25/11/2023
Happy birthday to me 🎂
မွေးနေ့......
အသက် ၂ဝ ကျော်လာတာနဲ့ ဘဝကြီးက အတော်လေး ပြောင်းလဲသွားတယ်။ Motivated မဖြစ်တဲ့နေ့တွေ ခပ်များများ။ ပျော်စရာလေးတွေ ပိုပိုတိုတောင်းလာပြီး စိတ်ဒဏ်ရာတွေ ပိုကြာရှည်လာခဲ့တယ်။
လုပ်ချင်တာထက် လုပ်သင့်တာ လုပ်နေရတယ်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရ တယ်။
ကမ္ဘာမြေကြီးရဲ့သက်တမ်းနဲ့ယှဥ်ရင်
လူ့ဘဝကသိပ်တိုလွန်းတယ် မဟုတ်လား....
တဖက်သတ်ဆန်တဲ့ ဆက်ဆံရေးတွေကို ရပ်တန့်ပြီး
ကိုယ့်ကိုချစ်တဲ့ လူအနည်းစုလေးနဲ့
လက်ကျန်ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းမယ်.....
ကျန်းမာရေးကို အထူးဂရုစိုက်မယ်.....
တတ်နိုင်သလောက် ကြိုးစားပေးမယ်.....
ဒီလောက်ပါပဲ....
အများကြီးမတွေးတော့ဘူး........
Happy Birthday TO ME
🥰🥰🥰🥰🥰