Ko Pyae Adenium

Ko Pyae Adenium Agriculture

မင်္ဂလာညချမ်းလေးပါခင်ဗျာ🙏🙏🙏ID..RCN
29/01/2025

မင်္ဂလာညချမ်းလေးပါခင်ဗျာ🙏🙏🙏
ID..RCN

29/01/2025

မင်္ဂလာညချမ်းလေးပါခင်ဗျာ🙏🙏🙏

မင်္ဂလာနေ့လည်ခင်းလေးပါခင်ဗျာ🙏🙏🙏အရောင်း Post လေးပါ😊🆔..Godji Champion ( GC )အပင်ကြီးSize ရေသန့်ဘူး 1Lထက် အနည်းငယ်ကြီးဝါသနာ...
11/11/2024

မင်္ဂလာနေ့လည်ခင်းလေးပါခင်ဗျာ🙏🙏🙏

အရောင်း Post လေးပါ😊

🆔..Godji Champion ( GC )

အပင်ကြီးSize ရေသန့်ဘူး 1Lထက် အနည်းငယ်ကြီး
ဝါသနာရှင်တွေအတွက်တော့ အပင်size နဲ့ စျေးနှုန်းကတော့ အရမ်းတန်တဲ့စျေးလေးနဲ့ပေးထားတယ်ဗျာ

စျေးနှုန်း 1 set ...၂၅၀၀၀ ကျပ်

MDY မှပို့ပါမည်😊
MDYမြို့တွင်း ပို့ဆောင်ခ Free😊😇
ဂိတ်ချခ Free
တန်ဆာခကို ဝယ်ယူသူမှပေးဆောင်ရပါ့မယ်ခင်ဗျာ😊😇

ဘေးအပေါင်း ရန်အပေါင်း အန္တရာယ်အပေါင်းကင်းဝေးကြပါစေဗျာ🙏🙏🙏

DHA
26/10/2023

DHA

အရောင်းတင်မယ့်အပင်လေးတွေ😇😊
04/10/2023

အရောင်းတင်မယ့်အပင်လေးတွေ😇😊

04/10/2023

Eagrow Poe Shin
Emamectin Benzoate 5.7 WDG (ထိသေ၊ စားသေ ရေပျော်ပိုးသတ်ဆေးခဲ)
- အီဂရိုပိုးရှင်း ပိုးသတ်ဆေးသည် ထိသေ စားသေ အာနိသင်ရှိပြီး အရွက်တစ်ရှူးအတွင်းသို့ ထိုးဖောက်ဝင်ရောက် ပျံ့နှံ့နိုင်ပါသည်။ ပိုးကောင်များ၏ စားသောက်ဖျက်ဆီးမှုကိုလဲ ရပ်တန့်နိုင်ပါသည်။
- ပဲစဉ်းငုံ၊ ကုလားပဲများ၏ သီးတောင့်ထိုးပိုး၊ သီးလုံးဖောက်ပိုးများအတွက်သုံးနိုင်ပြီး၊ အထူးသဖြင့် ဂေါ် ဖီနှင့် ဟင်းသီးဟင်းရွက်များတွင် ကျရောက်သော စိန်ကွက်ဖလံနှင့် ယင်ဖြူများ၊ စပျစ်တွင်ကျရောက်ဖျက်ဆီးတတ်သော အညိုဖျော့ရောင် ပန်းသီးဖလံနှင့် စပျစ်နွယ်ဖလံကောင်များ၊ ငရုတ်, ဆလပ်, ပြောင်းချိုနှင့် ခရမ်းချဉ်တို့တွင် ကျရောက်သော သီးထိုးပိုး၊ ရွက်စားပိုးများကို နှိမ်နှင်းရာတွင် အသုံးပြုနိုင်ပါသည်။
(အသုံးပြုပုံ)
- တစ်ဧကကို 5ပုံးသုံးနိုင်ပြီး၊ ပိုးစကျကျခြင်းဆေးဖျန်းပါ။
- ဆေးဖျန်းခြားရက်မှာ 14ရက်ဖြစ်ပြီး တစ်ရာသီကို 3ကြိမ်ဖျန်းနိုင်ပါတယ်။
- သီးနှံမခူးဆွတ်မီ စောင့်ဆိုင်းရမည့်ကာလမှာ 14ရက်ဖြစ်ပါတယ်။
- ဆေးဖျန်းပြီး စိုက်ခင်းအတွင်းသို့ 24 နာရီခြားမှပြန်ဝင်ပါ။

03/10/2023

ဒီနေ့ပဲ ရောက်လာတဲ့😇😇
Ara kalamae( Thai )လေလံလေးပေးမလားလို့😅

Root- Good form
Branch - Beautiful

P/s အပင်ပုံထက် မင်းသားရဲ့ ပိုကိတ်တဲ့ ကြွက်သားကြီးတွေကိုပဲ မကြည့်ရဘူးနော်🌚🌚😁😆

မြေချဉ် / မြေငံ ပြုပြင်နည်းအပင်တွေ လိုအပ်တဲ့ အာဟာရဓာတ် ၁၆မျိုးထဲမှာ၊ ကာဘွန်၊ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင်၊အပြင်NPK,ca,Mg,s,...
28/09/2023

မြေချဉ် / မြေငံ ပြုပြင်နည်း

အပင်တွေ လိုအပ်တဲ့ အာဟာရဓာတ် ၁၆မျိုးထဲမှာ၊ ကာဘွန်၊ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင်၊အပြင်NPK,ca,Mg,s,cu,zn,B,mn,mo,cl,fe စသဖြင့် Base ရော၊ alkali ရော မျှတစွာပါဝင်တာ သိပြီးသားဖြစ်မှာပါ။

မြေဆီလွှာသိပ္ပံနည်းအရ ရော၊ လူ့ဇီဝကမ္မ ဖြစ်စဉ်အရ ပါ ကြည့်ရင်၊ လူ့ သွေးထဲမှာ အချဉ်ဓာတ်များရင် ရောဂါ များသကဲ့သို့၊
မြေဆီလွှာထဲမှာ ၊အချဉ်များရင် ၊ အဲဒီအပေါ်မှာစိုက်တဲ့ အပင်ဟာလည်း ၊ ဇီဝကမ္မ ဖောက်ပြန်တာ သဘာဝပါပဲ။
ဒီသေဘာကို မပိုင်နိုင် မစူးစမ်းပဲ မြေကြီးကို၊ မြေချဉ်ငံ မတိုင်းပဲ၊ ၁၅ ပတ်လည်၊ ၁၆ပတ်လည် တွေ ထည့်နေမယ် ဆိုရင်၊
နဂို ချဉ်ထားတဲ့ မြေကြီးဟာ ၊အပင်ကမစားနိုင်တဲ့အပြင်
မြေပျက်တာ ပိုနေဦးမှာပါ။
ဒါကြောင့်လည်း ၊အပင်အားမရတိုင်း ၊မြေသြဇာထည့် လာလိုက္တာ၊ သခွားမွှေးတဧက ကို၊ ၁၅ လည် ၁၅-၂၀ အိတ္ကုန္တယ်ဆိုပဲ။

