HTET YATI Soap

HTET YATI Soap Htet Yati အဝတ်လျှော် & ပန်းကန်ဆေး ဆပ်ပြာဆီ

16.08.2020 ပြည်ပခရီးသွား ရာဇဝင်မရှိတဲ့ အားလုံး သတိဝရိယ ရှိကြပါ…
16/08/2020

16.08.2020 ပြည်ပခရီးသွား ရာဇဝင်မရှိတဲ့
အားလုံး သတိဝရိယ ရှိကြပါ…

စနစ်သစ် ပညာရေးအကြောင်းGrade  10,11,12 သုံးနှစ်လုံးမှာ Grade A ရမှ ကိုယ်နှစ်သက်တဲ့တက္ကသိုလ်ကိုရွေးချယ်လို့ရမှာဖြစ်ပြီး Gra...
15/08/2020

စနစ်သစ် ပညာရေးအကြောင်း

Grade
10,
11,
12 သုံးနှစ်လုံးမှာ
Grade
A ရမှ
ကိုယ်နှစ်သက်တဲ့တက္ကသိုလ်ကို
ရွေးချယ်လို့ရမှာဖြစ်ပြီး
Grade
B,C ရတဲ့သူက
သတ်မှတ်ထားတဲ့ တက္ကသိုလ်သာဝင်ခွင့်ရမှာပါ

#စနစ်သစ်ပညာရေးအကြောင်း
ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ
၂၀၂၀_၂၀၂၁ ပညာသင်နှစ်
Grade 10 (ဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ
၂၀၂၁_၂၀၂၂ ပညာသင်နှစ်
Grade 11 (ဧကဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ
၂၀၂၂_၂၀၂၃ ပညာသင်နှစ်
Grade 12 (ဒွာဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ နှင့်
နိုင်ငံတော်အစိုးရစစ်စာမေးပွဲစာမေးပွဲနှစ်ခုရှိပါသည်။

Grade 12
ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက
သင်ယူပြီးမြောက်ကြောင်းလက်မှတ် ရရှိမည်ဖြစ်ပါသည်။
ထိုလက်မှတ်ဖြင့်
ကောလိပ်များ၊
Instituteများ
(ပညာရေးကောလိပ်၊GTI အစရှိသဖြင့်)
ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
သို့သော်
၂၀၂၃ ခုနှစ် မတ်လတွင်ကျင်းပပြုလုပ်သည့်
နိုင်ငံတော်အဆင့် အစိုးရစစ်စာမေးပွဲသည်သာ
University များတက်ရောက်ခွင့်ရရှိမည့်
Grade အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်ပါသည်။
ထိုရလဒ် Grade အနေအထားအပေါ်မူတည်ပြီးမှသာ
တက္ကသိုလ်များကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
ထိုစာမေးပွဲတွင်
Grade A ရထားသောကလေးသည်
နှစ်သက်သလို
တက္ကသိုလ်များကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သော်လည်း၊
Grade B,C အစရှိသဖြင့် ရသောကလေးများသည်
ထို Grade များကိုလက်ခံဖြေဆိုခွင့်ပြုသော
တက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။
Grade များသည်လည်း
ဘာသာရပ် တိုင်းအတွက်ကောင်းရန်မလိုပါ။
မိမိ အဓိက ရွေးချယ်မည့်
တက္ကသိုလ်တစ်ခုကိုတော့ ကို
G10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။
ဥပမာ။ ။ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင်
English၊
Physics၊
Chemistry၊
Biology
လေးဘာသာ၏ Grade ကိုသာကြည့်၍
ဝင်ခွင့်ဖြေဆိုခွင့်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ပြီး၊
Engineering နှင့်
IT တက္ကသိုလ်များအတွက်ဆိုလျှင်
English၊
Math၊
Physics၊
Chemistry လေးဘာသာ၏
Grade များကိုသာ ကြည့်မည်ဖြစ်ပါသည်။
ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့
တက္ကသိုလ် ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။
၁၂ တန်း အစိုးရစစ် စာမေးပွဲကြီးတွင်
(၆)ဘာသာ သာဖြေဆိုရပါမည်။
General Science ၊
Social Science ဘာသာရပ်များ ဖြေရန်မလိုပါ။
ရှင်းအောင်ပြောရရင်
(၂ဘာသာ/၃ဘာသာ)ပေါင်းစည်းထားသော ဘာသာရပ်များ
စာမေးပွဲဖြေဆိုရန်မလိုအပ်ပါ။
မှတ်ချက်။ ။၁၂တန်းမှာ Grade လည်း
ကောင်းဖို့လိုသလို တက္ကသိုလ်ဝင်ခွင့်ဖြေရာမှာ
အဆင်ပြေ အောင်မြင်စေဖို့
G(10,11,12 )သုံးနှစ်စာသင်ခန်းစာတွေကိုလည်း
ကျွမ်းကျင်ခဲ့ဖို့လိုပါတယ်။
* Grade ကောင်းရုံနဲ့လည်း
တက္ကသိုလ်တက်ခွင့်ရမှာမဟုတ်ပါဘူး
ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရမှာဖြစ်ပြီး
ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ။

:to original writer

ခြေဖဝါး အပူထုတ် အဆိပ်ထုတ်ဆေးကပ်ခွာ ၆ ဘူး ~ ၆၀၀၀ ကျပ် ( ၁ လစာ )( မြန်မာနိုင်ငံရှိမည်သည့်မြို့မဆို စာတိုက်ကနေ ပစ္စည်းရောက်ေ...
27/07/2020

ခြေဖဝါး အပူထုတ် အဆိပ်ထုတ်ဆေးကပ်ခွာ
၆ ဘူး ~ ၆၀၀၀ ကျပ် ( ၁ လစာ )

( မြန်မာနိုင်ငံရှိမည်သည့်မြို့မဆို စာတိုက်ကနေ ပစ္စည်းရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးနေပါပြီ )

