Candy Hnin Online Shop

Candy Hnin Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Candy Hnin Online Shop, Shopping & retail, Mandalay.

𝐕𝐢𝐫𝐚𝐥 𝐡𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬 𝐀 အသည်းရောင်အသားဝါ အေ ရောဂါ🦠 အသည်းရောင်အသားဝါ အေ ရောဂါသည် HAV ဗိုင်းရပ်စ်ပိုး (Hepatitis A virus) ကူးစက်...
01/03/2025

𝐕𝐢𝐫𝐚𝐥 𝐡𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬 𝐀
အသည်းရောင်အသားဝါ အေ ရောဂါ

🦠 အသည်းရောင်အသားဝါ အေ ရောဂါသည် HAV ဗိုင်းရပ်စ်ပိုး (Hepatitis A virus) ကူးစက်ခံရခြင်းကြောင့် အသည်းရောင်ရမ်းပြီး အသည်း၏ လုပ်ငန်းစွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။

🍀 ရောဂါပိုးကူးစက်ခံရသူ အများစုသည် အလိုအလျောက် ပြန်လည်သက်သာကောင်းမွန်လာပြီး ရာသက်ပန် ကိုယ်ခံစွမ်းအားကို ရရှိစေနိုင်သည်။ သို့သော် လူအနည်းစုသည် ပြင်းထန်ဆိုးရွားသော အသည်းရောင်ခြင်းမှတစ်ဆင့် အသက်သေဆုံးသည်အထိဖြစ်ပေါ်နိုင်သည်။ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အစားအသောက်နှင့် ရေသန့်ရှင်းမှုတို့ရှိအောင် နေထိုင်စားသောက်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းတို့ဖြင့် အသည်းရောင်အသားဝါ အေ ရောဂါကို ကာကွယ်နိုင်သည်။

________________________________________

🎯 ဖြစ်ပေါ်ရသောအကြောင်းရင်းများ

HAV ဗိုင်းရပ်စ်ပိုးသည် ရောဂါပိုးရှိသူ၏ မစင်နှင့် တိုက်ရိုက် (သို့) သွယ်ဝိုက်သော တစ်နည်းနည်းဖြင့် ထိတွေ့ထားမိသော အစားအသောက်များကို အခြားသူတစ်ယောက်မှ စားသုံးမိခြင်းကြောင့် ပါးစပ်မှတစ်ဆင့် အူလမ်းကြောင်းအတွင်းသို့ ရောဂါပိုးဝင်‌ရောက်ကာ ကူးစက်ခြင်း (f***l oral transmission) ဖြစ်သည်။ ထို့အပြင် ရောဂါပိုးရှိသူနှင့် နီးကပ်စွာ ထိတွေ့မှုရှိခြင်းကြောင့်လည်း ကူးစက်နိုင်သည်။ သို့သော် နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့ကြောင့် လေထဲမှတစ်ဆင့် မကူးစက်နိုင်ပါ။

________________________________________

📌 ကူးစက်နိုင်သော နည်းလမ်းများမှာ

⬩ ရောဂါပိုးရှိသူ၏ မစင်နှင့် တိုက်ရိုက် (သို့) သွယ်ဝိုက်သော တစ်နည်းနည်းဖြင့် ထိတွေ့ထားမိသော အစားအသောက်များကို စားသောက်မိခြင်း
(အညစ်အကြေးစွန့်ပြီးနောက် လက်ကို စင်ကြယ်စွာမဆေးကြောဘဲ အစားအသောက် ချက်ပြုတ်ပြင်ဆင်ခြင်း၊ စားသောက်ခြင်းမှတစ်ဆင့် ရောဂါပိုး ကူးစက်နိုင်သည်)

⬩ မသန့်ရှင်းသော သောက်သုံးရေများကို အသုံးပြုခြင်း

⬩ ညစ်ညမ်းသော စွန့်ပစ်ရေများမှ ဖမ်းယူထားသည့် ပင်လယ်စာများကို ကောင်းစွာ ချက်ပြုတ်ဆေးကြောခြင်း မပြုဘဲ အစိမ်းစားခြင်း

⬩ ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း (အထူးသဖြင့် စအိုလမ်းကြောင်း၊ ပါးစပ်တို့ဖြင့် လိင်ဆက်ဆံမှု ပြုလုပ်သူများ)

⬩ ရောဂါပိုးရှိနေသော အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးနောက် ပါးစပ်ကို လက်ဖြင့်ထိမိခြင်း
(ဗိုင်းရပ်စ်ပိုးသည် အရာဝတ္တုမျက်နှာပြင်များပေါ်တွင် လပေါင်းအနည်းငယ်ကြာအောင် အသက်ရှင်နေနိုင်သည်)
________________________________________