အချိုမှုန့်စွဲနေတဲ့သူဟာ ၊ဟင်းတိုင်းမှာ မပါရင် မစားနိုင်တော့သလို၊ မြေခံပျက်နေတဲ့မြေဟာ ၊မြေသြဇာ တိုး တိုးပြီးထည့်မှ၊အပင်က စားနိုင်လာပါတယ်။
အဓိက ပြောလိုရင်းကတော့၊ ကိုယ့်မြေအနေအထားအရ အပင်ကစားနိုင်သလောက်၊နည်းနည်းချင်းနဲ့ ခဏခဏ ကျွေးပေးတာဟာ ၊ အထိရောက်ဆုံးနဲ့ အမွန္ကန်ဆုံးပါ။

စိုက်ပျိုးရေးလောကမှာ၊ ပရော်ဖက်ရှင်နယ်ဆန်ဆန် လုပ်ကိုင်တော့မယ်ဆိုရင်
မြေကြီးကို အချဉ်ငံတိုင်းပါ။ ကိရိယာမရှိရင် ၊ ဗီနီဂါ (ရှာလကာရည်)နဲ့၊ဆော်ဒါနည်းနဲ့ တိုင်းတာပါ။(ယခင်ဖော်ပြပြီး)
PH8.5ထက်များနေရင် အယ်ကာလီများနေပါပြီ။ငံပါတယ်။

PH5.5အောက် ဆိုရင် ၊ အက်ဆစ်ဓာတ်များနေပါပြီ။ချဉ်ပါတယ်။
မြေငံ ဖြစ်နေပါက
''''''''''''''''''''''''

နားချေး၊ကြက်ချေး၊ သဘာဝမြေသြဇာ၊ များများထည့်ပါ။
သစ်စိမ်းမြေသြဇာ ကျွေးပါ။
အချို့နိုင်ငံတွေမှာတော့ ၊အိုင်းရွန်းဆာလဖိတ် ကျွေးပါတယ်။
၁စတုရန်းပေ အတွင်း၊ ၁၀ပေါင်နုန်း ထည့် ရပါတယ်။
အကောင်းဆုံးနည်းပညာတွေ အဆင့်မြင့်နည်းပညာတွေနဲ့ ထုတ်လုပ်ဖြန့်ချီနေတဲ့ အဆင့်မြင့်ဇီဝနည်းပညာအသုံးပြုထုတ်လုပ်နေတဲ့ ဘိုင်အိုစူပရင်းကုမ္ပဏီ ထုတ်ပစ္စည်းတွေ စျေးကွက်ထဲမှာရှိနေပါတယ် ဝယ်ယူအသုံးပြုပေးကြပါ။

မြေချဉ်ပြုပြင်ရန်
'''''''''''''''''''''''

မြန်မာနိုင်ငံ နေရာအတော်များများမှာ၊ pH တိုင်းကြည့်ရင် ချဉ်နေတာ များပါတယ်၊
မြေချဉ်တာဟာ မြေထဲမှာ၊ သံ ၊အလူမီနီယံနဲ့ မင်းဂနိ ဓာတ်များနေလို့ပါ။ ဒီထဲမွာ မိုးရေထဲက အက်ဆစ်နဲ့ ပေါင်းတော့ ပိုဆိုးတာပေါ့လေ။
အဲသည်တော့ ကား

မြေထဲကို ထည့်လိုက်တဲ့ pဖော့စဖရပ်တွေကို အပင်ရဲ့အမြစ်တွေက မစားနိုင်အောင် သံ၊အလူမိနီယံတွေက၊ထိန်းချုပ်ခြင်း(fixation)ခံရပါတော့တယ်။
မြေထဲမှာ နဂိုက Pတွေရော၊ ထည့်လိုက်တဲ့pတွေ ကို ၊မစားနိုင်တာ မသိပဲ ၊ထပ်ထပ်ထည့်တော့ ပိုကုန်တာပေါ့။(p2o5 ဟာ ပျော်ဝင်မှုလည်းနှေးလို့ ၊ အပင်က မြန်မြန်လည်းမစားနိုင်ပါဘူး)
PH 5.5 အောက်ရောက်လေ၊ pဖော့စဖရပ်ထိန်းချုပ်ခံရလေ ၊အပင် ဖြစ်ထွန်းမှုနှေးလေ ပါပဲ။
ဒါကြောင့် ချဉ် ရင် -ထုံး ၊ငံရင် -ကန့် ဆိုတာလို

မြေချဉ်ရင် ထုံး (limestone)ထည့်ရပါတယ်။

Limestone နှစ်မျိုး ခွဲခြားထားပါတယ်၊

Calcitic limestone ( ကယ်လစီယံများသောထုံးမှုန့်)

Dolomite limestone (မဂ္ဂနီစီယံ ပါသော ထုံးမှုန့်) ဖြစ်ပါတယ်။
ဒါတော့ ကိုယ့်မြေဟာ ကယ်လစီယံချို့ တာလား၊ မဂ္ဂနီစီယံလိုအပ်သလား ကြည့်ပြီး ၊ရွေးချယ် သုံးဖို့ပါ။

ထုံးထည့်တဲ့အခါလည်း၊ ပစ္စည်းအရည်အသွေး၊ထည့်တဲ့နုန်းထား၊နည်းစနစ် စတာတွေလည်း လိုအပ်ပါလိမ့်မယ်။
အကြမ်းဖျဉ်းတော့
တဧက အပေါ်မှာ၊ pH တယူနစ် တက်ဖို့ ၊တနှစ်ကို ၊

ထုံးတတန် (အိတ်၂၀)ထည့်ရမှာပါ။

တယူနစ်ဆိုတာ

ဥပမာ pH 4.5 ဆိုပါစို့ ၊ ထုံးထည့်ပြုပြင်လို့ ၊တယူနစ် တိုးလာမယ်ဆိုရင် 5.5ဖြစ်သွားတာကို ဆိုတာပါ။

တယူနစ်တက်ဖို့ မလွယ်ပါဘူး။ တနှစ်တခါ pH တိုင်းပါ။
သုံးနှစ် ဆက်တိုက် ထုံးထည့်ပါ။

အဲ သည်လို ၊ မြေကို ပြုပြင်ပြီးမှ ၊ မြေသြဇာကို ၊၁၅ ပတ်လည် မဟုတ်ပဲ၊ pနဲ့kကို မြေခံမှာထည့်လို့။ က်န္တာကို ၊အပင်အခြေနေ ကြည့်ပြီးမှ ၊ ဆာမှကျွေး စနစ် သုံးမယ်ဆိုရင် ၊ ပိုပြီး အကျိုးအမြတ် များစေနိုင်မှာ မလြဲပါဘူး။
"လူ ကို သင်မှ တတ် သလို

မြေကိုလည်း ပြင် မွ ထြက်သတဲ့။"

