Aung Naing Soe

Aung Naing Soe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Naing Soe, Shopping & retail, Mandalay.

23/01/2022

ပြန်လည်မျှဝေပါ

ပြောင်တယ်ဆိုတာ သူနေရာနဲ့ သူပဲ ကောင်းတယ်နော်😁
20/01/2022

ပြောင်တယ်ဆိုတာ သူနေရာနဲ့ သူပဲ ကောင်းတယ်နော်😁

24/09/2021

သင့်ရဲ့ အိပ်မက်က သင့်ရဲ့ လက်တစ်ကမ်းအလိုမှာပဲရှိတယ်
အိပ်မက်တွေ ဈေးမကြီးတော့ဘူး 😅😂

 #ဘာလဲသိဖို့ခဏတော့ကြာရမယ်🥴
24/09/2021

#ဘာလဲသိဖို့ခဏတော့ကြာရမယ်🥴

ဖုန်း number တစ်ခုကို လှမ်းခေါ်လိုက်သည် ။ကောင်​မ​လေးတစ်​​ယောက်​ ကိုင်​လိုက်​သည်​" Hello , ဟုတ်​ကဲ့ ပြောပါ ရှင်​ "တဖက်​...
18/09/2021

ဖုန်း number တစ်ခုကို လှမ်းခေါ်လိုက်သည် ။
ကောင်​မ​လေးတစ်​​ယောက်​ ကိုင်​လိုက်​သည်

" Hello , ဟုတ်​ကဲ့ ပြောပါ ရှင်​ "

တဖက်​မှ ​ယောက်ျား တစ်​​ယောက်​က ပြန်​​ပြောသည်

" ဟယ်​လို မိန်းမလား ? "

ကောင်​မ​လေး ​ဒေါပွ သွားသည်​ …။

" ဘယ်​က မိန်းမလဲ
ကျမ မိန်းမ မဟုတ်​ဘူး "

" အမ်​ "
သောက်​ကျိုးနည်း " ကျမက မိန်းမ မဟုတ်​ဘူးတဲ့ "
တဖက်​က အမျိုးသား လည်း ​ဒေါပွ သွားသည်​ …။

" နင့်​​မေ ကလွား … ကျမ လို့ ​ပြောပြီး မိန်းမ မဟုတ်​ဘူး
ဆို​တော့ ... နင်က ဘာလား ဒါမှမဟုတ် အ​ခြောက်​လား ? "

" အိုး ဘာ​တွေ လာ​ပြော​နေ တာလဲ ?
ကျမက ရှင့်​ မိန်းမ မဟုတ်​ဘူး လို့ ​ပြော​နေတာ "

" အာ့ဆို ငါ့ မိန်းမ ဘယ်​သွားလဲ ? "

" ဟယ် ... ဘယ်လိုလား ဘာ​တွေလား ဟ ?
ဒါ ရှင့်​မိန်းမ ဖုန်း မဟုတ်​ဘူး လို့ "

" အာ့ဆို နင်​က ဘာလို့ လာကိုင်​တာ လဲ ? "

" ​ဟော့​တော် … ဗုဒ္ဓေါ
ရှင်​က ကျမ ဖုန်းကို ဆက်​တာ​လေ "

" ဟ ... ငါက ငါ့မိန်းမ ဆီ ဆက်​တာကွ "

" ဒါ ရှင့်​မိန်းမ ဖုန်း မဟုတ်​ဘူးလို့ "

" မဟုတ်​ရင်​ ဘာလို့ လာကိုင်​လဲ ? "

" ရွှမ်​ "

တိုင်​က​တော့ ပတ်​ကုန်​ပြီ …
ကောင်​မ​လေး က ပြန်​​ပြောသည်

" ဒီမှာ ရှင်​ ရူး​နေလား
ရှင်​က ဖုန်း မှားဆက်​​ နေတာ​လေ "

ထိုအခါ … တဖက်​က ပြန်​​ပြောလိုက်​ ပုံက

" ​ဟေ့ ဒီမှာ ... ဘာမှ ဖုန်းမှား မဆက်​ဘူးကွ
ငါ့ဖုန်းနဲ့ ငါ ဆက်​​နေတာ "