🚨 အသည်း‌ရောင်အသားဝါ အေ ရောဂါပိုးကူးစက်နိုင်ခြေများသူများမှာ

⬩ ရောဂါပိုးရှိသူနှင့် တစ်အိမ်တည်းအတူနေသူများ
⬩ ‌ရောဂါပိုးရှိသူကို အနီးကပ် ပြုစုစောင့်ရှောက်နေရသူများ
⬩ လူဦး‌ရေထူထပ်များပြားသော နေရာဒေသတွင် နေထိုင်သူများ
⬩ အိမ်ယာမဲ့နေထိုင်သူများ
⬩ အိတ်ချ်အိုင်ဗွီရောဂါရှိသူများ
⬩ အညစ်အကြေးစွန့်ပစ်သည့်စနစ် လုံလောက်အောင် သန့်ရှင်းမှု မရှိသော၊ သန့်စင်ဆေးကြောရမည့် ရေအလွယ်တကူ မရရှိနိုင်သော နေရာဒေသများတွင် နေထိုင်လုပ်ကိုင်ကြသူများ
⬩ လိင်တူဆက်ဆံသူများ
⬩ အသည်းရောင် အသားဝါ အေ အဖြစ်များသော နေရာဒေသများသို့ ခရီးသွားသူများ၊ အလုပ်လုပ်သူများ
⬩ မူးယစ်ဆေးဝါး အသုံးပြုသူများ
⬩ ကျန်းမာရေးဝန်ထမ်းများ
________________________________________

⚠️ ရောဂါလက္ခဏာများ

အဖြစ်များသောရောဂါလက္ခဏာများမှာ

● ပုံမှန်မဟုတ်သော နုံးချည့်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
● ပျို့အန်ခြင်း
● ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း၊ ဝမ်းလျှောခြင်း
● အစာစားချင်စိတ်မရှိခြင်း
● အရေပြားနှင့် မျက်လုံးဝါခြင်း
● ကိုယ်ပူခြင်း၊ ဆီးအရောင်ရင့်ရင့်သွားခြင်း၊
● ဝမ်းအရောင်ဖျော့ခြင်း တို့ဖြစ်ကြသည်။

🚫 ထိုရောဂါလက္ခဏာများသည် သာမန််မျှသာဖြစ်လေ့ရှိပြီး ရက်သတ္တပတ်အနည်းငယ်ကြာလျှင် အလိုအလျောက် သက်သာသွားနိုင်သော်လည်း လူအနည်းစုတွင် အသည်းလုပ်ငန်း စွမ်းဆောင်ရည် ရုတ်တရက် ထိခိုက်ပျက်စီးနိုင်သည်။ 🚫

________________________________________

💡 ရောဂါရှာဖွေခြင်း

အထက်ပါ ရောဂါလက္ခဏာများ ခံစားရလျှင် မိသားစုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်၍ လိုအပ်လျှင် သွေးစစ်ဆေးခြင်း (HAV ဗိုင်းရပ်စ်ပိုး ပဋိပစ္စည်း စစ်ဆေးခြင်း၊ ဗိုင်းရပ်စ်ပိုးကောင်စစ်ဆေးခြင်း (RT-PCR)၊ အသည်းလုပ်ငန်းစွမ်းဆောင်ရည်စစ်ဆေးခြင်း) ပြုလုပ်၍ ရောဂါရှာဖွေပြီး ကုသမှုခံယူနိုင်သည်။

________________________________________

🏥 ကုသခြင်း

အသည်းရောင်အသားဝါ အေ ရောဂါအတွက် သီးသန့် ကုသမှုမရှိသော်လည်း ခံစားရသော ရောဂါလက္ခဏာများကို သက်သာစေရန် အောက်ပါနည်းလမ်းများဖြင့် နေအိမ်၌ပင် ကုသမှုခံယူနိုင်သည်။

● လုံလောက်အောင် အနားယူခြင်း
● အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသောက်ခြင်း
● ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ရန် အရည်များများ သောက်ခြင်း
● အရက်သောက်ခြင်းနှင့် မလိုအပ်သော ဆေးဝါးများသောက်ခြင်းမှ ရှောင်ကြဥ်ခြင်း

⚠️ ရောဂါပိုးဝင်‌ရောက်ပြီးနောက် ရောဂါလက္ခဏာများသည် တဖြည်းဖြည်းချင်း သက်သာလာသော်လည်း အပြည့်အဝ သက်သာပျောက်ကင်းနိုင်ရန် ရက်သတ္တပတ်များစွာ သို့မဟုတ် လပေါင်းများစွာ ကြာမြင့်နိုင်သည်။ ရောဂါလက္ခဏာများ ပိုမိုပြင်းထန်လာလျှင် သို့မဟုတ် ရုတ်တရက် အသည်းလုပ်ငန်း ပျက်စီးခြင်းလက္ခဏာများ (ဥပမာ - မှိန်းခြင်း၊ သတိလစ်ခြင်း၊ သွေးအန်ခြင်းစသည်များ) ဖြစ်ပေါ်လာလျှင် ဆေးရုံတက်၍ စောင့်ကြည့်ကုသမှုခံယူရန် လိုအပ်သည်။ ⚠️

________________________________________

🛡️ ကာကွယ်ခြင်း

အသည်းရောင်အသားဝါ အေ ရောဂါကို ကာကွယ်နိုင်ရန်

● ပတ်ဝန်းကျင်နှင့် တစ်ကိုယ်‌ရေသန့်ရှင်းမှု ကောင်းအောင်နေထိုင်ခြင်း

● သန့်ရှင်းသော အစားအစာနှင့် ရေများကိုသာ စားသောက်ခြင်း

● ဘေးကင်းလုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုနည်းလမ်းများကို အသုံးပြုခြင်း