မလိုအပ်ပဲ ၊ မြေသြဇာ မ်ားမ်ား သုံးစွဲခြင်း ကြောင့်

၁။ ကုန်ကျစရိတ် များပြားခြင်း၊

၂။ အပင်အတွက် အာဟာရအဆိပ်သင့်ခြင်း။

၃။ ပိုးမွှား/ရောဂါ ခံနိုင်ရည် မဲ့ခြင်း၊

၄။ အပင်ဇီဝကမ္မ နှောင့်နှေးခြင်း၊

၅။ အထှကျနုနျူးနှငျ့ အရည်းအသွေး ထိခိုက်ခြင်း၊

၆။ မြေဆီလွှာ ပျက်သုဉ်းခြင်း၊

စတဲ့ ဆိုးကျိုးတွေ ၊ မလြဲမေသြ ရရှိစေပါတယ်။

ဒါကြောင့် ၊ မိတ်ဆွေများအတွက် ၊သိသလောက်လေးကို ၊စေတနာရှေ့ထားပြီး၊ ရေးသားလိုက်ရပါတယ်။

စိုက်ပျိုးရေးဖြင့် ၊ဘဝ မြင့်မားတိုးတက်ကြပါစေ။

Credit

Source; Internet

Zawgyi

မြေချဉ် / မြေငံ ပြုပြင်နည်း

အပင်တွေ လိုအပ်တဲ့ အာဟာရဓာတ် ၁၆မျိုးထဲမှာ၊ ကာဘွန်၊ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင်၊အပြင်NPK,ca,Mg,s,cu,zn,B,mn,mo,cl,fe စသဖြင့် Base ရော၊ alkali ရော မျှတစွာပါဝင်တာ သိပြီးသားဖြစ်မှာပါ။

မြေဆီလွှာသိပ္ပံနည်းအရ ရော၊ လူ့ဇီဝကမ္မ ဖြစ်စဉ်အရ ပါ ကြည့်ရင်၊ လူ့ သွေးထဲမှာ အချဉ်ဓာတ်များရင် ရောဂါ များသကဲ့သို့၊
မြေဆီလွှာထဲမှာ ၊အချဉ်များရင် ၊ အဲဒီအပေါ်မှာစိုက်တဲ့ အပင်ဟာလည်း ၊ ဇီဝကမ္မ ဖောက်ပြန်တာ သဘာဝပါပဲ။
ဒီသေဘာကို မပိုင်နိုင် မစူးစမ်းပဲ မြေကြီးကို၊ မြေချဉ်ငံ မတိုင်းပဲ၊ ၁၅ ပတ်လည်၊ ၁၆ပတ်လည် တွေ ထည့်နေမယ် ဆိုရင်၊
နဂို ချဉ်ထားတဲ့ မြေကြီးဟာ ၊အပင်ကမစားနိုင်တဲ့အပြင်
မြေပျက်တာ ပိုနေဦးမှာပါ။
ဒါကြောင့်လည်း ၊အပင်အားမရတိုင်း ၊မြေသြဇာထည့် လာလိုက္တာ၊ သခွားမွှေးတဧက ကို၊ ၁၅ လည် ၁၅-၂၀ အိတ္ကုန္တယ်ဆိုပဲ။

အချိုမှုန့်စွဲနေတဲ့သူဟာ ၊ဟင်းတိုင်းမှာ မပါရင် မစားနိုင်တော့သလို၊ မြေခံပျက်နေတဲ့မြေဟာ ၊မြေသြဇာ တိုး တိုးပြီးထည့်မှ၊အပင်က စားနိုင်လာပါတယ်။
အဓိက ပြောလိုရင်းကတော့၊ ကိုယ့်မြေအနေအထားအရ အပင်ကစားနိုင်သလောက်၊နည်းနည်းချင်းနဲ့ ခဏခဏ ကျွေးပေးတာဟာ ၊ အထိရောက်ဆုံးနဲ့ အမွန္ကန်ဆုံးပါ။

စိုက်ပျိုးရေးလောကမှာ၊ ပရော်ဖက်ရှင်နယ်ဆန်ဆန် လုပ်ကိုင်တော့မယ်ဆိုရင်
မြေကြီးကို အချဉ်ငံတိုင်းပါ။ ကိရိယာမရှိရင် ၊ ဗီနီဂါ (ရှာလကာရည်)နဲ့၊ဆော်ဒါနည်းနဲ့ တိုင်းတာပါ။(ယခင်ဖော်ပြပြီး)
PH8.5ထက်များနေရင် အယ်ကာလီများနေပါပြီ။ငံပါတယ်။

PH5.5အောက် ဆိုရင် ၊ အက်ဆစ်ဓာတ်များနေပါပြီ။ချဉ်ပါတယ်။
မြေငံ ဖြစ်နေပါက
''''''''''''''''''''''''

နားချေး၊ကြက်ချေး၊ သဘာဝမြေသြဇာ၊ များများထည့်ပါ။
သစ်စိမ်းမြေသြဇာ ကျွေးပါ။
အချို့နိုင်ငံတွေမှာတော့ ၊အိုင်းရွန်းဆာလဖိတ် ကျွေးပါတယ်။
၁စတုရန်းပေ အတွင်း၊ ၁၀ပေါင်နုန်း ထည့် ရပါတယ်။

မြေချဉ်ပြုပြင်ရန်
'''''''''''''''''''''''

မြန်မာနိုင်ငံ နေရာအတော်များများမှာ၊ pH တိုင်းကြည့်ရင် ချဉ်နေတာ များပါတယ်၊
မြေချဉ်တာဟာ မြေထဲမှာ၊ သံ ၊အလူမီနီယံနဲ့ မင်းဂနိ ဓာတ်များနေလို့ပါ။ ဒီထဲမွာ မိုးရေထဲက အက်ဆစ်နဲ့ ပေါင်းတော့ ပိုဆိုးတာပေါ့လေ။
အဲသည်တော့ ကား

မြေထဲကို ထည့်လိုက်တဲ့ pဖော့စဖရပ်တွေကို အပင်ရဲ့အမြစ်တွေက မစားနိုင်အောင် သံ၊အလူမိနီယံတွေက၊ထိန်းချုပ်ခြင်း(fixation)ခံရပါတော့တယ်။
မြေထဲမှာ နဂိုက Pတွေရော၊ ထည့်လိုက်တဲ့pတွေ ကို ၊မစားနိုင်တာ မသိပဲ ၊ထပ်ထပ်ထည့်တော့ ပိုကုန်တာပေါ့။(p2o5 ဟာ ပျော်ဝင်မှုလည်းနှေးလို့ ၊ အပင်က မြန်မြန်လည်းမစားနိုင်ပါဘူး)
PH 5.5 အောက်ရောက်လေ၊ pဖော့စဖရပ်ထိန်းချုပ်ခံရလေ ၊အပင် ဖြစ်ထွန်းမှုနှေးလေ ပါပဲ။
ဒါကြောင့် ချဉ် ရင် -ထုံး ၊ငံရင် -ကန့် ဆိုတာလို

