Seikku thit

Seikku thit စာအုပ်က စကားမပြောတတ်ပေမယ့်
စာအုပ်ကကိုယ့်ဘဝ အလင်းရောင်ပေးနိုင်တာဖြစ်လို့
စာဖတ်ပါမိတ်ဆွေ📖💡

ယနေ့ထွက်ရှိသောစာအုပ်များနှင့် ပြန်လည်ရရှိသောစာအုပ်များ📚   thit
15/01/2025

ယနေ့ထွက်ရှိသောစာအုပ်များနှင့် ပြန်လည်ရရှိသောစာအုပ်များ📚
thit

ဆရာမရဲ့ အသစ်ထွက်ထားတဲ့ စာအုပ်​​​လေး✌"လောကကြီးမှာ ချစ်ရုံသက်သက်ရေစက်တွေလည်း ရှိတတ်တာကိုလက်ခံပေးပါ"“ဖမ်းမဆုပ်နိုင်ဘဲ လက်ကမ...
15/01/2025

ဆရာမရဲ့ အသစ်ထွက်ထားတဲ့ စာအုပ်​​​လေး✌

"လောကကြီးမှာ ချစ်ရုံသက်သက်ရေစက်တွေလည်း ရှိတတ်တာကိုလက်ခံပေးပါ"

“ဖမ်းမဆုပ်နိုင်ဘဲ လက်ကမ်းခဲ့မိတဲ့အတွက် ခွင့်လွှတ်ပါ ၊ ဒီအချိန်ထိ စောင့်နေပေးလို့ ကျေးဇူးတင်ပါတယ် "

“စောင့်နေခဲ့တဲ့ကာလတစ်လျှောက်လုံးကို အဓိပ္ပါယ်ရှိစေခဲ့တဲ့အတွက် ကျုပ်ကလည်း ကျေးဇူးတင်ပါတယ် ။ ရှေ့မတိုးနိုင်ဘဲ ခြေလှမ်းပြင်ခဲ့မိတဲ့အတွက် ကျုပ်ကိုလည်း ခွင့်လွှတ်ပါ”
#ပုညခင်
#နောက်ဆုံးနက္ခတ်
crd
thit

"ပန်းမခူးရ"သည်ဆိုင်းဘုတ်လေးတွေကတော့သူ့နေရာမှာသူ တာဝန်ကျေစွာ ရှိနေကြသည်။မိမိက တံချူကို မြှောက်ကိုင်ခဲ့ဖူးသည်။ဒါပေမယ့် တံခ...
15/01/2025

"ပန်းမခူးရ"

သည်ဆိုင်းဘုတ်လေးတွေကတော့
သူ့နေရာမှာသူ တာဝန်ကျေစွာ ရှိနေကြသည်။

မိမိက တံချူကို မြှောက်ကိုင်ခဲ့ဖူးသည်။
ဒါပေမယ့် တံချူကို မြေမှာပြန်ချထားခဲ့သည်။
မိမိက စာဖတ်တတ်သည်။

ခြားနားထားသောစည်းကိုမကျော်မိခဲ့ပါ။

- တက္ကသိုလ်ဘုန်းနိုင်
thit

စာအုပ်တွေ အများကြီး ထွက်ရှိထားပါတယ်ရှင့်။
02/01/2025

စာအုပ်တွေ အများကြီး ထွက်ရှိထားပါတယ်ရှင့်။

ဒီစာအုပ်လေးတွေလည်း ထွက်ရှိထားပါတယ်ရှင့်။
02/01/2025

ဒီစာအုပ်လေးတွေလည်း ထွက်ရှိထားပါတယ်ရှင့်။

စာအုပ်သစ်တွေ ထွက်ရှိပါတယ်ရှင့်။
02/01/2025

စာအုပ်သစ်တွေ ထွက်ရှိပါတယ်ရှင့်။

ယနေ့ ထွက်ရှိသော စာအုပ်တွေပါရှင့်။
02/01/2025

ယနေ့ ထွက်ရှိသော စာအုပ်တွေပါရှင့်။

တိမ်ပန်းချီ လုံးချင်းဝတ္ထုရှည်ဟမ်စိုင်း (ဆေး-မန်း)တန်ဖိုး - ကျပ် ၁၀၀၀၀* * * * * * * * * * *လေတွေ လာရင် တိမ်ပန်းချီတွေက ပ...
30/12/2024

တိမ်ပန်းချီ လုံးချင်းဝတ္ထုရှည်

ဟမ်စိုင်း (ဆေး-မန်း)

