12/09/2021
ငါး ပုစွန် စသော မွေးမြူရေးကဏ္ဍသို့ ကိုဗစ်-၁၉ရန်ပုံငွေမှထုတ်ပေးမည့်ချေးငွေ လျှောက်ထားနိုင်
ရန်ကုန်၊ စက်တင်ဘာ ၁၂
လက်ရှိတွင်ဖြစ်ပေါ်လျက်ရှိသော ကိုဗစ်-၁၉ရောဂါအခြေအနေများကြောင့် ထိခိုက်မှုရှိနေသည့် ငါး၊ ပုစွန်၊ မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍအား ကိုဗစ်-၁၉ရန်ပုံငွေမှ အတိုး(၁)ရာခိုင်နှုန်းဖြင့် တစ်နှစ်သတ်မှတ်၍ ချေးယူခွင့်ပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ကြောင့်ဖြစ်ပေါ်လာနိုင်သောစီးပွါးရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ ထုတ်ပြန်လိုက်ပါသည်။
အဆိုပါချေးငွေအတွက် လိုအပ်သော စာရွက်စာတမ်းအချက်အလက်များဖြင့် သက်ဆိုင်ရာဌာနများသို့ ပြည့်စုံစွာလျှောက်တင်ရမည်ဖြစ်ပြီး စက်တင်ဘာလ (၁၃)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း အစိုးရရုံးဖွင့်ရက် ရုံးချိန်တွင် ရန်ကုန်မြို့နှင့် တိုင်းဒေသကြီးရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းရုံးတို့တွင်လျှောက်ထားနိုင်ကာ အွန်လိုင်းမှ လျှောက်လိုသူများအတွက်လည်း ထပ်မံကြေညာသွားမည်ဖြစ်ပါသည်။