မြေချဉ်ရင် ထုံး (limestone)ထည့်ရပါတယ်။

Limestone နှစ်မျိုး ခွဲခြားထားပါတယ်၊

Calcitic limestone ( ကယ်လစီယံများသောထုံးမှုန့်)

Dolomite limestone (မဂ္ဂနီစီယံ ပါသော ထုံးမှုန့်) ဖြစ်ပါတယ်။
ဒါကေတာ့ ကိုယ့်မြေဟာ ကယ်လစီယံချို့ တာလား၊ မဂ္ဂနီစီယံလိုအပ်သလား ကြည့်ပြီး ၊ရွေးချယ် သုံးဖို့ပါ။

ထုံးထည့်တဲ့အခါလည်း၊ ပစ္စည်းအရည်အသွေး၊ထည့်တဲ့နုန်းထား၊နည်းစနစ် စတာတွေလည်း လိုအပ်ပါလိမ့်မယ်။
အကြမ်းဖျဉ်းတော့
တဧက အပေါ်မှာ၊ pH တယူနစ် တက်ဖို့ ၊တနှစ်ကို ၊

ထုံးတတန် (အိတ်၂၀)ထည့်ရမှာပါ။

တယူနစ်ဆိုတာ

ဥပမာ pH 4.5 ဆိုပါစို့ ၊ ထုံးထည့်ပြုပြင်လို့ ၊တယူနစ် တိုးလာမယ်ဆိုရင် 5.5ဖြစ်သွားတာကို ဆိုတာပါ။

တယူနစ်တက်ဖို့ မလွယ်ပါဘူး။ တနှစ်တခါ pH တိုင်းပါ။
သုံးနှစ် ဆက်တိုက် ထုံးထည့်ပါ။

အဲ သည်လို ၊ မြေကို ပြုပြင်ပြီးမှ ၊ မြေသြဇာကို ၊၁၅ ပတ်လည် မဟုတ်ပဲ၊ pနဲ့kကို မြေခံမှာထည့်လို့။ က်န္တာကို ၊အပင်အခြေနေ ကြည့်ပြီးမှ ၊ ဆာမှကျွေး စနစ် သုံးမယ်ဆိုရင် ၊ ပိုပြီး အကျိုးအမြတ် များစေနိုင်မှာ မလြဲပါဘူး။
"လူ ကို သင်မှ တတ် သလို

မြေကိုလည်း ပြင် မွ ထြက်သတဲ့။"

မလိုအပ်ပဲ ၊ မြေသြဇာ မ်ားမ်ား သုံးစွဲခြင်း ကြောင့်

၁။ ကုန်ကျစရိတ် များပြားခြင်း၊

၂။ အပင်အတွက် အာဟာရအဆိပ်သင့်ခြင်း။

၃။ ပိုးမွှား/ရောဂါ ခံနိုင်ရည် မဲ့ခြင်း၊

၄။ အပင်ဇီဝကမ္မ နှောင့်နှေးခြင်း၊

၅။ အထှကျနုနျူးနှငျ့ အရည်းအသွေး ထိခိုက်ခြင်း၊

၆။ မြေဆီလွှာ ပျက်သုဉ်းခြင်း၊

စတဲ့ ဆိုးကျိုးတွေ ၊ မလြဲမေသြ ရရှိစေပါတယ်။

ဒါကြောင့် ၊ မိတ်ဆွေများအတွက် ၊သိသလောက်လေးကို ၊စေတနာရှေ့ထားပြီး၊ ရေးသားလိုက်ရပါတယ်။

စိုက်ပျိုးရေးဖြင့် ၊ဘဝ မြင့်မားတိုးတက်ကြပါစေ။

Credit----------

#စိုက်ရေးပျိုးရေးဗဟုသုတပေး

ယူရီးယား ဘယ်လိုထုတ်လုပ်သလဲနှင့် ဘက်စုံအသုံးချပုံများမြန်မာအမည် -           ပုလဲဓာတ်မြေသြဇာအင်္ဂလိပ်အမည် -        Urea (ယ...
21/09/2023

ယူရီးယား ဘယ်လိုထုတ်လုပ်သလဲနှင့် ဘက်စုံအသုံးချပုံများ
မြန်မာအမည် - ပုလဲဓာတ်မြေသြဇာ
အင်္ဂလိပ်အမည် - Urea (ယူရီးယား)
ဖော်မြူလာ - [CO(NH2)2]
နိုက်ထရိုဂျင်ပါဝင်မှု - ၄၆ %
စျေးကွက်သုံးယူနစ် - ကီလိုဂရမ်
အသုံးပြုနိုင်သောပုံစံ - အခဲ၊ အရည် နှင့် ရွက်ဖျန်းပုံစံ
ယူရီးယားဆိုတာ...
ယူရီးယား [CO(NH2)2] ဆိုတာ နိုက်ထရိုဂျင်ဓာတ် ၄၆ ရာခိုင်နှုန်းပါဝင်ပြီး အပင် များ ကြီးထွားဖွံ့ဖြိုးရန် မရှိမဖြစ်အရေးပါတဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ Carbamide လို့လည်း သိကြပါတယ်။ အဖြူရောင်ဖြစ်ပြီး ပင်ကိုယ် ကတော့ အနံ့မရှိပါ။

ဓာတ်မြေသြဇာ၊ တိရစ္ဆာန်စာများ၊ ပလတ်စတစ်နဲ့ ဆေးဝါးစတာတို့ ထုတ်လုပ် တဲ့အခါမှာ အသုံးပြုတဲ့ အော်ဂဲနစ်ဓာတ်ပေါင်းလည်း ဖြစ်ပါတယ်။ အပူချိန် ၁၃၂.၇ ဆဲလ်စီးယပ်မှာအရည်ပျော်သလို ရေနဲ့အရက်မှာ အလွယ်တကူ ပျော်ဝင်နိုင်ပါတယ်။ ဒီလိုမျိုး ပျော်ဝင်လွယ်၊ ဆုံးရှုံးလွယ်တာကြောင့် ယူရီးအကြောင်းကို သေချာသိထားဖို့ လိုအပ်ပါတယ်။

ယူရီးယားဟာ အပင်ကပမာဏများများလိုအပ်သော Macronutrients အမျိုး အစားထဲမှာ ပါဝင်ပါတယ်။ ဒါကို တောင်သူဦးကြီးတိုင်းလိုလိုလည်း သိကြပြီးဖြစ်ပါလိမ့် မယ်။ စိုက်ပျိုးပင်တွေမှာဆိုရင် သူက အပင်ပိုင်းဆိုင်ရာ ကြီးထွားမှုကို ထောက်ပံ့ပေးပြီး အစာချက်လုပ်ရာမှာ ကူညီပေးပါတယ်။ အပင်တစ်ပင်ဟာ ကောင်းစွာကြီးထွား လာနိုင်မှ ပန်းပွင့်ချိန်မှာ ကောင်းကောင်းအလုပ်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ယူရီးယားကို ဘယ်လိုထုတ်လုပ်လဲ