" အမ်​ "

"ဘဝအမောပြေဟာသ""မေမေ ...ခွေးတွေကစာဖတ်တတ်လားဟင်"အိမ်ကအစ်မနဲ့သူ့သားကျူ ပ်တူပြောနေကြတာလေ။"ငါ့သားကလဲ ...ဘယ်ခွေးက စာတတ်မှာလဲကွ...
18/09/2021

"ဘဝအမောပြေဟာသ"
"မေမေ ...
ခွေးတွေကစာဖတ်တတ်လားဟင်"

အိမ်ကအစ်မနဲ့
သူ့သားကျူ ပ်တူပြောနေကြတာလေ။

"ငါ့သားကလဲ ...
ဘယ်ခွေးက စာတတ်မှာလဲကွယ်"

"အာ့ဆို ...
ဦးဦးက ခွေးဆီစာရေးတယ်၊
ဝဆွဲ(၀)တွေကျန်နေလို့
သားတောင်ဖြည့်ပေးလိုက်သေးတယ်"

"ဟင် ... ဘာတွေလဲ သားရယ် ..."

သားလဲမေးပြီး ... ခဏကြာသော် ...

"အစ္မ ...
ညည်းသား ...
ညည်းရိုက်မလား ... ငါရိုက်ရမလား"

"ဟင် ... ဘာလို့လဲ ... ငါ့မောင်ရယ်"

"ငါ့ခေးဆီ ... ချော့တဲ့စာ ...
သူလျောက်ဖြည့်ထားတယ်၊
စာကပေးပြီးပြီ ..."

"ခေး ... ... ဆိုတာက"

"ငါ့ချစ်သူလေ ...
ငါ့ထက်ငယ်လို့ ...
ခေး ... ခေး ... လို့ခေါ်တာ"

ကျူ ပ်နဲ့ ... အဲ ...ခေးပြတ်ပြီလေ။
ပြတ်မှာပေါ့ ကျူ ပ်ပေးတဲ့စာက တမျိုး၊
အစ်မသား ...
ဝဆွဲ ဖြည့်လိုက်တော့ မပြတ်ပဲနေမလား။

ကျူ ပ်က ... ချစ်စနိုး ...
ခေး လို့ခေါ်တာလေ ...
သူက ဝဆွဲ ဖြည့်လိုက်တော့ ...

သို့...... ခွေး

ကိုကိုစာရေးလိုက်တယ်။
ခွေးစားချင်တာကျွေးမယ်လေ ... နော်၊
ပိုက်ဆံပြတ်နေလို့ပါ ခွေးရယ် ...။
ကိုကိုပါတဲ့နေ့ ... ခွေးကို အဝကျွေးမယ်၊
ခွေးက လမ်းဘေးစာကြိုက်တယ်နော်။
ယင်နားစာတွေ မစားပါနဲ့လား ... ခွေးရယ်၊
ကိုကိုစိတ်ပူလို့ပါ ...
ခွေးစားချင် ... ကိုကိုပါတာနဲ့ ကျွေးပါ့မယ်။

စိတ်မဆိုးတော့နဲ့နော် ...
ခွေးရဲ့ကိုကို

အဲစာပေးလိုက်တာ ...
မပြတ်နေမလား။

ကျူ ပ်တူကို ...
နင်းကန်ရိုက်ပစ်ချင်တာ
အစ်မကတားလို့ပေါ့။
သူ့ ... စေတနာက
ကျူ ပ်တော့ ...ပါးချမခံရတာကံကောင်း။

"နနွင်းနှင့်နွားနို့ဖျော်ရည်အကောင်းဆုံးအိပ်ယာဝင် relaxant"အိန္ဒိယလူမျိုးတွေ မှာ အနောက်တိုင်း အရှေ့တိုင်း နိုင်ငံပေါင...
18/09/2021

"နနွင်းနှင့်နွားနို့ဖျော်ရည်အကောင်းဆုံးအိပ်ယာဝင် relaxant"