🎎ဂျပန်ရိုးရာ ဆေးနည်းတစ်ခုဖြစ်ပြီး သဘာဝဆေးဝါး
ကို နှစ်သက်ကြသော အာရှနိုင်ငံများဖြစ်သည့် ကိုရီးယား၊
ထိုင်း၊ တိဗက်၊ တရုတ်၊ ဂျပန်၊ စင်္ကာပူတို့တွင်ပါယုံကြည်
စွာသုံးစွဲနေကြပါသည်။

🍃သဘာဝ သစ်မြစ်သစ်ဖုများဖြင့် စနစ်တကျဖော်စပ်ထား
ပြီး ညအိပ်ခါနီး ခြေဖဝါးကို ပြောင်စင်အောင်ဆေးကြော၍
ဆေးထုပ်လေး၏ စာမပါသည့်ဘက်ကို ခြေဖဝါးအလယ်
တွင်တင်၊အပေါ်မှ အသင့်ပါလာသော ပလာစတာကပ်ခွာ
လေးကပ်ပြီးအိပ်လိုက်ပါကမနက်အိပ်ရာထလျှင်ခန္ဓာကိုယ်တွင်းရှိ အပူအပုပ်များ၊အဆိပ်အတောက်များလျော့ပါး
ကင်းစင်သွားပါလိမ့်မည်၎င်းဆေးထုပ်မှာလည်းမည်းနက်သွား၍ ခွာပြီး လွှင့်ပစ်လိုက်ရပါသည်။

🐒၇ရက် ၁ပတ်ခန့် ဆက်တိုက် အပူထုတ်ပေးပါကသိသိ
သာသာ ပေါ့ပါးလန်းဆန်းလာပြီး သွေးတိုးခြင်း၊ဇက်ကြော
တက်ခြင်း၊အပူအပုပ်များ၍ မျက်စိပူခြင်း၊လည်ချောင်း
နာခြင်း၊ကိုယ်လက်ကိုက်ခဲခြင်း၊ကျောက်ကပ်မကောင်း၍
ဖောယောင်ခြင်း၊ဘွတ်ဖိနပ်ဝတ်လျှင်ခြေထောက်မှအနံ့
ဆိုးထွက်ခြင်းတို့ကိုသိသိသာသာလျော့ပါး ပျောက်ကင်း
စေပါသည်။

🛀ဆေးဘူး၁ဘူးလျှင် ဆေး၁၀ထုပ်နှင့် ကပ်ခွာ ၁၀ခုပါ
ရှိပြီး ၅ရက်စာ ခြေဖဝါး၂ဖက်ကပ်နိုင်ပါသည်။ညအိပ်ခါနီး
သာ ကပ်ရပါသည်။ နေ့ဘက် မကပ်ရပါ။

🍀စတင်ကပ်ခါစ ၂ရက် ၃ရက်တွင် ခြေဖဝါးမှအပူအပုပ်
များ အဆိပ်ဓာတ်များ စုပ်ထုတ်ပေးခြင်းကြောင့်ပုရွက်
ဆိတ်တက်သလို ယားစိစိဖြစ်တတ်ပါသည်။၁ပတ်ကျော်
လျှင် နေသားတကျ ဖြစ်သွားပါလိမ့်မည်။

#ပစ္စည်းမှာယူရန်
~ပစ္စည်းမှာယူလိုပါက
အမည် / ဖုန်းနံပါတ် / လိပ်စာ အတိအကျ ကို Page ရဲ့
Massage Box တွင် အပြည့်အစုံရေး၍မှာယူပေးပါရှင့်။

~ပစ္စည်းမှာယူရာတွင် မြန်ဆန်စေရန်ဆိုင်ဖုန်းနံပါတ်များ
သို့ဆက်သွယ်မှာယူပါက ပိုမိုမြန်ဆန်စေပါတယ်။

Ph_09796461788
Ph_09796461823
Ph_09259090108

🔎 အကယ်၍ ယခုအချိန် မလိုအပ်သေးလို့ စိတ်မ၀င်စားပါကလည်း နောက်တစ်ချိန် လိုအပ်လာသည့် အခါတွင် အလွယ်တကူ ဆက်သွယ်ဝယ်ယူနိုင်ရန်၊ မိတ်ဆွေ အပေါင်းအသင်းများ လိုအပ်သည့်အခါ လမ်းညွှန် နိုင်ရန် မိမိ၏ wall တွင် post
ကို share ခြင်းဖြင့် သိမ်းဆည်း ထားနိုင်ပါသည်။

ထက်ရတီ  "အဝတ်လျှော်&ပန်းကန်ဆေး "ဆပ်ပြာဆီမှ5liter ဗူးကြီးများလည်း ထုတ်လုပ်ရောင်းချ  လျှက်ရှိပါသည်………ဝယ်ယူအားပေးသုံးစွဲကြေ...
19/07/2020

ထက်ရတီ

"အဝတ်လျှော်&ပန်းကန်ဆေး "ဆပ်ပြာဆီမှ

5liter ဗူးကြီးများလည်း
ထုတ်လုပ်ရောင်းချ လျှက်ရှိပါသည်………

ဝယ်ယူအားပေးသုံးစွဲကြသော Customers များအား
အထူးကျေးဇူးတင်ရှိပါသည်...

5Liter ___ဗူးကြီး (၁) ဗူး 5000Ks

ဆက်သွယ်ရန်____09796461778/09796461823

ကျွန်တော့မှာ ပိုက်ဆံ သိန်းသုံးရာရှိရင် သိန်းနှစ်ရာပဲ ထုတ်ရင်းတယ်တစ်ရာက မတော်တဆ ရှုံးသွားခဲ့ရင် ပြန်ရင်းဖို့အရင်းအနှီးအနေ...
16/07/2020

ကျွန်တော့မှာ ပိုက်ဆံ သိန်းသုံးရာရှိရင်
သိန်းနှစ်ရာပဲ ထုတ်ရင်းတယ်

တစ်ရာက မတော်တဆ ရှုံးသွားခဲ့ရင် ပြန်ရင်းဖို့
အရင်းအနှီးအနေနဲ့ ချန်ထားတယ်

ငါ့ဂိုဒေါင်က ကုန်ချိန် ခြောက်သောင်းဆန့်ရင်
လေးသောင်းပဲထည့်တယ်
နှစ်သောင်းက ကြိုက်ဈေးရရင်ထပ်ထည့်ဖို့ ချန်ထားတယ်

