ်)

No(3)မီးပေါက်အား အလင်းပမာဏ(မီးပေါက်ပုံမှာလဲ မြန်မာဂျိတ်ကဲ့သို့ မီးပေါက်ပုံမျိုးမဟုတ်ပဲ အလင်းကျစ်မယ်
အလင်းပျစ်မယ် အလင်းစုမယ် အချွဲခံပေါက်သလိုပေါက်မယ် မြန်မာဂျိတ်ကဲ့သို့
(ကျောက်ကောင်းပုံစံမျိုး အပွေးတွေ ဆန်းပွေးတွေ ကျွတ်ပွေးတွေ ဆန်းကြောကျွတ်ကြောတွေပါရင် မြန်မာဂျိတ်ဆိုလျှင် မီးပေါက်အား မီးပွင့်အား မီးကန့်အား
ကောင်းတတ်ပြီး အလင်းကားမယ်(အလင်းပြန့်)
ထိုကျောက်တွေကအလင်းစုမယ် အလင်းပြန့်နှုန်းနည်းတယ် မီးပေါက်အားထိုင်းထိုင်းမှိုင်းမှိုင်း မီးပေါက်ဝပ်တဲ့သဘောရှိပါမယ်ရှင့်။ အမြဲလုပ်ကိုင်နေသူများအတွက်ကတော့ မီးထိုးကြည့်ယုံနဲ့သိကြတယ် =မှတ်ချက်=အပွင့်အထည်အချောလိုင်းကိုမဆိုလိုပါ)

No(4)ဆန်းပွေး ကျွတ်ပွေး ဂျိတ်ပွေး အရည်ပွေး မန်းတို့သည် မြန်မာဂျိတ်ကဲ့သို့လာတတ်ပေမဲ့ ပုံသဏ္ဍန်ဖြစ်ပေါ်မူအခြေနေမတူညီပါ ​မြန်မာကျောက်စိမ်းထက်ပိုသော ပီပီပြင်ပြင် ပို၍ထင်ပေါ်သော အပွေးအတက်ပုံစံမျိုးလာတတ်ပြီး အပွေးကြောတွေ ဆန်းကြော
ဂျိတ်ကြောတွေဆိုရင်လဲ သေးသေးသွယ်သွယ်ပုံစံမျိုးမလာပဲ မြန်မာဂျိတ်ထက်အပွေးအား ဆန်းကြောအားတွေသာလွန်စွာကြီးတာမျိုးလာတာများတယ် ​
အပွေးရုပ်တွေကလဲ ချောမွေ့သောမျက်နာပြင်ပုံစံ ပြူးပြူးပြောင်ပြောင်လာပါတယ်။
အပွေးအားမီးရိပ်တွေ၌လဲ အချွဲခံပေါက်သလိုပေါက်နေမယ်။