● ကာကွယ်ဆေးထိုးခြင်းတို့သည် အထိရောက်ဆုံးသော ကာကွယ်ရေးနည်းလမ်းများ ဖြစ်သည်။
________________________________________

💉 ကာကွယ်ဆေးထိုးခြင်း

အသည်းရောင်အသားဝါ အေ ရောဂါပိုးနှင့် ထိတွေ့မှုမရှိခင် ကြိုတင်ကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်သည့်အပြင် ကာကွယ်‌ဆေးမထိုးထားသောသူများတွင် ရောဂါပိုးနှင့် ထိတွေ့မှုရှိပါက (၂)ပတ်အတွင်းတွင် ကာကွယ်ဆေး (သို့မဟုတ်) ကာကွယ်ဆေးနှင့်အတူ ပဋိပစ္စည်းပူးတွဲထိုးခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။

________________________________________

𝗘𝘅𝗽𝗹𝗼𝗿𝗲 𝘄𝗶𝘁𝗵 𝘂𝘀:

𝗪𝗲𝗯𝘀𝗶𝘁𝗲 : https://www.cllhealth.com/
𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 : https://www.linkedin.com/company/cll-health/
𝗬𝗼𝘂𝗧𝘂𝗯𝗲 : https://www.youtube.com/



#အသည်းရောင်အသားဝါ‌အေ #အသည်းရောင်

Redefining healthcare in Myanmar, Empowering every individual to thrive and build a healthier future. CLL Health is Myanmar’s leading integrated healthcare network.

ဂရုစိုက်ကြပါနော်🥰🛑ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( Cholera)🛑🔺ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့အကြောင်းအရင်းတွေ အများကြီးရှိသလို...
08/07/2024

ဂရုစိုက်ကြပါနော်🥰
🛑ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( Cholera)🛑

🔺ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့အကြောင်းအရင်းတွေ အများကြီးရှိသလို ဝမ်းလျှောတဲ့ လက္ခဏာပုံစံတွေ အမျိုးမျိုးရှိကြပါတယ်

🔺ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( ကာလဝမ်းရောဂါ)ဆ်ိုတာ က vibrio cholerae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာပါ

🔺ကာလဝမ်းရောဂါ ကပြင်းထန်ဝမ်းလျှောခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်းကို နာရီပိုင်းအတွင်းဖြစ်စေတတ်တယ်

🔺မကုသဘဲထားပါက ယခင်က ကျန်းမာသောလူများတွင်ပင် နာရီပိုင်းအတွင်း သေဆုံးနိုင်ပါတယ်

⚠️ဘယ်လိုကူးစက်ပြန့်ပွားလဲ ⚠️

🔺ရောဂါပိုးပါသောရေကိုသောက်သုံးခြင်း

🔺ရောဂါပိုးပါသော အစာကိုစားသုံးခြင်း

🔺လူနာရဲ့မစင် အန်ဖက်နဲ့ထိုအရာတွေမှာ ပေနေသောအရာဝတ္ထုများကို ကိုင်တွယ်မိခြင်း

🔺အဆိုပါရောဂါဖြင့်သေဆုံးသူကိုထိတွေ့မိခြင်းတို့ကြောင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်

📛ရောဂါလက္ခဏာများ 📛

🔺ပြင်းထန်စွာဝမ်းလျှောခြင်း

▪️ဝမ်းအရောင်က ဆန်ဆေးရေ အရောင်လိုဖြစ်နေမယ်
▪️အညှီနံ့ ရှိနေနိုင်တယ်
▪️ဝမ်းလျှောတဲ့ ပမာဏများတဲ့အတွက်အချိန်အနည်းငယ်အတွင်းမှာ ခန္ဓာကိုယ်ထဲက ရေဓာတ်များစွာဆုံးရှုံးနိုင်ပါတယ်

🔺ပျို့ခြင်း / အန်ခြင်း

▪️တခါတရံ ဝမ်းပျက်ဝမ်းလျှောမဖြစ်ခင် အရင်ဆုံး အန်တာနဲ့စလာတတ်ပါတယ်

🔺ကြွက်တက်ခြင်း

▪️ဝမ်းအရည်နဲ့အတူ ခန္ဓာကိုယ်ထဲကနေ ဆိုဒီယမ် ပိုတက်ဆီယမ် ကလိုရိုက်စတဲ့ ဓာတ်တွေအလျင်အမြန်ဆုံးရှုံးသွားတဲ့အခါ ဖြစ်တတ်ပါတယ်

🔺ရေဓာတ်ခမ်းခြောက်ခြင်း

▪️နာရီပိုင်းအတွင်းဖြစ်နိုင်တဲ့အတွက် သတိထားရပါမယ်
▪️အားအင်ကုန်ခမ်းသလိုဖြစ်နေမယ်
▪️ကလေးငယ်လေးတွေမှာ တချိန်လုံးဂျီကျနေတာမျိုး
▪️ရေအလွန်အမင်းဆာနေတာ မျက်ရည်မထွက်တာ
▪️မျက်တွင်းချိုင့်ဝင် ငယ်ထိပ်ချိုင့်ဝင်
▪️ဆီးပေါက်နည်းသွားတာမျိုး သွေးပေါင်ကျလာတာမျိုးရှိနေနိုင်ပါတယ်