ယူရီးယားကို သက်ရှိတို့ရဲ့ဆီးထဲမှာ၊ မှိုအချို့တို့မှာ သဘာဝအတိုင်း တွေ့ရပါတယ်။ နောက် သဘာဝဓာတ်ငွေ့၊ လေထုနိုက်ထရိုဂျင်၊ ရေတို့ကို အပူချိန်နဲ့ဖိအားမြင့်မြင့်မှာ အတူတကွ ဓာတ်ပြုပြီးလည်း ထုတ်လုပ်နိုင်ပါတယ်။

ဓာတ်ပြုလိုက်တဲ့အခါမှာ အမိုးနီးယားနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ ထွက်လာပါ တယ်။ အဲ့ဒီဓာတ်ငွေ့တွေကို ထပ်ပြီးတော့ အပူချိန်နဲ့ဖိအားမြင့်မြင့်မှာ ဓာတ်ပြုလိုက်ခြင်း ဖြင့် အရည်ယူရီးယား ထွက်လာပါတယ်။ ဒါကို တစ်ဖန်ပြန်လည်အအေးခံပြီးရင်တော့ စက်ရုံသုံးအတွက်၊ စိုက်ပျိုး‌ရေးသုံးဓာတ်မြေသြဇာအတွက် အခဲများ ထုတ်လုပ်နိုင်ပြီဖြစ်ပါ တယ်။ ဒါ့အပြင် ဒီအရည်ပူတွေကို ယူရီးယားအရည် ထုတ်လုပ်ရာမှာလည်း အသုံးပြုနိုင် ပါတယ်။

အသုံးပြုပုံ

ယူရီးယားမြေသြဇာဟာ နိုက်ထရိုဂျင်ပမာဏများများပါဝင်ပြီး အသုံးများတဲ့ ဓာတ်မြေသြဇာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်၅၀ကျော်က စတင်ပြီး စျေးကွက်ထဲ ဖြန့်ခဲ့ ပြီးတော့ နာမည်ကြီးလာတာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း ထုတ်လုပ်ထားတဲ့ နိုက်ထရိုဂျင် ဓာတ်မြေသြဇာ အသုံးပြုမှုတစ်ဝက်ဝန်းကျင်ကိုတော့ ယူရီးယားအနေနဲ့ အသုံးပြုနေ ကြတာ ဖြစ်ပါတယ်။

ယူရီးယားကို အခဲ၊ အရည်အနေနဲ့ စိုက်ပျိုးမြေမှာ အသုံးပြုနိုင်သလို ရွက်ဖျန်း အနေနဲ့လည်း အပင်မှာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အမိုနီယမ်ဖော့စဖိတ်( MAP and DAP) နှင့် ပိုတက်ဆီယမ်ကလိုရိုက် (Muriate of Potash)တို့နဲ့ ရောနှောပြီး ကွန်ပေါင်း ဓာတ်မြေဩဇာအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ သို့ပေမဲ့ စူပါဖော့စဖိတ်နဲ့တော့ ရောပြီး အသုံးမပြုသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ယူရီးယားဟာ စူပါဖော့စဖိတ်နဲ့ ဓာတ်ပြုပြီး အစိုဓာတ်ကို စုပ်ယူတာကြောင့် ဒီအရောဟာ စေးကပ်ကပ်ဖြစ်ပြီး အချိန်တို အတွင်း သုံးမရဖြစ်လာတတ်လို့ပါ။

နွား၊ ဆိတ်တို့လို စားမြုံ့ပြန်တိရစ္ဆာန်များ ခြောက်သွေ့ရာသီအတွင်း ပရိုတင်း ပမာဏနည်းတဲ့ အစာကြမ်းများ ကောင်းကောင်းစားသောက်စေဖို့ဆိုရင်လည်း ပရိုတင်း မဟုတ်သော နိုက်ထရိုဂျင်ဖြည့်စွက်အစာ (NPN) အနေနဲ့ ယူရီးယားကို အသုံးပြုနိုင်ပါ တယ်။

စက်မှုလုပ်ငန်းသုံးအဖြစ် ယူရီးယားကို အသုံးချပုံတစ်ခုကတော့ ဆောက်လုပ်ရေး နယ်ပယ်အတွက် ကြိတ်သားတွေ၊ ကျွန်းသစ်ထုတ်ကုန်တွေ လုပ်တဲ့နေရာမှာ သုံးရသော ကော်တစ်မျိုးဖြစ်တဲ့ Urea-Formaldehyde ဆိုတဲ့ ကော်ရည်တစ်မျိုးအဖြစ် ပြုလုပ် သုံးစွဲခြင်းပါပဲ။

ဒါ့အပြင် ယူရီးယားအမိုနီယမ် နိုက်ထရိတ် Urea Ammonium Nitrate (UAN) နဲ့ Selective Catalytic Reduction (SCR) Urea တို့လို ယူရီးယားပျော်ရည်များ ပြုလုပ် ရာမှာလည်း ယူရီးယားကို အသုံးပြုပါတယ်။

ယူရီးယားအမိုနီယမ်နိုက်ထရိတ်ကိုတော့ နိုက်ထရိုဂျင်ဓာတ်မြေသြဇာအရည် အနေနဲ့ အသုံးပြုကြတာဖြစ်ပါတယ်။ SCR Urea ကိုတော့ အလုပ်လုပ်ဆောင်တာများတဲ့ ဒီဇယ်စက်တွေမှာ အလုပ်လုပ်ဆောင်အား ကောင်း စေဖို့၊ နိုက်ထရက်အောက်ဆိုဒ် (NOx) ထုတ်လွှင့်မှုနည်းစေဖို့ အိတ်ဇောဓာတ်ငွေ့ဆေးကြောရည်အနေနဲ့ အသုံးပြုတာ ဖြစ်ပါ တယ်။ နိုက်ထရတ်အောက်ဆိုဒ်ဟာ မီးခိုးမြူများ ဖြစ်စေနိုင်ပါတယ်။

မြေထဲရှိ ယူရီးယား

ယူရီးယားကို အချို့အပင်တွေက တိုက်ရိုက်အသုံးပြုနိုင်တယ်ဆိုပေမဲ့ သူ့ထဲမှာ ရှိတဲ့ နိုက်ထရိုဂျင်ဓာတ်ကို မြေသားထဲမှာ အမိုနီယမ်(NH4+) နဲ့ နိုက်ထရိတ်(NO3-) အဖြစ် ဖြိုခွဲပြီးနောက်မှာမှ အပင်တွေက ပိုပြီးအသုံးပြုရ လွယ်ကူစေပါတယ်။ စိုက်ခင်းထဲ ထည့်လိုက်တဲ့ယူရီးယားကို မြေသားထဲမှာ သဘာဝအတိုင်းရှိတဲ့ ယူရီ့စ်(Urease) အင်ဇိုင်းက ရက်အနည်းငယ်အတွင်း အမိုနီယမ်အဖြစ် ပြောင်းလဲပေးပါတယ်။ အဲ့ဒီ ဖြစ်စဉ်ကို Ammonification လို့ ခေါ်ပါတယ်။ ဒီ့နောက်မှာတော့ မြေသားထဲမှာရှိတဲ့ ဘတ်တီးရီးယားတွေက ရက်သတ္တပတ်အနည်းငယ်အတွင်း အမိုနီယမ်ကနေ နိုက်ထရိတ်အဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ ဒီဖြစ်စဉ်ကိုတော့ Nitrification လို့ ခေါ်ပါတယ်။