အိန္ဒိယလူမျိုးတွေ မှာ အနောက်တိုင်း အရှေ့တိုင်း နိုင်ငံပေါင်းစုံနဲ့ မတူတဲ့ ဆေးဘက်ဆိုင်ရာ အယူဝါဒတွေ ကြွယ်ဝတယ် ။

သူတို့ဆီက ဆေးနည်းများစွာမှာ ထိပ်ဆုံးမှာ နံပါတ်တစ်နေရာ မှာ ရှိနေတဲ့ ဆေးတပါးကတော့ နို့နနွင်းပါပဲ ။

နနွင်းဟာ ခန္ဒာကိုယ်နာကျင် ပင်ပန်းခြင်း ၊ဖျားနာကိုက်ခဲခြင်း ၊ အလုပ်ပင်ပန်းခြင်းတို့ အတွက် အထူးကောင်းမွန်တဲ့ ဓာတ်စာ ဖြစ်ပါတယ် ။

အဆစ်မြစ်ယောင်နေတာတွေရှိရင် ဆေးသောက်စရာ မလိုပဲ ပျောက်သွားမှာပါ ။

အစာအိမ်အချဉ်ပေါက်နေတာတွေ အစာမကြေဖြစ်နေတာတွေ အတွက်လဲ အလွန်ကောင်းတဲ့ ဆေးတပါးပါ ။

ဗိုက်ပြည့်ဘိုက်ကယ်နေတာတွေအတွက်တော့နတ်ဆေးတပါးပါပဲ ။

တခါတလေ ဘိုက်ပြည့်ဘိုက်ကယ်တာ
နေရထိုင်ရခက်တဲ့ အပြင် လေးလံ ထိုင်မှိုင်းပြီး မပျော်တဲ့ ရောဂါ ကို ခံစားရပါတယ် ။

လူကြည့်လိုက်ရင်လဲ ဖြတ်လတ်မှုမရှိပဲ ဘိုက်ကြီးပူပြီး အပင်ပန်းမခံနိုင်ဘူး ။

ဒါဆိုရင် နို့နနွင်းသောက်ပါ ။

အစာအိမ်တွင်းမှာ ရှိတဲ့ အပူနာတွေကိုလဲ သက်သာပျောက်ကင်းစေပါတယ် ။

မေ့လျော့ခြင်းများ ကိုလဲ သက်သာလာစေပါတယ် ။
သဘာဝ အယောင်ကျဆေး ၊ သဘာဝ အင်တီဘိုင်အိုးတစ် ၊ သဘာဝအနာကျက်ဆေး ၊ သွေးသန့်ဆေး ၊ အသားအရေအတွက်အားဖြည့်ဆေး လဲဖြစ်ပါတယ် ။
ချောင်းဆိုးခြင်းနဲ့ ဆုံဆို့ ကြက်ညှာချောင်းဆိုး တွေကိုလဲ သက်သာပျောက်ကင်းစေပါတယ် ။

ကိုလှစောလို့ခေါ်တဲ့ သွေးတွင်းအဆီဓာတ် ကိုလက်စထရော ကိုလဲ ကျစေပါတယ် ။ ခုခေတ်မှာ အသက် ၃၀ ပတ်ဝန်းကျင်တွေက အစ ကိုလက်စထရော များတဲ့ ဒုက္ခကို ကြုံတွေ့ နေရပါတယ် ။

ဆရာဝန်က ပြောလာပြီ ဆိုရင်တော့ ဆေးတွေ သောက်နေမယ့် အစား ဒီနို့နနွင်းလေး ကောက်ဖျော်သောက်လိုက်ရင် အဆင်ပြေမယ်ထင်တယ်နော် ။

အက်ကဇီမား စတဲ့ အရေပြားယောင်ကမ်းယားနာတာတွေအတွက်လဲ အလွန်ကောင်းတဲ့ဆေးပါ ။

ရင်သားကင်ဆာ ၊ ပရိုစတိတ်လို့ခေါ်တဲ့ ဆီးကျိတ်ကင်ဆာ ၊ အရေပြားကင်ဆာ ၊ အူမကြီးကင်ဆာ ၊ အကျိတ်ကင်ဆာ နဲ့ သွေးကင်ဆာတွေဖြစ်ခြင်းမှလဲ ကာကွယ်ပေးပါတယ် ။

