Friend Bookshop

Friend Bookshop စာအုပ်အရောင်းဆိုင်

18/03/2025

ကျွန်တော်တို့ စာအုပ်အရောင်းလုပ်ငန်းလေး ပြန်လည်ရောင်းချခြင်း မပြုလုပ်ပေးနိုင်သေးပါခင်ဗျာ။

06/04/2024

စာအုပ်အရောင်းလေး ခေတ္တနားထားပါတယ်ဗျ။

🟣 ပန်းစကား ပျားစကား (၇၅)အမှားတွေအများကြီးမလုပ်ဖြစ်ဖို့သီလနဲ့ပညာလိုတယ်လူပြိန်းတွေအများကြီးကြားရောက်နေတဲ့အခါသတ္တိလည်းလိုတယ...
22/03/2024

🟣 ပန်းစကား ပျားစကား

(၇၅)

အမှားတွေအများကြီးမလုပ်ဖြစ်ဖို့
သီလနဲ့ပညာလိုတယ်
လူပြိန်းတွေအများကြီးကြားရောက်နေတဲ့အခါ
သတ္တိလည်းလိုတယ်

#ကိုသန်းထွန်း

ပန်းစကား ပျားစကား(၆၃)လောကဓံအထုအထောင်းတွေအောက်မှာမင်းဟာပိုပြီးထုသားပေသားကျလာမယ်လို့ချည်းမျှော်လင့်မနေနဲ့ ညီလေးတချို့လောကဓ...
10/03/2024

ပန်းစကား ပျားစကား

(၆၃)

လောကဓံအထုအထောင်းတွေအောက်မှာ
မင်းဟာ
ပိုပြီးထုသားပေသားကျလာမယ်လို့ချည်း
မျှော်လင့်မနေနဲ့ ညီလေး

တချို့လောကဓံတွေက
မင်းကို ပညာပေးရုံပေးပေမယ့်
တချို့လောကဓံတွေကျတော့
မင်းကို နာလန်မထူနိုင်လောက်အောင်
အငြှိုးတကြီး ခြေမှုန်းတတ်ကြတယ်

သတိရှိပါ ညီလေး

#ကိုသန်းထွန်း

"မင်း အချိန်မရွေးသေဆုံးနိုင်တယ်ဆိုတာကို လက်သင့်ခံထားရင်…မင်း ခုလောက် ရည်မှန်းချက်တွေ မြင့်မြင့်မားမား  ထားချင်မှထားတော့မ...
26/01/2024

"မင်း အချိန်မရွေးသေဆုံးနိုင်တယ်ဆိုတာကို
လက်သင့်ခံထားရင်…မင်း ခုလောက်
ရည်မှန်းချက်တွေ မြင့်မြင့်မားမား
ထားချင်မှထားတော့မယ်။
မင်း အချိန်တွေအများကြီးပေးခဲ့တဲ့ကိစ္စတွေ...
မင်း အခုလုပ်နေတဲ့အလုပ်တွေအားလုံးဟာ
သိပ်ပြီးအရေးကြီးလှတယ်လို့ မထင်ရတော့ဘူး။
မင်း ဝိညာဉ်ပိုင်းဆိုင်ရာကိစ္စတွေအတွက်
အချိန်ပေးကောင်းပေးလာလိမ့်မယ်။"

#မြတ်ငြိမ်း၏ 'ဆရာအို၏ ဘဝနေဝင်ချိန်သင်တန်း' စာအုပ်မှ (Tuesdays with Morrie by MITCH ALBOM)

17/01/2024

''ကျွန်ုပ်တို့ ဘာကိုတွေးသလဲ၊ ဘာကို သိသလဲ၊
ဘာကို ယုံကြည်သလဲ။ ထိုအရာများသည်
နောက်ဆုံး၌ ဘာမှအရေးမကြီး။ ကျွန်ုပ်တို့
ဘာကို လုပ်သလဲဆိုသောအချက်သည်သာ
အရေးအကြီးဆုံးဖြစ်၏။''