မြေမှုန်၊ မြေသားတွေဟာ အမိုနီယမ်ပုံစံနိုက်ထရိုဂျင်ကို ကောင်းကောင်းစုပ်ယူ ထိန်းထားနိုင်ပါတယ်။ နိုက်ထရိတ်ပုံစံကိုတော့ အဲ့ဒီလောက်စုပ်ယူထိန်းထားနိုင်စွမ်းမရှိလို့ ရေတွေလျှံထွက်သွားအောင်သွင်းတာ၊ မိုးသည်းထန်စွာ ရွာသွန်းတာမျိုးတွေဖြစ်ရင် စိမ့်ထွက်သွားနိုင်ပါတယ်။ ဒီလိုဆုံးရှုံးမှုတွေဟာ ဖွယ်တဲ့မြေတွေ၊ သဲမြေတွေမှာဆိုရင် ပိုဖြစ်နိုင်ပါတယ်။

စိုက်မြေတွေမှာ ရေဝပ်ပြီဆိုရင် နိုက်ထရိတ် နိုက်ထရိုဂျင်ဟာ Denitrification ( NO3 မှ NO2) ဖြစ်စဉ်ကနေတဆင့် လေထုထဲ ဆုံးရှုံးသွားတာဖြစ်ပါတယ်။ မြေအောင်းအဏုဇီဝသက်ရှိငယ်လေးတွေဟာ ပုံမှန်ရရှိနေတဲ့ အောက်ဆီဂျင် ပြတ်လပ် သွားပြီဆိုရင် နိုက်ထရိတ်( NO3- )ကို ဓာတ်ငွေ့ပုံစံ(နိုက်ထရက်အောက်ဆိုဒ်၊ မော်လီကျူ လာနိုက်ထရိုဂျင်,N2)အဖြစ် ဓာတ်လျော့ပြီး အငွေ့ပျံသွားစေပါတယ်။

ဒါ့အပြင် စိုက်ပျိုးမြေတွေမှာ ယူရီးယားကို မြေသားနဲ့ပေါင်းစပ်ခြင်းမရှိဘဲ မြေ မျက်နှာပြင်ပေါ်မှာသာ ပက်ကြဲ ထားမယ်ဆိုရင်လည်း အမိုနီးယားဓာတ်ငွေ့တွေဟာ လေထဲကို အငွေ့ပျံဆုံးရှုံးသွားတတ်ပါတယ်။ ဒါကြောင့် ယူရီးယားမြေသြဇာထည့်ပြီး ပြီဆိုရင် ၃ စင်တီမီတာ (၁ လက်မကျော်ခန့်) အထူလောက် မြေဖုံးပေးခြင်း (သို့) မြေဩဇာထည့်ပြီး ချက်ချင်းရေသွင်းပေးခြင်းတို့ပြုလုပ်ပေးသင့်တာဖြစ်ပါတယ်။ ဒါမှသာ ဆုံးရှုံးမှုတွေကို ထိန်း ချုပ်နိုင်မှာပါ။

ရွှံ့စေးမြေများ၊ မြေဆွေးများမှာဆိုရင်တော့ အမိုနီယမ် အိုင်ရွန် (NH4+) တွေကို မြေမှုန်/သားမျက်နှာပြင်မှာ ဆွဲငင် တွယ်ကပ်ထားပါတယ်။ ဒါကြောင့် အမိုနီယမ်အချို့သာ ပျော်ရည်ထဲမှာကျန်ရှိခဲ့ပြီး အများစုကတော့ မြေမှုန်တွေကို တွယ်ကပ်သွားကြတာကြောင့် အမြစ်ဇုန်ကနေ အလွယ်တကူ မဆုံးရှုံးနိုင်တော့ပါဘူး။

ဒီလိုမျိုးစိမ့်ထွက်ခြင်းကြောင့်နဲ့ အငွေ့ပျံခြင်းကြောင့် နိုက်ထရိုဂျင်တွေ ဆုံးရှုံးတာ တွေဟာ ယူရီးယားမြေဩဇာ တစ်မျိုးတည်းမှာတော့ မဟုတ်ပါဘူး။ အခြား နိုက်ထရိုဂျင် ဓာတ်ပါတဲ့ မြေဩဇာတွေ၊ စိုက်မြေမှာ သဘာဝအတိုင်းရှိနေတဲ့ နိုက်ထရိုဂျင်တွေမှာလည်း ဆုံးရှုံးမှုတွေ ရှိတတ်ပါတယ်။

ဓာတ်မြေသြဇာအနေနဲ့ အသုံးပြုမှု

ယူရီးယားကို တစ်ရာသီခံပင်တွေမှာ မျိုးစေ့များနဲ့ တိုက်ရိုက်ထိတွေ့ပြီး အန္တရာယ်ကင်းကင်းနဲ့ အသုံးပြုတဲ့အခါ ၊ အပင်တစ်ရှူးတွေ မလောင်စေဘဲ ရွက်ဖျန်း အဖြစ်အသုံးပြုတဲ့အခါတွေမှာ အခြားနိုက်ထရိုဂျင်ဓာတ်ပါတဲ့ ဓာတ်မြေသြဇာတွေလိုပဲ ဘယ်လောက်ပမာဏသုံးရမယ်ဆိုတာ အကန့်အသတ်ရှိပါတယ်။

