Smart Kitchen - High Quality Kitchen Ware Shop

Smart Kitchen - High Quality Kitchen Ware Shop cook book

⚠️ ကလေးငယ်များ ကျောင်းအိတ်ထဲ အမြဲပါလာတတ်တဲ့ အလှအပဖြည့်စွက်ဂျယ်လီ (Beauty Jelly) ထုပ်များနှင့် ပတ်သက်၍ မိဘများ သတိပြုရန်မ...
30/05/2026

⚠️ ကလေးငယ်များ ကျောင်းအိတ်ထဲ အမြဲပါလာတတ်တဲ့ အလှအပဖြည့်စွက်ဂျယ်လီ (Beauty Jelly) ထုပ်များနှင့် ပတ်သက်၍ မိဘများ သတိပြုရန်

မင်္ဂလာပါ မိဘများခင်ဗျာ...
လတ်တလော ကျောင်းမှာ ကလေးတော်တော်များများရဲ့ မုန့်စားချိန် ကျောင်းအိတ်တွေကို သတိထားကြည့်မိတဲ့အခါ စုပ်သောက်ရတဲ့ ဂျယ်လီအထုပ်လေးတွေ အမြဲလိုလို ပါလာတာကို တွေ့ရပါတယ်။

အရောင်အသွေးစုံပြီး အရသာလည်းရှိ၊ ကလေးတွေလည်း ကြိုက်ကြသလို မိဘတွေအနေနဲ့လည်း အလွယ်တကူ ဝယ်တိုက်လို့ရတာကြောင့် ထည့်ပေးလိုက်ကြတာ ဖြစ်မှာပါ။

ဒါပေမဲ့ ဒီဂျယ်လီအထုပ် အများစုဟာ ကလေးတွေအတွက် ထုတ်ထားတဲ့ မုန့်မဟုတ်ဘဲ လူကြီးတွေရဲ့ အလှအပနဲ့ ကိုယ်အလေးချိန် ထိန်းညှိဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ အလှအပရေးရာ ဖြည့်စွက်ဂျယ်လီ (Beauty Jelly) တွေ ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် ကလေးတွေရဲ့ ကျန်းမာရေးအတွက် ရေရှည်မှာ ထိခိုက်မှုတွေ ရှိလာနိုင်လို့ မိဘတွေ သိထားသင့်တဲ့ အချက်အချို့ကို မျှဝေပေးချင်ပါတယ်။🙏🏻

ဘာကြောင့် (၅) နှစ်အောက် ကလေးငယ်တွေကို လုံးဝမတိုက်သင့်တာလဲ။🙅🏻

⚠️ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ပြင်းထန်ဓာတ်များ ပါဝင်ခြင်း
⚠️Collagen (ကော်လာဂျင်):လူကြီးတွေ အရေပြားအတွက် သောက်တာဖြစ်ပြီး ကလေးအစာအိမ်က ကောင်းကောင်းမချေဖျက်နိုင်သလို၊ အရေပြားအတွက်လည်း လုံးဝမလိုအပ်သေးပါဘူး။
⚠️L-Glutathione (ဂလူတာ):အသားဖြူဖို့ သုံးတဲ့ဓာတ်ဖြစ်ပြီး ကလေးတွေရဲ့ နုနယ်တဲ့ အသည်းနဲ့ ကျောက်ကပ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။
⚠️L-Carnitine (ကာနီတင်း):လူကြီးတွေ ဝိတ်ချ၊ ကြွက်သားတက်ဖို့ သုံးတာမို့ ကလေးငယ်တွေရဲ့ သဘာဝအတိုင်း ဖွံ့ဖြိုးမှုစနစ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။
⚠️ဗီတာမင် ပမာဏ အလွန်အကျွံဖြစ်ခြင်း:လူကြီးတစ်ယောက်စာ တစ်နေ့တာလိုအပ်ချက် (ဥပမာ- Vitamin C 200%) အထိ ပါဝင်နေတတ်လို့ ကလေးငယ်တွေမှာ ဗီတာမင်အဆိပ်သင့်ပြီး ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။
⚠️ကလေးရဲ့ ကျောက်ကပ်နဲ့ အသည်းကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေခြင်း

ကလေးတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေဟာ အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။ လူကြီးတွေအတွက် တွက်ချက်ထားတဲ့ ပြင်းထန်ဓာတ်တွေနဲ့ ဗီတာမင် ပမာဏ အလွန်အကျွံကို ကလေးရဲ့ ကိုယ်တွင်းစနစ်က စစ်ထုတ်ရတဲ့အခါ ကျောက်ကပ်နဲ့ အသည်းကို အဆမတန် အလုပ်လုပ်ရစေပြီး ထိခိုက်ပျက်စီးလွယ်စေပါတယ်။
🚫သကြားတု (Artificial Sweeteners) အန္တရာယ်
လူကြီးတွေ ဝိတ်မတက်စေဖို့ ကယ်လိုရီ လျှော့ချထားတဲ့ ဒီဂျယ်လီတွေမှာ သကြားတုတွေကို သုံးလေ့ရှိပါတယ်။ သကြားတုတွေဟာ ကလေးတွေရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားတွေကို ပျက်စီးစေပြီး အစာမကြေတာ၊ ဗိုက်ခဏခဏနာတာနဲ့ ဝမ်းပျက်ဝမ်းလျောတာတွေကို ဖြစ်စေနိုင်ပါတယ်။
🚫မတော်တဆ နင်ခြင်း၊ သီးခြင်း ဖြစ်နိုင်ခြင်း
ဒီလိုဂျယ်လီမျိုးဟာ စေးကပ်မှုရှိတဲ့အပြင် အထုပ်ကို စုပ်သောက်ရတဲ့ ပုံစံမျိုး ဖြစ်တာကြောင့် (၅) နှစ်အောက် ကလေးငယ်တွေ မုန့်စားရင်း မတော်တဆ အသက်ရှူလမ်းကြောင်းထဲ ဝင်သွားပြီး နင်တာ၊ အသက်ရှူကျပ်တာမျိုးအထိ အန္တရာယ်ရှိနိုင်ပါတယ်။

💡 မိဘများသို့ မေတ္တာရပ်ခံချက်
ကလေးတွေကို မုန့်ဝယ်ကျွေးတော့မယ်၊ ကျောင်းအိတ်ထဲ ထည့်ပေးလိုက်တော့မယ်ဆိုရင် အထုပ်ပေါ်မှာ Collagen, Glutathione, L-Carnitineစတဲ့ စာသားတွေ ပါ၊ မပါ အမြဲ သတိထား ကြည့်ပေးကြပါ🙏🏻

ကလေးတွေ ဂျယ်လီစားချင်တယ်ဆိုရင် သဘာဝ သစ်သီးဖျော်ရည် စစ်စစ်လေးတွေကို ကျောက်ကျောမှုန့် (Agar-Agar) နဲ့ အိမ်မှာ ကိုယ်တိုင် ကျိုကျွေးတာက အန္တရာယ်လည်းကင်းပြီး အာဟာရလည်း ပိုရစေပါတယ်။

ကလေးငယ်လေးများ ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးထွားဖွံ့ဖြိုးလာနိုင်ဖို့ မိဘများအားလုံး အတူတူ ဂရုစိုက်ပေးကြပါစို့💖

Credit >Original Writer

Credit >> Ori

🇯🇵 Ajinomoto (Made in Japan) ‼️🔹🔹 price - 81000/ ks 🔹🔹✅ Ygn Instock ပါရှင့် ။ဂျပန်နိုင်ငံရဲ့ နည်းပညာနဲ့ စံချိန်စံညွှန်းအ...
10/05/2026

🇯🇵 Ajinomoto (Made in Japan) ‼️

🔹🔹 price - 81000/ ks 🔹🔹

✅ Ygn Instock ပါရှင့် ။

ဂျပန်နိုင်ငံရဲ့ နည်းပညာနဲ့ စံချိန်စံညွှန်းအတိုင်း ထုတ်လုပ်ထားတဲ့ 🇯🇵 Ajinomoto စစ်စစ်ကို
သုံးပြီး တခြား ဟင်းခတ်မှုန့် ဆို လုံးဝမကြိုက်
တော့တဲ့ အိမ်က admin မေမေလို အိမ်ရှင်မတွေအတွက်
Instock ရပါပြီရှင့် 🤗🤗

