20/09/2023
Mavka – The Forest Song (2023) Trailer 🎥🎥
ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb – 7.4 ရထားတဲ့ အသစ်ထွက် Animation movie တစ်ခုပါ။ အရမ်းလှပတဲ့ graphics တွေနဲ့ scenery အမိုက်စားတွေကို ချပြထားတဲ့ အပြင်ကိုမှ စလယ်ဆုံး မရိုးရတဲ့ plot တစ်ခုကတော့ အဆစ် ပေါ့။ ကဲ ရှည်ရှည်ဝေးဝေး ဆိုမနေတော့ပါဘူး။ ဇာတ်လမ်း အညွှန်းလေး စလိုက်ကြရအောင်။
ဟိုးလွန်ခဲ့တဲ့ ဆောင်းရာသီတစ်ခုတုန်းကပေါ့။ အမှောင်တောင် တန်းကြီးရဲ့ အနောက်ဘက်တောအုပ်ထဲမှာ အစောင့်အရှောက် နတ်တွေ မှီတင်းနေထိုင်ခဲ့ကြတယ်။ တစ်ရက်မှာ သစ်စက်ပိုင် ရှင်လူသားတစ်ယောက်က သူ့ရဲ့မွေးကာစရောဂါသည် သမီး လေးကို ကယ်တင်ဖို့အတွက် တောစောင့်နတ်ကြီးဆီကနေ ဆေးရည်လေးတစ်ခု လာတောင်းခဲ့တယ်။ ဒီလိုနဲ့ အဲဒီသမီးဖြစ် သူလည်း အသက်ဆက်ရှင်သွားခဲ့တာပေါ့။ ဒါပေမဲ့ လောဘပိုး မသတ်နိုင်တဲ့ သစ်စက်ပိုင်ရှင်ကြီးက တောအုပ်ဆီကို စစ်တပ် ကြီးတစ်ခုနဲ့ ချီတက်လာပြီး ဆေးရည်ထုတ်ပေးတဲ့ သစ်ပင်ကို အပိုင်သိမ်းဖို့ ကြိုးစားတော့တာပါပဲ။
အဲဒီမှာပဲ အစောင့်အရှောက်နတ်တွေနဲ့ လူသားတွေရဲ့ ရန်ပွဲတွေ စတင်လာခဲ့လိုက်တာ မက်ဗ်ကာဆိုတဲ့ နတ်သမီးလေးတို့ခေတ် ထိဆိုပါတော့။ ဒါပေမဲ့ လူးကတ်စ်ဆိုတဲ့ ဂီတပညာရှင်ကောင် လေးက တစ်စုံတစ်ယောက်ရဲ့ ခိုင်းစေမှုကြောင့် တောအုပ်ထဲကို အဲဒီသစ်ပင်ရှာဖို့ ရောက်လာခဲ့ပြီး မက်ဗ်ကာနဲ့ တွေ့ဆုံသွားတဲ့ အချိန်မှာတော့….လူသားတွေနဲ့ အစောင့်အရှောက်နတ်တွေကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှု့ခံစားလိုက်ကြပါဦး။