03/05/2023
🙏🙏🙏
ကဆုန်လပြည့် ဗုဒ္ဓနေ့
~~~~~~~~~~~~~~~~~~~~~~
(ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ)
(၁) ဗျာဒိတ်ယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် - ၆၈၊ ကဆုန်လပြည့်။ (သောကြာနေ့)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် - ၁၀၄၊ ကဆုန်လပြည့်။
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် - ၁၄၈၊ ကဆုန်လပြည့် ။ (အင်္ဂါနေ့)
`` ကဆုန်လပြည့် ဗုဒ္ဓနေ့. ´´
*************************
# ဆု . ဖွား . ပွင့် .စံ ဤလေးတန်
မှတ်ရန် ကဆုန်လပြည့်နေ့ ´´
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့
နေ့ထူးနေ့မြတ်ကြီးတစ်နေ့ ဖြစ်ပါတယ် ။
ဘာကြောင့်လဲဆိုတော့
(၁) " ဆု "
------
ဘုရားအလောင်းတော် သုမေဓာရသေ့ဟာ
ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြှောက် ဂေါတမဘုရား စစ်စစ်
ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ
ဘုရားဆုပန်ပြီး ဗျာဒိတ်ခံယူတဲ့နေ့ဟာ
ကဆုန်လပြည့်နေ့ ဖြစ်ပါတယ် ။
(၂) " ဖြား "
------
ဂေါတမဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားလေး
မွေးဖွားလာခဲ့တဲ့နေ့ဟာလည်း မဟာသက္ကရာဇ်( ၆၈)ခု
ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။
(၃) " ပွင့် "
-------
ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရား
ဖြစ်တဲ့နေ့လည်း မဟာသက္ကရာဇ် (၁၀၃) ခု ၊
ကဆုန်လပြည့်နေ့ပဲ ဖြစ်ပါတယ် ။
(၄) " စံ "
------
ဂေါတမဘုရား ပရိနိဗ္ဗာန်စံတဲ့နေ့လည်း
မဟာသက္ကရာဇ် (၁၄၈)ခု ၊ကဆုန်လပြည့်နေ့သာ
ဖြစ်ပါတယ် ။
ဒါကြောင့် နေ့ထူးနေ့မြတ်ဖြစ်သော
ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓဘာသာဝင်များအနေဖြင့်
ဒါန ၊ သီလ ၊ ဘာဝနာ ကုသိုလ်တရားများကို
ပွားများလာအောင် အားထုတ်နိ ုင်ကြပါစေ။
အရှင်သုနန္ဒ (မစိုးရိမ်).............
ကဆုန်လပြည့်ဗုဒ္ဓနေ့
အကြောင်းသိကောင်းစရာများ
*****************************
၁။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ကဆုန်လပြည့် နေ့၏ထူးခြားချက်မှာ(ဗျာဒိတ်၊ ဖွားမြင၊် ဗောဓိပင်၊ စံဝင် နိဗ္ဗာန်နန်း)ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍-
ဗျာဒိတ်ခံယူသောနေ့ဖြစ်ခြင်း
ဖွားမြင်တော်မူသောနေ့ဖြစ်ခြင်း
ဘုရားဖြစ်တော်မူသောနေ့ဖြစ်ခြင်း
ပရိနိဗ္ဗာန်စံတော်မူသောနေ့ဖြစ်ခြင်း
ဤထူးခြားချက်လေးမျိုးတို့နှင့်တိုက်ဆိုင်နေပါသည်။ဤကဲ့သို့ ထူးခြားချက်လေးမျိုးတို့နှင့်ပြည့်စုံသောကြောင့် ဤနေ့ကို "ကဆုန်လပြည့်ဗုဒ္ဓနေ့ "ဟုအမွှန်းတင်ခေါ်ဆိုကြပါသည်။
၂။ ဤကဆုန်လပြည့်နေ့တွင်မာရ်နတ်ရန်ကိုအောင်မြင်တော်မူသောကြောင့် ဤနေ့ကို "ကဆုန်လပြည့်မာန်အောင်နေ့" အဖြစ်ဗုဒ္ဓဘာသာဝင်တို့၏စိတ်အစဉ်တွင်စွဲမြဲ၍နေကြပါသည်။
၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ဖွားမြင်တော်မူခြင်း၊