✅ နည်းနည်းလေးထည့်ရုံနဲ့ ဟင်းရဲ့ မူလအရသာကို ပိုပြီးပေါ်လွင်စေပါတယ်။1 kg ထုပ်မို့
၁ ထုပ်ဆိုရင် အကြာကြီး အသုံးခံပါတယ်နော် ။

✅Japan Domestic Quality စစ်စစ်မို့ စားသုံးသူတွေ 💯 % ယုံကြည်စိတ်ချရတယ်။

✅အရည်အသွေးပိုင်းမှာ စိတ်ချရတဲ့ High Quality ဖြစ်လို့ အိမ်ရှင်မတိုင်း ဆောင်ထားသင့်တဲ့ ပစ္စည်းလေးပါ။

မိသားစုအတွက် အကောင်းဆုံးနဲ့ အသန့်ရှင်းဆုံး အရသာကိုပဲ ကျွေးမွေးချင်တယ်ဆိုရင်တော့ Ajinomoto (💯%Japan Made) လေးကို အခုပဲ မှာယူလိုက်ပါရှင် 🫶🏻🤗

💦 သင်္ကြန်ဆုတောင်း 💦         မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်အချိန်အခါသမယမှာ မြန်မာပြည်သူ ၊ ပြည်သားများအားလုံး စိတ်ချမ်း...
13/04/2026

💦 သင်္ကြန်ဆုတောင်း 💦

မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်အချိန်အခါသမယမှာ မြန်မာပြည်သူ ၊ ပြည်သားများအားလုံး စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာခြင်းများနဲ့တကွ ဘေးဘယာဝေးကွာပြီး လိုအင်ဆန္ဒများအားလုံးပြည့်စုံပါစေကြောင်း
မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့် ။ 🙏🏻🙏🏻🙏🏻


တစ်နိုင်ငံလုံး အရေးပေါ် သတိပြုကြပါ‼️ကမ္ဘာ့ကင်ဆာအဖြစ်ဆုံး (၁၀) နိုင်ငံထဲ မြန်မာပါဝင်လာ - အဓိကတရားခံက မီးဖိုချောင်ထဲမှာတင်...
11/04/2026

တစ်နိုင်ငံလုံး အရေးပေါ် သတိပြုကြပါ‼️

ကမ္ဘာ့ကင်ဆာအဖြစ်ဆုံး (၁၀) နိုင်ငံထဲ မြန်မာပါဝင်လာ - အဓိကတရားခံက မီးဖိုချောင်ထဲမှာတင် ရှိနေတယ်!
မိဘပြည်သူများအားလုံး သတိထားကြဖို့ပါ! ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ

မြန်မာနိုင်ငံဟာ ကင်ဆာရောဂါအဖြစ်ဆုံး ကမ္ဘာ့ထိပ်တန်း (၁၀) နိုင်ငံစာရင်းထဲ ရောက်ရှိသွားပါပြီ။ အဓိကတရားခံကတော့ ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲက "ဓာတုအဆိပ်" တွေပဲ ဖြစ်ပါတယ်။

⚠️ သင့်အိမ်က ဟင်းအိုးထဲမှာ ကင်ဆာတွေ ရှိနေသလား?
လက်ရှိဈေးကွက်ထဲမှာ ဝယ်ယူသူမျက်စိကျအောင် အရောင်တင်ဆေးနဲ့ ဓာတုဆိုးဆေးတွေသုံးထားတဲ့ ဟင်းသီးဟင်းရွက်တွေ၊ နနွင်းမှုန့်နဲ့ ငရုတ်သီးမှုန့်တွေဟာ အစာအိမ်၊ အူမကြီးနဲ့ အသည်းကင်ဆာကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်နေပါတယ်။