‼️ဒါမျိုးလက္ခဏာရှိလာရင် နီးစပ်ရာကျန်းမာရေးငှာနကိုချက်ချင်းသွားပါ‼️

✅ဘယ်လိုကုသမလဲ✅

ဓာတ်ဆား

▪️အသက်ကယ်ဆေးက ဓာတ်ဆားပါ
ဝမ်းလျှောခြင်းမှာ အဓိက အန္တရယ်က ရေဓာတ်ဆားဓာတ်ဆုံးရှုံးမှု ဖြစ်တဲ့အတွက် အချိုးကျဖျော်စပ်ထားတဲ့ WHO ဖော်မြူလာအတိုင်းထုတ်ထားတဲ့ ဓာတ်ဆားကိုသာသုံးရပါမယ်

▪️ဖျော်ပုံဖျော်နည်းမှန်ကန်ဖို့လည်းလိုပါတယ် ( တလီတာအတွက် အထုပ် နဲ့ ရေ 200 ml အတွက်အထုပ်ဆိုပြီးလည်းရှိပါတယ်)

▪️ဓာတ်ဆားထုပ် အဆင်အသင့်မရှိလျှင်အရေးပေါ်အိမ်တွင်းဓာတ်ဆားဖျော်နည်းအတိုင်း ဖျော်ပြီးတိုက်ပါ
ဒီ link မှာဝင်ကြည့်လို့ရပါတယ်

https://m.facebook.com/story.php?story_fbid=125452237253085&id=100093649274709

▪️ရေဓာတ်အလွန်အကျွံဆုံးရှုံးမှုမဖြစ်စေရန်
၂ နှစ်အောက်ကလေး - ဝမ်းတကြိမ်သွားပြီးတိုင်းဓာတ်ဆား ၅၀ - ၁၀၀ မီလီလီတာ
၂ နှစ်အထက် - ၁၀၀ - ၂၀၀ မီလီလီတာ ကို ဝင်နိုင်သလောက်တိုက်တိုက်ပေးပါ

▪️ကလေးက အန်နေလျှင် ၁၀ မိနစ်ခန့်စောင့်ပြီး နည်းနည်းစီပြန်တိုက်ကြည့်ပါ

▪️လူကြီးတယောက် ကာလဝမ်းရောဂါဖြစ်တဲ့အခြေအနေမှာ ရေဓာတ်ခန်းခြောက်တဲ့လက္ခဏာရှိနေရင် တရက်ကို ဓာတ်ဆား ၆ ထုပ်(၆ လီတာ)ခန့် လိုနိုင်ပါတယ်

▪️ရေဓာတ် အလွန်အမင်းဆုံးရှုံးလာရင်တော့ သွေးကြောထဲ ဓာတ်ဆားရည်သွင်းဖို့လိုနိုင်ပါတယ်

▪️ဝမ်းလျှောခြင်းနဲ့ပက်သက်တဲ့အယူအဆအမှားတွေလည်း ရှောင်ကြဉ်ပါ
ဒီ link မှာ ဖတ်လို့ရပါတယ်

https://m.facebook.com/story.php?story_fbid=124420690689573&id=100093649274709

✅ Zinc ( ဇင့် ဆေး အရည် / ဆေးပြား ) ✅

▪️ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ အသက် ၅ နှစ်အောက်ကလေးတွေမှာ Zinc တိုက်ကျွေးခြင်းဟာ ဝမ်း
သွားတဲ့အကြိမ်ကို လျော့နည်းစေနိုင်သလို နောက်ထပ်
ဝမ်းလျှောခြင်းကိုပါကာကွယ်ပေးနိုင်ပါတယ်

၆ လအောက်ကလေး - တနေ့လျှင် Zinc 10 mg
၆ လအထက်ကလေး - တနေ့လျှင် Zinc 20 mg

🔶 ပိုးသတ်ဆေး 🔶

▪️အလွန်အကျွံမသုံးပါနဲ့
သင့်တော်သောဆေးကိုကျွမ်းကျင် ဆရာဝန် ဆရာမ နှင့်တိုင်ပင်ပြီးမှသာသောက်ပါ

✅ အစားအသောက်နှင့်အာဟာရ ✅

- မိခင်နို့တိုက်နေတဲ့ကလေးဝမ်းလျှောနေရင် မိခင်နို့ကိုဆက်တိုက်ပါ

- သန့်ရှင်းစွာပြင်ဆင်ထားသောအစားအသောက် များ စားသုံးလို့ရပါတယ်

- ဆန်ပြုတ် စွပ်ပြုတ် လိုကြေလွယ်တဲ့အစာများ ထမင်းရည်၊ အုန်းရည် များ တိုက်ပေးလို့ရပါတယ်

♻️ကာကွယ်ခြင်း ♻️

✅ သန့်ရှင်းသောရေကိုသောက်သုံးပါ
ရေသန့်မရနိုင်လျှင် ရေကိုကျိုချက်ပြီးမှသောက်ပါ
အိမ်သုံးရေကို ကလိုရင်းဆေးပြားခတ်ပြီးမှသုံးပါ

