01/11/2023
Hello… pageက preorderလည်း နားထားတော့ Album delayဖြစ်နေတာလေးတွေ စိတ်ပူနေကြမှာစိုးလို့ စိတ်ရှင်းစေချင်လို့ အကျိုးအကြောင်းလေး လာတင်ပေးတာပါရှင့်🥺
အမတို့မှာ Albumတွေ မြန်မြန်ရစေချင်လို့ ဟိုဖက်ကနေ တောက်လျှောက် တန်းပို့တယ် ဒီဖက်ရောက်တော့ customအဝင် စစ်ဆေးခံရတဲ့ ပုံးတွေထဲ ပါသွားလို့ ၁လလောက် delayဖြစ်တယ် ခု ပုံးတွေပြန်ရတော့ cargoမှာ ရှာမတွေ့ ထပ်ပျောက်နေပြန်ပါတယ်တဲ့ 😓
အမလည်း လာမေးတဲ့ ညီမလေးတွေ မောင်လေးတွေကို ခဏခဏစောင့်ခိုင်းရတာ အားနာလှပါပြီ 😭
ဘယ်အချိန်ရမလဲမေးတိုင်း ဘာပြန်ဖြေရမလဲမသိလို့ အားနာတဲ့စိတ်နဲ့ stressရရပါတယ် … ㅠㅠ
ဒါပေမယ့် အမဘယ်လိုပဲ ရက်တွေချိန်းပေးပေး သူတို့ထုတ်ပေးမှရတာမို့ နည်းနည်းလေးလောက် ထပ်ပြီး သည်းခံပေးကြပါဦးနော် အမလည်း ပိုက်ဆံတွေ အကြာကြီးအောင်းနေတာမို့ အမြန်ဆုံးထုတ်လို့ရချင်ပါပြီ 😭
ကာဂိုဖက်ကို အမြန်ဆုံးရှာခိုင်းပြီး ရတာနဲ့ တန်းထုတ်ပေးပြီး တန်းလာပြောပေးပါမယ်နော် သူတို့ဖက်ကိုလည်း အလွန်ဆုံး နောက် ၂-၃ပတ်လောက်ထိပဲ စောင့်ပေးနိုင်ကြောင်းပြောထားပါတယ်ရှင့် အကျိုးအကြောင်းသိရရင်လည်း တန်းပြီးစာတင်ပေးပါမယ်နော် 🥺🙏🏻
နားလည်သည်းခံပြီး စောင့်ပေးကြတာ တကယ်ကျေးဇူးတင်ပါတယ်ရှင် 🥺🤍
❕ခုဟာက shipနဲ့သယ်ထားတဲ့ SEVENTEEN NCT ZB1 Album တွေ DigiPack တွေ delayဖြစ်နေတာပါ BringGreen pc နဲ့ POBတွေကတော့ ထုတ်လို့ရထားပါတယ်ရှင့် အမဆီရောက်တာနဲ့ postတင်ပေးပါမယ်နော်
❗️Paymentကျန်တာတွေလည်း အမစောင့်ပေးထားပါတယ် ဒါပေမယ့် အမစာပို့ရင် အကျိုးအကြောင်းလေးတော့ ပြန်ဖြေပေးကြပါနော် တချို့က တယောက်တည်းနဲ့ ၃-၄သိန်းကျန်နေကြပြီး စာကိုပါseenမပြကြတာမို့ အမလည်းကျပ်တည်းလာလို့ပါရှင် 😓