#မောင်ပေါ်ထွန်း ''စီးပွားရေးလုပ်ငန်း ဆက်ဆံရေး ကျင့်ဝတ်များ''စာအုပ်မှ

🟣 ပန်းစကား ပျားစကား(၄)တချို့က သူရဲကောင်းကိုမျှော်ကြတယ်ကိုယ့်ရဲ့အားထုတ်မှု တစုံတရာမထည့်ဝင်ပဲအောင်ပွဲကို စိတ်ကူးယဉ်ချင်လို...
16/01/2024

🟣 ပန်းစကား ပျားစကား

(၄)

တချို့က
သူရဲကောင်းကိုမျှော်ကြတယ်
ကိုယ့်ရဲ့အားထုတ်မှု တစုံတရာမထည့်ဝင်ပဲ
အောင်ပွဲကို စိတ်ကူးယဉ်ချင်လို့

တချို့က
မေတ္တာအကြောင်း များများပြောကြတယ်
တခြားသူတွေရဲ့ ပွေ့ဖက်မှုမှာ
သူ့ဘဝကို လုံခြုံချင်လို့

တချို့က
အာဏာရှင်စနစ်ကို လိုလားကြတယ်
သူ့ကိုယ်သူ အုပ်ချုပ်သူနေရာကနေ ဝင်ကြည့်နေလို့
(သူ့ကိုယ်သူ အုပ်ချုပ်ခံနေရာကနေ ဝင်မကြည့်ဖူးလို့)

တချို့က
ကွန်မြူနစ်စနစ်အပေါ် မျှော်လင့်ကြတယ်
(၁၉၆၀ကျော်က တောင်ကိုရီးယားနိုင်ငံလို)
သူတို့ကိုယ်တိုင် အရင်းရှင်ဖြစ်နေတဲ့
ချွန်ဒူးဝွမ်တို့ ဝိုတေဝူးတို့လို ဗိုလ်ချုပ်တွေရဲ့
ရက်စက်တဲ့အုပ်ချုပ်မှုကို တော်လှန်ချင်လို့
အဲ့ဒီအချိန်တုန်းက
ကွန်မြူနစ်ဝါဒဟာ အဖိနှိပ်ခံတွေဘက်က ရဲရဲရင့်ရင့်ရပ်နေသေးလို့

တချို့က
အရင်းရှင်စနစ်ကို ကြိုက်ကြတယ်
လူတယောက်ရဲ့တဏှာကို အလိုလိုက်အကြိုက်ဆောင်လို့
ဒီစနစ်ကိုကြိုက်ဖို့ရာ အမြှော်အမြင်သိပ်ရှိစရာမလိုလို့
အနေချောင်လို့

တချို့က
ဘုရင်စနစ်ကို ကြိုက်ကြတယ်
ထိုင်းဗိုလ်ချုပ်တွေလို
အရင်းရှင်တွေနဲ့ ဝေစားမျှစားလုပ်သမျှ
ဘုရင့်အကာအကွယ် ရနေလို့

ကျနော်ကတော့
အုပ်ချုပ်သူနေရာက မစဉ်းစားတတ်ဘူး
အုပ်ချုပ်ခံ သာမန်ပြည်သူလူထု အများစုကြီးကို
ပညာတူတူတန်တန် တတ်စေချင်တာတခုပါပဲ

ဘယ်လိုစနစ်အမျိုးမျိုးအောက်မှာပဲ ဖြစ်ဖြစ်
ငါတို့ဟာ မလုံခြုံခဲ့ပါလားလို့
ကြေကွဲနေချင်ရုံမျှပါပဲ…

#ကိုသန်းထွန်း

🟣 စိတ်ကူးချိုချို ဈေးပွဲကာလအတွင်း မှာယူသူများ ၂၅ ရာခိုင်နှုန်း လျှော့ဈေး ရှိပါတယ်။စာအုပ်မှာယူလိုပါကမန္တလေးမြို့တွင်း ပစ္...
03/01/2024