✅ ယင်လုံအိမ်သာအသုံးပြုပါ
ယင်လုံအိမ်သာမရှိသောနေရာတွင် ရောဂါပိုးရှိသော မစင်ကနေတဆင့် ထပ်ပြန့်ပွားဖို့မဖြစ်ရအောင် မစင်ကိုစနစ်တကျစွန့်ပစ်ပါ
သောက်သုံးရေအရင်းအမြစ်မှ ပေ ၁၀၀ ခန့်အကွာမှာ ကျင်းတူးပြီး စွန့်ပစ်ပါ
အရေးပေါ်အခြေအနေမှာ ယာယီအိမ်သာကျင်း ကို ရေရှိသောနေရာနှင့် ပေ ၁၀၀ အကွာမှာ၁ ပေခွဲ အနက်ခန့်တူးပြီး စွန့်ပစ်ပါ

✅ သန့်ရှင်းလတ်ဆတ်သော အစားအသောက်များစားသုံးပါ

ယင်နားစာများ မစားပါနဲ့

အသားငါးအသီးအရွက်များ ကျက်အောင်ချက်ပြုတ်ပြီးမှစားသုံးပါ

✅ လက်ကိုဆပ်ပြာဖြင့် သေချာသန့်စင်အောင်ဆေးပါ

စားသောက်တဲ့ကလေးရဲ့လက်နဲ့ ကျွေးမွေးပြုစုတဲ့လူကြီးရဲ့လက် ၊ ဝမ်းသွေးပြီးတိုင်း သန့်ရှင်းရေးလုပ်ပေးတဲ့ လက်ကို ဆပ်ပြာနှင့်သေချာဆေးပါ

အစားမစားခင် နဲ့ ဝမ်းသွားပြီးတိုင်းလက်ကိုသေချာစွာဆေးပါ

✅ မီးဖိုချောင်သုံးပစ္စည်းများနှင့် အစားအစာများကို ချက်ပြုတ်သည့်နေရာများကို သန့်ရှင်းပြီး ပိုးသတ်ပါလုံးဝခြောက်သွေ့အောင်ထားပါ

သောက်သုံးရေအရင်းအမြစ်များမှ မီတာ ၃၀ (ပေ ၁၀၀) အကွာအဝေးခန့်တွင် အဝတ် သို့မဟုတ် အနှီးများကို လျှော်ပါ

ညစ်ညမ်းနေသော အိမ်သာများနှင့် မျက်နှာပြင်များကို သန့်ရှင်းပြီး ပိုးသတ်ပါ

သန့်ရှင်းရေး ပြီးသောအခါ၊ ဆပ်ပြာရည်နှင့် ပိုးသတ်ဆေးရည်များကို ရေမြောင်း၊ အိမ်သာ သို့မဟုတ် အိမ်သာထဲသို့ လောင်းထည့်ခြင်းဖြင့် ဘေးကင်းစွာ စွန့်ပစ်ပါသန့်စင်ပြီး ပိုးသတ်ပြီးနောက် လက်ကို ဆပ်ပြာနှင့်ရေဖြင့် ထပ်မံဆေးကြောပါ

အထက်ပါနည်းလမ်းများဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်ပြန့်ပွားခြင်းကိုအလျင်အမြန်ကာကွယ်နိုင်မှာဖြစ်ပါတယ်

“အိမ်တွင်း ဓာတ်ဆား အလွယ်တကူဖျော်နည်း”

အရင်ရက်က ကလေး၀မ်းလျှော၀မ်းပျက်အကြောင်းပြောပြထားပီးဆိုတော့ ဒီနေ့တော့ လူကြီးရော ကလေးရော
၀မ်းပျက်ဝမ်းလျှောဖြစ်ရင် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်ဆားကို အိမ်မှာပဲအလွယ်တကူ ဖျော်ပုံဖျော်နည်းလေးပြောပြပေးပါ့မယ်နော်။

ဓာတ်ဆားအလွယ်တကူဖျော်နည်း သိသွားပီဆိုရင်တော့

👉🏻 တောထဲတောင်ထဲမှာမို့ ဓာတ်ဆား၀ယ်ဖို့ မရှိလို့
👉🏻 ဆေးဆိုင်အလှမ်း‌ဝေးလို့ သွား၀ယ်ဖို့ ‌မလွယ်လို့
👉🏻 ပိုက်ဆံအဆင်မပြေလို့ စတာစတာတွေစိတ်ပူစရာမလိုတော့ဘူးနော်။

ကဲ အဲဒါဆို ကြည့်လိုက်ရအောင် ✌️

အိမ်မှာပဲ ဓာတ်ဆားအလွယ်တကူ ဖျော်ဖို့ အတွက်ဆိုရင်

၁) သကြား လက်ဖက်စားဇွန်း ၆ ဇွန်း
၂) ဆား လက်ဖက်စားဇွန်းတစ်၀က် ကို
‌၃) ရေသန့် (သို့မဟုတ်) ရေကျက်အေးတစ်လီတာ