အဆီခြေဖျက်နှုန်း ကို ကူညီပေးသလို ခန္ဒာကိုယ် အလေးချိန်ထိန်းခြင်းကိုလဲ အကူညီပေးပါတယ် ။

အသည်းမှာ များလာတဲ့ အဆိတ်အတောက်တွေ ဖယ်ရှားရာမှာလဲ အသုံးဝင်တဲ့ အပြင် သွေးချို ဆီးချိုကိုလဲ ထိန်းချုပ်ပေးပါတယ် ။

ကင်ဆာဝေဒနာသယ်များ အတွက် ကုထုံးဖြစ်တဲ့ Chemotherapy ခမ်မို ဓာတ်ကင်ခြင်းကြောင့်ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးများတွေ့ရခြင်းကိုလဲ လျော့နည်းစေပါတယ်နော် ။

ဒီလောက်ကောင်းတဲ့ နနွင်းဟာ သင့်လက်တကမ်းမှာ ရှိနေတာပါ ။ မသိသူကျော်သွား သိသူဖော်စားတဲ့ ။

နနွင်းကို အဝင်ကောင်းအောင် လုပ်နည်း အမျိုးမျိုးတော့ ရှိမှာပါ ။
ကတိသစ္စာတည်သောအခါ နွယ်မြင်သစ်ပင် ဆေးဘက်ဝင်သည်လို့ အဆိုရှိတဲ့ အတွက်ကြောင့် သစ္စာရှိသော ရောင်းတဲ့ အသည်ဆီက နနွင်းမှုန့် အစစ်ကိုတော့ ဝယ်ဘို့လိုပါလိမ့်မယ်နော် ။

နို့မို့ရင် ဆန်မှုန့်ကို အဝတ်ဆိုးဆေး ဆိုးထားတာတွေနဲ့ တွေ့ရင်.... ပျောက်တော့ ပျောက်တယ် အသက်ဖြစ်နေပါဦးမယ် ။

ဒီဆေးနည်းက အိန္ဒိယရိုးရာ ဆေးနည်းဖြစ်ပေမယ့် မြန်မာ့ ရှေးနည်းလဲဖြစ်ပါတယ် ။

တိမ်မြုတ်ပျောက်ကွယ်နေတဲ့ Golden recipe လေးပါ ။

ရှေးက မီးဖွားပြီးတဲ့ မိခင်တွေ အတွက် အပူအပုတ်တွေ စင်သွားအောင် နနွင်းကို လုံးပြီး ဒီတိုင်းသောက်ခဲ့ရတာပါ ။

နနွင်းရဲ့ အာနိသင်တွေ က အင်တီဘိုက်အိုတစ် အင်တီဆက်ပတစ် ဖြစ်တယ် အယောင်အယမ်းကျတယ် ၊ အပုတ်စင်တယ် သွေးလည်ပတ်မှု ကောင်းတယ် ဆိုတော့ ကိုယ်ဝန်ဆောင်မိခင်တွေ ပြန်လည် သုံးစွဲသင့်တဲ့ဆေးပါ ။

အနာလဲ ကျက်တယ် ၊ ဖောယောင်တာတွေလဲကျတယ် ၊ လေနဲ့ ပတ်သတ်တဲ့ရောဂါတွေလဲ နိုင်ပါတယ် ဆိုတော့ ကျမတော့ ခလေးမွေးထားသူ မဟုတ်ပေမယ့် စမ်းသောက်ဘို့ ကြံစည်နေပါပြီ။