🚫 အထူးသတိပြုရမည့် အန္တရာယ်ရှိ စားသောက်ကုန်များ -
နို့မှုန့်နှင့် ကော်ဖီမစ်များ: အိမ်နီးချင်းနိုင်ငံမှ အဝင်များသော နို့မှုန့်အချို့တွင် အကြောဆွဲစေနိုင်သည့် မယ်လမင်းဓာတ် ပါဝင်နေခြင်း။ ကော်ဖီမစ်နှင့် Creamer များကြောင့် ကျောက်ကပ်ပျက်စီးခြင်း၊ ရင်သားကင်ဆာနှင့် အမျိုးသမီးများ မြုံခြင်းအထိ ဖြစ်စေနိုင်ခြင်း။
သက်တမ်းလွန်ပစ္စည်းများ: Expire Date (သက်တမ်းကုန်ရက်စွဲ) ကို မသမာသောနည်းဖြင့် ပြန်ပြင်ပြီး ရောင်းချနေသော မှိုတက်နေသည့် စားသောက်ကုန်များ။
နယ်စပ်ဝင်ကုန်များ: စနစ်တကျ စစ်ဆေးထားခြင်းမရှိဘဲ နယ်စပ်မှ စီးဝင်လာသော ဓာတုဆိုးဆေးပါ အစားအစာများ။

💡 ကင်ဆာဘေးက ဘယ်လိုကာကွယ်မလဲ?
မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ အောက်ပါတို့ကို ရှောင်ကြဉ်ဖို့ အကြံပြုထားပါတယ်။
၁။ ပလတ်စတစ်အိတ်နှင့် တစ်ခါသုံးဖော့ဘူးများ။
၂။ ခြင်ဆေးခွေနှင့် ဖိုက်ဘာပစ္စည်းများ။
၃။ သက်တမ်းကုန်ရက်စွဲကို သေချာစစ်ဆေးပါ (မသင်္ကာပါက ဆိုင်ကိုချက်ချင်းအသိပေးပါ)။
မိမိတို့ရဲ့ မိသားစုဝင်တွေ၊ ကလေးငယ်တွေ ကင်ဆာဘေးက ကင်းဝေးဖို့အတွက် ဒီသတင်းကို အမြန်ဆုံး Share ပြီး သတိပေးလိုက်ကြပါဦး။

ပြည်သူ့ကျန်းမာရေးအတွက် အစဉ်အမြဲ စေတနာရှေ့ထားတင်ဆက်ပေးနေတဲ့ Dr. Zar Ni Zin ဖြစ်ပါတယ်။

Credit > Dr Zar Ni Zin

ကိုယ်အလေးချိန် ပေါင် ၅၀ လောက် ပိုနေလို့ စိတ်ညစ်နေပါသလား❓❓ခေတ်စားနေတဲ့ Ozempic လို ဝိတ်ကျဆေးတွေ ခင်ဗျား မသုံးနိုင်လိူ့ စိ...
09/04/2026

ကိုယ်အလေးချိန် ပေါင် ၅၀ လောက် ပိုနေလို့ စိတ်ညစ်နေပါသလား❓❓

ခေတ်စားနေတဲ့ Ozempic လို ဝိတ်ကျဆေးတွေ ခင်ဗျား မသုံးနိုင်လိူ့ စိတ်မညစ်ပါနဲ့ ❌

ခင်ဗျား တကယ်လုပ်ရမယ့် အရာတွေက ဒါတွေပါ -

👇🏻👇🏻

၁။ တစ်နေ့ကို ခြေလှမ်း ၈,၀၀၀ ကနေ ၁၀,၀၀၀ ကြား လျှောက်ပါ 🚶‍♀️

၂။ ပရိုတင်း (အသားဓာတ်) ၁၀၀ ဂရမ် ပြည့်အောင်စားပါ
🥩

၃။ အမျှင်ဓာတ် (Fiber) ၃၀ ဂရမ် ပါဝင်အောင်စားပါ

၄။ တစ်နေ့တာ သကြားစားသုံးမှုကို ၃၅ ဂရမ်အောက်မှာပဲ ထားပါ

၅။ တစ်ပတ်ကို ၂ ရက် (တစ်ကြိမ်ကို ၄၅ မိနစ်ခန့်) အလေးမပါ

ရှုပ်ထွေးတဲ့ နည်းလမ်းတွေ မရှာပါနဲ့။ ဒီအခြေခံအကျဆုံး အရာတွေကိုပဲ သေချာ ပိုင်နိုင်အောင် လုပ်ပါ။