တန်ဖိုး - ကျပ် ၁၀၀၀၀
* * * * * * * * * * *

လေတွေ လာရင် တိမ်ပန်းချီတွေက ပျောက်ကွယ်သွားတော့မှာ။ တိမ်တွေက ကောင်းကင်မှာ အကြာကြီး လှပပြီး မနေနိုင်ပါဘူး။ ပန်းချီ ကြည့်နေတုန်း လှပတဲ့ အတိတ်တိမ်တွေက လေနှင်ရာ မျောပါသွားကြတယ်။

တိမ်ပန်းချီ တဖြစ်လဲ ကြယ်စင် ဆိုတဲ့ မိန်းကလေး တစ်ဦးရဲ့ ဘဝကို ကယ်တင်မယ် ဆိုပြီး ရဲရဲဝံ့ဝံ့ လက်တွဲရဲခဲ့သလောက် ဆရာဝန်ပေါက်စ သူ့လက်တွေ့ဘဝကို ရင်ဆိုင်ကြတဲ့အခါ ပြောင်းလဲသွားတဲ့ ဝေယံဦး။ အိမ်ထောင်ရေးဟာ မိန်းမတစ်ယောက်ရဲ့ ဘဝကို လူသားဆန်မှု၊ ရဲရင့်မှု၊ နိမ့်ပါးခဲ့တဲ့ အတိတ်ရဲ့ အားနည်းချက်မှုတွေကို ကြံ့ကြံ့ခံ ကျော်ဖြတ်ခဲ့ရလေသော တိမ်ပန်းချီ။ မသူဇာ ဆိုသော တတိယဇာတ်ကောင်ကြောင့် ဒေါက်တာ ဝေယံဦး ပြောင်းလဲသွားပြီးနောက် တစ်လင်တစ်မယားဥပဒေနဲ့ ယနေ့ခေတ်ရဲ့ သရုပ်တစ်ခု။

တိမ်ပန်းချီ ဝတ္ထုက ဖြစ်ရပ်မှန် ၃ ခုကို အခြေခံပြီး ရေးထားတဲ့ ဝတ္ထုပါ။

စာအုပ်လေး ဝယ်ယူလို့ရပါပြီရှင့်။

ငွေရှိမှ ဖြစ်မယ် (ငွေရှာနည်း သီအိုရီ)(၁) ကိုယ့်ဆီ ဝင်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ ။ (၂) ကိုယ့်ဆီ ဝင်လာသ...
18/12/2024

ငွေရှိမှ ဖြစ်မယ် (ငွေရှာနည်း သီအိုရီ)

(၁) ကိုယ့်ဆီ ဝင်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ ။

(၂) ကိုယ့်ဆီ ဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲ သုံးစွဲပါ ။ ငွေဝင်မယ့် လမ်းကြောင်းကို သိထားဖို့လိုသလို ထွက်တဲ့ လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ် ။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုတယ် ။
အဲဒီလို မဟုတ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမယ် ။

(၃) ငွေတွေကို သက်မဲ့လို့ သဘောမထားရပါဘူး ။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့်နေရာတွေကို ပို့ရမယ် ။ နွားတွေ ၊ ကြက်တွေ အုပ်စုလိုက် မွေးသလိုပါပဲ ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ ၊ ဥတွေ ဥကြ ၊ အကောင်တွေ ထပ်ပွားတာပေါ့ ။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားပေါ့ ။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ် ။ အင်အား မရှိတော့ဘူး ။

(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး ။ မြတ်ချင်မြတ် ရှုံးချင်ရှုံးဆိုတဲ့ သဘောမျိုးမလုပ်ရဘူး ။ သေချာတာလောက်ကိုပဲ လုပ်ရမယ် ။ မြတ်ရင်တော့ အများကြီးမြတ်မယ် ၊ ရှုံးရင်ကုန်သွားမယ် ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး ။ မပိုင်တဲ့အလုပ် မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြုပ်နှံမှုမှ မလုပ်ရဘူး ။ (သူများပြောတာကို မယုံနဲ့ ကိုယ့် မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ)