ဘာကြောင့်လဲဆိုတော့
ငါက ဆင်းရဲသားဘဝကနေတက်လာတာ
ငါ့မှာရှိသမျှပုံအောပြီး လုပ်လိုက်လို့
မတော်တဆ ရှုံးသွားခဲ့ရင် ဆင်းရဲတဲ့ဘဝကို ငါပြန်ရောက်သွားမှာ
ကြောက်တယ်တဲ့

သူပြောတဲ့စကားနဲ့ ကျနော့အဖေပြောတဲ့ စကားနဲ့
သွားတူနေတယ်

ငါ့သား အလုပ် လုပ်ရင် ရေကာတာစီမံကိန်းနဲ့
လုပ်ရတယ်ကွ

ရေကာတာစီမံကိန်းဆိုတာက

ကုန်ထမ်းသမားတစ်ယောက်ဟာ
အချိန်သုံးဆယ်ကို ထမ်းနိုင်တဲ့အားရှိရင်
အချိန်နှစ်ဆယ်ပဲ ထမ်းသင့်တယ်

ဘာကြောင့်လဲဆိုတော့
မတော်တဆ ခြေချော်လဲရင် ကိုယ့်ကိုယ်ကို ပြန်ထောက်နိုင်ဖို့
အားကျန်နေသေးတယ်

အချိန်သုံးဆယ် နိုင်တဲ့လူက
အချိန်သုံးဆယ်ဝိတ်ကြီးကို ထမ်းထားလို့
မတော်တဆ ချော်လဲလို့ကတော့ သွားပြီ
ပြန်ထနိုင်ဖို့ မလွယ်တော့ဘူး

ကျနော် မြင်ရသလောက်လဲ

အလုပ် လုပ်ရင်
ပရမ်းပတာ သူဌေးဖြစ်ခွေးဖြစ် ရှိသမျှပုံအောပြီး လုပ်တဲ့လူတွေ
ပြုတ်သွားကြတာများတယ်

စေ့စေ့စပ်စပ်နဲ့ ချင့်ချင့်ချိန်ချိန် လုပ်တဲ့လူတွေပဲ
အောင်မြင်သွားကြတာ များတယ်

အရမ်းကြီးမအောင်မြင်ရင်တောင်မှ
အမှားနည်းတယ်ပေါ့ဗျာ

စစ်မှန်တဲ့ အောင်မြင်မှုဆိုတာက
နေ့ချင်းညချင်း ဝုန်းကနဲ လုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး

တစ်ဆင့်ချင်းတစ်ဆင့် ဖြည်းဖြည်းချင်း
တည်ဆောက်ယူရတဲ့အရာပါ

ဘာကြောင့် ဒီစကားပြောရလဲဆိုတော့

ကျနော်တို့လို လူငယ်တွေတော်တော်များများက
အရမ်းအောင်မြင်ချင်ကြတယ်

အဲ့မှာ ဆန္ဒတွေစော လောဘတွေကြီးပြီး
အမှားတွေကို လုပ်မိတော့တာပါပဲ

အမှန်က
ခေါင်းအေးအေးထားပြီး
တည်တည်ငြိမ်ငြိမ် ချင့်ချင့်ချိန်ချိန်လေးနဲ့
ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ချီတက်ရင်

ပန်းတိုင်ကို မုချမသွေရောက်ပါတယ်

ဆပ်ပြာသည်လင်ပျောက်သလိုမျိုး
ပျာယာမခပ်ဖို့ လောဘမကြီးဖို့ ဆန္ဒတွေမစောဖို့တော့
လိုပါတယ်

crd

30/06/2020

Ks 20000 ကျပ် မှစ၍ ရင်းကာ
20%😲 အထိအမြတ်ရမယ့်
မန်းတလေးမြို့ ကိုယ်စားလှယ်တော်များ
ဖိတ်ခေါ်လျက်ရှိပါတယ်ခင်ဗျာ
Htet Yati Soap
မှထုတ်လုပ် ဖြန့်ဖြူး ရောင်းချ လျက်ရှိသော

*ထက်ရတီ*

အမှတ်တံဆိပ်ပါ အဝတ်လျှော်&ပန်းကန်ဆေး ဆပ်ပြာမှာ

👉အဝတ်အထည်များ ချေးချွတ်အား ကောင်းခြင်း
👉လက်ဆေးဆပ်ပြာအဖြစ် အသုံးပြုနိုင်ခြင်း
👉လက်အသားအရေ ထိခိုက်မှုမရှိခြင်း
👉အိုးခွက်ပန်ကန်ဆေးရာတွင် အသုံးပြုနိုင်ခြင်း
👉လူတန်းစားမရွေးသုံးစွဲနိုင်အောင် ချိုသာသည့်ဈေးနှုန်း

စသည့်ဂုဏ်သတ္တိများဖြင့် ဈေးကွက်အတွင်းသို့
ဝင်ရောက်လာနိင်ခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ

လက်တွဲဆောင်ရွက် လိုတဲ့ မိတ်ဆွေတို့အား
နွေးထွေးပျူငှာစွာကြိုဆိုလျက်ပါ

ဆက်သွယ်ရန် ……
Ph09796461788/09796461823
,PatheinGyi Township,Nyaungpintha

24/06/2020

ပေါ်က ဒို့မိတ်ဆွေတွေဟင်းချက်ရောင်းကျတယ်ကိုယ်ပိုင်ကားနဲ့ လုံးချင်းနဲ့ နေနိုင်သူတွေချည်းပဲ သူတို့ ရဲ့ အချိန်ကို အလဟသတ်မဖြစ်အောင်အကျိုးရှိရှိ သုံးတယ်လို့ပဲ မြင် တယ်
FB ပေါ်က ဆယ်လီ တချို့
#တစ်နှစ်ကို သိန်း(၁) ထောင်အထက် ရှာနိုင်ကြသလို ...အာလူးနဲ့ ကြက်သွန်ပွဲရုံက ကောင်လေးတစ်ယောက်လည်း
တစ်နှစ်ကို သိန်းထောင်ချီ ရှာနိုင်ကြတယ် ။

