Aae's Mom

Aae's Mom Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aae's Mom, Shopping & retail, Mandalay.

ကလေးတွေ ခြေအိတ်ဝတ်ရင် အခိုးပိတ်တယ်ဆိုတာ ဟုတ်ပါသလား?လုံးဝ မဟုတ်ပါဘူးနော်ခြေအိတ်ဝတ်လို့ အခိုးပိတ်ပြီး ဖျားနာတယ် ဆိုတာ Conc...
30/07/2023

ကလေးတွေ ခြေအိတ်ဝတ်ရင်
အခိုးပိတ်တယ်ဆိုတာ ဟုတ်ပါသလား?

လုံးဝ မဟုတ်ပါဘူးနော်
ခြေအိတ်ဝတ်လို့ အခိုးပိတ်ပြီး ဖျားနာတယ် ဆိုတာ
Concept အမှားကြီးပါ။
တကယ်တမ်းက ခြေအိတ် မဝတ်ထားတာနဲ့
ဝတ်ထားတဲ့ ခြေအိတ် ရေစိုတာတွေ ဖြစ်မှ
ကလေးတွေ ဖျားနာနိုင်တာပါ။
ဒါကြောင့် မေမေတို့ အနေနဲ့ အခုလို မိုးရာသီမှာ
ကလေးတွေကို
ခြေထောက်လေး ​နွေးနေအောင်
ခြေအိတ်လေးတွေ ဝတ်ပေးကြဖို့
တိုက်တွန်းလိုက်ပါတယ်နော်❤

*ကလေးရေချိုးပေးခြင်း*မွေးစ ကလေးငယ်တွေဟာ ချပ်ကြွေမှ ရေစချိုးပေးရပါတယ်။အအေးမမိစေရန် မြန်မြန်ရေချိုးပေးဖို့တော့ လိုပါတယ်နော...
25/07/2023

*ကလေးရေချိုးပေးခြင်း*

မွေးစ ကလေးငယ်တွေဟာ ချပ်ကြွေမှ ရေစချိုးပေးရပါတယ်။
အအေးမမိစေရန် မြန်မြန်ရေချိုးပေးဖို့တော့ လိုပါတယ်နော်။
ချိုးပေးတဲ့ ရေဟာလည်း အေးလွန်း ပူလွန်း မဖြစ်ရပါဘူး။
သာမိုမီတာသုံးပြီး ရေကို စစ်ဆေးပါ။
ကလေးချိုးမယ့်ရေ အပူချိန်သည် 37 ဒီဂရီစင်တီဂရိတ်ဝန်းကျင်ဖြစ်ရပါမယ်။ နောက်တစ်နည်းကတော့ ကလေးကို ရေထဲ မထည့်ခင် ရေကို မိမိ လက်ကောက်ဝတ် (သို့မဟုတ်)
တံတောင်ဆစ်အရေပြားဖြင့်လည်း စမ်းသပ်နိုင်ပါတယ်။
မိမိအရေပြား နီလာပါက ကလေးအတွက် ရေသည်
အရမ်း ပူနေပါသေးတယ်။
ရေကို နွေးနွေးလေး ချိုးပေးရင် ကောင်းသော်လည်း
အရမ်းမပူသင့်ပါ။
ကလေးအတွက် မှန်ကန်သော ရေချိုးအပူချိန် ရရှိရန်
ကလေးရေချိုးကန်ထဲတွင် ရေအေးကို ဦးစွာ ထည့်ထားပီးနောက်
ရေနွေးပူပူကို ထည့်ပါ။ ပီးလျှင် ရေအေးကို အနည်းငယ် ပြန်ထည့်ပါ။ ​ရေပိုက်ဖြင့် ထည့်လျှင်လည်း ရေအေးကို ဦးစွာဖွင့်ပီးနောက် ရေနွေးပူပူကို ဖွင့်ပါ။ ရေကို ပိတ်သည့်အခါ ရေနွေးကို အရင်ပိတ်ပါ။ ပီးမှ ရေအေးကို ပိတ်ပါ။
မွေးကင်းစ ကလေးငယ်များကို တစ်ပတ်လျှင် နှစ်ကြိမ်ကနေ
သုံးကြိမ်လောက် ရေချိုးပေးသင့်ပါတယ်။
ခြောက်လပြည့်ပီးသည်နှင့် တစ်ပတ်လျှင် သုံးကြိမ်ကနေ
လေးကြိမ်လောက်ထိ ရေချိုးနိုင်ပါတယ်။
ရာသီဉတု ပူလျှင် နေ့တိုင်းရေချိုးပေးနိုင်ပါတယ်။