🟣 စိတ်ကူးချိုချို ဈေးပွဲကာလအတွင်း
မှာယူသူများ ၂၅ ရာခိုင်နှုန်း လျှော့ဈေး ရှိပါတယ်။

စာအုပ်မှာယူလိုပါက
မန္တလေးမြို့တွင်း ပစ္စည်းရောက် ငွေချေ ရပါတယ်။
တခြားမြို့တွေဆို Kpayနဲ့ ငွေကြိုလွှဲရပါမယ်။
Wepozt, Ninja Van, Royal Express Delivery Service တွေနဲ့ ပို့ပေးပါတယ်။ ပို့ခ ဝယ်သူဘက်က ကျခံရပါမယ်ဗျ။ ကားဂိတ်တင်ပေးရမယ်ဆိုလည်း တင်ပေးပါတယ်။ ဂိတ်တင်ခတော့ ယူပါတယ်။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

🟣လှသန်း၏ 'မနက်ဖြန်ကျရင်'ကဗျာခန္ဓာကိုယ်ဟာ မီးခံသေတ္တာ မဟုတ်ဘူး။စိတ်ဓာတ်ဟာ ရာဘာဖိနပ် မဟုတ်ဘူး။ပါးစပ်ဟလိုက်ရင်ကားစင်တင်ခံရမ...
01/01/2024

🟣လှသန်း၏ 'မနက်ဖြန်ကျရင်'ကဗျာ

ခန္ဓာကိုယ်ဟာ မီးခံသေတ္တာ မဟုတ်ဘူး။
စိတ်ဓာတ်ဟာ ရာဘာဖိနပ် မဟုတ်ဘူး။
ပါးစပ်ဟလိုက်ရင်
ကားစင်တင်ခံရမယ်
တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ရတယ်။

'သိပြီလား ...
သိခဲ့ပြီလား ...'
ပြည်သူလူထုရဲ့ မချိသွားဖြဲ နေ့ရက်များ
ဦးခေါင်းထဲ တွားဝင်လာ
ကြည့်စမ်း၊ သာမန်အကျဆုံး ပျော်ရွှင်မှုတောင်မှ
ခြစားခံနေရ
ဒါ လှလှပပ စော်ကားတာပဲ
အသားထဲက လောက်ထွက်တာ ကဗျာမဟုတ်ဘူး။
ခွေးရူးကို တရားဟောတာ ကဗျာမဟုတ်ဘူး။
မှန်ပုံးထဲ ငါး အလှထည့်မွေးတာ ကဗျာမဟုတ်ဘူး။
ပတ္တူဖျင်စပေါ်မှာ
ငြိမ်သက်မှုနဲ့ ဆီဆေးကို ရောစပ်
အေးစက်စက် ပန်းချီကားတစ်ချပ်နဲ့ ဖွဲ့စည်း
သွေးပျက်ဖွယ် အထီးကျန်
ကိုလန်ဗတ်နဲ့ ဘဲဥ
ကုဗပုံ ဆူသံများ
နားမဆံ့အောင် ကြားရပြန်ပြီ။

အစစ်အမှန်ဟာ
ပြင်းထန်တဲ့ အရက်ပဲ
မိုက်တွင်းနက်နက်ထဲကို လောင်းထည့်
ဘဝကို နည်းနည်းချင်း ဖဲ့ရောင်း
ဟေ့လူ၊ သဘောကောင်းလှချည်လား။

ဒီလိုနဲ့
ပျက်နေတဲ့ စိတ်ကို
စစ်မှန်တဲ့ နွားနို့တစ်ခွက်နဲ့ မိတ်ဆွေဖွဲ့
အားတက်မိခဲ့
ခင်ဗျားတို့ သဘောတူပါလိမ့်မယ်။

ဟော ... ညနေစောင်းပြီ
ဗြောင်းဆန်နေတဲ့
ခေတ်ရဲ့အသံဗလံတွေထဲမှာ
'ငါတို့'ဆိုတဲ့ အလံတော်ကို လွှင့်ထူဖို့
အဆင်သင့်ဖြစ်ခါနီးပြီ ကိုယ့်လူတို့ရေ ...