တချို့ အွန်လိုင်း ဈေးသည်တချို့လည်း
တစ်လကို သိန်း (၃၀ ) ကျော် ရှာနိုင်ကြတယ် ။
ပိုက်ဆံကို အလုအယက် ရှာနေကြတဲ့ခေတ်မှာ သမရိုးကျရုံးတက်လိုက် ရုံးဆင်းလိုက်နဲ့ ဘဝကြီး မပြောင်းလဲဘူး ..။

#အိမ်ရောက်ရင်တစ်ခုခုထပ်လုပ်ဖို့ကြိုးစားကြည့်ပါ •

တချို့ အနုပညာရှင်တွေ ဈေးရောင်းနေတာကို ကြည့်ပြီး လူတချို့က စားစရာမရှိလို့ ဈေးထရောင်းနေကြတယ် ထင်နေကြတယ် ။ နာမည်ရှိတဲ့အချိန်မှာ ပိုက်ဆံကို အလုအယက် ရှာကြတဲ့ သဘောပါ ။ လူတချို့က ကျွန်တော်တို့ထက် အခြေအနေ အများကြီး သာနေတယ် ။ ဒါပေမဲ့ အသေအလဲ ကြိုးစားနေကြတယ် ။ ခေတ်ရေစီးကြောင်းအရ မြန်မာလည်း ထိုင်းလို ဖြစ်လာပြီ ။ ဈေးတွေအပြိုင်အဆိုင် ရောင်းနေကြသလို
ပိုက်ဆံကိုလည်း အလုအယက် ရှာနေကြတယ် ။ ကိုဗစ်ကြောင့် ငတ်လို့ လုပ်နေကြတာ မဟုတ်ဘူး ။ ကိုဗစ် ပီးသွားလည်း ဈေးရောင်း နေကြဦးမှာပဲ ...။ ရတဲ့နည်းနဲ့ ပိုက်ဆံ ရှာနေကြဦးမှာပဲ ။

ကိုဗစ်နဲ့အတူ ခေတ်ကောင်းဘက်ကို ပြန်ရွေ့လျားလာတော့မှာပါ ။ ကိုဗစ်ကြောင့် အလုပ်မဖြစ်တော့ဘူးလို့ ထင်ရင် techanic ပြောင်းပါ ။ ငွေဝင်တဲ့သူက တရဟော ဝင်နေတယ် ။ အမေစု ပြောသလိုပေါ့ ။ ကိုဗစ်ကြားမှာ စီးပွားရေး သိပ်မယိုင်သွားဘူးတဲ့ ။ တကယ်တော့ ယိုင်တော့ ယိုင်သွားတယ် ။ ဒါပေမဲ့ လူတချို့က တက်သွားတယ် ။ ဥပမာ food panda တို့လို .. City Mart တို့လိုပေါ့ ။ နောက်တစ်ခုက online shop တွေပေါ့ ။

အဆင်မပြေတဲ့လူတွေ ရှိသလို ၊ အဆင်ပြေတဲ့လူတွေလည်း အများကြီးရှိတယ် ။ လူတချို့က ဖုံးကွယ်ထားကြတယ် ။ ငယ်ငယ်တုန်းက စာမေးပွဲဖြေတဲ့အခါ သူငယ်ချင်းတချို့ကို မေးကြည့် ။ ဖြေနိုင်လားဆိုရင် မဖြေနိုင်ဘူး ညည်းပြကြတယ် ။ အမှတ်ထွက်လာမှ ဂုဏ်ထူးတွေ တစ်သီကြီး ။ လူတွေကလည်း အဲလိုပဲ ။ မပြေဘူးပြောပေမယ့် ပြေနေတဲ့လူတွေလည်း အများကြီး ။ ဒါကြောင့် အမြင်တစ်ခုနဲ့ မဆုံးဖြတ်ပါနဲ့ ။ အဆင်မပြေတဲ့လူတွေက မပြေဘူးလို့ ညည်းသံထွက်ပေမယ့် အဆင်ပြေနေတဲ့ လူတချို့က အသံတိတ်နေကြတယ် ။

ဘန်ကောက်တွေ သွားတဲ့အခါ ဘန်ကောက်က လူတွေ ဘယ်လို တက်ကြွပြီး အလုပ် လုပ်နေကြသလဲဆိုတာ တွေ့တယ်မလား ။ ရန်ကုန်လည်း အဲလိုအလား တဖြည်းဖြည်းနဲ့ ဖြစ်လာလိမ့်မယ် ။ Facebook သုံးပြီး ဟိုလူရဲ့ အခွီ video ကြည့်လိုက် ၊ ဟိုလူ့ရဲ့ troll တာကို ကြည့်လိုက်နဲ့ အပျင်းမဖြေပါနဲ့ ။ လုပ်စရာတွေ အများကြီးရှိတယ် ။ ခေတ်အရွေ့မှာ လိုက်ရွေ့ပါ ။ ခေတ်အရွေ့က အရမ်းမြန်တယ် ။ အမီလိုက်ဖို့ ပြင်ဆင်ပါ ။ အရင်လို ဆက်သွားကြည့်လိုက် ။ ကျရှုံးဖို့က ပိုများတယ် ။ ဆန်းသစ် တီထွင် ကြိုးစားကြည့်ပါ ။ ကြိုးစားကြည့်ပါ ။

#ပိုက်ဆံရှာဖို့အတွက်_မရှက်ပါနဲ့ ။
#ပိုက်ဆံမရှာတတ်မှ_ရှက်စရာနော် #ကြိုးစားပါ #ပြောင်းလဲကြည့်ပါ ။ ခေတ်အရွေ့မှာ အမီလိုက်ရွေ့နိုင်ကြပါစေ ...။