* ကလေးရေချိုးနည်းပုံလေးတွေကို comment မှာ
ထည့်ပေးထားပါတယ်။ *

* ကိုယ့်ကလေး ဖျားနာတဲ့ အခါ ကိုယ်ကိုတိုင်က ဆရာဝန်ပါပဲ *ကလေး ဆေးတိုက်ရမယ့် အချိန်တွေမှာလည်း ဆေးဝင်အောင် စိတ်ရှည်ရှည်နဲ့ တိ...
16/07/2023

* ကိုယ့်ကလေး ဖျားနာတဲ့ အခါ ကိုယ်ကိုတိုင်က ဆရာဝန်ပါပဲ *

ကလေး ဆေးတိုက်ရမယ့် အချိန်တွေမှာလည်း
ဆေးဝင်အောင် စိတ်ရှည်ရှည်နဲ့ တိုက်ရတယ်။
ကိုယ်ပူ ၊ မပူလည်း အချိန်တိုင်း စမ်းနေရတယ်။
ညအိပ်ပြီဆိုရင်လည်း ဖြောင့်ဖြောင့် မအိပ်နိုင်ဘူး
အဖျားတတ်လာရင် ရေဝတ်တင်ပေးရတယ်။
ကလေးကိုပဲ အချိန်တိုင်း စမ်းကြည့်ပြီး အမြဲ ဆုတောင်းနေရတယ်။
ဆုတောင်းကတော့ မေမေတွေ တောင်းတဲ့ဆု တစ်ခုထဲ
အတူတူ ဖြစ်မယ်ထင်တယ်---

#ကလေးလေးအမြန်နေကောင်းပါစေပေါ့

ဆုတောင်းရင်းလည်း ပါးစပ်က ပြောနေတဲ့ စကားက
ကိုယ်သာဖြစ်လိုက်ချင်တယ် ဆိုတဲ့ မိခင် မိတ္တာလေးတွေလည်း
အတူတူပဲ ဖြစ်မယ် ထင်ပါတယ်။

'sMom
PhotoCredit

ကလေးကို မနမ်းပါနဲ့ဆိုတဲ့အခါမှာ မျက်နှာပေါ် နမ်းတာတင် မကဘူးလက်ကလေးတွေပါ မနမ်းမိစေဖို့ သတိပြူကြပါ။မမြင်နိုင်တဲ့ ရောဂါပိုးတေ...
14/07/2023

ကလေးကို မနမ်းပါနဲ့ဆိုတဲ့အခါမှာ
မျက်နှာပေါ် နမ်းတာတင် မကဘူး
လက်ကလေးတွေပါ မနမ်းမိစေဖို့ သတိပြူကြပါ။
မမြင်နိုင်တဲ့ ရောဂါပိုးတွေက ကလေးဆီ ရောက်သွားရင်
မတွေးဝံ့စရာပဲ 😩
အရင်ဆုံး ခံစားရမှာလည်း ကိုယ့်ကလေး ကိုယ်တိုင်ပဲ
ပြီးမှ မိဘက ခံစားရမှာ 😥
ကိုယ်မွေးထားတဲ့ ကလေးပဲ အူယားလို့ နမ်းချင်တယ်ဆို
ခြေဖဝါးလေးပဲ နမ်းပါ
ဒါတောင် နမ်းပြီးရင် သေသေချာချာ သန့်ရှင်းရေး ပြန်လုပ်ပေးပါ။
ကိုယ့်တုန်းကလည်း ကလေးလေးရဲ့ ဖောင်းနေတဲ့ ပါးလေးတွေကို နမ်းချင်တာ အရမ်း မြိုသိပ်ထားခဲ့ရတာ
ခြေဖဝါးနုနုလေးတွေပဲ နမ်းရင်း
တစ်နေ့ တစ်နေ့ ဖြတ်သန်းလာတော့
အခုဆို မနက်မိုးလင်းတာနဲ့ ခြေဖဝါးလေးနမ်းဖို့
ခြေထောက်တောင် ထောင်ပေးတတ်နေပြီ 😘
ခြေဖဝါးလေး နမ်းလိုက်ပြီဆိုရင် ပြုံးပြတဲ့
ကလေး မျက်နှာလေး မြင်ရတဲ့ မနက်ခင်းလေးဟာ
တစ်နေ့တာအတွက် ပင်ပန်းမှု့တွေကို
အနိုင်ယူလိုက်နိုင်ပါတယ်နော် ❤