ဖျော်နည်းလေးကတော့

နွားနို့နွေးနွေးလေးပဲဖြစ်ဖြစ် သာမာန် အပူချိန်ပဲဖြစ်ဖြစ်..တခွက်ပဲ အရင်ထည့်ပါမယ် ။

ပျားရည်စစ်စစ် တဇွန်း (သို့) ကြိုက်သလောက်ထည့် အချိုကြိုက်ရင် ပိုထည့်
နနွင်းမှုန့် စစ်စစ် ကော်ဖီ ဇွန်းဖျားလေးနဲ့တဝက်
အနံ့မွှေးအောင် သစ်ဂျဘိုးမှုန့်လေး ဇွန်းဖျားလေးနဲ့ နဲနဲလေး
ဂျင်းမှုန့် စီးတီးမတ်မှာ ရနေပြီ အဲတာကလဲ ဇွန်ဖျားလေးနဲ့ ကိုယ်ကြိုက်သလောက်သာထည့် ကျမကတော့ဂျင်းကြိုက်တယ်
ပြီးရင် ခေါက်မွှေပြီးသောက်လို့ရပါပြီ ။ အဓိကကတော့ ဂျင်းရယ် နနွင်းရယ် နွားနို့ရယ် ပဲကျန်တာကတော့ အနံ့ရယ် အရသာရယ်က အဝင်ကောင်းအောင် လျှောက်ထည့်ကြတာပါ ။

စမ်းသောက်ကြည့်လို့ အဆင်မပြေရင်တော့ နနွင်းကို ပျားရည်နဲ့တေပြီး အခြောက်လှန်းပြီး အလုံးလေးတွေလုံးပြီးသောက်မယ် ။

တချို့နည်းတွေမှာလဲ အမှုန့် မရသူတွေ အတွက် နနွင်းတတ် ဂျင်းတတ် နဲ့ ငရုပ်ကောင်းတွေကို နွားနို့ထဲထည့်ုပြီး မီးအေးအေးလေးနဲ့ ပွက်လာတဲ့ အထိကျိုပါ ။

ပွက်ပြီး ခဏလောက်နေမီးဖိုပေါ်က ချပြီး စားပွဲပေါ်မှာပဲ အအေးခံထားပါ ။ နောက်အေးသွားပြီဆိုရင် နို့ထဲက အဖတ်တွေ ကိုဆယ်ထုပ်ပြီး ပျားရည်နဲ့ ရောသောက်နိုင်ပါတယ်။

"တော်တော်စေ့စပ်တဲ့တပည့်" ဆရာ ။     ။ဟေ့ရောင်ငါ့ကိုအအေးတစ်ဘူးလောက်သွားဝယ်ပေးစမ်း။တပည့် ။    ။ဘာသောက်မလဲဆရာ။ဆရာ ။    ။ကိုလ...
18/09/2021

"တော်တော်စေ့စပ်တဲ့တပည့်"