(၅) အိမ်ငှားမနေနဲ့ ၊ အိမ်ပိုင်ဖြစ်အောင်လုပ် ၊ ကြိုးစား ၊ ဆိုင်မငှားနဲ့ အပိုင်ဖြစ်အောင် ကြိုးစား ။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ် ။ စိတ်လည်းရှုပ်ရတယ် ။ သေးတာ ကြီးတာ ပဓာနမဟုတ်ဘူး ။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ ။ အဲဒီအပေါက်ဟာ ငွေအထွက်ဆုံး ပဲ ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်တွေအတွက် ပြင်ဆင်မှုတွေ လုပ်ရမယ် ။ (မတ်တတ်စာပဲရှိတယ် ၊ တုံးလုံးစာမရှိဘူးလို့ မပြောရအောင် ပြင်ဆင်ထားပါ)

(၇) ကြိုးစားမှုကို ဘယ်တော့မှမလျှော့နဲ့ ။ (အားပေးတဲ့ဖောက်သည်တို့ ၊ အားပေးတဲ့ ပရိတ်သတ်တို့ဆိုတာ စိတ်ချရတာမျိုး မဟုတ်ဘူး ။ ကိုယ့်ထက်တော်တဲ့ ၊ ကောင်းတဲ့လူရှိရင် အဲဒီကိုသွားကြမှာ

ခုခေတ်မှာ လူတိုင်းက လူမှုဆက်ဆံရေးနဲ့ ဈေးကွက်စီးပွားရေးကို နားလည်နေကြပြီ ။ ဒါကြောင့် ကြိုးစားပါ ။ ခေတ်ကို လေ့လာပါ ။ ကိုယ်က ဘယ်အလုပ်ကိုပဲ လုပ်လုပ် သူများနဲ့ ရင်ဘောင်တန်းနိုင်မှ အောင်မြင်တဲ့စီးပွားရေးကို ရမှာပါ ။

'အပူစာ' လို့ ခေါင်းစဉ်တပ်ရတဲ့ အကြောင်းကလည်း ဒီစာအုပ်ထဲက စာတွေက အေးမြတဲ့ အကြည်ဓာတ်မျိုးပေးနိုင်တဲ့ ပေါ့ပေါ့ပါးပါးစာတွေ မဟ...
03/12/2024

'အပူစာ' လို့ ခေါင်းစဉ်တပ်ရတဲ့
အကြောင်းကလည်း ဒီစာအုပ်ထဲက စာတွေက
အေးမြတဲ့ အကြည်ဓာတ်မျိုးပေးနိုင်တဲ့
ပေါ့ပေါ့ပါးပါးစာတွေ မဟုတ်ဘဲ စာရဲ့
သိပ်သည်းဆက လေးကောင်းလေးနေပါလိမ့်မယ်။

ဖတ်ပြီးရင်လည်း ဒီအတိုင်း ပစ်ထားတာမျိုး
မဟုတ်ဘဲ စေ့စေ့တွေးကြည့်သင့်တဲ့
ခေါင်းစဉ်တွေဖြစ်တာကြောင့် ဦးနှောက်ကို
အနားပေးပြီး မျက်လုံးလေးစဉ်းပြီး
အိပ်ခါနီးအချိန်မျိုးမှာတော့ လုံး၀ကို
ဖတ်လို့မကောင်းတဲ့ စာအမျိုးအစားပါ။

ဒီစာအုပ်မှာ စာဖတ်သူတို့အတွက်
'ဘာတွေလုပ်လိုက်ပါ၊ ညာတွေလုပ်လိုက်ပါ'
ဆိုတဲ့ Technique တွေ မပါပါဘူး။
လိုက်နာကျင့်သုံးရမယ့် အချက်အလက်တွေ
တစ်ခုမှ ပါမနေပါဘူး။
ခေါင်းစဉ်အားလုံးက ဖတ်ပြီးရင်
တွေးစရာတွေနဲ့ချည်း ပြည့်နေမှာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့တစ်သက်လုံး
လက်ကိုင်ပြုလာတဲ့ အတွေးအခေါ် အမှားတွေနဲ့၊
အမှားကို အမှန်လို့ ထင်နေတဲ့ logic တချို့ကို
ထောက်ပြဆွေးနွေးထားတဲ့ စာအမျိုးအစား
ဖြစ်တာကြောင့် 'အပူစာ'လို့
ခေါင်းစဉ်တပ်ဖြစ်ခဲ့ပါတယ်။

☀️အပူစာ☀️
- Minn Khent (Pyay) -

တန်ဖိုး -5000ks

မှာယူနိုင်ပါတယ် ရှင် ❤

ဝယ်ယူလို့ရပါပြီရှင့် ။7000 Ks
27/11/2024

ဝယ်ယူလို့ရပါပြီရှင့် ။
7000 Ks

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Seikku thit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category