ပရတ်နိဗ္ဗာန်စံတော်မူခြင်းများကိုအကြောင်းပြ၍ ကဆုန်လပြည့်နေ့ကို "ဝိဆခ်ဒေး"ဟုခေါ်ကြပါသည်။ ဝိသာခါဒေးဟုဆိုလိုပါသည်။
၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သောနေ့ထူးနေ့မြတ်ကိုအာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကိုရေသွန်းလောင်းလေ့ရှိကြပါသည်။
၅။ ဗောဓိပင်သည်သဗ္ဗုညုတဥာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖတ်တော်၇ပါးတွင်စာရင်းဝင်ခြင်းဖြစ်သောကြောင့် ထူးခြားသောသစ်ပင်တစ်မျိုးဖြစ်ပါသည်။ ဤကဲ့သို့မြတ်စွာဘုရားနှင့်တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်၌ရေသွန်းလောင်းခြင်းအစဉ်အလာကို ခေတ်အဆက်ဆက်ပြုလုပ်လာခဲ့ကြပါသည်။
၆။ မြန်မာ့ရိုးရာဆယ့်နှစ်ရာသီပွဲတော်များအနက် ကဆုန်လ ၌ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာသတ်မှတ်ခဲ့ကြပါသည်။
၇။ အသနဗောဓိယမထေရ်၏ အလောင်းသည် တိဿဘုရားရှင်၏ ဗောဓ်ိပင်ကိုစိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌နတ်ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်လေးပါးမှလွတ်ကင်းရခြင်းအကျိုးများကို ခံစားရကြောင်း (ထေရာပဒါန်)ကျမ်းဂန်၌ဟောကြားထားပါသည်။
၈။ ဂန္ဓောဒကတိဿမထေရ်၏ အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကိုနံ့သာရေဖြင့် သွန်းလောင်းသောကုသိုလ်ကြောင့် နတ်ပြည့်၌ဖြစ်ရခြင်း၊ အနာရောဂါမဖြစ်ခြင်း၊ သောကကင်းဝေးခြင်း၊ စသောအကျိုးများကိုခံစားရပါသည်။
၉။ အထက်ပါအကြောင်းအရာများကိုနှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်နှစ်စဉ် "ကဆုန်လပြည့်နေ့"ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓအဘိသေက မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်၊ ကျောင်းကန်ဘုရားသို့သွား၍ ဒါန သီလ ဘာဝနာ အမူ့ကိုပြုလုပ်၍ "ကဆုန်လပြည့်ဗုဒ္ဓနေ့ကိုအမှတ်တရဆင်နွှဲကြပါသည်။
မာဂဓီ(သာစည်)၏
[အခါတော်နေ့များ]စာအုပ်မှ.......
ကုဆုန်လပြည့်နေ့ အကြောင်း သိကောင်းစရာများ။
(ဒေါက်တာ အရှင်ရာဟုလာ)
=============== ."မၽွေဝပါ၏"
ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။
ကဆန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့-
(၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။
ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။
ကဆုန်လဟာ မြန်မာလ ၁၂ ရာသီမှာ ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။ ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့အရေးများတယ်။ နောက်ပိုင်းမှာ “ကု” မှ “က”သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့ အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ
ပါဠိစာပေမှာ ကဆုန်လကို “ဝေသာခ” Vesaka လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ “ဝေသခ်” Vesak ဖြစ်လာတယ်။ သီဟိုအသံထွက်ကတော့ ဝေဆတ်ခ် လို့ ထွက်ပြီး အနောက်နိုင်ငံသားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်လပြည့်နေ့ကို ဝေဆတ်ခ်ဒေး Vesak Day လို့ ခေါ်ကြတယ်။ ထိုင်းဗုဒ္ဓဘာသာတွေကတော့ ကဆုန်လပြည့်နေ့ကို “ဝိဆာခပူချား” (ဝိသာခပူဇာ) လို့ခေါ်သတဲ့။
