Jade Zaw JQ

Jade Zaw JQ Jade story

17/11/2023

# ကျောက်စိမ်း # မှော် #ဖားကန့် #မဟာအောင်မြေ # အချောထည် # ကျောက်သွေး # ကျောက်ဖြတ် #အောင်ကျောက် #အခြေခ.....

16/11/2023

ခန္တီး 22 သိန်းအဝယ်

11/11/2023
Youtube link ပါ ကျောက်စိမ်းအကြောင်း လေ့လာလို့ရပါတယ်အမျိုးတို့ရေ
11/11/2023

Youtube link ပါ ကျောက်စိမ်းအကြောင်း လေ့လာလို့ရပါတယ်အမျိုးတို့ရေ

Myanmar Jadeite Jade

20/10/2023

ကဲ..တင်လိုက်ပြီ 22သိန်းဝယ် ခန္တီးကျောက်
နောက်တစ်နန်းထပ်ဖြတ်

07/10/2023

* နေ့တိုင်းဖတ်ရန် *

(၁) ပြုံးပါ။

(၂) ငြင်းခုံခြင်းအား ရှောင်ရှားပါ။

(၃) တစ်ဖတ်သား၏ အယူအဆကို အလေးဂရုပြုပါ။

(၄) သူတစ်ဦး တစ်ယောက်အား မှားသည်ဟု
ဘယ်တော့မှ တိုက်ရိုက်မပြောပါနှင့်။

(၅) မိမိ အမှားကို လျှင်လျှင်မြန်မြန်
လေးလေးနက်နက် ၀န်ခံပါ။

(၆) ချိုချို သာသာနှင့် စကား စ ပြောပါ။

(၇) တစ်ဖတ်သားက အလျှင်အမြန်
"အင်း" လိုက်အောင် ကြိုးစားပါ။

(၈) တစ်ဖတ်သားကို သူပြောချင်တာ ၀ အောင် ပြောပါစေ။ ( ဂရုတစိုက်နှင့် နားထောင်ပါ )

(၉) တစ်ဖတ်သားအား ပေးချင်သောအကြံသည်
သူ၏ အကြံသာ ဖြစ်သည်ဟု အထင်ရောက်ပါစေ။

(၁၀) ကိုယ်ချင်းစာတတ်အောင် ကြိုးစားပါ။

(၁၁) ရိုးသားစွာ ချီးကျူးပါ (ရက်ရက်ရောရော ရှိပါစေ)

(၁၂) တိုက်ရိုက် သြဇာပေးမည့် အစား
လိုရင်းကိစ္စပြီးစီး စေမည့် မေးခွန်းများ မေးပါ။

(၁၃) တစ်ဖတ်သားကို အပြစ်မပြောမီ
သင်၏ အမှားများကို ဖော်ပြပါ။

(၁၄) သင်လုပ်စေချင်သော အလုပ်ကို တစ်ဖက်သားအား
၀မ်းမြောက် ၀မ်းသာစွာနှင့် လုပ်ချင်အောင် ခိုင်းပါ။

07/10/2023

Tik Tok မှ ကူးယူဖော်ပြခြင်းပါ
ဖြတ်နန်းကျန်ကျောက်

ချွမ်ဘော်လီ လှလိုက်ပါဘိ
06/10/2023

ချွမ်ဘော်လီ လှလိုက်ပါဘိ

ပုတီးလက်ပတ် စမ်းလုပ်ကြည့်ခြင်းပါဘယ်လောက်ရမလဲတော့မသိ
06/10/2023

ပုတီးလက်ပတ် စမ်းလုပ်ကြည့်ခြင်းပါ
ဘယ်လောက်ရမလဲတော့မသိ

မကြာမှီလာမည်
06/10/2023

မကြာမှီလာမည်

30/09/2023
နှစ်ပင်စိုက်ထားတယ်🔥🔥 ကျန်းမာ​ရေးအတွက် စူပါဟင်းတစ်ခွက်...================================ဒီတခေါက် ရေးချင်တာက  ကနေဒါ ကို ရ...
01/09/2023

နှစ်ပင်စိုက်ထားတယ်
🔥🔥 ကျန်းမာ​ရေးအတွက် စူပါဟင်းတစ်ခွက်...
================================

