Earthbytes

Earthbytes Cold & Snack

I will share free Excel Exercise Thanks For Watching
14/08/2025

I will share free Excel Exercise
Thanks For Watching

Bubble Tea ဆိုတာဘာလဲ ..🧋..?Bubble Tea ကို ၁၉၈၀ လောက်မှာ ထိုင်ဝမ်မှာ စတင်ဖျော်စပ်ခဲ့တာပါ။ လက်ဖက်ရည်၊ နို့နဲ့ သကြားကို ရော...
30/03/2023

Bubble Tea ဆိုတာဘာလဲ ..🧋..?
Bubble Tea ကို ၁၉၈၀ လောက်မှာ ထိုင်ဝမ်မှာ စတင်ဖျော်စပ်ခဲ့တာပါ။ လက်ဖက်ရည်၊ နို့နဲ့ သကြားကို ရောစပ်ဖျော်ထားတဲ့ဖျော်ရည်ပါ။ အမြင်ဆန်းပြီး သောက်ချင်စရာဖြစ်နေအောင် ပုလဲလုံး အမည်း (ပီလော ပီနံကို ဂျယ်လီသဖွယ် ပြုလုပ်ထားတဲ့) အလုံးလေးတွေက အောက်ခြေမှာ နစ်မြုပ်နေပါတယ်။ ဒါဟာ လူငယ်တွေလက်မှာ မချတမ်းသောက်သုံးနေကြတဲ့ Bubble Tea လို့ခေါ်တဲ့ လက်ဖက်ရည်ပါပဲ။
Bubble Tea ကို ကြိုက်လွန်းလို့နေတိုင်း သောက်မယ် ဆိုရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်ပါ သလဲ?
(၁) ရေဓာတ်ပြည့်ဝနိုင်ပါတယ်။လက်ဖက်ရည်သောက်လို့ ဆီးများများပေါက်တဲ့အခါ ရေဓာတ်တွေ ဆုံးရှုံးပါပြီ လို့ သင်ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ လေ့လာချက်တစ်ခု အရ Bubble Tea သောက်သုံးခြင်းဟာ သင့်ကိုရေဓာတ်မဆုံးရှုံး စေနိုင်တဲ့အပြင် အပိုရေဓာတ်ကို တောင် ဖြည့်စွမ်းပေး နိုင်ပါသေးတယ်။ ရေဓာတ်ကြောင့် သင့်ခန္ဓာကိုယ်ဟာ အေးမြလာမယ်၊ ကြွက်သားတွေနဲ့ အရိုးအဆစ် တွေရဲ့ လုပ်ငန်းဆောင်တာတွေ ပိုမိုကောင်းမွန်လာမယ်၊ သင့်ရဲ့ကျောက်ကပ်ထဲမှာရှိတဲ့ အညစ်အကြေးတွေလည်း စင်ကြယ်လာမှာပါ။ Bubble Tea ချည်းပဲသောက်မနေဘဲ ရေကိုလည်းသင့်တင့် မျှတစွာ သောက်ဖို့လိုအပ်ပါတယ်နော်။
(၂) သင့်စွမ်းအားကိုမြှင့်တင်ပေးပါတယ်။ ။ Bubble Tea ထဲမှာပါဝင်တဲ့ ကဖင်းဓာတ်က သင့်ကို လန်းဆန်းစေပါတယ်။ သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဒီနိုဆင်းဆိုတဲ့ ဓာတ်ဟာ အခြားဓာတ်တစ်ခုနဲ့ သွားပေါင်းပြီး သင့်ကို အိပ်ငိုက်စေခြင်း၊ အနားယူစေလိုခြင်းဆိုတဲ့ ဆန္ဒကို ဖြစ်စေနိုင်ပါတယ်။ ကဖင်းကတော့ အဒီနို ဆင်းရဲ့ပေါင်းစပ်မှုကို ပယ်ဖျက်စေလို့ ပြောင်းပြန်သက်ရောက်စေပါတယ်။ အပင်ပန်းခံလာနိုင်မယ်။ နိုးကြားတက်ကြွလာစေပါမယ်၊ Bubble Tea ထဲမှာ ထပ်မံပါဝင်နေတဲ့ သကြားဓာတ်ကလည်း သင့်ခန္ဓာကိုယ်အတွက် စွမ်းအင်ထုတ်လုပ်ရာမှာ အရေးကြီးပါသေးတယ်။
(၃) ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ထွက်စေပါတယ်။ ။ Bubble Tea ထဲမှာ Green Tea, Htai Tea ဆိုတဲ့ လက်ဖက်စိမ်း, လက်ဖက်နီ ပါ ပါခဲ့မယ်ဆိုရင်တော့ သင့်အတွက် အလွန်အကျိုးရှိပါပြီ။ Green Tea နဲ့ Htai Tea ဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ပယ်ဖျက်ပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ထုတ်လုပ်ပေးနိုင်ပါ တယ်။ Antioxidant ဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ သင့်ဗိုက်မှာရှိတဲ့မလိုလားအပ်တဲ့ အဆီပိုတွေကို ပယ်ဖျက်ပေးပါတယ်။ ကင်ဆာရောဂါ၊ လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၄) အစာခြေလမ်းကြောင်းကို ထိန်းညှိပေးတယ်။ ။ Green Tea ထဲက ပီလောပီနံဂျယ်လီစေ့ မည်းမည်းတွေမှာ ကစီဓာတ်အမြောက်အများ ပါဝင်ပါတယ်။ ကစီဓာတ်ဟာ သင့်ရဲ့အစာခြေစနစ် ကို ကောင်းမွန်စေပြီး အစာအိမ်အတွက်အကျိုးပြုတဲ့ ဘတ်တီရီယားတွေ အတွက်လည်း ရှင်သန်နေထိုင်ဖို့ အထောက်အကူပြုစေပေးပါတယ်။ ပုလဲစေ့လေးတွေမှာ ဗီတာမင်နဲ့ အာဟာရ ဓာတ်တွေလည်းပြည့်ဝစွာပါဝင်ပါ တယ်။
(၅) ဝမ်းချုပ်စေသလား။ ။အပြည့်အဝတော့မမှန်ပါဘူး။ Bubble Tea ကိုအမြာက်အများသောက်တဲ့အခါ ရေမဆာတော့တာကြောင့် သင်ဟာရေကိုပုံမှန်သောက်သုံးပေးဖို့တော့လိုအပ်ပါလိမ့်မယ်။