မြန်မာပြည်မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်
ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။ ကဆုန်လရာသီဟာ နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့ ရေတွေ ခန်းချောက်လေ့ရှိတယ်။ ဘုရားပွင့်တော်မူတဲ့ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြလို့ “ကဆုန်လ ညောင်ရေသွန်းပွဲ” လို့ ခေါ်လာကြတယ်။ ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်ဟာ ဘုရားရှင်အား
ပရိဘောဂစေတီတော်ဖြစ်လို့ ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင် ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ဟာ ကဆုန်လပြည့်နေ့မှာ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ ပရိတ်တရားတော် တရားတော်များ နာကြားခြင်း၊ ဘာဝနာတရား ပွားများခြင်း စတာတွေ ပြုလုပ်ကြပါတယ်။ ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲ တွေကိုလည်း တပျော်တပါး ကျင်းပကြတယ်။
ထိုင်းနိုင်ငံ ဇင်းမယ်မှာ ကျင်းပတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ (ဝိဆာခပူးချား)
ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့
ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်လို့ ကဆုန်လပြည့်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံဖြစ်လို့ ဘုရင်နဲ့တကွ ဘုရင့်ဆွေတော်မျိုးတော် အပါအဝင် အရာရှိအရာခံများအားလုံး ကဆုန်လပြည့်နေ့ အခမ်းအနားဖြစ်တဲ့ “ဝိဆာခပူးချား” ကို တပြည်လုံး ပါဝင်ဆင်နွှဲကြတယ်။ ကဆုန်လပြည့်နေ့မှာ သာသနာ့အလံတော်များသည် ထိုင်းနိုင်ငံ တစ်ဝှမ်းလုံးမှာ တလူလူလွှင့်ထူကြတယ်။ (ထိုင်းနိုင်ငံသာသနာ့အလံဟာ မြန်မာနဲ့ သီရိလင်္ကာနိုင်ငံလို ရောင်ခြည်တော် ခြောက်သွယ် မဟုတ်ဘဲ အရဟတ္တဓဇ သင်္ကန်းရောင်ပေါ် တွင် ဓမ္မစကြာ စက်ဝိုင်းပုံ တပ်ထားခြင်းဖြစ်တယ်။)။
ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပပုံ
==================
ကဆုန်လပြည့်နေ့မှာ ထိုင်းဗုဒ္ဓဘာသာဝင်းများဟာ နံနက်ပိုင်းမှာ သံဃာတော်များအား ဆွမ်းလောင်းလှူကြတယ်။ ဘုရားကျောင်းကန်များကို သန့်ရှင်းရေးများ ပြုလုပ်ကာ ကုသိုလ်ယူကြပြီး နေ့လည်ပိုင်းအချိန် ဘုန်းကြီးကျောင်း ဓမ္မသာလာဇရပ်မှာ တရားနာယူကြတယ်။ တချို့ကတော့ ဘာဝနာတရားများ ပွားများအားထုတ်ကြတယ်။ ညဦးပိုင်းမှာ စုပေါင်းပြီး လူတစ်ဦးလျင် ဖယောင်းတိုင် တစ်တိုင်၊ အမွှေးတိုင်သုံးတိုင် ထွန်းညှိကာ ပန်းတစ်ပွင့်နဲ့အတူ စေတီတော်အား လကျာ်ရစ် သုံးပတ်ပတ်ကာ ပူဇော်ကြတယ်။ စေတီတော်ကို လှည့်ပတ်စဉ် ဘုရားဂုဏ်တော် တရားဂုဏ်တော်နဲ့ သံဃာ့ဂုဏ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြတယ်။ သံဃာတော်များထံ တရားနာယူကြတယ်။ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကျင်းပတဲ့ နေရာကတော့ နခွန်ပထုမ်ရှိ ဗုဒ္ဓမွန်းထွန်ဘုရားပဲ ဖြစ်တယ်။ အဲဒီနေရာမှာ ထိုင်းဘုရင်မင်းမြတ် (သို့မဟုတ်) ဆွေတော်မျိုးတော်များက ဗုဒ္ဓဘာသာဝင် လူထုကို ဦးဆောင်ပြီး “ဝိဆာခပူးချား” (ဝိသာခပူဇာ) ပွဲကို နှစ်စဉ်ကျင်းပတယ်။ ထင်ရှားတဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာလဲ ဝိဆာသပူချား အခမ်းအနားများ ကျင်းပကြတယ်။ အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာ အစည်းအဝေးများကိုလည်း ကျင်းပခဲ့ကြတယ်။
သီရိလင်္ကာနိုင်ငံ ဝေဆတ်ဒေး ကျင်းပပုံ
သီရိလင်္ကာနိုင်ငံ နှင့် ကဆုန်လပြည့် ဗုဒ္ဓနေ့
==========
သီရိလင်္ကာနိုင်ငံသားများကတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို “ဝေဆတ် = Vesak” လို့ခေါ်ကာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ကဆုန်လပြည့်နေ့ဟာ အထူးခြားဆုံး နေ့အဖြစ် သတ်မှတ်ကာ ပွဲတော်ကို (၇) ရက်ခန့် ကျင်းပတယ်။ အစည်ကားဆုံးနေ့ကတော့ ကဆုန်လဆန်း (၁၄) ရက်၊ လပြည့်နေ့နဲ့ လပြည့်ကျော် တစ်ရက်နေ့ပါ။ ဗုဒ္ဓဘာသာဝင်အိမ်တိုင်း သာသနာ့ အလံတော်ကို လွှင့်ထူထားကြတယ်။ ထင်ရှားတဲ့ စေတီတော်၊ ကျောင်းတော်နဲ့ လမ်းဆုံ လမ်းခွတွေမှာ မီးစင်မြင့်ကြီး ဆောက်လုပ်ကာ ဘုရားရှင်ရဲ့ ဆေးရေး ပန်းချီပုံတော် ပတ်ပတ်လည်နဲ့ ဇာတကဆေးပန်ချီပုံတော်တွေကို လျှပ်စစ်မီးများ အလှဆင်ကာ မိုးလင်းပေါက် ထွန်းညှိပူဇော်ကြတယ်။ အဆိုအကပွဲများ မရှိပေမယ့် အလွန်စည်ကားတယ်။ ရောင်စုံမီးပုံး အလှပြိုင်ပွဲများ ကျင်းပတဲ့ နေရာမှာဆိုရင် ပွဲလာပရိသတ်များ ကြိတ်ကြိတ်တိုး စည်ကားလှတယ်။
သီရိလင်္ကာနိုင်ငံ ကဆုန်လပြည့်နေ့ လမ်းဆုံလမ်းခွမှ ဗုဒ္ဓဝင်ပန်းချီကား
အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ (အထူးသဖြင့် ရွာသူရွာသားများ)ဟာ ကိုလံဘိုမြို့ (သို့မဟုတ်) မြို့ကြီးများမှ မိးထွန်းပွဲကို လာရောက်ကြည့်ရှုကြတယ်။ မော်တော်ကား၊ ဆိုင်ကယ်၊ စက်ဘီးစီးပြီး လည်ပတ် ကြတဲ့သူတွေ၊ လမ်းလျှောက်လည်ပတ်ကြတဲ့ သူတွေ တစ်ညလုံး စည်ကားတာ တွေ့ရတယ်။ ရွာကနေ လာကြတဲ့ လမ်းလျှောက်တဲ့သူတွေဟာ များသောအားဖြင့် ဖိနပ်မစီးကြပေ။
အချို့သော စေတနာရှင်များက မိမိအိမ်ရှေ့မှာ ရေအေး၊ အချိုရေများနဲ့လည်းကောင်း၊ အချို့ကတော့ မဏ္ဍာပ်ဆောက်ပြိး ထမင်း၊ ဟင်းများ စတုဒိသာအလှူများ ပြုလုပ်ပြီး ကုသိုလ်ယူကြတယ်။ အချို့အိမ်မှာ စပီကာ အကြီးကြီးနဲ့ ဗုဒ္ဓဝင်သီချင်းတွေ ဖွင့်၊ တချို့ကတော့ သီဟိုရိုးရာဗုံတီးကာ ကခုန် ပျော်မြူးနေကြတာကိုတွေ့ရတယ်။ ပွဲတော်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေ များစွာ ဖြစ်ပေါ်တယ်။ ထင်ရှားတဲ့ လမ်းဆုံ လမ်းခွနဲ့ သမိုင်းဝင် ကလျာဏီယ ကျောင်းတော်ကြီး၊ ကာရုတ္တရစေတီတော်ကြီး၊ ကန္တီမြို့ စွယ်တော်ကျောင်းတို့ကတော့ အလွန် စည်ကားတာ တွေ့ရတယ်။