ဝါခင်း၊ အစေ့ရစိုက်ခင်းတွေမှာ မစိုက်ပျိုးခင် မြေလှပ်ကာလမှာ ယူရီးယားကို ထယ်ကြောင်းအလိုက် ထည့်ကြပါတယ်။ မြေသားစေးတဲ့ ရွှံ့စေးဆန်တဲ့ ကုန်းတွင်းပိုင်း စိုက်ပျိုးမြေတွေမှာဆိုရင်တော့ မြေသြဇာကို ထိန်းထားပေးနိုင်တာကြောင့် ဒါမျိုးကို အသုံးများကြပါတယ်။ ဒါပေမဲ့ မိုး‌ရေချိန်များတဲ့၊ သဲဆန်တဲ့မြေတွေ မှာဆိုရင်တော့ နိုက်ထရိုဂျင်တွေ အလွယ်တကူ စိမ့်ထွက်ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ကြောင့် မိုးရေချိန်များများ ရရှိတဲ့ မြေ၊ သဲဆန်တဲ့မြေ၊ စိုက်ပျိုးရာသီအတောအတွင်းမှာ မိုးရေချိန်ကောင်းကောင်း ရရှိတဲ့ မြေတွေမှာဆိုရင် မျိုးစေ့/အပင်များစိုက်ပြီးတော့မှသာ အပေါ်ကနေ ပက်ကြဲ အသုံးပြုကြပါတယ်။ ဒါမှ မြေသားထဲ၊ အမြစ်ဇုန်ထဲ တွေဆီ စိမ့်ဆင်းသွားပြီး အပင်က အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်နှင့် အခြားအသီးအနှံများမှာတော့ စိုက်ပျိုးရာသီအတောအတွင်း ယူရီးယားကို အပင်ဘေး ပတ်လည်ကနေ ထည့်ကျွေးကြပါတယ်။ ကြံပင်များမှာလည်း စိုက်ပြီး အပင်ဘေးကနေ ထည့်ပေးကြပြီး လမိုင်းပင်များကိုလည်း ထပ်ထည့် ပေးကြပါတယ်။ စားကျက်ခင်းများ၊ နွားစာပင်များတွင်လည်း စိုက်ပျိုးရာသီ အတွင်းမှာ လိုအပ်သလို အပေါ်ကနေ ပက်ကြဲကြပါတယ်။ ရေသွင်းစိုက်တဲ့ သီးနှံခင်းတွေမှာတော့ သွင်းရေထဲကို မြေသြဇာဖျော်ပြီး “နည်းနည်းနဲ့မကြာခဏ” ထည့်ပြီး ထိထိ ရောက်ရောက်ကျွေးပါတယ်။ အပင်လိုအပ်ချိန်နဲ့ ရယူနိုင်ချိန်ကို ကိုက်ညီစေဖို့ ချိန်ဆ တွက်ချက်ပြီးတော့ ထည့်ကျွေးနိုင်ရင် ပိုကောင်းပါတယ်။

နိုက်ထရိုဂျင်ဆိုတာက အပင်က အများကြီးလိုအပ်တဲ့အာဟာရဓာတ်မျိုးဖြစ်လို့ အပင်လိုသလောက် ဖြည့်ပေးနိုင်ဖို့ဆိုရင် ရွက်ဖျန်းအနေနဲ့ချည်းအသုံးပြုပေးရုံနဲ့ အဆင် မပြေနိုင်ပါဘူး။ မြေကြီးထဲကို တိုက်ရိုက်ထည့်ပေးတာက ပိုကောင်းပြီး ရွက်ဖျန်းအနေနဲ့ ဖြည့်စွက်ထည့်ပေးတဲ့ပုံစံနဲ့သာ သုံးပေးတာ ပိုကောင်းပါတယ်။

ဥယျာဉ်ခြံသီးနှံတွေမှာတော့ အပင်ရဲ့လိုအပ်ချက်အများဆုံးအချိန်၊ ချက်ချင်းထည့် ပေးဖို့ လိုအပ်တဲ့အချိန်မျိုးတွေမှာဆိုရင် ရွက်ဖျန်းတွေကို အသုံးပြုပေးတာက နိုက်ထရိုဂျင်ချို့တဲ့မှုကို ပိုပြီးထိထိရောက်ရောက် ကုစားပေးနိုင်ပါတယ်။



#အစစအရာရာပိုမိုတိုးတက်အောင်မြင်ကြပါစေဗျ

#သဘာဝနှင့်ဓာတု့မျှတအောင်သုံးစွဲခြင်းအားဖြင့်အောင်မြင်သောစိုက်ပျိုးရေးလုပ်ငန်းများပိုင်ဆိုင်နိုင်ကြပါစေ

18/09/2023

NPK အကြောင်း သိကောင်းစရာ(၃)
🔎🔎🔎🔎🔎🔎🔎🔎🔎🔎

K = ပိုတက်စီယမ်ဓာတ် (Potassium)
🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴

ပိုတက်စီယမ် K (၃) မျိုး အများဆုံး သုံးကြသည်။

- ပိုတက်စီယမ်ကလိုရိုက် ခေါ် MOP(KCl).0-0-60
- ပိုတက်စီယမ်ဆာလဖိတ် K2SO4 . 0-0-50
- ပိုတက်စီယမ်နိုက်ထရိတ် KNO3. 13-0-44

MOP - 0:0:60
K2SO4 - 0:0:50
KNO3 - 13:0:44

MOP ဆိုသည်မှာ ပိုတက်စီယမ်ကလိုရိုက်ဖြစ်ပြီး
စျေးကွက်အတွင်း အများဆုံး တွေ့ရလေသည်၊
ကလိုရင်းပါသောကြောင့် စိုက်ပျိုးရေးသမား
အများစု စီစစ်ရွေးချယ်လာကြပါသည်။ အပင်
ကို လောင်တတ်သောကြောင့် သီးနှံတိုင်းနှင့်
အဆင်မပြေသည်ကို တွေ့ရလေသည်။

ယခုလက်ရှိ စျေးကွက်အတွင်း တွေ့ရှိရသော
ပိုတက်စီယမ်မှာ MOP ဖြစ်လေသည်။
အမှုန့်များလည်း ရှိသလို အခဲအဖြစ်လည်း
တွေ့ရှိရပါမည်။

ပိုတက်စီယမ်ဆာလဖိတ် သည် သီးနှံစုံ သုံး၍
ရသောကြောင့် ပိုတက်ပါသောမြေသြဇာများ၌
ဒုတိယအကောင်းဆုံး အဆင့်တွင် ရပ်တည်၏။

ပိုတက်စီယမ်ဆာလဖိတ်ပါသော ကွန်ပေါင်းများ
စျေးကွက်အတွင်း ရောက်ရှိလာသည်မှာ
သိပ်မကြာသေးပေ။

ကွန်ပေါင်းမြေသြဇာ စျေးများခြင်း၊ နည်းခြင်း
သည် ပိုတက်စီယမ်ပါဝင်မှု ၊ ပိုတက်စီယမ်
အမျိုးအစားပေါ် မူတည်နေပါသည်။
#အထက်ပါအချက်ကို အထူးသတိပြုသင့်၏။

ပိုတက်စီယမ်နိုက်ထရိတ်မြေသြဇာသည် အပင်
အတွက် အကောင်းဆုံး မြေသြဇာဖြစ်သည်။
ရွက်ဖျန်းမြေသြဇာအဖြစ်လည်း အသုံးပြုနိုင်သည်။
တစ်ကီလို ၅၀၀၀ ကျပ် ခန့် ရှိသောကြောင့် စျေး
များသည်ဟု သတ်မှတ်ရပါမည်။ သီးနှံစုံအသုံးပြု
၍ ရသော်လည်း သရက်သမားအများစုသာ
သုံးနေကြပါသည်။ ဤ မြေသြဇာအား မြေကြီး
အတွင်းအသုံးပြုသူ နည်းပါးပါသည်။