Dimsum အပေါင်းကတော့ 11 am မှ စ၍မှာယူနိုင်ပါတယ်ခင်ဗျာ 💞     #39လမ်း,70*71ကြား‌ဗန်းမော်တိုက်အနောက်ပေါက်ဆက်သွယ်မာယူနိုင်ပါတ...
19/03/2023

Dimsum အပေါင်းကတော့
11 am မှ စ၍မှာယူနိုင်ပါတယ်ခင်ဗျာ 💞



#39လမ်း,70*71ကြား‌ဗန်းမော်တိုက်အနောက်ပေါက်
ဆက်သွယ်မာယူနိုင်ပါတယ်ခင်ဗျာ

Ice Kingမှရရှိနိုင်သော အအေးများနှင့် အစားအသောက်များပါဆိုင်ဖွင့်ချိန် မနက် 8 နာရီမှ ည 7:30ထိလာရောက်အားပေးနိုင်ပါတယ် #39လမ...
19/03/2023

Ice King
မှရရှိနိုင်သော အအေးများနှင့် အစားအသောက်များပါ
ဆိုင်ဖွင့်ချိန် မနက် 8 နာရီမှ ည 7:30ထိ
လာရောက်အားပေးနိုင်ပါတယ်

#39လမ်း70*71ကြားဗန်းမော်တိုက်အနောက်ပေါက်
#ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ

🤔 ကမ္ဘာကြီး၂ခြမ်းကွဲတောင် ချောကလက်ရှိတဲ့ဘက်မှာနေမယ်....🤔 ကမ္ဘာကြီး၂ခြမ်းကွဲတောင် ကော်ဖီရှိတဲ့ဘက်မှာနေမယ်...😍 ဘယ်ဘက်မှခွဲ...
18/04/2022

🤔 ကမ္ဘာကြီး၂ခြမ်းကွဲတောင် ချောကလက်ရှိတဲ့ဘက်မှာနေမယ်....

🤔 ကမ္ဘာကြီး၂ခြမ်းကွဲတောင် ကော်ဖီရှိတဲ့ဘက်မှာနေမယ်...