သီရိလင်္ကာဗုဒ္ဓဘာသာဝင်များဟာ ဗောဓိညောင်ပင်ကို ပရိဘောဂစေတီအဖြစ် လွန်စွာ ကြည်ညိုကြတယ်။ နေ့စဉ် နေ့တိုင်း ဗောဓိပင်ကို ရေလောင်းပူဇော်ကြတယ်။ ဘုန်းကြီးကျောင်းတိုင်းမှာ ဗောဓိပင်ရှိရတယ်။ ကဆုန်လပြည့် ဗုဒ္ဓနေ့ မနက်ပိုင်းမှာ သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ကလေးလူကြီးများဟာ ဝတ်စင်ဖြူဝတ်ပြီး ဘုန်းကြီးကျောင်းကို သွားကြတယ်။ တံမြက်စည်းလှည်းခြင်း၊ ဗောဓိပင်အား ပူဇော်ခြင်း၊ သီလခံယူခြင်း၊ ပရိတ်ရွတ်ခြင်း၊ ဘာဝနာပွားခြင်းများ ပြုလုပ်ကြတယ်။ (သီရိလင်္ကာဗုဒ္ဓဘာသာဝင် ကလေးလူငယ်တွေ ပရိတ်ကြီး ၁၁ သုတ်ကို ရကြတယ်။)
ကဆုန်လပြည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့် ထိုင်းနိုင်ငံ
ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခြင်း
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်တယ်။ ဒါကြောင့် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် သတ်မှတ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြတယ်။ အဲဒီအစည်းအဝေးကနေ ၁၉၉၉ ခု စက်တင်ဘာလမှ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်ရှမန်းကတိဂမ် ဟာ အဲဒီအဆိုကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့တယ်။
၅၄ ကြိမ်မြှောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ အဲဒီအဆိုကို မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ ဗုဒ္ဓဘာသာနိုင်ငံများ တောင်အာရှအဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံများ စုစုပေါင်း ၃၄ နိုင်ငံက ထောက်ခံကြတယ်။ ဒါကြောင့် ၁၉၉၉ ဒီဇင်ဘာ ၁၃ ရက် အစည်းအဝေးဆုံးဖြတ်ချက် အမှတ် ၁၇၄ နဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ “ကဆုန်လပြည့် ဗုဒ္ဓနေ့” ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့တယ်။
ကမ္ဘာ့ကုလသမဂ္ဂဆုံးဖြတ်ချက်ကတော့
“ဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်သည် ကမ္ဘာပေါ်မှာ သက်တမ်းရှည်ကြာတဲ့ ဘာသာတစ်ခုဖြစ်တဲ့ အပြင် ဘုရားရှင်ရဲ့ အဆုံးအမတော်ဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ကာလတိုင်အောင် လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးခဲ့ပြီး နောင်အနာဂတ်မှာလည်း ကမ္ဘာ့လူသားတို့အပေါ် ကောင်းကျိုးများ ဆက်လက် သက်ရောက်နေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကုသလမဂ္ဂဗဟိုဌာနချုပ်နဲ့ ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂဌာနအသီးသီးတို့မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဝေဆတ်ဒေး)ကို အပြည်ပြည်ဆိုင်ရာ ရုံ့းပိတ်ရက်အဖြစ် သတ်မှတ်ရမည်။ ဤဆုံးဖြတ်ချက်အရ ဝေဆတ်ဒေး ကျင်းပရာတွင် ကုလသမဂ္ဂရံပုံငွေကို သုံးစွဲခွင့်မရှိ။ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့သည် မည်သည့်လ (အင်္ဂလိပ်လ)တွင် ကျရောက်မည်ကို ကုလသမဂ္ဂ ဌာနချုပ်နှင့် အခြားသော ကုလသမဂ္ဂဌာနတို့က တိုင်ပင်ညှိနှိုင်းကာ ဆုံးဖြတ်သွားရမည်” လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ထူးခြားလှတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့လေပြီ။