No(5) #ကာလာအားဖြင့်လဲ မြန်မာဂျိတ်ထက် ကာလာကြောင်ခြင်း ကာလာမဖျောင့်ခြင်းမျိုးပိုလာပါတယ်ရှင့်။
ကျောက်ဆီကျောက်သားအမြင့်ပုံစံလာပေမဲ့ အမြဲလုပ်ကိုင်နေသူများအတွက်တော့
မခက်ခဲပဲခွဲနိုင်ကြတယ်။
# # # # # # # # # # # # # # # # # # # # #
အဲတော့ ဂွါတီမာလာကျောက်ပုံစံနဲ့ဆင်တူပေမဲ့ကွဲပြားတဲ့အချက်တွေရှိသလို
အထူးသတိထားရန်လိုအပ်သောအခြေနေတစ်ခုရှိပါတယ်။
ဂွါတီမာလာကျောက်သည် မြန်မာဂျိတ်ကဲ့သို့ အရည် ပဲ ချွမ် ဂျိတ် အကျွတ် ခုန့်ခွမ့်အကုန်လာပါတယ်။ ဒါပေမဲ့ လက်ရှိအများစုမြင်တွေ့နေရတဲ့ဂွါတီမာလာကျောက်တွေသည် မြန်မာဂျိတ်ကဲ့သို့အခွံပေါင်းစုံမတွေ့ရသေးပါ။ လက်ရှိအများမြင်တွေ့နေကျ ဂွါတီမာလာအခွံရောင်များမှာ
အပေါ်ကြောထွက်သောအခွံကြောပုံစံအများစုလာတယ်။
ဂွါတီမာလာကျောက်အများစုလာတတ်သော အခွံရောင်နှင့်မြန်မာဂျိတ်ကဲ့သို့ဆင်တူသော အခွံအုပ်စုများမှာ။
1။ မြေမှန်ခွံအုပ်စုအဖြစ်လည်ကောင်း
2။ တာမခံအုပ်စု သနားခါးခွံ အားလူးခွံ
ကဲ့သို့လည်ကောင်း
3။ မြေမှန်သံဂျေးခွံကဲ့သို့လည်ကောင်းလာတတ်တယ်။
မြေမှန်ခွံ/သနားခါးခွံ/အားလူးအဝါခွံ/ခွံဝါ
မြေမှန်သံဂျေးခွံ(ဝါနီစပ်ခွံ)အလာများပါတယ်။
အပေါ်ကဖော်ပြသော ကျောက်အခွံရောင်/ပုံစံမျိုး မိမိတို့မျက်စီရှေ့တွေ့လျှင် ပစ္စည်းလှနေပါက ပြချက်ကောင်းသော အရည်
ပဲ/ ချွမ်/ဂျိတ် လန့်ဂျိတ် ဘလက်ဂျိတ်တို့အပွေးဖြစ်စေတစ်ခုခုလှရာပါရှိက
စက်နဲ့ပွတ်ထားသကဲ့သို့ညီညာသောအပွေးမျက်နာပြင်မျိုးလဲလာတတ်တယ်
အထူးသတိထားရမည်။အပေါ်ကအခွံပုံစံမျိုးဆိုသတိထားပါ မြန်မာပြည်ကျောက်လား
ဂွါတီမာလာကျောက်လားဆိုတာကို
အကယ်၍ မိမိကမသိရှိသည်ဖြစ်စေ
ဝေဝါးနေသည်ဖြစ်စေ ရောင်းသူပြလက်အား မေးခွန်းတစ်ခုတော့မေးသင့်ပါတယ်။
ထိုမေးခွန်းကတော့ အရောင်းအဝယ်ပြုမူမှာ တစိတ်တပိုင်းကအရေးပါလာနိုင်တယ်။ မေးခွန်း????= မြန်မာဂျိတ်လား? ဂွါတီမာလာလားလို့?မေးရပါမည်
ဂွါတီမာလာဖြစ်လျှက်နဲ့ မြန်မာဂျိတ်လို့ပြောရောင်းပါက အကယ်၍တစ်စုံတစ်ခုဖြစ်ခဲ့လျှင် ထိုစကားတစ်ခုနဲ့တင် အစအဆုံးပြန်လိုက်လို့ရပါသေးသည်။
(တရုတ်ပြည်မှာဆိုလျှင် ဂွါတီမာလာကျောက်ကိုဂွါတီမာလာကျောက်လို့ပြောင်းရောင်းသော အရောင်းနေရာများရှိပါသည်
သူစျေးကွက်နဲ့သူ ရှိနေပါတယ်)

မြန်မာဂျိတ်နဲ့ ဂွါတီမာလာဂျိတ်
အရည်အသွေးပိုင်းကွာသလား?

မြန်မာဂျိတ်နဲ့ ဂွါတီမာလာဂျိတ်
အရည်အသွေးပိုင်းမှာ တော်တော်ကွာပါတယ်။

မြန်မာဂျိတ်နဲ့ ဂွါတီမာလာဂျိတ်တို့တန်ဖိုးအားနှိုင်းယှဥ်မူကွာသလား?