😍 ဘယ်ဘက်မှခွဲမနေကြရလေအောင် Coffee Sam ကဖန်တီးပေးလိုက်တဲ့

👉👉👉🍹 Chocolate Coffee (ချောကလက်ကော်ဖီ)

💕 အရသာလေးက ချောကလက်ကြိုက်တဲ့သူအတွက်ရော ကော်ဖီကြိုက်တဲ့သူအတွက်ရောအဆင်ပြေပြီး ရေခဲစအေးအေးလေးနဲ့ သောက်လိုက်တိုင်းစုံလင်တဲ့အရသာလေးနဲ့အေးမြမှုကိုခံစားရစေမှာပါ💕

💕 အပူကြိုက်တဲ့သူလေးတွေအတွက်လည်း ချောကလက်ကော်ဖီအပူ
လေးလည်းရပါတယ် 💕


&Snack

Myanmar Coffee History -မြန်မာ့ကော်ဖီဘယ်ကစခဲ့သလဲ..???-မြန်မာနိုင်ငံမှာ ကော်ဖီကို ဘယ်ဒေသ တွေကစတင်စပျိူးခဲ့တာလဲ.?-မြန်မာနိ...
03/04/2022

Myanmar Coffee History

-မြန်မာ့ကော်ဖီဘယ်ကစခဲ့သလဲ..???

-မြန်မာနိုင်ငံမှာ ကော်ဖီကို ဘယ်ဒေသ တွေကစတင်စပျိူးခဲ့တာလဲ.?

-မြန်မာနိုင်ငံရဲ့ ပထမဆုံး ကော်ဖီထုတ်လုပ်သည့်စက်ရုံကိုဘယ်သူကတည်ထောင်ခဲ့တာလည်း...?

-ပထမဦးဆုံးကော်ဖီကိုဘယ်ဒေသတွေက စတင်စိုက်ပျိူးခဲ့လဲဆိုတာရှင်းပြပေးမယ်

📍-၁၈၈၅ ခုနှစ်တွင် မြိတ်နှင့်ထားဝယ်မြို့များတွင် ပထမဦးစွာ မြန်မာနိုင်ငံ၌ ကော်ဖီစိုက်ပျိုးခြင်းကိုစတင်ခဲ့ပါတယ်။

ကရင်ပြည်နယ် (သောင်းဒုန်းဒေသ) မှာလည်းကော်ဖီစိုက်ခင်းများကိုတစ်ချိန်တည်းတွင် (Robusta ) စိုက်ပျိုးခဲ့ပျိုးခဲ့ပါတယ်။ ကက်သလစ်သာသနာပြုများသည် ၁၉၃၀ တွင်ရှမ်းပြည်နယ်တောင်ပိုင်း၌ Arabica ကော်ဖီမျိုးကို စတင်စိုက်ပျိုးခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ပြင်ဦးလွင်တွင်လဲ ကော်ဖီစိုက်ပျိုးမူကို စတင်ခဲ့ပါတယ်။

၁၉၃၀ မှ ၁၉၃၄ ခုနှစ်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တွင် ဧက (၁၂၀) ကျယ်ဝန်းသော "ချောင်းဆုံ" ကော်ဖီစိုက်ခင်းကို တည်ထောင်စိုက်ပျိူးခဲ့ပါတယ်။

၁၉၃၅-၁၉၃၆ အထိမြန်မာနိုင်ငံ၏စုစုပေါင်းကော်ဖီထုတ်လုပ်မှုမှာ (၂၆၈) တန်ရှိပြီး ပြည်ပတင်ပို့မှုမှာ (၁၇၅ )တန်ထိရှိခဲ့ပါတယ်။လှော်ပြီးသား ကော်ဖီထုတ်လုပ်မှုမှာလည်း (၁၀၈ )တန်ဖြစ်ပါတယ် ။

၁၉၉၄ ခုနှစ်တွင်လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် ယနေ့အထိကျန်ရှိနေသေးသော သီးနှံများကိုစိုက်ပျိုးခြင်းနှင့် ထုတ်လုပ်ခြင်းကို ဆောင်ရွက်ခဲ့ပါတယ်...

