04/12/2021
ရွေအိုးကြီးတွေ ယူနိုင်ကြပါစေ
~~~~~~~~~~~~~~~~~~~~~
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးဟာ တစ်နေ့မှာ သင်္ကန်းရုံတာ မညီတဲ့အတွက် ကိုရင်လေးတစ်ပါးက " အရှင်ဘုရား, သင်္ကန်းရုံတာ မညီဘူး ဘုရား " ဆိုတော့ ကိုယ်တော်မြတ်ကြီးက တစ်ခြားနေရာမှာ သင်္ကန်းပြင်ဝတ်ပြီး ကိုရင်လေးဆီကို ပြန်လာကာ လက်အုပ်လေးချီပြီးတော့ " ဆရာသခင်၊ ဒီလိုဆိုလျှင် အဆင်ပြေပြီလား ဘုရား " တဲ့။
ဘုရားရှင်ပြီးရင် ပညာအရာမှာဧတဒဂ် ရပေမယ့် ဆရာ ဖြစ်ခဲ့ဘူးတဲ့ ရှင်အဿဇိ ရှိရာအရပ်ကို ဦးခေါင်းထားပြီး အမြဲတမ်း အိပ်တယ် တဲ့။
တစ်နေ့, ဝါကျွတ်လို့ တပည့်တပန်းတွေနဲ့ ဘုရားရှင်ဆီ လာတဲ့အခါ တပည့်တွေက ဆူညံလွန်း နေတဲ့အတွက် သာရိပုတ္တရာ, သင့်တပည့်တွေနဲ့ ငါ မတွေ့လိုဘူး " ဆိုပြီး နှင်ထုတ်တယ်။
တပည့်တွေကို
ငြိမ်အောင်ဆုံးမပြီးပြန်လာတဲ့အခါ ဘုရားရှင်က
သာရိပုတြာ ငါဘုရားရှင် နှင်ထုတ်စဉ်က သင့်စိတ်
ထဲဘယ်လို နှလုံးသွင်းသလဲလို့မေးတယ်
အရှင်ဘုရား ပညာရှိတွေရဲ့ ဆိုဆုံးမမှု့ဟာ
အရမ်းရခဲ့တဲ့အတွက် လာဘ်ကြီးတပါးလို ခံယူပြီး
နောင်လည်း အလျှင်းသင့်ပါက ခံယူချင်ပါကြောင်း
ပြန်လျှောက်တယ်
ဒါ့ကြောင့် ဘုရားရှင်က ချစ်သားတို့ ငါ့သား
သာရိပုတြာ ကဲ့သို့သည်းခံနိ ုင်ရမည် နှလုံးသွင်း
နိ ုင်ရမည်လို့ဆိုပြီးချီးမွမ်းတော်မူတယ်
သူတပါး ဆုံးမမှု့ဟာ အင်မတန် ရခဲတဲ့ လာဘ်
ကြီးတစ်ပါးတဲ့
အခု ဘာသာရေးပို့စ်တွေမှာတော့
အဲဒီလို နှလုံးမသွင်း နိ ုင်ကြတော့ဘူး ထင်ပါရဲ့
ဘယ်လောက်နားလည်လို့လည်း တဲ့
ကိုယ်မကျင့်နိုင်သေးပဲ သူများကို
ဆရာမလုပ်ပါနဲ့တဲ့
တချို့များဆို ဆဲ ဆိုပြီးတော့တောင်
ပြန်ပြောနေတာတွေ တွေ့ရတော့
များစွာဝမ်းနည်းမိပါတယ်
ကိုယ်သွားချင်တဲ့ ခရီးကို ရောက်ဖို့အတွက်
လမ်းပြနိုင်တဲ့သူက လမ်းခရီးကို မှန်မှန်ကန်ကန်
ပြတတ်ဖို့က အဓိကမဟုတ်ဘူးလား
အဲဒီခရီးကို သူရောက်ဖူးဖို့ထက်
လမ်းပြနိုင်ဖို့က အဓိက မကျဘူးလား
ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ဘာသာရေးပိုစ့်တွေမှာ
အဲဒီလို ကွန်းမန့်တွေတွေ့ရတာ
အင်မတန် ဝမ်းနည်းစရာကောင်းလှပါတယ်
လူယုတ်မာ အင်္ဂါရှစ်ပါးထဲမှာ
သတိပေးသူကို ပြန်ပြောခြင်း ဆိုတဲ့တစ်ချက်
ပါ ပါတယ်
ဓမ္မမိတ်ဆွေများ
အသိ သတိ ရှိနိုင်ကြပါစေ၊ ဆိုဆုံးမသူများကို ကျေးဇူးရှင်များအဖြစ်မြင်နိုင်ကြပါစေ။
#မူရင်းရေးသားပူဇော်သူကိုဂါရ၀ပြုပါတယ် #မေတ္တာဖြင့်ပြန်လည်မျှဝေပါတယ်