မြန်မာဂျိတ်နဲ့ဂွါတီမာလာဂျိတ်တို့သည်တန်ဖိုးအားဖြင့် သိသာကွဲပြားစွာကွာပါတယ်။
ဥပမာပြောရရင်။ တစ်ကျပ်သားခြင်းတူရင်တောင် ရွှေတစ်ကျပ်သားစျေးနဲ့
ကြေးတစ်ကျပ်သားစျေးကွာသလိုကွာတာပါရှင့်။ ဂွါတီမာလာကျောက်သည်အသားဆန်းအပွေးအကျွတ်ကဲ့သို့ကျောက်တွေ၌လဲ မြန်မာဂျိတ်အခေါ်တိမ်ခိုကာလာကဲ့သို့ ပိုလာတာများဖြင့် တိမ်ခိုကာလာအားဖြင့် ပိုသာနေမယ် အပြာရိပ်ခံပိုအားများနေတတ်ပါတယ် သူတို့ကျောက်ကကာလာပိုတောက်နေတတ်ပါတယ်ရှင့်။

မြန်မာပြည်တွင်းစျေးကွက်သို့ ဂွါတီမာလာကျောက်ဝင်လာခြင်းသည် ကောက်ညှင်းဆန်ထဲ ဆန်ကြမ်းရောသလိုပါ ဆန်တော့ဆန်ပါပဲ ဆန်စျေးခြင်းမတူညီပါ
ကောက်ညှင်းဆန်ထဲဆန်ကြမ်းအရောများရင် ကောက်ညှင်းစျေးပါပျက်ပါတယ်
ထိုသို့ပုံစံမျိုးဖြင့် အဓိကအားဖြင့်
တရုတ်တို့မှ မြန်မာကျောက်စိမ်းစျေးကွက်ကိုအားလျှော့အောင်လုပ်ဆောင်ခြင်းဖြင့်
မြန်မာပြည်ထွက်ကျောက်ကောင်းများကို
စျေးအကျ စျေးနိမ့်၍ဝယ်ကောင်းအောင်ဖန်တီးသောလှည့်ကွက်တစ်ခုသာဖြစ်ပါတယ်။

ကျမတို့ ကျောက်စိမ်းလောကသားတွေကလဲ ဂွါတီမာလာကျောက်လုံးစွတ်များကို
အတော်အသင့်သိကြပြီဆိုလျှင် ရောင်းခြင်းဝယ်ခြင်းဂရုစိုက်၍ ဂွါတီမာလာကျောက်ဆိုလျှင် အရောင်းအဝယ်ပြုမူမလုပ်ပဲရှောင်သူများလာပါက ဂွါတီမာလာကျောက်လုံးစွတ်က လုံးလုံးကြီးမပပျောက်သွားရင်တောင် စျေးကွက်ထဲနေရာယူခြင်းနဲ့ မြန်မာဂျိတ်စျေးကွက်ကိုပါထိခိုက်မူအားနည်းသွားလိမ်မယ်လို့ထင်မိတယ်။
ဂွါတီမာလာဂျိတ်သည် အရိုင်းတုံးအဆင့်မှာ အမြဲလုပ်ကိုင်နေသူများအဖို့ခွဲရလွဲပေမဲ့
အချောထည်အဆင့်ရောက်သွားလျှင်
စစ်ချက်ထုတ်တဲ့နေရာကတောင်
မြန်မာဂျိတ်/ဂွါတီဂျိတ် တိတိကျကျထုတ်ပေးနိုင်မူအားနည်းသောကြောင့်
အခက်အခဲကတော့ရှိနေအုံးမှာပါ။
အပွင့်အထည်အရောင်းအဝယ်၌လဲ
A- JADE ဖြစ်ယုံနဲ့ မလုံလောက်တဲ့အနေအထားတွေကြောင့် (အဓိကထွက်ရှိသောနိုင်ငံကြောင့် စျေးကွက်ဂယက်ရိုက်နေအုံးမယ်)ခက်ခဲမူကရှိနေပါအုံးမယ်။
လုံးစွတ်မှာတော့ ဂွါတီမာလာကျောက်တွေ
အလာများသော အခွံရောင်တွေကိုပြောရမယ်ဆိုပါက။
1။ အဝါရောင်
2။ဝါနီစပ်အရောင်
3။ ဝါဖြူစပ်
ထိုအရောင်ပါသောကျောက်တွေကိုသတိထားရပါမယ်ရှင့်
အချွဲခံရှိမယ် ကာလာကြောင်မယ်
အသားပြစ်မယ် အဲသဘောတော့ရှိပါတယ်
ဖယောင်းကော်ကဲ့သို့အသားမျိုးလဲလာတတ်ပါတယ်ရှင့်။

