06/12/2023
#ယုံကြည်တဲ့သူလေးတွေအတွက်ပါရှင့်🍀
✨ဂဏန်းဗေဒင်နည်းနှင့် ထီထိုးနည်း✨
#ထီမထိုးသောသူသည်ထီပေါက်ကိန်းမရှိပါ
ဗေဒင်ဆရာ ကို အများဆုံးမေးတဲ့ မေးခွန်းက ထီပေါက်ကိန်းရှိလား ဆိုတာ ပါပဲ......
ထီထိုးတဲ့ သူ ထီပေါက်ကိန်း ရှိပါတယ်
ထီမထိုးပဲ ထီပေါက်ချင်လို့မရပါဘူး....
ဗေဒင်ဆရာက ထီပေါက်ကိန်းရှိတယ်လို့ဟောလဲ ကိုယ်ကထိုးမှ ပေါက်မှာပါ....
ထီထိုးပြီးတဲ့ အခါမှာ လည်း နေ့စဉ် ငါထီပေါက်ရမယ် ဆိုတာ ယုံကြည်နေရမယ်......
ဖြစ်နိုင်ရင် စောစောစီးစီး လဆန်းရက်ထဲက ထိုးစေချင်တယ်.....
ရက် ၃၀ လုံး ရင်ခုန်လို့ရတယ် အတွေးတွေနဲ့ စိတ်တန်ခိုးနဲ့ ထီပေါက်အောင် အဖန်ဖန် အထပ်ထပ် ထီပေါက်ရမယ်လို့တွေးပေးနေရမယ်...
ထီပေါက်မယ်လို့ ကိုယ့်ကိုကိုယ် ထင်နေတဲ့သူတွေပဲ ပေါက်တာများပါတယ်....
ထီဆိုတာကံ အလုပ်ပဲ ဒါပေမယ့် ကံအလုပ်ကို ကံအတိုင်းလုပ်လို့ မတော်ပေဘူး။ ကံအလုပ်ကို ဥာဏ်ထည့်ပြီး လုပ်ကြည့်ပါ... ထီထိုးတဲ့တွက်နည်း တစ်ခု ဖော်ပြလိုက်ပါတယ်......
တွက်နည်းက ဥပမာ.....
(1970.5.11) ရက်နေ့မှာ မွေးတယ် ဆိုပါစို့ အဲ့တာတွေကို ပေါင်းလိုက်ရင်
1+9+7+0+5+1+1=24
2+4=6 ရတယ် အဲ့ဒီ 6 ဟာ ကိုယ့်ရဲ့အကျိုးပေးတဲ့ဂဏန်းပဲ ထီထိုးတဲ့ထီလက်မှတ်မှာ 6 က မပါလို့မဖြစ်ဘူး၊ ပြီးတော့ အကျိုးပေးတဲ့ ဂဏန်းနဲ့ မိတ်ဖြစ်တဲ့ ဂဏန်း ရန်ဖြစ်တဲ့ဂဏန်းတွေကို ကြည့်ရမယ်။
အကျိုးပေးဂဏန်း....မိတ်ဂဏန်း
၁..........................၅၊၇
၂..........................၄၊၈
၃..........................၆၊၉
၄..........................၂၊၈
၅..........................၁၊၇
၆..........................၃၊၉
၇..........................၁၊၅
၈..........................၂၊၄
၉...........................၃၊၆
ကိုယ်ထိုးမယ့်ဂဏန်းမှာ အကျိူးပေးတဲ့ ဂဏန်းပါရမယ် 6 ဂဏန်းပါရမယ်၊ 6 ဂဏန်းရဲ့ မိတ်ဖက်ဂဏန်းဆိုတော့ 3နဲ့ 9 ပါရမယ်၊ အဲ့ဒီတော့ ကိုယ်ထိုးတဲ့ ထီလက်မှတ်မှာ 6.3.9 ပါရမယ်။
ကိုယ်ထိုးမယ့် ထီလက်မှတ်မှာ မပါရတဲ့ ဂဏန်းတွေရှိသေးတယ် အဲ့ဒါက ရန်ဘက်ဂဏန်းတွေပဲ။
အကျိုးပေးဂဏန်း.... ရန်ဖက်ဂဏန်း
၁........................၃၊၆၊၉
၂........................၅၊၁၊၇
၃........................၁၊၅၊၇
၄........................၃၊၆၊၉
၅........................၂၊၄၊၈
၆........................၂၊၄၊၈
၇.........................၃၊၆၊၉
၈..........................၁၊၅၊၇
၉..........................၂၊၄၊၈
အဲ့တာတွေက မပါရမယ့်ဂဏန်းတွေပါ
ထီဖွင့်မယ့် အကြိမ်ရေ ပေါင်းခြင်းက အကျိုးပေးဂဏန်းနဲ့ တူနေရင် (သို့မဟုတ်) မိတ်ဖက်ဂဏန်းဖြစ်နေရင် ပိုကောင်းပါတယ်။
ထိုးပြီးတဲ့အခါမှာ ပေါက်ကို ပေါက်ရမယ်လို့ ယုံကြည်နေရမယ်....
မြတ်စွာဘုရားရှင်ကို ပေါက်ပေါက်ပေါ်မှာ ပျားရည်ဆမ်းပြီးလှူပေးပါ ပျားရည်မရှိရင် သကြားရည်ဆမ်းပြီလှူပေးပါ။
(၇)ရက်သားသမီးအပေါင်း ထီဆုကြီးပေါက်ကြပါစေဗျာ....