08/11/2021
'မကြာမီ ကာလအတွင်း တန်ဆောင်တိုင်လပြည်နေ့ ကျရောက်လာတော့မည် ဖြစ်ပါသည်။
တန်ဆောင်တိုင်လပြည့်နေ့ညတွင် ပံသကူ ပစ်ကာ ကုသိုလ်ပြုသည့်ဓလေ့မှာ လွန်စွာ ချစ်စရာကောင်းသလို အလှူခံရော အလှူရှင်ရော ပီတိဖြစ်ရတဲ့ အလှူဖြစ်ပါသည်။
ယခုကာလသည် ပြည်တွင်းစစ်မက် ဖြစ်ပွါးနေသော ကာလ ဖြစ်ပါသည်။ သိုဖြစ်ပါ၍ မိမိတို ပံသကူ အလှူများကို အများပြည်သူ မြင်သာသော အိတ်အကြည်များဖြင့်သာ ထည့်သွင်း ပစျကွဖျု အတွင်းရှိ ပစ္စည်းမမြင်ရသော အိတ်မဲများ စက္ကူအိတ်များ အခြားသော အတွင်းပစ္စည်း မမြင်ရသော အရာများနှင့် ထည့်သွင်းကာ ပံသကူပစ်ခြင်းမပြုပါရန် အလေးအနက် သတိပေးအပ်ပါသည်။
ပံသကူ ကောက်သော ပြည်သူများအနေဖြင့် အတွင်းရှိ ပစ္စည်းအား ထင်သာ မြင်သာ မရှိပါက အဆိုပါ အထုပ်များကို ကောက်ယူစမ်းစမ်းခြင်းမပြုပါရန် သတိပေးအပ်ပါသည်။
အကြမ်းဖက်အဖွဲလက်ပါးစေများသည် ပြည်သူနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများ အကြား အထင်မြင်လွဲအောင် ၊ တော်လှန်ရေး ပုံရိပ်ပျက်ပြားအောင် လုပ်လာနိုင်သည်ကို သတိပြုပါ။
အကြမ်းဖက်အဖွဲ ခေါင်းဆောင် ကိုယ်တိုင်က ကျွန်တော် မလုပ်ရဲတာ ဘာမှမရှိဟု တချိန်က ဟစ်ကြွေးခဲ့သည်ကို သတိချပ်ပါ။
'