ဒီတခေါက် ရေးချင်တာက ကနေဒါ ကို ရောက် ရောက် ခြင်း ဗီယက်နမ် စူပါမားကတ် မှာ စျေး သွား ဝယ်တော့ ကိုယ်သိတဲ့ အရှေ့ တောင် အာရှ က ထွက်တဲ့ အရွက် တမျိုး ကို တွေ့တော့ အားရဝမ်းသာ နဲ့ သွားကိုင် ကြည့်တာ အခက် ကလေး သုံးလေးငါး ခု ပေါင်းပြီး စီးထားတာကို ကနေဒါ ၆ ဒေါ်လာ ဆို လို့ အမလေး တ ပြီး ပြန် ထား ခဲ့ရတဲ့ အရွက် အ​ကြောင်းလေး ​ပြောချင် လို့ပါ ။ အဲ့ အရွက် ကို ဒီ မှာ superfoods လ်ု့ ခေါ် ကြ ပါတယ်။

လူတယောက် ရဲ့ အသားအရေ အရိုး ဆံပင် ကြွက် သား တွေ သန်မာတောင့်တင်းကျန်းမာ ဖို့ အတွက် အသားဓါတ် လို့ ခေါ် တဲ့ protein ဓါတ်ဟာ အလွန်အရေး ပါတဲ့ အခန်းကနေ ပါဝင်ပါတယ်။

Protein ဆိုတာ ဘာလဲ ဆို ရင် လူ့ခန္ဒာကိုယ် အတွက် အရေးပါသော amino acid များ နဲ့တည် ဆောက် ထား တဲ့chemical ဓါတ်ပေါင်း တခုပါ။ လူ့ ကိုယ်ခန္ဒာ မှာ Protein ဓါတ် ချို့ ယွင်း လာပြီဆို နေမကောင်း ဖြစ် လွယ်မယ်။ အရမ်းဝ လာတာပဲ ဖြစ် ဖြစ် ပိန် သွားတာပဲ ဖြစ် ုဖစ် ဖြစ် လာမယ် ။ ဆံပင်တွေ ပုံမှန်ထက် ပို ကျွတ်လာမယ် ။ အသားအရေ တွေ ခြောက်လာမယ် ။ ကြွက်သားတွေက တင်းတင်းရင်းရင်း မရှိတော့ပဲ ပျော့ပျော့ ကြီးတွေ ဖြစ် လာမယ်။ အ မောမခံနိုင် ဖြစ်လာမယ်။ ဒါဟာ ပရိုတိန်ဒ ဓါတ် လျော့နည်းတဲ့ လက္ခဏာ တွေပါပဲ။ ဒီတော့ ကိုယ်ခန္ဒာ မှာ Proteins ဓါတ် အပြည့်အဝ ရဖို့ အရမ်း အရေး ကြီးပါတယ် ။

Protein ကို ဘယ်က ရ သလဲ ဆို များသော အား ဖြင့် အသား နို့ ကြက်ဥ ပဲအမျိုးမျိုး နဲ့ တချို့ သော အရွက် တွေ ဆီက ရပါတယ်။ ပဲနဲ့ အရွက် တွေ များ ပါ တဲ့ ပရိုတိန်း က amino acids တွေ အများ ကြီး သိပ်မပါ ပါဘူးတဲ့ ။ အသားဓါတ် မှာ ပါတဲ့ proteins က တော့ လူ့ခန္ဒာကိုယ် မှာ လိုအပ်တဲ့ amino acid အားလုံး ပါတယ် လို ဆိုပါတယ်။

ဒါပေမဲ့ မြန်မာ လူမျိုး အများစုဟာ အသားစား နည်းကြ ပါတယ် ။ များသောအားဖြင့် တောင်လို ပုံနေတဲ့ ထမင်းပေါ် မှာ အဆီ တွေ နဲ့ ရွှဲ နေတဲ့ အသားတုံး တ တုံး ၂ တုံး လောက် ကို အနှစ် နဲ့ လူးလက် စား ကြပါတယ်။ ပြောချင်တာက အသားစား နည်းတယ်ပေါ့လေ ။ ပြီးတော့ အသားကလဲ စျေးကြီးတာကို နော်။