ကျမလဲတတ်နိုင်သလောက်တော့ရေးပေးထားပါတယ်ရှင့်

အောက်ကပုံတွေထဲမှာတော့ မြန်မာဂျိတ်ထက်ကာလာပိုသော တိမ်ခိုကာလာသန်းအား(အပြာခံအရိပ်)များသော
ဂွါတီမာလာ
ကျောက်များကိုရှင်းလင်းကွဲပြားစွာမြင်တွေ့ကြမှာပါ
to Tun

Jade

 #1နာရီမကြာ sold out ☺️ ရောင်းထွက်သွားပါပြီဗျရန်ကုန်က ဝယ်ယူအားပေးသော လောပန်း မဂ်လာ ဖြစ်ပါစေဗျ💝မှော် - မန ကြက်သွေးအလေးချိ...
05/11/2023

#1နာရီမကြာ sold out ☺️ ရောင်းထွက်သွားပါပြီဗျ
ရန်ကုန်က ဝယ်ယူအားပေးသော လောပန်း မဂ်လာ ဖြစ်ပါစေဗျ💝

မှော် - မန ကြက်သွေး
အလေးချိန် - 13ကျပ်သား
ဖြတ်ချင် ခေါင်းချင်တဲ့လောပန်းတို့🥰🥰
ဖြတ်ပျော် ခေါင်းပျော် ဈေးလေးနဲ့ယူ
အတစ် ၊ လက်ယာ ၊ ပုတီ ကြိုက်ရာခေါင်း
လိုင်းကိုက်တဲ့လောပန်းတို့🥰

ဈေး - 10000ကျပ်

#ကြိုက်ဈေးမြင်ဈေးပေးနိုင်သည်
ဆိုမျက်မြင်ကြည့်နိုင်ပါတယ်ဗျ
ကနေ ဆက်သွယ် ဝယ်ယူနိုင်ပါတယ်ဗျ
09-974217449
တကယ်ဝယ်ယူမှသာလျှင်ဈေးပေးပါ လောပန်းတို့🥰

 #ရောင်းထွက်သွားပါပီဗျ 2လုံး အားပေးတဲ့လောပန်းအတွက် လက်ဆောက် တစ်လုံး ထည့်ပေးလိုက်ပ့မယ်ဗျ မှော် - မန ကြက်သွေးအလေးချိန် -23...
04/11/2023

#ရောင်းထွက်သွားပါပီဗျ 2လုံး အားပေးတဲ့လောပန်းအတွက်
လက်ဆောက် တစ်လုံး ထည့်ပေးလိုက်ပ့မယ်ဗျ

မှော် - မန ကြက်သွေး
အလေးချိန် -23ကျပ်သားခန့်
ကျောက်သားလေးတော့ညို့နေပီ🥰🥰
ကျောက်မျိုး ကျောက်သားရှယ်ကောင်း
အတစ် ၊ လက်ယာ ၊ ပုတီး ကြိုက်ရာခေါင် ခေါင်ပျော် ဈေးလေးနဲ့ရမယ်လောပန်းတို့ 🥰🧡

