Ohara Book Island

Ohara Book Island စာပေမြင့်မှ လူမျိုးမြင့်မည်�

မီ  တဲ့။    မီ...မီ...မီ့ကို မမြင်ဖူးခင်ကတည်းက သည်နာမည်ကလေးကို ဘယ်လောက် ဘယ်လောက်များ တ ရ ပါလိမ့်။   ပထမတော့ နာမည်ကလေး ဆန...
06/06/2022

မီ တဲ့။
မီ...မီ...မီ့ကို မမြင်ဖူးခင်ကတည်းက သည်နာမည်ကလေးကို ဘယ်လောက် ဘယ်လောက်များ တ ရ ပါလိမ့်။
ပထမတော့ နာမည်ကလေး ဆန်းဆန်းမို့ ခေါ်ကောင်းကောင်းနှင့် ခေါ်မိသည်။
နောက်တော့ ယောက်ျားတစ်ယောက်ကို ပေါ့ပေါ့ကလေး သေစေနိုင်သူမို့ ၊ နောက်တော့ ဘယ်သူ့ကိုမှမရလျှင် သူ့အမြီးသူ ပြန်ခဲတတ်သည့် ကျားနာလို ရက်စက်သူမို့...။
ဦးသော်ဆွေ

မီဟာ ကျွန်တော်နဲ့ သွားချင်ရာသွားနေတာပဲ။
ကျွန်တော့်ကိုခေါ်ပုံကလည်း လေးတဲ့ဗျာ။
ကျွန်တော်က ချစ်တယ် ချစ်တယ် ပြောချင်သလောက် မီ ပြုံးနေတယ်...
ဒါပေမယ့် မီ ခေါင်းခါတယ်...ပြီးရင်
"မီ မချစ်နိုင်ပါဘူး မမုန်းနိုင်ပါဘူး"လို့ အပြီးပိတ်ပြောတယ်...။
"ဘာဖြစ်လို့ မချစ်တာလဲ မေးဦးမလား... မီက မချစ်လို့ပေါ့"
လို့ ဖြေမယ်...။
မောင်ကိုလေး

ကြည်အေး
မီ

"လက်ထပ်ဖို့ထိ ပြင်ဆင်ထားပြီးမှ ဘာလို့ လမ်းခွဲတာလဲ" တဲ့။သိက္ခာတစ်ခုအတွက်နဲ့ ဘဝကြီးကို မျက်ရည်လောကထဲ ထိုးနှစ်ရလောက်အောင်အထ...
05/06/2022

"လက်ထပ်ဖို့ထိ ပြင်ဆင်ထားပြီးမှ ဘာလို့ လမ်းခွဲတာလဲ" တဲ့။

သိက္ခာတစ်ခုအတွက်နဲ့ ဘဝကြီးကို မျက်ရည်လောကထဲ ထိုးနှစ်ရလောက်အောင်အထိ ကျွန်မ သတ္တိမရှိဘူးလေ။
မချစ်ဘူးမဟုတ်ဘူး။ချစ်လို့ပဲ လူသိရှင်ကြား တွဲခဲ့တာ။လမ်းခွဲလိုက်ရင် မိန်းခလေးဘက်က နစ်နာတယ်ဆိုတာ သိတယ်။ဒါပေမယ့် အကြာကြီးတွဲပြီးမှ
ပြတ်သွားကြတာလား ဆိုတဲ့ ဝေဖန်သံတွေ ထက်
ဒီလူနဲ့တစ်ဘဝလုံးနေမိရင် ဒူးနဲ့မျက်ရည်သုတ်နေရမယ့် ဒုက္ခ ကို ပိုကြောက်လို့ပါ.....။

လောကမှာ...မုန်းစရာအကောင်းဆုံး ယောက်ျားဟာ
မိန်းမနှစ်ယောက်ကြား ပျာများနေရတဲ့ သူမျိုးပဲ။
ဒီလို ယောက်ျားမျိုးကို ပြတ်ပြတ်သားသားကျောခိုင်းဖို့ ဆုံးဖြတ်ရဲတာဟာ တလွဲမာနမဟုတ်ဘူး။
တန်ဖိုးရှိတဲ့မိန်းမတစ်ယောက်မှာ ရှိကိုရှိရမယ့် ဘဝနဲ့ သိက္ခာတရားပဲ.....။

သက်ထားခင်(THK)
အမှီကင်းတဲ့ပန်းကလေး

ဒီစာအုပ်လေးကတော့ ကိုယ့်အပေါ် သစ္စာမဲ့တဲ့ချစ်သူကို ပတ်ဝန်းကျင်ရဲ့ဝေဖန်ခံရမှာ ကြောက်လို့ မစွန့်လွှတ်ရဲတဲ့ သူတွေအတွက် ခွန်အားလေးဖြစ်မယ်လို့ ယုံကြည်ပါတယ်။
Officiallyတွဲခဲ့တဲ့ ချစ်သူပဲဖြစ်ဖြစ် Living togetherနေမိခဲ့တဲ့ ချစ်သူပဲဖြစ်ဖြစ် သူ ကိုယ့်အပေါ် မနှစ်သက် တန်ဖိုးမထားတော့ရင် လမ်းခွဲသင့်ပါတယ်။
တကယ်တော့ ကိုယ့်ရဲ့ တန်ဖိုးဆိုတာ ကိုယ့်ရဲ့ အတိတ်ကအမှားကို မေ့ပစ်ပြီး အနာဂတ်မှာ ကိုယ့်ကိုယ်ကို တန်ဖိုးထားနိုင်ခြင်းပါပဲ.....။
Let the person who betrayed me go away.

Address

Mandalay

Telephone

+959454807828

Website

Alerts

Be the first to know and let us send you an email when Ohara Book Island posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category