ပိုတက်စီယမ်၏ကောင်းကျိုးများ
🍉🍌🍒🥝🥬🍆🥭🍇🍓🍋

- ရေငတ်သည့်ဒဏ်ကို ခံနိုင်ရည်ရှိစေသည်။
- ပိုးမွှားရောဂါဒဏ် ခံနိုင်ရည် ရှိစေသည်။
- အခြားအဟာရဓာတ်များကို အပင်မှ အလွယ် တကူစုပ်ယူစားသုံးစေရန် ကူညီပေး၏။
- သီးနှံပင် ကျန်းမာရေးကောင်းစေသည်။
- အသီးအရည်အသွေးကောင်းစေသည်။
- အသီးများ အဝေးသို့ သယ်ယူသောအခါ အထားခံစေသည်။
- Stoma များကို အဖွင့်အပိတ် တာဝန်ယူ၏။
- အပင်လိုအပ်သော အဟာရများကို သယ်ယူ ပို့ဆောင်သောတာဝန်ကို ထမ်းဆောင်သည်။
- သီးနှံအထွက်တိုးစေဖို့ K လိုအပ်ပါသည်။

NPK သုံးမျိုးအနက် K သည် အဓိကအကျဆုံး
ဖြစ်ကြောင်း မသိသေးသော တောင်သူများကို
သိစေလိုပါသည်။

ခက်တာက စျေးကွက် လှည့်စားသမျှ လူးကာ
လိမ့်ကာ ခံနေရသောအခါ ဓားစာခံပမာ ဖြစ်နေ
ရခြင်းဟာ မိမိတို့ရဲ့ အားနည်းချက်ပင် ဖြစ်သည်။

ရောကြသည် ၊ နှောကြသည် ၊ ထောသွားကြသည်။
မစားကောင်းသော အသီးကို စားရင် စားရင်းနဲ့
ရူးတတ်ပါတယ်။ ကျေးဇူးရှင် ထမင်းရှင်တွေကို
စော်ကားရင် ကုသရ ခက်တဲ့ ရောဂါဝေဒနာတွေ
အမျိုးမျိုးခံစားရပြီး အသေဆိုးနဲ့ သေတတ်ပါ၏။

အတုအပ ဆင်တူရိုးမှား သတိပြုပါ ... လို့
ဘယ်လိုပင် တရားဟောဟော ငွေများ တရားနိုင်
ရေများတော့ မီးနိုင် ဆိုသလို ပဲ ပြောဟောသူသာ
မောသွားမည် ဟု ထင်မိပါကြောင်း...

K ဆိုသော ပိုတက်စီယမ်ဓာတ် ကို ကျွန်တော်တို့
မြန်မာတောင်သူအများစု အသုံးပြုလေ့ မရှိကြပေ။
လွန်ခဲ့သော ၆ နှစ်ခန့်က တောင်သူတွေရှိရာ နေရာ
ပေါင်းစုံသို့ K သုံးသင့်တဲ့အကြောင်း ဆွေးနွေးပွဲတွေ
လိုက်လုပ်ဖြစ်ခဲ့ပါတယ်။

ပထမ အစ ခရမ်းသုံးခွ နယ်ပယ်တစ်ခွင်
နေပူမရှောင် မိုးရွာမရှောင် ရေလမ်းကသွားရရင်
သွားတယ်၊ သွားမရရင် လမ်းလျှောက်တယ်။
ကွင်းထဲက တဲတွေမှာ နားတယ်။ ပြောတယ်။
ဟောတယ်။ ပင်ပန်းတယ် သဘောမထားခဲ့ဘူး။

အခုတော့ ဒီစေတနာတွေကြောင့် တောင်သူလေးက
တောင်သူကြီးဖြစ်သွားကြတယ်။ တောင်သူကြီးက
တောသူဌေးကြီးဖြစ်ကာ မြို့မှာ အခြေချကြတယ်
လို့ သိရပါတယ်။ အလွန် ပီတိဖြစ်ရပါတယ်ဗျာ။

အဓိက ဟောပြောခဲ့တဲ့ အကြောင်းအရာတွေက
N ဆိုတဲ့ ပုလဲ ယူရီးယားကို အလွန်အကျွံ မသုံးဖို့။
K ခေါ်တဲ့ ပိုတက်စီယမ် ကို သုံးစွဲကြဖို့။
ကွန်ပေါင်းမြေသြဇာကို အဓိကထား သုံးကြဖို့။
တွန်းအားပေး ဟောပြောဖြစ်ခဲ့ပါတယ်။

တားမြစ်ချက်က NPK ဆိုတာ ရရှိစေဖို့
ပုလဲ+တီစူပါ+ပိုတက် ၃ မျိုးရောစပ်တာမျိုး
မပြုလုပ်ကြဖို့ ပါ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ...

တောင်သူကြီးများအပေါင်း
သီးနှံတွေ စျေးကောင်းရလို့
ဝင်ငွေနှစ်ဆ တိုးပါစေကြောင်း...
ဆုတောင်းလိုက်ပါရစေ...

Soe Moe July
09-79937-4414
NEG Co.,Ltd

16/09/2023

1. Oberon (name)
Spiromesifen24 %W/V SC

2. Pyridaben.......15%
3. Profenofos......36%
Lambda-Cyhalothrin....1.5%
4. Abamectin......3.6%
5. Thiamethoxam...14.1 %
Lambda-Cyhalothrin......10.6 %
6. propargite........30 % EC

မွှားပင့်ကူ ( Spider Mite )......................................

မွှားပင့်ကူ လို့ခေါ်တဲ့ စုပ်စားပိုးတမျိုးဟာ ​သီးပင် စားပင် ပန်းအလှပင် နဲ့ ကိုယ်တိုင်စိုက်ပျိုးတဲ့ စီးပွားဖြစ်စိုက်ခင်းတွေကို အန္တရာယ်အပေးနိုင်ဆုံး အင်းဆက်မျိုးနွယ်များ(Insect species)ထဲမှ တမျိုးအပါအဝင်ဖြစ်ပါတယ်......

မွှားပင့်ကူမျိုးစိတ် ဟာ မြေပြန့်ဒေသတွေမှာ မိုးရာသီနဲ့ ဆောင်းအ၀င်ကာလ ( ၆ လပိုင်းမှ ၁၁လပိုင်း ) တောင်ပေါ်ဒေသတွေမှာတွေ ဆောင်းအကုန် နွေအကူးကာလ (၂ လပိုင်း မှ ၄လပိုင်း ) တွေမှာ ဆိုးရွားပြင်းထန်စွာ ကျရောက်လေ့ရှိပါတယ်( အချို့ဒေသတွေမှာ ရာသီအနည်းငယ် ကွာခြားနိုင် )

နှိမ်နှင်းခြင်း.................

မွှားပင့်ကူအတွက် သတ်မှတ်ထားတဲ့ ပိုးသတ်ဆေး (Insecticide )အုပ်စုတွေကို သေချာလေ့လာပြီး(ကျွမ်းကျင်သူများနဲ့ တိုင်ပင်ပြီး ) မှန်ကန်သော ဆေးဖျန်းနည်း တိကျသော ဆေးပမာဏနှင့် နှိမ်နှင်းမှသာ ဖျက်ပိုးအန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
Taung Hlay Kar Ageiculture
Taung Hlay Kar Strawberry Farming

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Ko Pyae Adenium posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category