နဲ့ ဖျော်လိုက်ရင်တော့ ပုံမှန်ဓာတ်ဆားတစ်ထုပ်လို ဖြစ်သွားပါပီ။

အဲဒါကိုမှ အရသာကောင်းအောင် သောက်ချင်ရင် သဘာ၀သစ်သီးအရည် ညှစ်ထည့်ပီး သောက်‌သုံးနိုင်ပါတယ်။

👉 ဖျော်ပီးသား ဓာတ်ဆားကို ၂၄ နာရီအတွင်း ကုန်အောင် သောက်ဖို့တော့ မမေ့နဲ့နော်။


#ချင်းတယ်လီကျန်းမာ

09/04/2024

သင်္ကြန်ရေသတိပြုကြပါ
၂၀၂၄ ဧပြီလ ၁၂ရက်နေ့မှ ၁၉ရက်နေ့အတွင်း
မြန်မာနိုင်ငံမှာ အပူချိန်လွန်ကဲနိုင်သဖြင့် သင်္ကြန်ကာလအတွင်း
မနက် ၁၀နါရီမှ ညနေ ၅နာရီခွဲအတွင်း ရေပက်ရေလောင်းခြင်းများကိုရှောင်ကျဥ်သင့်ပါတယ်
ISSUED TIME
09/04/2024 6:30pm(MMT)
Su Su San မင်း ဂွတ် သီး
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝘾𝙚𝙣𝙩𝙧𝙚

02/04/2024

အားလုံးပဲဂရုစိုက်ကြပါရှင်
အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ ‼️‼️‼️

Southeast Asia နိုင်ငံအကုန်ပါပါတယ်။ ဆိုတော့ 6/7/8 သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့။

🔥အပူချိန် 35°C - 37°C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1

🔥 37°C ကနေ upper 40°C ထိတိုးလာရင် Level 2 danger ပါ ။

ကလေးငယ်‌ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ပါ။ နွေရာသီ ပူနေကြလိုမဟုတ်ပါဖူးနော်၊ ထပ်ပြောပါမယ်။ အခုတောင်လူတိုင်း Heat stroke ဖြစ်နေကြတယ်။ (လည်ပင်းနာ၊ အသံဝင်၊ ချောင်းဆိုး၊ နှာချေ၊ နှာစီး အဆက်မပြတ်၊ မျက်စိပူ ) အခုဒီမှာမီးပြတ်နေတော့ပိုတောင်ဆိုးမှာပါ။ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တာမျိုး အခန့်မသင့်ရင်လူငယ်၊ လူကြီးအရွယ်စုံဖြစ်တတ်တယ် မပေါ့ပါနဲ့နော်။

ဘာလုပ်သင့်လဲဆို ရေဘူးဆောင်ပါ။အေးစက်နေတဲ့ ရေခဲရေထက် ရိုးရိုးရေပိုကောင်းပါတယ်။ အရမ်းပူလာရင်တောင် ရေခပ်နွေးနွေး body pressure balance ဖစ်အောင် သောက်ပေးသင့်တယ်။ ရေခဏခဏသတိရတိုင်းသောက်ပါ။

အိမ်ကို လိုက်ကာကာပါ။
မနက် 10 - ညနေ 5 ကြားတကယ်ဆို ရေမချိုးပါနဲ့ ! ပူတယ်ဆိုပီးရေခနခနချိုးတာတွေစိမ်တာတွေ လုပ်မယ်ဆိုရင် ဆင်ခြင်စေချင်တယ်။

အဝတ်အစားချွေးစုပ်တာ ပေါ့ပါးတာ။
လေဝင်လေထွက်ရှိ အပူထွက်လွယ်တာဝတ်ပါ။
အသောက်အစားလေးခဏလျှော့ပါ။
Gym အပြင်းအထန်လုပ်တာလျှော့။
Sunglasses, sun cream 2-3 hours နေတခါ ထပ် on, ထီး၊ ဦးထုပ်မ‌ဖြစ်မနေဆောင်။
Aircon, fan directly အေးစက်အောင်မထားပါနဲ့။ အပြင်ရုတ်တရက်ထွက်မိရင် shock ရှိ။

အကောင်းဆုံးကတော့ မဖြစ်မနေကိစ္စကလွဲပြီး အိမ်ပြင်ထွက်ခြင်း၊ အပြင်ထွက်ခြင်းမျိုးရှောင်ကြ‌နော် ။

ချစ်တဲ့သူတွေကို share ပေးပြီး ဂရုတစိုက်သတိပေးပါ။

Crd :Pann Sabal

24/03/2024

🔔24.3.2024တနင်္ဂနွေနေ့ ဒီနေ့ပါနော်

✨🌕⭐ တပေါင်းလပြည့်နေ့ ယတြာ ⭐🌕✨

✨ မနက်ဖြန်ဟာ တပေါင်းလပြည့်နေ့ဖြစ်ပါတယ်နော်

မနက်ဖြန်ဟာ ကြုံတောင့်ကြုံခဲ နက္ခတ်လဲအလွန်ကောင်းမွန်သောကြောင့် .....

အဲလိုနေ့လေးမှာ……..