မေတ္တာဖြင့် ချစ်တဲ့ မေမေတွေ ဆီသို့ ❣

'sMom

က​လေးတုပ်ကွေးကလေးလေးတို့ကို ဂရုစိုက်ကြပါနော်အခုလက်ရှိ ကလေးတွေအတော်များများ ရာသီတုပ်ကွေးရောဂါ ခံစားနေရပါတယ်။ ဆရာ ဆောင်ရန်...
12/07/2023

က​လေးတုပ်ကွေး

ကလေးလေးတို့ကို ဂရုစိုက်ကြပါနော်

အခုလက်ရှိ ကလေးတွေအတော်များများ
ရာသီတုပ်ကွေးရောဂါ ခံစားနေရပါတယ်။
ဆရာ ဆောင်ရန်ရှောင်ရန်လေးတွေ
အကျဉ်းချုံးပြောပြမယ်နော်။

- အခုတစ်ခေါက် တုပ်ကွေးပိုးက အတော်ဆိုးတယ်။
ကလေးတွေ အဖျားအရမ်းတက်တယ်။
ကလေးဖျားရင် ရေပတ်တိုက်လို့ရပါတယ်။
ပါရာစီတေမာ တိုက်လို့ရပါတယ်။
ပါရာစီတေမာ ကို ကလေးကိုယ်အလေးချိန်
တစ္ကီလိုဂရမ္ကို (၁၅)မီလီဂရမ် တိုက်ပါတယ်။
တစ်ကီလိုဂရမ်ဟာ ၂.၂ပေါင် နဲ့ညီမျှပါတယ်။
( 1kg = 2.2 lb) ဒီတော့
ဥပမာ ၁၀ကီလိုဂရမ်/ ၂၂ပေါင်
( 10kg = 22lb)ရှိတဲ့ကလေးအတွက် ပါရာစီတေမာ
တစ်ခါတိုက်စာ လိုအပ်ချက်ဟာ ၁၅၀ မီလီဂရမ်
ဖြစ်ပါတယ်။ ပါရာစီတေမာကို ခြောက်နာရီခြားဖြစ်စေ၊
ရှစ်နာရီခြားဖြစ်စေ တိုက်နိုင်ပါတယ်။

- ဒီတစ်ခါ ဖျားကြရင်နှစ်ရက်လောက်တော့
ကြာကြတယ်။ ဆေးခန်းပြတဲ့အခါ
ကြည့်ပေးတဲ့ဆရာက ပိုးသတ်ဆေးပေးကောင်း
ပေးပါလိမ့်မယ်။ ပေးလည်း နှစ်ရက်လောက်တော့
ဖျားနိုင်တာပါပဲ။ ဒါပေမယ့် တစ်ရက်လောက်
အဖ်ားမက်တာကို စိတ်မရှည်ဘဲ
ဆေးခန်းပြောင်းပြရင် ပထမဆရာပေးထားတဲ့
ပိုးသတ်ဆေးက ဆေးပတ်လည်အောင်
မတိုက်ရတဲ့အခါ ဆေးယဉ်သွားပြီးနောက်တစ်ခုခုဆို
တိုက်လို့အာနိသင်မရှိဖြစ်သွားတတ်ပါတယ်။
စိတ်ရှည်ပေးပါ၊ ရောဂါရဲ့သဘော သဘာဝကို
နားလည်ပေးပါ။ Doctor shopping
တစ်ယောက်ပြီးတစ်ယောက်နဲ့ ပြောင်းမပြပါနဲ့။
ကလေးကိုယ်ခံအားကနိုင်လာတဲ့အခါ
အဖျားကျပါလိမ့်မယ်။
အဖျားနှစ်ရက်ကျော်လာပြီဆိုရင်
(အဖျား၄၈နာရီကျော်လာရင်)
သွေးလွန်တုပ်ကွေး သတိရွိပါ။

