11/04/2024
ခရီးသွားကြမယ်
ခရီးသွားတယ်ဆိုတာ စိတ်ထဲမှာတင်းကျပ်နေသမျှကို ဖောက်ချလိုက်ပြီး ကိုယ်ရောက်နေတဲ့ဒေသရဲ့ နောက်ခံသမိုင်းကြောင်း တွေနဲ့ရှူခင်းတွေနဲ့အတူဓါတ်ပုံလေးရိုက်facebookပေါ်တင် Tiktokလေးဆော့ပြီး လိုက်ပါစီးမျောဖို့ပါပဲ။ မန္တလေးကိုရောက်ရင် ဦးပိန်တံတားလေးသွားTiktokလေးဆော့ ရင်းFeelမယ်၊ရန်ကုန်မြို့မှာရောက်ရင် ရွှေတိဂုံဘုရားဖူးမျှော်ကြည်ညိုရင်းကုသှိလ်တွေ ယူမယ် ၊အင်းလေးကန်ထဲမှာ လှေကလေးစီးရင်း အင်းလေးမှာရွာတဲ့မိုး သီချင်းကိုညည်းချင်ညည်းမယ်။ ပုဂံဘုရားတွေကြားမှာလျှောက်သွားရင်း ပုဂံမှာသာတဲ့လ ဇာတ်ဝင်ခန်းတွေကို ပြန်လည်မြင်ယောင်မယ်။ ဘဝဆိုတာ တစ်ခုတည်းရှိတာပါ။ အိမ်မှာနေရင်း၊ မနက် (၉) ည (၅) ရုံးတက်နေရင်းမရနိုင်တဲ့ ခံစားမှုတွေကို အပြည့်ရယူလိုက်ပါ။ဘဝဆိုတာ တခုတည်းရတာမို့ ခရီးသွားရတဲ့ Feel က ဘာဆိုဘာနဲ့မှကိုမလည်းနိုင်ပါဘူး ဒါကြောင့် အချိန်ရှိတုံး သွားနိုင်လာနိုင်တုံး ခရီးသွားကြပါစို့။