05/06/2022
“သံသရာမှာ
တွေ့ဖို့အကြောင်းတွေ မပြောပါနဲ့၊၊
ဒီနေ့လောက်ကောင်းတဲ့ ပစ္စုပ္ပန်ဟာ
ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်တယ်၊၊
ရာသီဥတုသာယာရင်
ကိုယ်တို့ တွေ့ဆုံသင့်ပါရဲ့ ”
“ ဝခရဲနိုင်းရော် ” ... မြန်မာလိုဆိုရင် “ ခွဲမသွားနိုင်ဘူးနော် ” လို့ဆိုလိုတဲ့ ဂျပန်စကားလေး ❤️ ။ ဂျပန်စကားနဲ့ အရမ်းစိမ်းသက်တဲ့ ကိုယ့်အတွက်တော့ ဝတ္ထုနာမည်လေးကအစ ဘာအဓိပ္ပာယ်လေးလဲဆိုပြီး စိတ်ဝင်စားခဲ့ရတာပါပဲ ။ ဒီဝတ္ထုကို ထွက်ပြီး တော်တော်ကြာမှ ကိုယ်ကဖတ်ခွင့်ရခဲ့တယ်။
ဒီဝတ္ထုက ကိုယ့်အတွက် ဘာထူးခြားလဲဆို ဇာတ်သိမ်းကို မသိရဲခဲ့လို့ အဆုံးထိမဖတ်သေးဘဲ ဒီတိုင်းထားထားပြီး တော်တော်ကြာမှ ဇာတ်သိမ်းကိုပြန်ဖတ်ဖြစ်ခဲ့တာပဲ ။ အရင်က ငိုရတဲ့ဇာတ်လမ်းတွေကို ပိုကြိုက်တတ်ပေမယ့် လက်တွေ့ဘဝမှာ ကြေကွဲစရာတွေများလွန်းတဲ့ ဒီကာလကြီးမှာတော့ ရုပ်ရှင်တွေ ၊ ဝတ္ထုတွေကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်ကြည်နူးရတာလေးတွေပဲ ခံစားချင်တယ် ။ အဲ့ဒါကြောင့်လည်း ဇာတ်သိမ်းထိမဖတ်သေးဘဲ ရပ်ပစ်ထားခဲ့တယ် ။ မှတ်မှတ်ရရ 25-21 ဇာတ်သိမ်းပိုင်း ကြည့်ပြီးတဲ့နေ့ကျမှ ငိုရလက်စနဲ့ မထူးပါဘူးဆိုပြီး ဒီဝတ္ထုကိုပါ ဆုံးအောင်ဆက်ဖတ်ဖြစ်ခဲ့တာ ။ ကိုယ့်အတွက်တော့ ဝခရဲနိုင်းရော်က တကယ် bitter-sweet novel တစ်ခုပါပဲ ။ အရမ်းသေသပ်ပြီးလှပတဲ့ ဇာတ်သိမ်းရော ဝတ္ထုတစ်ပုဒ်လုံးရောအတွက် ဝခရဲနိုင်းရော်ရဲ့ ဖန်တီးရှင် ဆရာခွန်းညိုသွေးကို ကျေးဇူးတင်မိတယ် ။
အိမ်ထောင်ရေးကံမကောင်းခဲ့လို့ Divorce ဖြစ်ခဲ့ရတဲ့အပြင် မြန်မာ့လူ့အသိုင်းအဝိုင်းရဲ့စိတ်အနှောင့်ယှက်ဖြစ်စရာတွေကို ကြုံတွေ့ခံစားနေရတဲ့ ရိပ်ဆိုတဲ့အမျိုးသမီးလေးနဲ့ ရိပ်ရခဲ့တဲ့ ထရော်မာတွေကို ပြန်ပြီး healingဖြစ်စေတဲ့ ဂျပန်အမျိုးသားလေး နစ်ခ်စံတို့ရဲ့ အချစ်ဇာတ်လမ်းလေးက ဆရာခွန်းညိုသွေးရဲ့ အရေးအသားတွေအောက်မှာ လုံးဝကို heart touching ဖြစ်ခဲ့ရပါတယ် ။
ကဗျာဖြစ်ဖြစ် ၊ အက်ဆေးဖြစ်ဖြစ် ၊ ဝတ္ထုဖြစ်ဖြစ် ဆရာခွန်းညိုသွေးရဲ့ အရေးအသားတွေမှာ ကိုယ်သဘောကျတဲ့ သူ့ကိုယ်ပိုင်ဟန်လေး မပျောက်သွားတာကတော့ အရမ်းစိတ်ကျေနပ်ရသောပါပဲ ။
ဒီဝတ္ထုက ထွက်ထားတာလည်းကြာပါပြီ။ အခု ကိုယ်ကreview ရေးတာမျိုးမဟုတ်ဘဲ ဒါနဲ့ပတ်သက်ပြီး ကိုယ်ပြောချင်တာတွေ ပြန်ပြောပြတဲ့သဘောပါပဲ ။
မဖတ်ရသေးတဲ့သူတွေရှိရင်တော့ ဒီ ‘ဝခရဲနိင်းရော် ’လေးကို ဖတ်ကြည့်ဖို့ ကိုယ့်အနေနဲ့ recommendပေးချင်ပါတယ် ။ မြန်မာပြည်က ပိတောက်ခက်လေးနဲ့ ဂျပန်ပြည်က ချယ်ရီသားသစ်ကိုင်းလေးတို့ bitter-sweet ဇာတ်လမ်းလေးပေါ့ ❤️
“ချစ်ခြင်းမေတ္တာဟာ နောက်ကျတတ်တယ်ဆိုရင်တော့
ကိုယ်စောင့်နေချင်ပါတယ်။
တစ်နေ့နေ့အထိ... ”
#ဝခရဲနိုင်းရော် #ခွန်းညိုသွေး
တန်ဖိုး - ၃၅၀၀ ကျပ်
👉 မန္တလေး ပြင်ဦးလွင် စစ်ကိုင်း ရန်ကုန် တောင်ကြီး ပဲခူး လားရှိုး နေပြည်တော် Cash on deli ရပါတယ်ရှင့် ကျန်မြို့များ ငွေလွှဲဝင်ပြီး ဂိတ်တင်ပေးပါတယ်ရှင့် ဂိတ်တင်ခ သီးသန့်ပေးရပါမယ်ရှင့်
👉 မန္တလေး စက်မှု ၁ အတွင်း deli free ပါရှင့်
👉 Wave pay, K pay % ပေးရန်မလိုပါ