Credit #

ဝယ်ယူအားပေး သုံးစွဲကြသော Customers များသုံးစွဲရာမှာ အဆင္​ပြေကြောင်း ကြားသိရတဲ့အတွက်     *Htet Yati ဆပ်ပြာဆီ * မှဝမ်းသာ ပ...
18/06/2020

ဝယ်ယူအားပေး သုံးစွဲကြသော Customers များ
သုံးစွဲရာမှာ အဆင္​ပြေကြောင်း ကြားသိရတဲ့အတွက်
*Htet Yati ဆပ်ပြာဆီ * မှ
ဝမ်းသာ ပီတိဖစ်မိပါကြောင်း …
ဝယ်ယူအားပေးကြသော
Customers တျောက်ဆီတိုင်းကို
ကျေးဇူးအထူးတင်ရှိပါသည်………

Htet Yati အဝတ်လျှော် & ပန်းကန်ဆေး ဆပ်ပြာဆီ
ြည့်ပါ 1ဗူး 1000ks
လက်လီ/လက်ကား မှာယူနိင်ပါသည်

Contacts__09796461788/09796461823

“လူတစ်ယောက်ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရားများ”   (သိထားသင့်တယ်နော်)ဟားဗတ်တက္ကသိုလ်က သုတေသန တစ်ခုပြုခဲ့ပါတယ်။ လူတစ်ယောက...
16/06/2020

“လူတစ်ယောက်ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရားများ” (သိထားသင့်တယ်နော်)

ဟားဗတ်တက္ကသိုလ်က သုတေသန တစ်ခုပြုခဲ့ပါတယ်။ လူတစ်ယောက် ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရားများဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ချီတုံချတုံ ဖြစ်ခြင်း ( ၁၃ % )

ဘာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲ၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာလုပ်ရင် ကောင်းနိုးနိုး၊ ဒီဟာလုပ်ရင် ကောင်းနိုးနိုးနဲ့ အချိန်ကုန် အသက်ကြီးသွားတဲ့ လူများတစ်ပုံကြီးပါ။

မှားမှာကြောက်လို့၊ ဆုံးရူံးမှာ ကြောက်လို့ ဆိုတဲ့ စိတ်မျိုးဟာ ချီတုံချတုံကို ဖြစ်ပေါ် စေပါတယ်။ ဘယ်အရာမဆို ၁၀၀% သေချာမှ လုပ်မယ်ဆိုရင် အခွင့်အရေး အဲဒီနေရာမှာ မရှိတော့ပါဘူး။

၂။ အချိန်ဆွဲခြင်း ( ၉%)

လုပ်မယ်၊ လုပ်မယ်၊ မနက်ဖန်စမယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖန်ဖြစ်နေရင် အလုပ်မဖြစ်တော့ပါဘူး။ ခဏမှလုပ်မယ်။ နက်ဖန်မှ လုပ်မယ်။

နောက်တစ်ပတ်မှ စလိုက်မယ် ဆိုတဲ့ အကျင့်မျိုးဟာ လူတစ်ယောက် ကျရူံးစေတဲ့ အဓိက အကြောင်းအရာထဲမှာ ပါပါတယ်။

၃။ ကောက်ရိုးမီး အကျင့် ( ၈%)

ဘာပဲလုပ်လုပ် အစပဲကောင်းပြီး အဆုံးမရှိတာမျိုး၊ စာတစ်အုပ်ဖတ်တော့မယ်လို့ သေသေချာချာ ဆုံးဖြတ်ပြီး ပထမပိုင်း ၁၀ မျက်နာတောင် ပြီးအောင် မဖတ်ရူ့ နိုင်တဲ့ အကျင့်မျိုး ဖြစ်ပါတယ်။

သိပ်ဝနေပြီ၊ ဝိတ်ချတော့မယ်။ အစတုန်းကတော့ ဟုတ်မလိုလိုပဲ၊ နောင်တော့ အဖျားရှူးသွားတယ်။ ချလေဝလေ ဖြစ်သွားတယ်။ လုပ်ငန်းတစ်ခု စလုပ်တယ်။

အစတော့ အားတက်တရော၊ စိတ်ရောကိုယ်ပါ ကြိုးစားပါတယ်။ အလုပ်တောင် ကောင်းကောင်းမဖြစ်သေးဘူး၊ အဖျားရှူးသွားတာမျိုးကို ဆိုလိုပါတယ်။

၎။ သူများငြင်းဆိုမူကို ကြောက်ရွှံ့ ခြင်း ( ၇%)

ကိုယ်ချစ်မိတဲ့သူ ငြင်းဆိုမှာ ကြောက်လို့ ရည်းစားစကားမပြောရဲတဲ့လူဟာ ကိုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲရတတ်ပါတယ်။

အလုပ်အကိုင်၊ အခွင့်အရေးတွေလည်း ဒီလိုပါပဲ။ ကိုယ်စတောင် မစရသေးဘူး၊ သူများငြင်းဆိုမယ် ဆိုတာကို စိုးရိမ်နေရင် ဘယ်တော့မှ မစဖြစ်တော့ပါဘူး။

၅။ မိမိကိုယ်မိမိ ဘောင်ခတ်ခြင်း ( ၆% )

ဆိုပါစို့၊ ဒီအလုပ်ဟာ အလုပ်ဖြစ်နိုင်တယ်။ လုပ်ကိုင်ဖို့ အခွင့်အရေး လည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ ဂုဏ်ကို ငှဲ့လို့ မလုပ်ဖြစ်တဲ့လူတွေ အများကြီးတွေ့ဖူးပါတယ်။

ဒါ ဂုဏ်ငယ်မှာကြောက်လို့ ကိုယ့်ဘောင်ကို ကိုယ်ပြန်ခတ်မိတာဖြစ်တယ်။ ဟိုအလုပ် မလုပ်နိုင်ဘူး၊ ဘာကြောင့်၊ ဒီအလုပ်မလုပ်ချင်ဘူး၊ ဘာကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကို ဘောင်ခတ်တာ အများကြီးရှိပါသေးတယ်။

၆။ အဖြစ်မှန်ကို ရင်မဆိုင်လိုခြင်း ( ၇%)