ဈေး - 25000 ကျပ်

ခေါင်းပျော်ဈေးလေးနဲ့ယူပါဗျ လောပန်းတို့ 🥰
မျက်မြင်ကြည့်ရှု့နိုင်ပါတယ်ဗျ
09-974217449
ကနေလဲ ဆက်သွယ် မှာယူနိုင်ပါတယ်ဗျ🥰
ပုံလေးတွေ သေချာကြည့်ပြီ ဝယ်ယူနိုင်ပါတယ်ဗျ
#တကယ်ဝယ်ယူမှသာလျှင် ဈေးပေးကြပါလောပန်းတို့😢

ကိုယ်တွေ့တဲ့သူတိုင်းက ပေးတဲ့Vibe ကိုမှတ်ထားလိုက်တယ်။ဘယ်သူ့ကိုရှောင်ရမယ်၊ဘယ်သူနဲ့ များများတွေ့ရမယ်၊ဘယ်သူနဲ့လျော့တွေ့ရမယ် ...
30/10/2023

ကိုယ်တွေ့တဲ့သူတိုင်းက ပေးတဲ့
Vibe ကိုမှတ်ထားလိုက်တယ်။
ဘယ်သူ့ကိုရှောင်ရမယ်၊
ဘယ်သူနဲ့ များများတွေ့ရမယ်၊
ဘယ်သူနဲ့လျော့တွေ့ရမယ်
ပြန်ချိန်ကြည့်တယ်။

လူတစ်ယောက်နဲ့ တစ်ယောက်ပေးတဲ့
ဓာတ်မတူကြဘူး။
တချို့ အကြည်ဓာတ်၊
တချို့က အပူဓာတ်၊
တချို့က ပျော့ပျော့လေးနံတဲ့ ကြောင်ချီး၊
တချို့က လေးလံတယ်၊
တချို့ကတက်ကြွ၊
တချို့ ရင်ခုန်မှုတွေနဲ့၊
တချို့က လှုံခြုံမှု၊
တချို့က တိုက်မယ်ခိုက်မယ်၊
တချို့က အတွေးအခေါ်သစ်တွေနဲ့
အဲ့လို တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး။

Credit

16/10/2023

#ကျောက်စိမ်းလုံးစွပ်နှင့်ပြချက်များ
*************************^^^^^^^

( ခ ) အခွံအမျိုးမျိုးပေါ်တွင် အရည်မန်း/ အသားမန်း(ယမ်းပျက်မန်းပျက်)၊ အရည်ပွင့်၊ ခရမ်းရောင် ယမ်းပွေး စသည်ဖြင့် ပြချက်ပါဝင်မှု ရှိ/မရှိ လေ့လာခွဲခြားသတ်မှတ်ရမည် –

(၁) အရည်/အသားမန်း။ အခွံပေါ်တွင် ယမ်းအနေအထားသည် အခြားနေရာနှင့် မတူဘဲ တွန့်ခေါက်နေသော အစင်းကြောင်းအနေအထားကိုခေါ်သည်။ ပြချက်နေရာတွင် အစိမ်း ရောင်အစအနတွေ့လျှင်(အရပ်ခေါ်တီဖောက်လျှင်) ပွတ်တိုက်၍ အစိမ်းရောင်ရှိလျှင် အရည်မန်း၊ မရှိလျှင် အသားမန်းဟုခေါ်သည်။

(၂) အရည်ပွေး။ အခွံပေါ်တွင် ယမ်းအနေအထားသည် သစ်ပင်အပွေးတက်နေသကဲ့သို့ အနေ အထားကိုခေါ်သည်။

(၃) အရည်ပွင့်။ အခွံပေါ်တွင် ယမ်းပွင့်လေးများ ပန်းပွင့်သဏ္ဍာန်ရှိပြီး အစိမ်းရောင် အစက်အပြောက်တွေ့ရလျှင် အရည်ပွင့်ဟုခေါ်သည်။

