27/08/2022
လွတ်လပ်ပြီး ပေါ့ပါးတဲ့စတိုင်ကြောင့် လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ Streetwear Fashion ရဲ့ အစကတော့ ဒီလိုပဲဗျ💁🏻♂️
Streetwear Fashion က 1990 မှာ ကမ္ဘာတစ်ဝိုက် 🌏 ခေတ်စားလာတဲ့ စတိုင်တစ်ခုဖြစ်ပြီး ပေါ်ပေါက်လာခဲ့တာကတော့ 1970 နှင့် 1980 ကြား ဖြစ်ပါတယ်။
Streetwear Fashion က Hip Hop Fashion, Surf Skate Culture, Sportwear, DIY Aesthetic of Punk, Japanese Street Fashion, New Wave, Heavy Metal Culture တို့ပေါ် မူတည်ပြီး ဖြစ်တည်လာတဲ့ Fashion စတိုင်တစ်မျိုးဗျ။ 💥
နောက်ပြီး Streetwear Fashion လို့ ပြောလိုက်တဲ့အခါမှာ Shawn Stüssy ကိုလည်း မေ့ထားလို့မရဘူး။ 1980 ဝန်းကျင်မှာ Surfboard Designer ဖြစ်တဲ့ Shawn Stüssy က သူ့ရဲ့ Surfboard မှာ ရှိတဲ့ Signature ကို T-shirt 👕 မှာ ရိုက်ပြီး ရောင်းချခဲ့ပါတယ်။ ဒီအင်္ကျီက လူတွေကြားမှာ နာမည်ရလာပြီးတော့ Streetwear Fashion ကို
လူတွေအာရုံစိုက်မိ လာစေခဲ့ပါတယ်။
ပြီးတော့ 1993 နှင့် 1994 မှာ Streetwear Fashion နာမည်ကြီး Brand တွေဖြစ်တဲ့ Japanese Brand Bathing Ape (Bape) နဲ့ New York မြို့အခြေစိုက် Supreme တို့ ပေါ်ပေါက်လာခဲ့ပါတယ်💁🏻♂️
‘Bling Culture’ တွေ ခေတ်စားလာတဲ့ 2000 ခုနှစ်ဝန်းကျင်မှာ Luxury Brand တွေဖြစ်တဲ့ Gucci, Burberry, Fendi တွေက Streetwear Fashion လောကထဲ ခြေဦးစလာခဲ့ပါတယ်။ နောက်ပြီး အဲ့အချိန်မှာ အရမ်းနာမည်ကြီးတဲ့ Nike ရဲ့ Air Force 1 Sneaker 👟က Rapper Nelly သီချင်း 🎵 မှာ ပါလာပြီး လူတွေရဲ့စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့ပါတယ်။
ပြီးတော့ Fashion အင်္ကျီတွေ ထုတ်လုပ်သူတွေက Streetwear ရဲ့ Limited-Edition Capsule Collections Idea ဖြစ်တဲ့ Drops ကို အတုယူပြီး Clothing တွေကို Limited နဲ့ ရောင်းချလာပါတယ်။
2010 ဝန်းကျင်မှာ Complex Magazine ကနေ Stüssy, Supreme, A Bathing Ape Brand တွေကို အကောင်းဆုံး Streetwear Brand အဖြစ် ကြေညာခဲ့ 📣ပြီး တစ်ဆက်တည်းမှာပဲ
⚡Supreme x Louis Vuitton
⚡Fila x Fendi
⚡A Bathing Ape x Commes des Garçons
⚡Stüssy x Dior စတဲ့
Brand တွေက Collaboration လုပ်ပြီး High Fashion Capsule Collections 🔥တွေကို ထုတ်ခဲ့ပါတယ်။
နောက်ပြီး Streetwear Fashion Brand တစ်ခုစီက သူ့ရဲ့ Unique ဖြစ်တဲ့ DNA နဲ့ Culture တွေကိုယ်စီရှိကြတယ်ဗျ။
Supreme ဆိုရင် Skate Culture ကို
အဓိကကိုယ်စားပြုတာမျိုးပေါ့။
Hypebeast တို့ရော Streetwear မှာ အကြိုက်ဆုံး Brand က ဘာဖြစ်မလဲ။ Comment မှာ ပြောခဲ့အုံးဗျ။
👇
Brand မျိုးစုံရဲ့ စတိုင်ကျတဲ့ အလန်းစား Streetwear Fashion တွေကိုတော့ Classic Luxury Store Website မှာ အသေးစိတ်ကြည့်ရှုလို့ရပါတယ်။
https://classicluxurystore.com/