၁၉၉၈ ခုနှစ်တွင် GOM ၏အကြီးအကဲများသည် (Arabica) အာရေဗျကော်ဖီစိုက် ဧက ၁၀၀၀၀၀ အထိ တိုးချဲ့ရန် ချမှတ်ခဲ့ပါတယ်။ မန္တလေးတိုင်း (ပြင်ဦးလွင်ဝန်းကျင်) နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း (နောင်ချိုဝန်းကျင်) ရှိ ဧက ၅၀၀၀၀ ရှိသော မြေနေရာများတွင် ရွေးချယ်စိုက်ပျိူးခဲ့ပါတယ်။

ဒုတိယအနေနဲ့ကတော့

မြန်မာနိုင်ငံရဲ့ကော်ဖီစက်ရုံကို ဘယ်သူက စတင်တည်ထောင်ခဲ့တာလည်းဆိုတာဘဲ ဖြစ်ပါတယ်။

၁၉၃၀ ပြည့်နှစ်၊ မြန်မာနိုင်ငံ ၊ မန္တလေးတိုင်းဒေသကြီးရှိ ပင်လယ်ရေမျက်နှာပြင်အထက်( ၃၅၃၈) ပေ အမြင့်၌ တည်ရှိသော မေမြို့ (သို့) ပြင်ဦးလွင်မြို့တွင်( ဦးဘတူ) ဆိုသူက မြန်မာလူမျိုးတွေအတွက် မြန်မာ့ ကော်ဖီကို အစပျိုးပေးခဲ့တာဘဲ ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်တွင် ဦးဘတူသည် ဂျာမနီနိုင်ငံ Probat ကုမ္ပဏီမှ ဝယ်ယူသည့်
Roasting Machine ကော်ဖီ လှော်စက်( ၂) လုံးဖြင့် ပြင်ဦးလွင်မြို့တွင် ကော်ဖီစက်ရုံကို တည်ထောင်ခဲ့တယ်လို့သိရတယ်။ ကော်ဖီမှုန့်ကို B.T Brother Co., Ltd အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ခဲ့ပါတယ်။ မြန်မာ ပြည်သူများအကြား ကော်ဖီရနံ့ မွေးပျံ့စေခဲ့တာအခုဆိုလျှင် နှစ်ပေါင်း ၈၀ ကျော်နေရှိခဲ့ပါပြီ။

အခုအခါမှာတော့ မြန်မာ နိုင်ငံရဲ့ ကော်ဖီကောင်းကြောင်းကို နိုင်ငံတော်တော်များကသိနေပီဖြစ်ပါတယ်။

Credit #-

မြန်မာ့ကော်ဖီ အရည်အသွေးပိုမိုကောင်းမွန်လာပြီး နိုင်ငံတကာမှာ မြန်မာ့ကော်ဖီဆိုပြီး နာမည်ရလာဖို့အတွက်ဆိုရင်
-ကော်ဖီစိုက်ပျိုးတဲ့ တောင်သူတွေ
- Cuppers
- Roasters
- Barista တွေရဲ့ ကြိုးစားမူတွေက အရင်းခံနေပါတယ်။



Coffee History ( ကော်ဖီသမိုင်း)(1) Kaldi's Goat အေဒီ ( ၉ ) ရာစုလောက် - Ethiopia နိုင်ငံ , {Caffa} ဆိုတဲ့ မြို့လေးတစ်မြို...
28/03/2022

Coffee History ( ကော်ဖီသမိုင်း)

(1) Kaldi's Goat

အေဒီ ( ၉ ) ရာစုလောက် - Ethiopia နိုင်ငံ , {Caffa} ဆိုတဲ့ မြို့လေးတစ်မြို့မှာ [ Kaldi ] လို့ခေါ်တဲ့ ဆိတ်ကျောင်းသားလေးတစ်ယောက်ရှိခဲ့ပါတယ်။ တစ်နေ့ သူရဲ့ဆိတ်ကလေးဟာ ( red berries ) အနီရောင် အသီးလေးတွေလို့ စားပြီး အရမ်းပျော်ရွှင်စွာ မြူးတူးကခုန်နေကြပြီး ညဘက်မှာလဲ မအိပ်ဘဲ တက်တက်ကြွကြွ ရှိနေတာကို စပြီး သတိထားမိသွားတယ်။ (red berries ) အနီရောင် အသီးတွေကို အိမ်ကိုယူလာခဲ့ပြီး နောက် သူ့အမျိုးသမီးရဲ့ ပြောဆိုချက်အရ ဘုန်းတော်ကြီးဆီကို ယူဆောင်ပြသခဲ့ပါတယ်။ အဲ့ချိန် ဘုန်းတော်ကြီးက ယူဆောင်လာခဲ့တဲ့ အနီရောင်အသီးတွေကို မီးပုံထဲကို ပစ်ထည့်လိုက်ပါတယ်။ မီးပုံထဲကို ပစ်ထည့်ပြီးနောက်မှာတော့ အရမ်းမွေးတဲ့ ကော်ဖီရဲ့ ရနံက တစ်ခန်းလုံးကို ပြည့်နှက်သွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ အနီရောင်အသီးတွေကို သောက်စရာတစ်ခုအနေနဲ့ စတင်ပြုလုပ်လိုက်ပါတယ်။ သောက်ကြည့်လိုက်တဲ့ နောက်မှာလည်း fresh ဖြစ်ပြီး အားပြည့်သွားတဲ့ ခံစားချက်မျိုး ၊ တရားထိုင်တဲ့ခါမှာလဲ နိုးကြားလန်းဆန်းမူကို ပေးတာကို တွေ့ရှိသွားပါတယ် ။ အဲ့လိုနဲ့ ကော်ဖီရဲ့ သတင်းဟာ တဖြည်းဖြည်းနဲ့ စတင်ပျံနှံ့သွားပြီး ကော်ဖီဆိုတာကို စတင်သိရှိလာကြပါတယ်။
ဒါကတော့ Kaldi ဆိတ်ကျောင်းသားလေးမှ တစ်ဆင့် ကော်ဖီကို စတင်သိခဲ့ရတဲ့ သမိုင်းတစ်ပုဒ်ဖြစ်ပါတယ်။