လက်တွေ့မကျတဲ့လူကို ဆိုလိုတာပါ။ စိတ်ကူးယာဉ်ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယာဉ်ထဲမှာပဲ ကျေနပ်နေတတ်တဲ့ လူစားမျိုးကို ဆိုလိုတာပါ။ ဘာမဆို အလကားလိုချင်တယ်။

အလုပ်ကောင်းအောင်ထက် ကံကောင်းအောင်ပဲ အားထုတ်နေတတ်တယ်။ အချိန်ရှိတိုင်း ထီပဲပေါက်နေချင်တယ်။ နေ့ချင်းညချင်း ချမ်းသာချင်တယ်။

ရ။ ဆင်ခြေများလွန်းခြင်း ( ၂၂ % )

ဆင်ခြေများလွန်းခြင်း၊ အကြောင်းပြချက် များလွန်းခြင်း ဟာ ဘဝဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင်ပါဝင်ပါတယ်။ သူတို့ဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်တတ်ပါ။

ဘာပဲ အားနည်းချက်တွေ့တွေ့ သူတို့မှာ အကြောင်းပြချက် အပြည့်အစုံ အမြဲရှိနေတတ်တယ်။ လုပ်ဖေါ်ကိုင်ဘက်ကြောင့်၊ အလုပ်ရှင်ကြောင့်၊ ခေတ်စနစ်ကြေင့်၊ မိဘများကြောင့်၊ သူငယ်ချင်းကြောင့်၊ အစိုးရ ကြောင့်၊ သူတို့ဆုံးရူံးရတယ်လို့ပဲ သူတို့ ယူဆကြပါတယ်။ သူတို့ကိုသူတို့ ဘယ်သောအခါမှ မစမ်းစစ်ပါ။

၈။ သင်ယူရန် ငြင်းဆန်ခြင်း ( ၁၁ % )

သင်ယူတယ်ဆိုတာ ပင်ပမ်းရပါတယ်။ အားထုတ်ရပါတယ်။ ဦးနောက်သုံးရပါတယ်။

သူတို့ဟာ ဘာပဲလုပ်လုပ်၊ ဘယ်မှာပဲလုပ်လုပ်၊ အလုပ်ကို ပြီးအောင်သာလုပ်ပါတယ်။ ဝတ်ကျေတန်းကျေ လုပ်ပါတယ်။ အပြစ်တင်လွတ်အောင်သာ လုပ်ပါတယ်။

ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာ သူတို့ မသိကြပါ။ သိရင်လည်း မလုပ်လိုကြပါ။ အလုပ်အားရင် သက်တောင့်သက်သာနဲ့ လက်ကိုင်ဖုန်း ဆော့နေကြပါတယ်။ လ္ဘက်ရည်ဆိုင် ထိုင်ကြပါတယ်။ စကားပြောနေကြပါတယ်။
Credit Original

Htet Yati Soap page Like&Share

ရိုးရိုးသားသားနဲ့ကြိုးစားပြီး အောင်မြင်မှု့တွေရယူနိုင်ကြပါစေဖြူဖြူထွေးကိုကြည့်ပြီး စဉ်းစားမိတယ်။ အမှတ်တမဲ့ နဲ့ ဘာမှ မဟုတ...
16/06/2020

ရိုးရိုးသားသားနဲ့ကြိုးစားပြီး အောင်မြင်မှု့တွေရယူနိုင်ကြပါစေ

ဖြူဖြူထွေးကိုကြည့်ပြီး စဉ်းစားမိတယ်။ အမှတ်တမဲ့ နဲ့ ဘာမှ မဟုတ်ဘူး ထင်ရတဲ့ သူတစ်ယောက်က ကြောက်ခမန်းလိလိ အောင်မြင်လာတယ်။ သူ့ရဲ့ ပေ့ခ်ျ ကို ကြည့်လိုက်တာ Followers က (၃)သန်း ကိုးသိန်းကျော်တယ်။

Follower က ထားပါအုံး တင်လိုက်တဲ့ ပို့စ်တိုင်း like လုပ်ကြတာကလည်း 100K အထက်မှာပဲ အမြဲရှိတယ်။ တနေ့က တင်ထားတဲ့ ပိုက်ဆံတွေ ဝေတယ်ဆိုတဲ့ ပို့စ်က Like ပေးတဲ့သူက 1M (တစ်သန်း) နား ကပ်နေပြီ။ Followers (၉)သန်းကျော်တဲ့ နာမည်ကြီး စိုင်းစိုင်းတို့ K က ဆယ်ဂဏန်းပဲရှိတယ်။

အေးသောင်းတို့ ကိုလည်း ချန်ထားခဲ့ပြီ။ 20 K အထက်ကို မတက်လာတော့ဘူး။ ဟိုတစ်ယောက်ဆို အကုန်ချွတ်ကုန်ပြီ

ဖြူဖြူထွေးဘာလို့ အောင်မြင်လဲ စဉ်းစားကြည့်တယ်။ တခြား ဘာမှ အများကြီး ချီးကျူးစရာ မတွေ့ဘူး။ တစ်ခု ပဲ တွေ့တယ်။ သိပ်ရိုးသားပွင့်လင်းပြီး ဟန်ဆောင်မှုကင်းတယ်။

ဒါလေး သွားတွေ့တယ်။ ဘာလေး လုပ်လုပ် ရိုးသားမှု ရှိရမယ် ဆိုတာလေးကို ဖြူဖြူထွေးက အလုပ်နဲ့သက်သေပြနေတယ်။ ဒါကြောင့်လည်း သူ့ကို စီးပွါးရေးကုမ္ပဏီတွေက ဖြူဖြူထွေးဘက်ကို လှည့်လာကုန်တယ်။ ဖြူဖြူထွေး ရိုက်ချင်သလို ရိုက်၊ လုပ်ချင်သလို လုပ် ဆိုတဲ့သဘောမျိုးနဲ့သူ့အိမ်ကို နေ့တိုင်း ပစ္စည်းတွေ လာချနေကြတယ်။