ကဆုန်လပြည့်နေ့ဟာ ဘုရားရှင် အဆူဆူ ပွင့်တော်မူတဲ့နေ့လည်းဖြစ်တယ်။ လောကမှာ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာခြင်းဟာ လောကကောင်းကျိုးအတွက်ပဲဖြစ်တယ်။ ဘုရားရှင်ရဲ့အဆုံးအမတော်ဟာ လောကသားတိုင်းအတွက် ဖြစ်တယ်။
လောကသားတို့ဟာ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း လိုက်နာ ကျင့်သုံးပါက ကာယသုခ စိတ္တသုခနဲ့ ပြည့်စုံကြပြီး ငြိမ်းချမ်းရေးအစစ် ဖြစ်တဲ့ သန္တိသုခ နိဗ္ဗာန်ကို မလွှဲဧကန် ရောက်ရပေမည်။
ဘုရားရှင် အဆုံးအမဖြစ်တဲ့
“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား”
“ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာဤစကား” အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပြီး ငြိမ်းချမ်းရေး အစစ်ဖြစ်တဲ့ သန္တိသုခကို ရရှိနိုင်ကြပါစေ
မောင်မောင်မြတ်သူ မျှဝေသည်။
“လပြည့် ကဆုန်”
•••••••••••••••••••••
ကဆုန်လကို ပုဂံခေတ်က
ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊
ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့တာကို
ကျောက်စာများအရ သိရှိကြပါတယ်။
❦ကုဆုန်မှာ မူရင်း ဝေါဟာရဖြစ်ပြီး
ကဆုန်-စသော ကျန်ဝေါဟာရများမှာ
ကုဆုန်မှ ရွှေ့လျားပြောင်းလဲလာသော ဝေါဟာရများ
ဖြစ်ကြပါတယ်။ ကုဆုန်နှင့် ကဆုန်တို့ရှိ
ကု၊ က ပုဒ်တို့မှာ ကုတို့၊ ကုခန်း၊ ကစွန်း၊ ကညို့၊
ကတောက် စသော ဝေါဟာရတို့ရှိ ကု၊က
ပုဒ်တို့ကဲ့သို့“ရေ”ဟု အဓိပ္ပာယ်ရပါတယ်။
❦“စုန်” မှ ဆင်းသက်လာသော “ဆုန်”မှာ
သွန်းခြင်း၊လောင်းခြင်း၊ဖျန်းခြင်း အဓိပ္ပာယ်ရှိပါတယ်။
ထို့ကြောင့် “ကဆုန်လ” အဓိပ္ပာယ်မှာ
“ရေသွန်းသောလ၊ရေလောင်းသောလ၊
ရေဖျန်းသောလ” ဟု ဆိုလိုပါတယ်။
ဗုဒ္ဓရှင်တော်မြတ်ဘုရား သစ္စာလေးပါး မြတ်တရားကို
ပိုင်းခြား ထင်ထင် သိမြင်တော်မူရာ မဟာဗောဓိပင်ပွား၊
ဗောဓိပင်များကို ရေသွန်းလောင်းခြင်း ဖြစ်ပါတယ်။
●(၁)။ ဂေါတမ ဘုရားရှင်သည် သုမေဓာ ရှင်ရသေ့ဘ၀တွင်
ဒီပင်္ကရာ မြတ်စွာ ဘုရားထံတော်မှ “နောင်သောအခါတွင်
ဘုရားစင်စစ် ဧကန်အမှန် ဖြစ်လိမ့်မည်” ဟု
နိယတဗျာဒိတ်ကို ရရှိတော်မူခြင်းသည်
ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။
●(၂)။ မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့်၊
သောကြာနေ့မှာပင် ဘုရားအလောင်းကို
ဖွားမြင်တော်မူခဲ့ပါသည်။ ဘုရားအလောင်းကို
ဖွားမြင်တော်မူသည်နှင့် တပြိုင်နက်
“ယသောဓရာ မင်းသမီး၊အာနန္ဒာမင်းသား၊
ဆန္ဒအမတ်၊ ကာဠုဒါယီအမတ်၊ကဏ္ဍကမြင်း၊
ရွှေအိုးကြီး လေးလုံး နှင့် မဟာဗောဓိပင်”ဟူသော
ဖွားဖက်တော် ခုနှစ်ဦးတို့သည်လည်း
ဖွားမြင်ဖြစ်ပေါ်လာကြပါတယ်။မဟာဗောဓိသည်
မဇ္စျိမဒေသ ဥရုဝေလတောတွင်ဘုရားရှင်တို့
ပွင့်တော်မူရာ ဗဟိုအချက်အချာ
အောင်မြေအရပ်၌ ပေါက်လာခြင်း ဖြစ်ပါတယ်။
●(၃)။ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌
ဘုရားအလောင်းသည် မဟာဗောဓိပင်ရင်း၌
သစ္စာလေးပါးကို ထိုးထွင်းသိမြင်၍
သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။
ထိုမဟာဗောဓိပင်သည် ဘုရားရှင်၏ ဖွားဖက်တော်
ခုနှစ်ဦးတွင် တဦးအပါအ၀င် ဖြစ်သည့်အပြင်
ဗောဓိဉာဏ်ကို ရရှိရန် အားထုတ်တော်မူရာ၌
အသုံးပြုတော်မူသော အပင်ဖြစ်၍
ပရိဘောဂစေတီလည်း ထိုက်ပါတယ်။
ထို့ကြောင့် ဗုဒ္ဓဘာသာ၀င် အပေါင်းတို့သည်
ထိုဗောဓိပင်မှ ပင်ပွားများကို မိမိတို့ နိုင်ငံ၌
စိုက်ပျိုးကိုးကွယ် လေ့ရှိပါတယ်။
မြန်မာနိုင်ငံသည်လည်း ဗုဒ္ဓသာသနာ ရောက်ချိန်ကပင်
စတင်၍ ဗောဓိပင်များကို စိုက်ပျိုးကိုးကွယ်ခဲ့ကြဟန်ရှိပါတယ်။
နွေရာသီ အလယ်ဗဟိုကျတော့ မြန်မာတို့၏
ကဆုန်လကား နေပူပြင်း လှပါတယ်။
“တန်ခူးရေကုန် ကဆုန်ရေခမ်း” ဆိုသလို ကဆုန်လတွင်
အင်းအိုင်၊ ကန်ချောင်း၊ ရေနုတ်မြောင်းများ ခြောက်ခမ်း၍
ရေပြတ်လေ့ရှိပါတယ်။ ရေပြတ်၍ အပူချိန် ပြင်းခြင်းတို့ကြောင့်
အချို့သစ်ပင် ပန်းပင်များမှာ နွမ်းခြောက် ပျက်စီးကြရပါတယ်။
ထိုအချိန်တွင် ရှေးမြန်မာတို့သည် မိမိတို့ အမြတ်တနိုး
ကိုးကွယ်ထားကြသည့် မဟာဗောဓိညောင်ပင်များ
ညှိုးနွမ်းပျက်စီးမည်ကို စိုးရိမ်ခဲ့ကြပါတယ်။
ဗောဓိပင်ဆိုသည်မှာလည်း အိန္ဒိယနိုင်ငံ၊
သီဟိုဠ်နိုင်ငံတို့ရှိ မူလဗောဓိပင်တို့မှ ဆင့်ပွားယူရသော
အပင်မျိုးဖြစ်၍ ရှားပါးပင်မျိုး ဖြစ်ပါတယ်။
ထို့ကြောင့် ရှေးခေတ် ဗုဒ္ဓဘာသာ၀င် မြန်မာတို့သည်
ပူပြင်း၍ ရေပြတ်သော ကဆုန်လတွင် ဗောဓိပင်များကို
မညှိုးမနွမ်း၊ လန်းဆန်းရှင်သန် စေရန်ဟူသော
ဆန္ဒမွန်ဖြင့် ရေသွန်းလောင်းပူဇော်ကြခြင်း ဖြစ်ပါတယ်။
ဤသို့ဖြင့် ဘုရားအလောင်းတော်
ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်တော်မူလာခြင်း၊
မဟာဗောဓိပင် ပေါက်တော်မူခြင်း၊
ဘုရားဖြစ်တော်မူခြင်း တို့သည်
ကဆုန် လပြည့်နေ့များပင် ဖြစ်တော်မူခဲ့ပါတယ်။
●(၄)။ ထို့ပြင် ကဆုန်လပြည့်နေ့မှာပင် ဘုရားရှင်
ပရိနိဗ္ဗာန် စံ၀င်တော် မူခဲ့သောကြောင့် ကဆုန်လပြည့်နေ့ကို
“ဗုဒ္ဓနေ့” ဟု ရှေးပညာရှိတို့က ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။
“ကဆုန်လပြည့်၏ ထူးခြားချက် (၅) ရပ်”
•••••••••••••••••••••••••••••••••••••••••
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေးသင်္ချေနှင့်
ကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)
တောရိပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ဖုံ၊
ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့၀ယ်၊
မြေ့ပရမေ ၊ ပလင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊
ဗိမာန်ထီးနှင့် မငြီးကြည်ဖြူ၊ နေတော်မူလျက်၊
ရန်မြူခပင်း၊ အမှိုက်သင်းကို၊ အရှင်းပယ်ပျောက်၊
အလင်းပေါက်က၊ထွန်းတောက်ဘုန်းမော်၊
သောင်းလုံးကျော်သည်၊ သုံးဖေါ်လူတို့ ငြမ်းပါကို။
[၁၀၃-ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌ ဘုရားအဖြစ်သို့
ရောက်တော်မူသည်။]
“လပြည့် နွေကဆုန်”