ဆရာ ။ ။ဟေ့ရောင်ငါ့ကိုအအေးတစ်ဘူးလောက်သွားဝယ်ပေးစမ်း။

တပည့် ။ ။ဘာသောက်မလဲဆရာ။

ဆရာ ။ ။ကိုလာ။

တပည့် ။ ။အေးတာယူမလား၊မအေးတာယူမလားဆရာ။

ဆရာ ။ ။အေးတာယူခဲ့။

တပည့် ။ ။သံဗူးလား၊ပလတ်စတစ်ဘူးလားဆရာ။

ဆရာ ။ ။ခွီးးးး ပလတ်စတစ်ပဲယူခဲ့။

တပည့် ။ ။1လီတာလား0.5လီတာလားဆရာ။

ဆရာ ။ ။ခွီးးးးတော်ရေတစ်ခွက်ပဲခပ်လာခဲ့။

တပည့် ။ ။ရေသန့်ဗူးထဲကလား၊ရေအိုးထဲကလားဆရာ။

ဆရာ ။ ။ကတောက်ဒီတိရစ္ဆာန်ကတော့ကွာ။

တပည့် ။ ။ခွေးလားနွားလားဟင်။

ဆရာ ။ ။အေဘေးငါ့ရှေ့ကထွက်သွားစမ်း။

တပည့် ။ ။အခုလားခဏနေရင်လားဆရာ။

ဆရာ ။ ။ငါမင်းကိုသတ်မိတော့မယ်နော်.....ဟွင်းဟွင်း။

တပည့် ။ ။ဓားနဲ့ထိုးမှာလားသေနတ်နဲ့ပစ်မှာလားဆရာ။

ဆရာ ။ ။တောင်းပန်ပါတယ်ငါ့ကောင်ရယ်ရှိကြီးခိုးပါတယ်အဟင့်ဟင့်။

***မျိုးဆက်သစ်မေတ္တာရှင်*** copy pr …

"Hello ရဲစခန်းကလားခင်ဗျာ”"ဟုတ်ပါတယ် ဘာကူညီရမလဲခင်ဗျာ”"ခုကိုင်နေတာရဲလားဗျ”ရဲအုပ်မြဒင် စိတ်ထဲနည်းနည်းတင်းသွားသည်ရဲစခန်းဖုန...
18/09/2021

"Hello ရဲစခန်းကလားခင်ဗျာ”

"ဟုတ်ပါတယ် ဘာကူညီရမလဲခင်ဗျာ”

"ခုကိုင်နေတာရဲလားဗျ”

ရဲအုပ်မြဒင် စိတ်ထဲနည်းနည်းတင်းသွားသည်
ရဲစခန်းဖုန်းကိုခေါ်ပြီး ခုကိုင်နေတာ ရဲလားတဲ့
အောက်သက်သက်နဲ့ပြန်ဖြေမိသည်

"ဟုတ်ပါတယ်”

"ခင်ဗျားက ကိုလှရွှေလား”

"မဟုတ်ဘူးဗျ”

"ဒါဖြင့်ကိုလှရွှေဘယ်သွားတုန်း”

"မသိဘူးလေဗျာ”

"ဒါဖြင့်ခင်ဗျားတို့စခန်းမှာ ကိုလှရွှေတော့
ရှိတယ်ပေါ့”

ကိုမြဒင်တင်းလေပြီ

တစ်ဖက်လူကတော့
တည်တည်ငြိမ်ငြိမ်ဖြင့်သာ

"အာ ခင်ဗျား ဘယ်လိုလူတုန်း
ဘာကိစ္စဆက်တာတုန်း”
ကိုလှရွှေမရှိဘူး
ကျုပ်ပဲရှိတယ် ကျုပ်ကိုပြော ”

"ဒါဖြင့်ကိုလှရွှေမအားဘူးဆိုတဲ့သဘောပေါ့”

"ဒီမှာကိုယ့်လူ ဒီစခန်းမှာ ကိုလှရွှေဆိုတဲ့ရဲ
မရှိဘူး
ခင်ဗျား ကို ဝတ္တရားနှောက်ယှက်မှုနဲ့
ဖမ်းလို့ရတယ်သိလား”

"ခင်ဗျားတို့ပြောတော့ ကူညီပါရစေဆို,”

"အေ့လေ အမှုကိစ္စနဲ့ပတ်သတ်ရင် ဆက်လေဗျာ ခုလိုလိုက်နှောက်ယှက်ဖို့မဟုတ်ဘူး”

"ကျုပ်ဆက်တာလဲ အမှုကိစ္စပဲလေ”

"ဒါဆိုလဲပြောပြာ
ဘယ်နေရာမှာ ဘာဖြစ်လို့လဲ”

"ဟင့်အင်း ကိုလှရွှေကိုပဲပြောမယ်
သူ့ကို ဖုန်းပေးလိုက်”

ဟာဒီလူတော့များပြီ

"ဟေ့လူ ကိုလှရွှေမရှိဘူး
ကျုပ်ပဲရှိတယ်လို့ဘယ်နှစ်ခါပြောရမလဲ”

"ခင်ဗျပြည်သူ့ဝန်ထမ်းလုပ်ပြီး ပြည်သူကိုစိတ်မရှည်ဘူး

"ကဲ ဟုတ်ပြီဗျာ ခင်ဗျားက ဘာလို့ ကိုလှရွှေနဲ့ မှပြောချင်ရတာလဲ”