📌 ဒီ Coffee ဆိုတဲ့ စကားလုံးလေးကတော့ Kaffa ဆိုတဲ့ဒေသလေးကို အစွဲပြုခေါ်ရာကနေ Coffee ဆိုပြီး ဖြစ်လာတာပါ။

(2) Monk Omar

ဒီတစ်ခုကတော့ - ယီမင်နိုင်ငံ (Yemen), Mocha ဆိုတဲ့မြိ့လေးမှာ [Omar ]ဆိုတဲ့ အစ္စလမ်ဘုန်းကြီးတစ်ပါးရှိခဲ့ပါတယ်။ ဆေးပညာနဲ့ ကျော်ကြားတဲ့ ဒီဘုန်းတော်ကြီးဟာ တစ်နေ့ နယ်နင်ဒဏ်ပေးခံခဲ့ရပါတယ်။ အဲ့နောက်မှာတော့ ဘုန်းတော်ကြီးဟာ ယီမင်တောင်ကုန်းပေါ်မှာ ရှိတဲ့ ဂူတစ်ခုမှာ နေထိုင်ခဲ့ပါတယ် ။ တစ်နေ့ပြီးတစ်နေ့ အစာရေစာငတ်ပြီး သေလုမျော်ပါးဖြစ်နေတဲ့ ဘုန်းတော်ကြီးဟာ ဂူအနီးအနားမှာ ရှိတဲ့ ခြုံထဲမှာ( red berries )အနီရောင်အသီးလေးတွေကို ခူးစားလိုက်ပါတယ်။ အရမ်းခါးနေတဲ့တွက်ကြောင့် အရင် မီးနဲ့ ဖုတ် (လှော်) ပြီး ရေနွေးနဲ့ ပြုတ်လိုက်ပါတယ်။ ဒီခါမှာလဲ မာပြီး စားလို့အဆင်မပြေလို့ ဖျော်စရာတစ်ခု အနေနဲ့ ဖျော်သောက်လိုက်ပါတယ်။ သောက်ပြီးနောက်မှာတော့ ကော်ဖီမှာ ပါတဲ့ ဓာတ်တွေက ရောဂါကို သက်သာလာစေပြီး ဆာလောင်မူတွေကို ပျောက်စေခဲ့ပါတယ်။
အဲ့မှာစပြီးကော်ဖီကို ဆေးတစ်ခုအနေနဲ့ မှီဝှဲခဲ့ပါတယ်။ ဆေးကုသဖို့ လာတဲ့ လူနာတွေကိုလဲ သူရှာတွေ့ထားတဲ့ သောက်စရာ ( ကော်ဖီ ) ကို ဆေးအဖြစ်သောက်ဖို့ ပေးလိုက်ပါတယ်။ အဲ့ကနေတစ်ဆင့် ကော်ဖီရဲ့ သတင်းဟာ Mocha မြို့ဆီ ရောက်ရှိသွားခဲ့ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် လူသိများလာပြီး ကော်ဖီသတင်းဟာ ပျံနှံ့သွားခဲ့ပါတယ်။


Address

Mandalay
05031

Telephone

+959402554604

Website

Alerts

Be the first to know and let us send you an email when Earthbytes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Earthbytes:

Share