••••••••••••••••••••••
“ဆုပန်နေ့”
•••••••••••••••••
“လေးသင်္ချေကိန်း၊ တစ်သိန်းကပ်ကြုံ၊
သူမေဓာလောင်း၊ ညွန်ပျောင်းဗွက်အုံ၊
ဒီပင်ထံပါး၊ ၀မ်းလျားမှောက်ခုံ၊
ဆုပန်နေ့၊ လပြည့်နွေကဆုန်။
“ဖွားမြင်နေ့”
••••••••••••••
မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
လုမ္ဗနီတော၊ သာမောရဂုံ၊
လောင်းတော်သိဒ္ဓတ်၊ ထွက်လတ်ကြာငုံ၊
ဖွားမြင်နေ့၊ လပြည့်နွေကဆုန်။
“ဗုဒ္ဓနေ့”
••••••••••••
တစ်ရာ့သုံးနှစ်၊ သက္ကရာဇ်ကြုံ၊
ဗောဓိပင်မင်း၊ မှီတင်းခိုလှုံ၊
မာန်စွယ်ငါးစင်း၊ အောင်ခြင်းဖုံဖုံ၊
ဗုဒ္ဓနေ့၊ လပြည့်နွေကဆုန်။
“နိဗ္ဗူနေ့”
••••••••••••••
ရာ့လေးဆယ့်ရှစ်၊သက္ကရာဇ်ကြုံ၊
မလ္လာမင်းတို့၊ အင်ကြင်းရဂုံ၊
ဇာတ်တော်သိမ်းလို့၊အေးငြိမ်းခိုလှုံ၊
နိဗ္ဗူနေ့၊ လပြည့်နွေကဆုန်။
“ကဆုန်လပြည့် ဗုဒ္ဓနေ့”
••••••••••••••••••••••••••
မြန်မာများရဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။
ဒီနေ့သည် မြန်မာဗုဒ္ဓဘာသာ၀င်တို့ရဲ့
နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့ပဲ ဖြစ်
ပါတယ်။
ကဆုန်လပြည့်နေ့ဟာ ဘုရားလောင်း သုမေဓာ
ရှင်ရသေ့က ဒီပင်္ကရာမြတ်စွာဘုရားထံမှ
ဘုရားစင်စစ် ဧကန်ဖြစ် လိမ့်မည်ဟု နိယတဗျာဒိတ်ကို
စံတော်မူခြင်း၊ ဘုရားလောင်း ဖွားမြင်တော်မူခြင်း၊
သစ္စာလေးပါးကို သိမြင်ပြီး ဘုရာဖြစ်တော်မူခြင်း၊
မဟာဗောဓိပင်ပေါက်ခြင်းနှင့် ပရိနိဗ္ဗာန်၀င်စံတော်မူခြင်း
ဆိုတဲ့ အလွန်ထူးခြားပြီး ဗုဒ္ဓ၀င်မှတ်တိုင်ကြီးများ
စိုက်ထူခဲ့သော နေ့ထူးနေ့မြတ်ကြီးဆိုလည်း မမှားပါဘူး။
ဗုဒ္ဓဘာသာ၀င် မြန်မာတို့က ကဆုန်လပြည့်နေ့ကို
ဗုဒ္ဓနေ့ဟု သတ်မှတ်ကာ အခါတော်
နေ့ကို တခမ်းတနား ကျင်းပလေ့ ရှိကြပါတယ်။
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အနယ်နယ်မှာ ကျင်းပကြမြဲမို့
ကဆုန်လနဲ့ပတ်သက်သမျှ မှတ်သားစရာလေးတွေ
အနည်းငယ် တင်ပြချင်ပါတယ်။
ကဆုန်လဆိုတာ ဘာသာ သာသနာ ရှုထောင့်က ကြည့်ရင်
အံ့သြစရာကောင်း တဲ့ အဖြစ်သနစ်လေးတွေ
တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့နိုင်ပါတယ်။
“ဗျာဒိတ်, ဖွား, မြင်၊ ဗောဓိပင်၊ စံ၀င် နန်းနိဗ္ဗာန်”
လင်္ကာအရ ဂေါတမဘုရား အလောင်းတော်အဖြစ်နဲ့
သုမေ ဓာရှင်ရသေ့ဘ၀မှာ ဒီပင်္ကရာ မြတ်စွာဘုရားထံတော်မှ
ဘုရားစစ်စစ်၊ ဧကန်ဖြစ်လိမ့်မည်”ဆိုတဲ့
ဗျာဒိတ်တော် ကို ခံယူခဲ့ခြင်း၊ဘုရားအလောင်းတော်
အမိ၀မ်းမှ ဖွားမြင်တော်မူခြင်း၊သစ္စာလေးပါးကို သိမြင်လို့
ဘုရားဖြစ် တော်မူခြင်း၊မဟာဗောဓိပင် ပေါက်ခြင်း၊
ပရိနိဗ္ဗာန် ၀င်စံတော်မူခြင်းဆိုတဲ့ ဗုဒ္ဓနဲ့ပတ်သက်လို့
သာသနာ့မှတ်တိုင် ကြီးများက ဒီကဆုန်လမှာ
ဖြစ်ခဲ့တာမို့ ထူးခြားတဲ့ “လမြတ်ကဆုန်”လို့
တင်စားခေါ်ဆိုကြပါတယ်။
ဒါကြောင့်ပဲ ဗုဒ္ဓနဲ့ ပတ်သက်တဲ့ ရက်မြတ်များ ဆုံစည်းရာ
ကဆုန်လ ရောက်ပြီဆိုရင် ကဆုန်လပြည့် ဗုဒ္ဓနေ့စတဲ့
ပွဲတော်များကို အမွန်အမြတ်ပြုကာ
ကျင်းပပြုလုပ်ကြပါတယ်။
#မာံသုခ
မူရင်းရေးသားသူ အား Credit ပေးပါသည်