"အဲ့ဒိလူကလူတော်ဗျ လူဆိုးဖမ်းတဲ့နေရာမှာ
သိပ်တာဝန်ကြေတဲ့သူ”

"ဘယ်က ကိုလှရွှေတုန်း
ဘယ်အမှုကိုလိုက်ပြီး
နာမည်ကြီးတာတုန်း”

"ခင်ဗျားဗျာ ညံ့လိုက်တာ
ရဲဖြစ်ပြီးကိုလှရွှေကိုတောင်မသိဘူးလား”

"ဟုတ်တယ်ဗျာ ညံ့တယ်ဗျာ ကဲ ပြောတော့
ခင်ဗျားပြောတဲ့ကိုလှရွှေကဘယ်သူလဲ”

"ရဲသားကြီးက ကိုလှရွှေ လူဆိုးဖမ်းဖို့
တာဝန်ကျေတဲ့ ခင်ဗျားမကြားဖူးဘူးလား”

"ဟာ ဒီလူတော့
အဲ့ဒါ တစ်တန်းစာထဲကလေဗျာ
အပြင်မှာတကယ်မရှိဘူး”

"ဒါဆိုရင်တော့ ခင်ဗျားတို့ရဲတွေ
တော်တော်လွန်သွားပြီ
ဒါပြည်သူကို ဂျင်းထည့်တာပဲ
ရဲထဲမှာ ကျုပ်တို့သိတာ ကိုလှရွှေပဲရှိတယ်
သိပ်တော်တဲ့ရဲမို့ ဂုဏ်ပြုပြီးထည့်ထားတယ်လို့
ကျုပ်တို့ကထင်တာ
ဒါကြောင့်ကျုပ်က ကိုလှရွှေကိုမေးတာ”

"ကဲ လူကြီးမင်းရေ
ရဲသားကြီးက ကိုလှရွှေဆိုတာ ကျုပ်တို့ထည့် ထားတာမဟုတ်ဘူး
သူ့ဘာသာ ကဗျာဆရာက ကာရန်ယူပြီးထည့် ထားတာ”

"ခင်ဗျားတို့ရဲတွေထဲမှာ ဂုဏ်ပြုရမယ့်လူ
အဲ့ဒိလောက်ရှားလား
မရှိတဲ့လူနာမည်ကိုများ ထည့်ရတယ်လို့”

"ဒါတော့ ကာရန် ယူတာလေဗျာ
ရဲသားကြီးကကိုလှရွှေ
လူဆိုးဖမ်းဖို့တာဝန်ကျေ
ကဲ ကာရန်မကိုက်ဘူးလား”

"ခင်ဗျားနာမည် ဘယ်သူလဲ”

"ရဲအုပ်မြဒင်”

"ရဲသားကြီးက ကိုမြဒင်
လူဆိုးဖမ်းရာသူကျွမ်းကျင်
ကဲ မရဘူးလား”

"အေးဗျာ ကျုပ်အရှုံးပေးပါပြီ
အမှုကိစ္စပဲပြောပါတော့ဗျာ”

"ခင်ဗျားကို နိုင်အောင်ပြောနေတယ်လို့
ထင်တာလား”

"မထင်ပါဘူးဗျာ
အမှုကိစ္စပဲပြောပါတော့ဗျာ”

"ကိုလှရွှေမရှိတာတော့ သေချာပါတယ်နော်”

ငိုသံပင်ပေါက်နေလေပြီ
"သေချာပါတယ်ဗျာ မရှိပါဘူးဗျာ
ကျုပ်ကိုပဲပြောပါတော့ဗျာ”

"အင်းပေါ့လေ လှရွှေမရှိမှတော့ မြဒင်ပေါ့
ဘာတတ်နိုင်မှာလဲ”

"ပြောဗျာ အမှုကိစ္စ”

"ကလေးတစ်ယောက် ရေတွင်းထဲပြုတ်ကျလို့”

"ဟာ ဘယ်တုန်းကလဲ”

"မနက် ကိုးနာရီ ၂၈မိနစ်က”