ဟိုကလည်း လှူတယ်။ ဝေတယ်။ မနားတမ်းပဲ။ ကုသိုလ်ပေးခြင်း ရဲ့ အကျိုးရော၊ ရယူလိုမှု လောဘကို ထိန်းထားနိုင်သလို၊ အောင်မြင်မှုကို သာယာမနေ ဘဲ ရိုးရိုးရှင်းရှင်းလေးပဲ ဖြတ်သန်းနေတာ သိပ်ချစ်စရာကောင်းတယ်။

ဒါကိုကြည့်ရင် လောကမှာ ဘာတွေ ဘယ်လိုအောင်မြင်မြင်၊ ကိုယ်တက်လာခဲ့တဲ့ ဘဝ လေး အတိုင်း ပြန်နေတတ်ဖို့လိုတယ်။ ကမ္ဘာ့သူဌေးကြီးတွေဖြစ်တဲ့ ဘီလ်ဂိတ် (Bill Gates, မိုက်ခရိုဆောဖ့်) တို့ မာ့ခ်ဇူခါဘတ် Mark Zuckerberg, Facebook) တို့ ဟာ ရိုးရိုးရှင်းရှင်းလေးပဲ ဘဝကို ဖြတ်သန်းနေကြတယ်။ သူတို့ အောင်မြင်မှုကလည်း ကမ္ဘာပျက်ရင်တောင် ကျန်နေခဲ့မယ့် အောင်မြင်မှုမျိုး။

တကယ်တော့ အောင်မြင်မှုအစစ်ဆိုတာ အများအတွက် တစ်ခုခု ရိုးရိုးသားသားနဲ့ အကျိုးဖြစ်နေတဲ့ အလုပ်ပါပဲ။

မဆစ်ပါနဲ့~~~~~~~~~~ကိုယ့်အဖေလည်းပြောဖူးတယ်..ထုံးတို့မီးသွေးတို့မျှစ်တို့များဘယ်တော့မှဈေးမဆစ်ပါနဲ့သမီးရယ်.တဲ့.မဝယ်နိုင်ရ...
09/06/2020

