18/04/2026
လတ်တလောအဝယ်များနေကြတဲ့ Longman Phrasal Verbs စာအုပ်အထူကြီး
ကြိယာပုဒ်စုလို့ခေါ်ဆိုကြတဲ့ Phrasal Verbs ဆိုတာက ဘာတွေလဲ၊ ဘယ်လိုစကားလုံးကို Phrasal Verbs လို့ခေါ်သလဲ၊ ဒီ Phrasal Verbs တွေကျွမ်းကျင်ခြင်းရဲ့အားသာချက်တွေကရော ဘာတွေလဲ၊ Verbs နဲ့ Phrasal Verbs ရဲ့ကွာခြားချက်တွေနဲ့ Phrasal Verbs တွေကို ဘယ်လိုနေရာမှာအသုံးပြုရတာလဲ။ စတဲ့အမေးများအတွက် အဖြေက ဒီစာအုပ်ကိုလေ့လာပြီးတဲ့အခါ ရှင်းရှင်းလင်းလင်းသိသွားပါလိမ့်မယ်။
အင်္ဂလိပ်စာလေ့လာရာမှာ အချို့သောစကားလုံးတွေဟာ တစ်လုံးတည်းရှိနေခြင်းက အဓိပ္ပာယ်တစ်မျိုး၊ အခြားစကားလုံးနဲ့တွဲသုံးတဲ့အခါအဓိပ္ပာယ်တစ်မျိုးပြောင်းသွားလေ့ရှိပါတယ်။ နောက်ကနေ Prepositions လို့ခေါ်တဲ့ နေရာပြပုဒ်တွေနဲ့တွဲသုံးတဲ့အခါ ပြောင်းလဲသွားတာတွေကို အသေးစိတ်လေ့လာခွင့်ရမှာဖြစ်ပါတယ်။ Vocabulary ကျွမ်းကျင်လိုသူတွေအနေနဲ့ Phrasal Verbs/ Idioms စတာတွေပါ လေ့လာဖို့လိုပါတယ်။ ဒီစာအုပ်ကြီးထဲမှာဆိုရင် ကြိယာပုဒ်စုပေါင်း ၅၀၀၀ ကျော်ပါဝင်ပြီး Phrasal Verbs Activator Topics ပေါင်း ၁၅ ခုကျော်ကို လေ့လာနိုင်မှာပါ။
Longman Phrasal Verbs Activator အပြင်
Longman Essays Activator
Longman Essential Activator
Longman IELTS စာအုပ်များ
Longman Idioms တို့ကိုလဲ မှာယူနိုင်ပါတယ်။
မန္တလေးမြို့က မန္တလေးစာအုပ်ဆိုင် Mandalay - Bookstore 2.0 & Mandalay - Bookstore မှာ ဝယ်ယူလိုက်ပါ။
Music - စိန်ပန်းပြာ အောင်မြင့်မြတ် မေဆွိ
#အင်္ဂလိပ်စာ #မန္တလေး #စာအုပ်ဆိုင်