- အပူတအားကြီးရင်
ရေပတ်ရွှဲနေအောင်တိုက်လို့ ရပါတယ်၊
ရေချိုးချပစ်လို့ရပါတယ်။ မကြောက်ပါနဲ့။
အပူကြီးတဲ့ကလေးကို ရေချိုးရမှာ ကြောက်ကြတယ်၊
ကေလးပိုဆိုးမွာ ကြောက်ကြတယ်ဆိုတာ
နားလည်ပါတယ်။ သေဘာတရားက
အရမ်းပူလွန်းတဲ့အခါ ကလေးတက်မှာစိုးလို့၊
မီးကို ရေနဲ့ ငြိမ်းသလို အရမ်းပူနေတဲ့ခန္ဓာကိုယ်ကို
ရေချိုးပြီး အေးစေတာပါ။ အပူကြီးပြီးမှိန်းသွားမှာ၊
တက်သြားမွာ စိုးလို့ ရေချိုးခိုင်းတာပါ။

- ရေတိုက်ပါ။
ဖျားရင် ရေပိုတိုက်ပါ။
နို့စို့ကလေးဆိုရင် အမေနို့ပိုတိုက်ပါ။
အပူတက်လေလေ ရေဓာတ်ခန်းလေလေပါပဲ။
ခန္ဓာကိုယ်မှာရေ လုံလုံလောက်လောက်ရှိမှ
ကေလး လန်းမှာပါ။ မြန်မြန်ပြန်ကျန်းမာမှာပါ။
ဓာတ်ဆားတိုက်ချင်ရင် တိုက်ပါရပါတယ်။
သီးစုံဓာတ်ဆား၊ အားကစားသမားဓာတ်ဆား
မတိုက်သင့်ပါ။
ကလေးဓာတ်ဆားဖြစ်စေ၊ အငန်ဓာတ်ဆားဖြစ်စေ၊
အငန္ဓာတ်ဆားကို အရသာရှိရုံလး flavor ထည့်ထားတဲ့ ဓာတ်ဆားဖြစ်စေတိုက်လို့ရပါတယ်။

- ဒီတစ်ခေါက်အဖျားမှာ ကလေးတွေအတော်လေး
အစားအသောက်ပျက်တယ်။ ရသလောက်လေး
သူတို့စားချင်တာလေးတွေ တည့်တာလေးတွေ
ကျွေးပေးပါ။ နေကောင်းပြီး သုံးလေးရက်နေရင်
ပြန်စားလာပါလိမ့်မယ်။ ဒီမတိုင်ခင်ကတော့
အစားအသောက်ပျက်မှာပါပဲ။ ကြိုးစားကျွေးပါ။

ဆရာထပ်မှာပါမယ်။ တစ်ရက်နဲ့အဖျားမကျလို့
စိတ်ပူပြီး ပိုးသတ်ဆေးတွေ ကိုယ့်သဘောနဲ့ကိုယ်
တိုက္တာ၊ ဆေးပြင်းတွေနင်းကန်တိုက်တာ
မလုပ်ပါနဲ့။
ခန္ဓာကိုယ်ကပြန်ပြီးကုသမယ့်အချိန်ကိုစောင့်ပါ၊
မှိန်းလွန်းရင် ကိုယ်ပြနေကျဆရာဝန်ကို
ကိုယ်ယုံတယ်ဆိုရင် သူနဲ့ဆက်တိုင်ပင်ပြီးပြန်ပြပါ။
ရေများများတိုက်မယ်၊ အာဟာရရှိတာလေးတွေ
ဆက်ကျွေးမယ်။
အအေးမပတ်အောင်ထားကြမယ်နော်။

ကျန်းမာကြပါစေ။ ဆရာဆုတောင်းပေးပါတယ်။

crd
Dr. စိုင်းမြတ်သူ

သမီးတွေရဲ့ အချစ်ဦးက အဖေဆိုရင်💙သားတွေရဲ့ အချစ်ဦးက မေမေနော်❤
10/07/2023

သမီးတွေရဲ့ အချစ်ဦးက အဖေဆိုရင်💙

သားတွေရဲ့ အချစ်ဦးက မေမေနော်❤

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Aae's Mom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share