မဆစ်ပါနဲ့
~~~~~~~~~~
ကိုယ့်အဖေလည်းပြောဖူးတယ်..
ထုံးတို့မီးသွေးတို့မျှစ်တို့များ
ဘယ်တော့မှဈေးမဆစ်ပါနဲ့သမီးရယ်.တဲ့.
မဝယ်နိုင်ရင်မဝယ်ပဲနေလိုက်ပါတဲ့..
ထုံးဖုတ်မီးသွေးဖုတ်အလုပ်ဆိုတာ
ပူပူလောင်လောင်နဲ့ လုပ်ကိုင်ရလို့..
သိပ်ပင်ပန်းဆင်းရဲတာ..
ကိုယ်ချင်းစာပါသမီးရယ်တဲ့..

"မဆစ်နဲ့"

မောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ပက်သက်လို့
ဖေဖေ့စိတ်ထဲမှာစွဲသွားတာလေးတခုက
"မဆစ်နဲ့" ဆိုတဲ့ စကားလေး သမီးရဲ့။

ဟုတ်တယ် သူပြောဖူးတယ်......
" မဆစ်နဲ့"လို့။

ခရီးတစ်ခုတော့ ခရီးတခုပဲ သမီးရဲ့။

မကွေးဘက်လား၊ မုံရွာဘက်လား၊
ဒါမှမဟုတ် မတ္တရာဘက်လား၊
ဖေဖေ
ကောင်းကောင်း မမှတ်မိတော့ဘူး။

အဝေးပြေးကားကြီးနဲ့သွားကြရာက
တစ်နေရာ
ကားခဏထိုးရပ်လိုက်တဲ့အခါ
ရေသန့်ဘူးရောင်းတဲ့
ကလေးမ ကလေးတယောက်
ကားအနားကို
ကပ်လာပါလေရောလို့ ဆိုပါတော့။

ရေခဲစိမ်ထားလို့ထင်ပါရဲ့၊
သူ့လက်ထဲက
ရေသန့်ဘူး သုံးလေးဘူးဟာ
ရေတွေသီးလို့။

ခြစ်ခြစ်တောက်အောင်ပူတဲ့
အညာနေရဲ့ အောက်မှာ
"ရေသန့်ဘူး၊ ရေသန့်ဘူး"ဆိုတဲ့
အသံလေးဟာ စာ နေတာပဲ။

နဂိုမူလ ညိုတဲ့အသားကလေးဟာ
နေအရှိန်မှာ ခြောက်နွမ်းလို့ပေါ့။

ထုံးစံအတိုင်း ဆရာချစ်ဦးညိုက
ရေသန့်ဘူးဝယ်ဖို့ ပြင်ဆင်ပါတယ်။

ဟဲ့ သမီးလေး ရေသန့်ဘူး
ဘယ်လောက်လဲ ဘာညာပေါ့။

ကလေးမကလေးက သုံးရာ တဲ့။

သည်တုန်းက ရေသန့်ဘူးဈေးက
နှစ်ရာလောက်ပဲ ရှိတဲ့အချိန်၊
သုံးရာဆိုတော့
နည်းနည်းလေး များသလိုလိုတော့
ရှိတာပေါ့။

အဲသည်မှာ ဆရာချစ်ဦးညိုက
ဆစ်တော့တာပါ။

သမီးလေး များတယ်ဟဲ့တဲ့ ၊
နှစ်ရာ့ငါးဆယ်ထားတဲ့။

သူကလည်း ဘာရယ်လို့မဟုတ်ပါဘူး၊
ဆဈေနက္မို့လို့ပဲလား
ကလေးမလေးကို ကျီစားချင်လို့ပဲလား၊
တစ်ခုခုကြောင့် ဆစ်လိုက်ပုံ ရပါတယ်။

အဲသည့်အချိန်မှာ
မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ အသံ
ထွက်လာတာပါ။

" ငချစ် ... မဆစ်နဲ့ကွ" တဲ့။

သူတို့အချင်းချင်း
ချစ်စနိုးစကားဆိုတဲ့အခါ
မောင်စိန်ဝင်း(ပုတီးကုန်း)ကို ဂွစာတဲ့၊
ဆရာချစ်ဦးညိုကို ငချစ်တဲ့
အပြန်အလှန်ခေါ်နေကြမို့
ဖေဖေတို့ကတော့ နားယဉ်ပြီးသားပါ။

ထား...
အဲတာက အရေးမကြီးလှပါဘူး။

မဆစ်နဲ့ဆိုတာက အရေးကြီးတာပါ။

နင်လား ငါလားအနေအထားနဲ့
ဘဝကို
ကျားကုတ်ကျားခဲ ရုန်းကန်နေတဲ့
ကလေးတွေကို ပိုက်ဆံကလေး
ငါးဆယ်တစ်ရာ များသွားရုံနဲ့
မဆစ်နဲ့လို့ လှမ်းတားလိုက်တာက
အရေးကြီးတာပါ။

သည်လို သဘောထားမျိုးကို
ဖေဖေ သိပ်ကြိုက်သွားတယ်။

ဆရာချစ်ဦးညိုကလည်း
သိပ်ကြိုက်သွားပုံ ရပါတယ်။

အေးပါကွာ အေးပါကွာလို့ ဆိုပြီး
ကလေးမလေးပြောတဲ့အတိုင်း
ရေသုံးလေးဘူး
ပေးဝယ်လိုက်တော့တာပါ။

အရပ်ထဲမှာ
တပုလင်း၁၅၀၀ထက်မပိုတဲ့
ဘီယာပုလင်းကို လေဆိပ်ထဲက
ပြည်ပထွက်ခွာ အခန်းထဲမှာ
၅၀၀၀ပေးပြီး သောက်ခဲ့ရဖူးပါတယ်။

အရပ်ထဲမှာ ၆၀၀လောက်ပဲတန်တဲ့
ဘီယာဘူးကို လေယာဉ်ပေါ်မှာ
၁၅၀၀ပေးပြီး သောက်ခဲ့ရဖူးပါတယ်။

ရေနွေးကြမ်းတခွက် ၅၀၀လည်း
ဖေဖေတို့ သောက်ခဲ့ကြရတာပဲ
မဟုတ်လား။

သူ့နေရာ သူ့ဒေသအလိုက်
အဟန့်နဲ့ အခန့်နဲ့ တောင်းဆိုတဲ့
နှုန်းတွေကိုတောင်
ဖေဖေတို့ ဆစ်ခွင့်မရဘဲ
စားသုံးခဲ့ကြတာပဲ ဥစ္စာ။

ဘာဖြစ်လို့ မိုးထဲလေထဲက
ရုန်းရုန်းကန်ကန်ဘဝတွေကို
ဘာကြောင့်များ တိတိကျကျကြီး
ဆစ်နေတော့မှာလည်း။

ဖေဖေ့အသိတယောက်
ဂျာနယ်ဝယ်ပုံကလေးကလည်း
စိတ်ဝင်စားစရာကောင်းတယ်။

မီးပွိုင့်မိလို့ ဂျာနယ်သမားလေးတွေ
ရောက်လာတဲ့အခါ ဝယ်တော့တာပဲ။

၇၀၀တဲ့။ ရပ်ကွက်ထဲမှာ ၆၀၀ သမီးရဲ့။

သူက ကိုယ်လည်းဆင်းရဲနေတာမှ
မဟုတ်တာဗျာ တဲ့။

ကားလမ်းပေါ်မှာ ရပ်နေရရှာတာက
၁၀၀မက တန်ပါတယ်တဲ့။ ။

တမင်တကာ အားပေးတာပါတဲ့။

ရပ်တည်မှုလေးနည်းနည်း
အသက်ရှူချောင်ပါစေပေါ့။

တခါက ပြောင်းဖူးပြုတ်ရောင်းတဲ့
မိန်းမရွယ်ကလေးတဦး
ဖေဖေတို့အိမ်တံစက်မြိတ်မှာ
ပြောင်းဖူးပြုတ်တောင်းကိုချတော့
တိုတိုကလေးညှပ်ထားတဲ့
သူ့ဆံပင်လေးတွေကို
ကြည့်ပြီးမေးမိတယ်။

ဆံပင်တွေညှပ်ထားတာလားပေါ့။

သူက
ပြောင်းဖူးပြုတ်တောင်းက ပူလို့တဲ့ ။

ဆံပင်တွေ ကျွတ်လွန်းလို့
ညှပ်ထားတာတဲ့။

အဝတ်စကို ဖယ်တဲ့အခါ
ပြောင်းဖူးပြုတ်တွေဆီကနေ
အငွေ့လေးတွေထွက်လာတော့
ဖေဖေ့ရင်ထဲမှာ နာလိုက်တာ။

ဘယ်တော့မှ မဆစ်ဘူး။
မဆစ်ချင်ဘူး။ မဆစ်ရက်ဘူး။

ဘဝတဝမ်းတခါးကို
ခြေကုန်လက်ပန်းကျမတတ်
ကူးခတ်နေရတဲ့သူတွေ ရှိပါတယ်။

သူတို့ကို ဘယ်တော့မှ
ဖေဖေ မဆစ်ချင်တော့ဘူး။
ပိုသွားပါစေ သမီးရယ်။ သာသွားပါစေ။

ကားအရောင်းအဝယ်ကျတော့
ဆစ်ချင်ဆစ်ပေါ့။

အိမ်အရောင်းအဝယ်ကျတော့
ဆစ်ချင်ဆစ်ပေါ့။

လက်ဝတ်လက်စား
အရောင်းအဝယ်ကျတော့
ဆစ်ချင်ဆစ်ပေါ့။

ချွေး ကို ဆစ်ဖို့ရာ ခက်လွန်းပါတယ်။

# ဆရာမောင်သာချို
:photo

Address

Nyaung Pin Thar
Mandalay

Telephone

+959796461788

Website

Alerts

Be the first to know and let us send you an email when HTET YATI Soap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HTET YATI Soap:

Share