(၄) မန်းဖြူ။ ကတေအမဲကြောလွှာ(Cement Conglomerate Bed) မှထွက်သည့် ခွံမဲများတွင်တွေ့ရသည့်ပြချက် အမျိုးအစားဖြစ်သည်။ အခွံပေါ်တွင် အဖြူရောင် (မဖောက်ထုံးအမှုန့်အရောင်) ဖြူးထားသကဲ့သို့ဖြစ်နေသည့် အနေအထား(အရပ်ခေါ် ဗျိုင်းချေးမန်း)ကိုခေါ်သည်။

( ဂ ) အခွံပေါ်တွင်ပြချက်ပါလျှင် ပြချက်အမျိုးအစား ခွဲခြားသတ်မှတ်ရမည်။ ပြချက် အမျိုးအစားများ မှာ-

(၁) ကြိုးပတ်။ အရည်မန်း၊ အရည်ပွေး၊ အရည်ပွင့်တစ်မျိုးမျိုးသည် ဆက်စပ်လျှက် ကျောက်စိမ်းတုံးတစ်တုံးလုံးကို ကြိုးသဖွယ်ပတ်နေပါက ကြိုးပတ် ဟုခေါ်သည်။

(၂) ကျားကိုက်။ အရည်မန်း၊ အရည်ပွေး၊ အရည်ပွင့်တစ်မျိုးမျိုးသည် ဆက်စပ်လျှက် ကျောက်စိမ်းတုံး၏ မျက်နှာပြင်(၃)ဘက်ပတ်နေသော အနေအထား(ကျားကိုက်ထား သည့်ပုံသဏ္ဍာန်) တွေ့ရလျှင် ကျားကိုက်ဟုခေါ်သည်။

(၃) တံစို့ထိုး။ အရည်မန်း၊ အရည်ပွေးသည် ကျောက်စိမ်းတုံးအခွံတွင် တစ်ဖက်နှင့် တစ်ဖက် တံစို့ထိုးအနေအထား မြင်တွေ့ရလျှင် တံစို့ထိုးဟုခေါ်သည်။

(ဃ) အခွံပေါ်တွင် ပြချက်နှင့်မှားနိုင်သော အနေအထားများတွေ့ရတတ်၍ ပြချက်ဟုတ်/မဟုတ် သေချာ စွာ စစ်ဆေးခွဲခြားရမည်။ ပြချက်နှင့်မှားနိုင်သော အနေအထားများမှာ-

(၁) ကပ်ရည်။ အခွံအပေါ်ယံတွင်သာကပ်နေသောအနေအထားဖြစ်သည်။ ကောက်ရော့ ဟုလည်းခေါ်၍ အတွင်းသားထိ အရည်မဝင်တတ်ပါ။

(၂) ဖားမျက်ဆံ။ အခွံပေါ်တွင် ဖားမျက်စိကဲ့သို့ဖုထွက်နေသော အစိမ်းရောင်အကွက်၊ အစေ့လေးများဖြစ်သည်။ အရည်ပွေး၊ အရည်မန်းနှင့် လွှဲမှားနိုင်သဖြင့် သတိပြုရမည်။

(၃) ချော်စိမ်း။ ကတေအောက်ကြောများနှင့် ချောင်းအတွင်းမှထွက်ရှိသည့် ရေခွံများ တွင် တွေ့ရှိရတတ်ပြီး အခွံအရောင်မှာအစိမ်းရောင်ရှိ၍ ပြချက်နှင့်မှားတတ်သည်။

ဆက်လက်ဖော်ပြပါမည်.......

ကျောက်သမားမိတ်ဆွေအားလုံး မင်္ဂလာကျောက်ကောင်း ကျောက်မြတ်များ ပိုင်ဆိုင်နိုင်ကြပါစေ🙏🙏🙏

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ၊ များအား လေးစားလျက်🙏🙏🙏

Address

Mandalay

Telephone

+959974217449

Website

Alerts

Be the first to know and let us send you an email when Aye Chan Ko JADE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aye Chan Ko JADE:

Share