15/05/2026
FYI ✨
☔✨“Pages in the Rain: A Monsoon Reading Journey” ဆိုတဲ့ မိုးရာသီစာဖတ်အစီအစဉ်အတွက် Reading Ambassador (၆) ဦးကို ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
၂၀၂၆ခုနှစ်ဟာ British Council Myanmar ရဲ့ (၈၀) နှစ်ပြည့်အထိမ်းအမှတ်နှစ် ဖြစ်သလို၊ UK ရဲ့ National Year of Reading 2026 Campaign နှစ်လည်းဖြစ်ပါတယ်။ ဒီထူးခြားတဲ့နှစ်ရဲ့ မိုးရာသီအတွင်းမှာ မိမိတို့ရဲ့ မိတ်ဆွေတွေ၊ မိသားစု တွေနဲ့ ပတ်ဝန်းကျင်ရှိသူတွေကို စာဖတ်ဖို့ တိုက်တွန်းရင်း Reading Community တစ်ခုကို အတူတကွ တည်ဆောက်သွားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ဒီအစီအစဉ်ကို၂၀၂၆ ခုနှစ် ဇွန်လမှ အောက်တိုဘာလအထိ (၄) လကြာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုရန်ကုန် နဲ့ မန္တလေး British Council Library member တွေက လျှောက်ထားနိုင်ပြီး အသက် ၁၄ နှစ်မှ ၂၈နှစ်အတွင်းရှိသူတွေ ဖြစ်ရပါမယ်။
လျှောက်လွှာကို၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့ အတွင်းနောက်ဆုံးတင်ရပါမယ်။ Interview ကိုတော့ ၂၀၂၆ မေလကုန် / ဇွန်လအစပိုင်း မှာ ပြုလုပ်သွားမှာဖြစ်ပြီး Programme Orientation ကိုတော့ဇွန်လ ဒုတိယပတ်မှာ စတင်သွားမှာပါ။
အသေးစိတ်ပိုမိုသိရှိလိုပါက ၀၉၇၇၇၀ဝ၁၈၃၀, ၀၉၇၆၅၄၈၃၈၇၇, ၀၉၇၆၅၆၃၄၀၈၆, ၀၉၇၆၅၆၃၄၀၈၇ ကို တနင်္လာနေ့ကနေ တနင်္ဂနွေနေ့အထိ မနက် ၈ နာရီခွဲကနေ ညနေ၅ နာရီခွဲအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
စာရင်းပေးသွင်းရန် link: - https://ow.ly/VXFS50Z02k7