ခင်ဗျား ဝိတ်ကျဖို့ ဆေးဝါးတွေ မသုံးလည်းရတယ်။
ခင်ဗျား တကယ်လိုအပ်တာက ဇွဲရှိရှိနဲ့ စဉ်ဆက်မပြတ် ဆက်လုပ်သွားဖို့ပါပဲ။
ဒီအချက်တွေကို သေချာလိုက်နာမယ်ဆိုရင် ခန္ဓာကိုယ်က အလိုလို ပြောင်းလဲလာပါလိမ့်မယ်။

လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

Instock ရှိ တစ်ခု /နှစ်ခု လက်ကျန်လေးတွေလက်ကျန် ရှင်းချင်လို့ပါ။ လိုအပ်တာရှိရင် မှာယူနိုင်ပါတယ်ရှင့် 🫶🏻😍
07/04/2026

Instock ရှိ တစ်ခု /နှစ်ခု လက်ကျန်လေးတွေ
လက်ကျန် ရှင်းချင်လို့ပါ။

လိုအပ်တာရှိရင် မှာယူနိုင်ပါတယ်ရှင့် 🫶🏻😍

Lock&Lock- cold cup ( 580 ml ) Double wall မို့ ရေခဲကြောင့် ရေသီးတာမျိုးတွေ မဖြစ်ဘူးနော် ✅ 36000/ ks ✅ instock 5 pcs ရ
06/04/2026

Lock&Lock- cold cup ( 580 ml )

Double wall မို့ ရေခဲကြောင့် ရေသီးတာမျိုးတွေ
မဖြစ်ဘူးနော်

✅ 36000/ ks

✅ instock 5 pcs ရ

Gaabor - USB Digital Weighing Scale ‼️               Germany Brand🇩🇪               ( Instock ) 💥💥 62000/ ks. 💥💥✅အိမ်တိုင...
06/04/2026

Gaabor - USB Digital Weighing Scale ‼️
Germany Brand🇩🇪
( Instock )

💥💥 62000/ ks. 💥💥

✅အိမ်တိုင်း မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေးပေါင်ချိန်စက်လေး ပါရှင့် ။

✅ခလေး သေးသေးကနေ လူကြီး ပေါင်ချိန်
180kg ထိ ချိန်လို့ရတဲ့ စက်လေး နော်

✅Lbs / kg နှစ်မျိုးပြပေးလို့ ကိုယ့်ကြိုက်တာ
ပြောင်းသုံးလို့ရပါတယ်။

✅ဓါတ်ခဲထည့်စရာမလို charging သွင်းပြီးသုံးရတာမို့ အရမ်းအဆင်ပြေပါတယ်။
ပေကြိုးလေး လည်းလက်ဆောင်ထည့်ပေးထားပါတယ်နော်

Tefal - Mix & Move mini Blender ‼️✅ 298000/ ks 💥💥Instock 4set ရောက်ထားပါတယ်။အခုရောက်အခုကုန်မို့ မြန်မြန်နော် 🤗🤗Original ...
06/04/2026

Tefal - Mix & Move mini Blender ‼️

✅ 298000/ ks

💥💥Instock 4set ရောက်ထားပါတယ်။
အခုရောက်အခုကုန်မို့ မြန်မြန်နော် 🤗🤗

Original price B 2050ပါ ရှင့် ။
Sale ချရင်တောင် 2 သိန်းကျော်ပါတယ်။

🔹တစ်ယောက်သောက် ၁ ခွက်ဖျော်စာ
အတွက် သုံးချင်တဲ့သူများအတွက်
အဆင်ပြေတဲ့ size လေးပါ။

🔹Diet လုပ်သူများအတွက် Healthy juice
လေး ဖျော်ရင် ဘူးရှာနေစရာ
မလိုဘူးနော်

🔹အဖုံးလေးပိတ်ပြီး အိတ်ထဲ ထည့်ယူသွား
ရုံပဲ့မို့ အရမ်းအဆင်ပြေပါတယ်ရှင့်

Address

Mandalay
MANDALAY

Telephone

+959256744434

Website

Alerts

Be the first to know and let us send you an email when Smart Kitchen - High Quality Kitchen Ware Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share