"ဗျာ လိပ်စာ အမြန်ပြော ကျုပ်လာပြီ”

"လိပ်စာက ------------”

"ဟုတ်ပြီ ခုချက်ချင်း ကျုပ်လာပြီ”

ကျနော်လည်း လိပ်စာပါအိမ်ကို ရဲသား
တစ်ယောက်ခေါ်ပြီး အမြန်သွားသည်

ကျနော်ရောက်သွားတော့ အိမ်ရှင်များက
ထိတ်ထိတ်ပြာပြာဖြင့်ကြည့်သည်
အိမ်ရှင်အမျိုးသမီးက
"ဆရာတို့ ဘာကိစ္စလဲဟင်”

"ကလေး ရေတွင်းထဲပြုတ်ကျလို့ဆို”

"ရှင် ဟုတ်ရဲ့လားရှင်”

ကိုမြဒင်တစ်ယောက် တော်တော်
ခေါင်းခြောက်သွားရသည်

"ခင်ဗျားတို့အိမ်ကလူဆက်တာလေ”

ခြံစောင့်ဖြစ်ဟန်တူသူက

ဟုတ်ပါတယ်မမလေးရဲ့သား
အောင်ဘု ရေတွင်းထဲပြုတ်ကျသွားတာ
ကျနော့်မျက်စိနဲ့ တပ်အပ်မြင်ပါတယ်
သေချာအောင် ရေတွင်းထဲ
ဆင်းကြည့်လိုက်သေးတယ်
သေချာပြီဆိုမှ ရဲစခန်းကို
ဖုန်းဆက်လိုက်တာပါ
ကျနော် ဘယ်လောက်စေ့စပ်လဲဆိုတာ
မမလေးသိမှာပါ

ရဲထဲမှာတောင် ကိုလှရွှေကို ခေါ်တာမရလို့
ကိုမြဒင်ကိုပဲ ခေါ်လိုက်ရတာ”

"ကဲ ကိုစေ့စပ်ကြီးရေ ရေတွင်းဆီသွားမယ်”

ရေတွင်းနားရောက်တော့ ကလေးငိုသံကို
ကြားရသည်

"သား အောင်ဘုရေ”

"သားရေတွင်းထဲမှာမေမေ”

တော်သေးတာပေါ့ ရေတွင်းပျက်မဟုတ်လို့
နောက်မို့ဆို oxygen ပြတ်ပြီး
သေသွားနိုင်တယ်

ကလေးက အပေါ်ရောက်ရောက်ချင်း
သူ့ အမေကိုတိုင်တော့သည်
"အဲ့လူကြီးလေ သားကိုလာကြည့်ပြီး
မကယ်ဘဲ ပြန်တက်သွားတာ”

ခြံစောင့်ဆိုတဲ့ကောင်ကို ထိုးချင်လိုတာမှ
လက်တွေယားလို့

"ဟဲ့ အေးမောင်”

"ဗျာ မမလေး”

"နင်က ငါ့သားကို ဘာလို့မကယ်တာလဲ”

"ကျနော့်တာဝန်က ခြံစောင့်လေ
အစ်မကလေးကို ကယ်ဖို့မှ မပါတာ
ဒါတောင် တာဝန်သိပြည်သူအနေနဲ့ ရဲစခန်းကို
ဖုန်းခေါ်ပေးခဲ့သေးတယ်”

ထိုးပြီကွာ ဟုဆုံးဖြတ်ပြီး
ခြံစောင့်အေးမောင်ကို ပယ်ပယ်နယ်နယ်
ထိုးပစ်ခဲ့သည်
လောကကြီးမှာ အဲ့ဒိအေးမောင်လို စောက်တလွဲ
တိကျချင်တဲ့ကောင်တွေ ရှိကိုရှိသည်

Error(Sithu)

Crd

Admin. ​မောင်​ဝံသ[​ပျော်​ရာ​မြေ]

Address

Mandalay
05011

Telephone

+959974364730

Website

Alerts

Be the first to know and let us send you an email when Aung Naing Soe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share