✨✨
မနက် ၅ နာရီကနေ ၁၁ နာရီအတွင်း
မြတ်စွာဘုရားရှင်အား သောက်တော်ရေတခွက် ကပ်လှူပေးပါ။

🌸 ပန်းပွင့် ၁၁ ပွင့် ဆက်ကပ်လှူဒါန်းပေးပါ။

မည်သည့်ပန်းမဆို ကပ်လှူလို့ရပါတယ်။

ဆီမီး ၃ တိုင် ၊ အမွှေးတိုင် ၃ တိုင် ထွန်းညှိ ပူဇော်ကာ

🌸
" အရဟံ သိဒ္ဓိ လာဘံ " ပုတီး ၁ ပတ် စိပ်ကာ
မိမိလိုရာဆု တောင်းပါ။

❌ ဆီမီး ပူဇော်ဖို့ အမွှေးတိုင်ထွန်းဖို့အဆင်မပြေသူတွေ အနံ့မခံနိုင်သူတွေက ဆီမီး နဲ့ အမွှေးတိုင်မထွန်းပါနဲ့နော်

🦋 မနက်ဘက်အဆင်မပြေသူများ
ညဘက် ၈ နာရီမှ ၁၁ နာရီ အတွင်းတွင်ပြုလုပ်နိုင်ပါတယ်ရှင်……✨

📌 ပုတီးစိပ်ဖို့ရာ အဆင်မပြေသူများကတော့
မိမိတတ်နိုင်သလောက် ဒါနလေးတွေပြုပေးကြပါ....
ပံ့သကူလေးတွေ ပစ်ပေးကြပါ….
မိမိတတ်နိုင်သလောက် ပေးကမ်းစွန့်ကြဲကြပါ….

💕💕💕
အထက်ပါယတြာလုပ်ဖို့ မလွယ်ပါက မိမိရဲ့ ဖခင် ( ဒါမှမဟုတ် ) ဖခင်ကဲ့သို့လေးစားရသောသူ တစ်ဦးဦးကို လက်ဆောင်ပေးလိုက်ပါ....

📌 မေတ္တာသုတ် ကိုရွတ်နိုင်သူကရွတ်ကြပါ
( အခေါက်အရေအတွက်သတ်မှတ်မထားပါ).....
မရွတ်နိုင်သူ/မရွတ်တတ်သူက မနက်အိပ်ယာနိုး (သို့) ညအိပ်ရာဝင်ဖွင့်ပေးပါ
☘️

🌕✨🦋ကောင်းတာလုပ်သမျှ ကောင်းတာတွေပဲ ဖြစ်လာမှာပါ……💕

✨
ခုလို Powerful ဖြစ်တဲ့ ခုလိုလပြည့်ညမှာ ဆုတောင်းရင်
မိမိရဲ့ဆုတောင်းတွေ အမြန်ဆုံးပြည့်ပါလိမ့်မယ်....

📌 အခါထူး ရက်ကောင်းရက်မြတ်တစ်ရက်ဖြစ်တာကြောင့်
စိတ်ကို ကြည်လင်အောင်ထားပြီး တစ်နေ့တာကိုဖြတ်သန်းခြင်းဖြင့်
ကောင်းခြင်းတွေရကြပါစေ.....
မေတ္တာစိတ်ကလေးနဲ့တစ်နေ့တာကိုဖြတ်သန်းကြရအောင်နော်......✨🩵

🔮🌙

အိစက်နေသော  nursery/kg bag လေးတွေ💸Price-8500/-သားသားမီးမီးတို့အကြိုက် cartoon ရုပ်လေးတွေမို့ဘေဘီတို့လည်း ကြိုက်မှာပါနော်...
09/02/2024

အိစက်နေသော nursery/kg bag လေးတွေ

💸Price-8500/-

သားသားမီးမီးတို့အကြိုက် cartoon ရုပ်လေးတွေမို့ဘေဘီတို့လည်း ကြိုက်မှာပါနော်

-2weeks

ချည်ဂျင်းသားအိတ်လေးတွေ အသားထူပီးကောင်းနေရောပဲမူရင်းစျေး-B 100 ကျော်ကို💸Sale price-6500/- နဲ့ရမှာပါနော် #အနက်တစ်ရောင်ပဲရပ...
09/02/2024

ချည်ဂျင်းသားအိတ်လေးတွေ အသားထူပီးကောင်းနေရောပဲ

မူရင်းစျေး-B 100 ကျော်ကို

💸Sale price-6500/- နဲ့ရမှာပါနော်

#အနက်တစ်ရောင်ပဲရပါမယ်နော်

✔️အိတ်အကြီးဆိုဒ်မို့ ဘာထည့်ထည့်အစုံထည့်လို့ရနော်

#ကြာချိန်-2weeksပါရှင့်

ကလေး shirtလေးတွေ sale ချနေလို့မှာလို့ရပါပီနော်Colour size ပုံပါအတိုင်းရွေးပေးပါမူရင်းစျေး107B💸Sale Price-5500/-✔️Cotton ...
09/02/2024