Proteins ဓါတ် ပါတဲ့ အရွက် တွေ လဲ ရှိ ပါတယ် ။ ဟင်းနုနွယ်ရွက် ကို ( Proteins) ဓါတ် ကြွယ်ဝတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ ဟင်းနုနွယ် ရွက် ထဲ မှာ ပါတဲ့ Proteins ဓါတ်ဟာ အသားထဲ မှ ပါ တဲ့ Proteins ဓါတ်လို မျိုး လူ့ခန္ဒာကိုယ်က လ်ု အပ် တဲ့ amino acids တွေ အပြည့်အစုံ မပါပါဘူး။ ဒီတော့ Proteins ဓါတ် အ ပြည့်အဝ ရဖို့ အသားက စား ကို စား မှ ဖြစ် မှာ ပေါ့နော်။ ငယ်ငယ်က ဆို အသား သိပ်မစား တော့ အရပ်က သိပ် မထွက် ဘူး။ ပုပု လေး ပေါ့နော် ။ အဲ့တုန်းက လဲ ဗဟုသုတ ဖြစ် မဲ့စာတွေ မဖတ် တာလဲ ပါတာပေါ့နော် ။

ကဲအခု ကောင်းခန်းလာပြီ။ အရွက်တမျိုး တွေ့ထားတယ် ။ အဲ့ဒီအရွက် ကို ဒီ မှာ superfood ဆို ပြီးခေါ်တယ်။ အဲ့အရွက် က အနောက် နိုင်ငံက ထွက် တဲ့ အရွက် မဟုတ်ဘူး ။ အရှေ့ တောင် အာရှ မှာ ပေါက် တဲ့ အလွန်ပေါ တဲ့အရွက် ။ ဒီ မှာ တော့ စျေးကြီး ပေး ပြီး ဝယ်ရတဲ့ အရွက်။

ဒီ အရွက် မှာ proteins က ဟင်းနုနွယ် ရွက် ထက် သုံးဆ တောင် ပို ပါ ပါတယ် ။

ဥနီ ထဲ မှာ ပါ တဲ့ မျက်စိ အားကောင်းစေ သော vitamin A က အရွက် မှာ လေးဆ တောင် ပို ပါပါတယ်။

နောက်ပြီး လူ့ကိုယ်ခန္ဒာ အတွက် မရှိမဖြစ် လို အပ် တဲ့ ပိုတက်ဆီယမ် ကို ငှက်ပျော သီးထဲ မှာ တွေ့ ရပါတယ်။ အဲ့အရွက် မှာ က ငှက်ပျော သီးထဲ မှာ ပါတဲ့ ပိုတက်ဆီယမ် ပါဝင် မှု့ ထက် လေးဆ ပို များ နေ ပါတယ်တဲ့ ။

ဒီက အ နောက် နိုင်ငံတွေ မှာ သာ superfoods ဆိုပြီး နာမည်ကြီး စျေး ကြီး နေတာပါ ။ မန်းလေး က စျေးထဲမယ် လမ်းဘေး မှာ ချ ရောင်းနေ ကြ တာ အသား စျေး ထက်စာ ရင် အလွန် စျေး သက်သာ မယ် လို့ ထင် ပါတယ်။

နောက်တခုက မိခင်လောင်းတွေ နို့ချို မထွက် ရင် လည်း အဲ့ အရွက် ကို ကြို သောက် ရတယ်တဲ့ ။

စျေး မကြီးပဲ အသား ထဲ မှာ ပါ တဲ့ proteins တွေ အကုန်လုံး ရနိုင် မဲ့ အရွက် မလို့ ရှယ် ပါရစေ။ သူ့ အသီးကို လဲ ချဉ်ရည် ချက်စား ကြ ပါတယ်။ သူ့အသီးက ရှည်မျောမျော ကြီးပါ ။

အ်မ် မှာတော့ အမြဲ ဟင်းခါး လုပ်သောက် ပါတယ်။ ကြက်သွန်ဖြူလေး မညက်တညက်ထောင်း ဂျင်းလေး တ ပြား လောက် ထဲ့ ပုဇွန် ခြောက် လေး ခပ် ဆူလာပြီ ဆို ဘူးသီးထည့် ချခါ နီး မှ ရုံးဗဒေသီး နဲ့ အဲ့ အရွက်လေး ကို ခပ် လိုက် ပြီး မှ ငရုတ်ကောင်း လေး ဖြူး ပြီး မီးပိတ်လိုက် ။ အသား တွေ လောက် လဲ စျေး မ ကြီး ပဲ proteins ဓါတ် တွေ အကုန် ပါတဲ့ ဟင်းခါး တခွက် ပါ။

မြန်မာပြည် မှာတော့ စျေး ချို ပြီး အလွန် အာဟာရ ပြည့် တဲ့ အရွက် မို့ ဝယ်စားကြ ပါ နော် ။
_________________________________

Address

Mandalay

Telephone

+959777887558

Website

Alerts

Be the first to know and let us send you an email when Jade Zaw JQ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jade Zaw JQ:

Share