ကလေး shirtလေးတွေ sale ချနေလို့မှာလို့ရပါပီနော်

Colour size ပုံပါအတိုင်းရွေးပေးပါ

မူရင်းစျေး107B

💸Sale Price-5500/-

✔️Cotton လေးမို့ ဝတ်လို့ကောင်းပီးစေေးလေးရော တော်ပါတယ်နော်

#ကြာချိန်-2weeksပါရှင့်

Summer style shoulder bag ✔️နွေရာသီမှာ fashion ကျပီး ပေါ့ပေါ့ပါးပါးလွယ်လို့ရတဲ့ phone ထည့်အိတ်လေးတွေ ရောက်ထားပါပီရှင့်✔️...
08/02/2024

Summer style shoulder bag

✔️နွေရာသီမှာ fashion ကျပီး ပေါ့ပေါ့ပါးပါးလွယ်လို့ရတဲ့ phone ထည့်အိတ်လေးတွေ ရောက်ထားပါပီရှင့်

✔️အကန့်၂ကန့်ပါပီး ဖုန်းအပြင် cosmetics လေးတွေပါထည့်လို့ရပါတယ်နော်

✔️သံကြိုးလေးနဲ့မို့ လွယ်လို့လည်းအဆင်ပြေပါတယ်နော်

💸Price-6500/-

✔️PVC shoulder bag, can hold a mobile phone.
✔️Has a chain.
✔️Fashion for women

Multifunctional cooking machine💸Price-16000/-✔️ကြက်သွန်ဖြူ /နီ /ငရုတ်/အသီးအနှံတွေ အပြင် အသားတွေပါကြိတ်လို့တဲ့ အားသွင်းကြ...
08/02/2024

Multifunctional cooking machine

💸Price-16000/-

✔️ကြက်သွန်ဖြူ /နီ /ငရုတ်/အသီးအနှံတွေ အပြင် အသားတွေပါကြိတ်လို့တဲ့ အားသွင်းကြိတ်စက်လေးပါနော်

✔️350ml မို့ ဆိုဒ်မသေးပါဘူးနော်

✔️တဒုန်းဒုန်းနဲ့ထောင်းပီး အချိန်ကုန်ခံစရာမလိုတော့ ပဲ တခနလေးအတွင်းမှာ ကြိတ်စက်လေးနဲ့ ကြိတ်ရုံနဲ့ လွယ်ကူ မြန်ဆန်စွာ ချက်ပြုတ်နိုင်ပါပီရှင့်

✔️ဓား၃လက်မို့ အလွယ်တကူကြေညက်စေပါတယ်နော်

✔️3 blades and 1 plastic blade
✔️Easy to clean
✔️Type c charging

Maybelline ရဲ့ Tattoo Liner အသစ် sale ချလို့ အရမ်းတန်တဲ့စျေးနဲ့ရပါမယ်ခမူရင်းစျေး-30000ကျော်💸Now sale-12000/- ပဲနော်‼️Eye...
08/02/2024

Maybelline ရဲ့ Tattoo Liner အသစ် sale ချလို့ အရမ်းတန်တဲ့စျေးနဲ့ရပါမယ်ခ

မူရင်းစျေး-30000ကျော်

💸Now sale-12000/- ပဲနော်

‼️Eyeliner လေးဆွဲထားတာနဲ့ အမျိုးသမီးတို့ လှပတဲ့ မျက်ဝန်းတစုံ ညိှု့ချက်ပြင်းတဲ့ မျက်ဝန်းတစုံ ကိုပိုင်ဆိုင်နိုင်မှာပါနော်

✅waterproof,smudge proof..

✅24 နာရီမဟုတ် ၄၈ နာရီထိ ရေစိုခံ ချွေးစိုခံပါတယ်နော်

✔️ပါးပါးမျှင်မျှင် ထိပ်ချွန်လေးမို့ လိုသလိုပုံဖော်လို့ကောင်းတယ်..
လုံးဝမပြန့်ဘူး မပျက်ပါဘူးနော်

✔️သူက Uk တင်မဟုတ် Europe မှာပါ နာမည်ကြီးတဲ့ Maybelline tattoo liner ပါ

ဒါလေးမေးတဲ့သူလေးတွေမှာလို့ရပါပီနော် ADIDAS ROLL ON 50% OFF   💸Price-8500/-၂ ခုလုံး မိန်းကလေးသုံးပါရှင် (အမျိုးသားသုံးကသပ...
08/02/2024

ဒါလေးမေးတဲ့သူလေးတွေမှာလို့ရပါပီနော်

ADIDAS ROLL ON 50% OFF

💸Price-8500/-

၂ ခုလုံး မိန်းကလေးသုံးပါရှင် (အမျိုးသားသုံးကသပ်သပ်ရှိပါတယ်နော်)

Control
48hr ချွေးနံ့ နံခြင်းကိုထိန်းပေးတယ်
ပန်းနံ့သင်းသင်းလေးနဲ့ဂျိုင်းအသားအရေပျက်စီးတာတွေကိုကာကွယ်ပေးတယ်

Power Booster
ချွေးအရမ်းထွက်ပီးအနံ့ထွက်လွယ်သူတွေသုံးသင့်တာလေး
72hr ချွေးနံ့ထွက်တာကိုထိန်းပေးတယ်
အနံ့ကြာကြာဆွဲတယ်Freshဖြစ်တဲ့အနံ့လေး

Address

Mandalay
95

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Candy Hnin Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share