ဘဝက တောင်းဆိုပြီမို့
တောင့်ထားကြ
အောင့်ထားကြ
ခဏလေး စောင့်လိုက်ကြပါ မိတ်ဆွေတို့ရယ်
မကြာပါဘူး
မကြာတော့ပါဘူး။ ။

#လှသန်း
#မနက်ဖြန်ကျရင်

🟣 Crystal Gayle ရဲ့ 'Too Good to Throw Away' သီချင်းနဲ့ မောင်သစ်မင်း ရေးထားပြီး မျိုးကြီး ဆိုထားတဲ့ 'မင်းသိဖို့ ကောင်းတယ...
20/12/2023

🟣 Crystal Gayle ရဲ့ 'Too Good to Throw Away' သီချင်းနဲ့ မောင်သစ်မင်း ရေးထားပြီး မျိုးကြီး ဆိုထားတဲ့ 'မင်းသိဖို့ ကောင်းတယ်'

ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသား လူကြိုက်များတဲ့ မြန်မာသီချင်းတချို့ကို မူရင်းသီချင်းတွေနဲ့ ယှဉ်တွဲဖော်ပြသွားပါမယ်ဗျ။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

🟣 မင်းသိဖို့ ကောင်းတယ်
တေးရေး - မောင်သစ်မင်း
တေးဆို - မျိုးကြီး

ကန်တော်ကြီး အင်းလျားလည်း မသွားချင်
ကိုယ်လေ မသွားဘူး
ပြန်မြင်ယောင်ကာ ဆွေးနိုင်တယ်
နှစ်ယောက်သား သွားဖူးတဲ့
ဘုရားပေါ်မှာ ခိုလေးများ
ကိုယ်လာရင် မေးငေါ့ကြမလား

အကြောင်းအမျိုးမျိုးရှိလို့
ကိုယ် ငြင်းရခက်တော့
စင်ပေါ်တက်ရတဲ့ အခိုက်အတန့်လေး
ထိုင်နေကျ ရှေ့က မင်းရှိရာ ခုံလေးသို့
ဟိုအရင်လို မကြည့်ဝံ့ဘူး

(မင်း သိဖို့ကောင်းတယ်
စွဲမိတဲ့ မင်းရဲ့ အပြုံးလေးတွေ
ချိုသာတဲ့ စကားများ ပျောက်ကွယ်ရင်
မနေတတ်လို့
ယောင်ချာချာဖြစ်ခဲ့ရ)

အဖော်တွေ ကောင်းပေမယ့်လည်း
ခဏလေး စိတ်ပြေရုံပဲ ရှိ
နေသာတယ် မထင်နဲ့ကွယ်
ကိုယ်တစ်ယောက်တည်း မသွားရဲဘူး
အရင်လို အင်အားမရှိ
ဘယ်ရုံမှာ ဘာကားပြ
သတိရလို့ ဆွေးရမယ့် ကိုယ့်အဖြစ်များ
မင်းမပါတဲ့ ကိုယ့်ဘဝများ
အိပ်မက်လည်း မက်ဖို့ ကြောက်မိတယ် ပြန်စဉ်းစား ဒီလူကို ထားသွားမလား
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

🟣 Too Good to Throw Away
Song by Crystal Gayle

We've been up, we've been down
Honey we've been around
Hope we keep on, keep it on
It's a mistery to some how
We've done what we've done
We've been together so long
People they ask me what can it be
What's the secret of me and you
I just smile and say well
You see it's this way
Here's what you gotta do
Smile if it kills you
Find some kind lityle things to say
'Cause there is no doubt when
You sold it all out
It's too good to throw away
Well, it saddens me so to see people we know
Breaking of life they do
And I guess me and you honey
We'll even prove
That love that will see you through
We've been together a long, long time
Troubles we've had a few
But when times get hard and things go wrong
We know just what to do
Smile if it kills you
Find some kind little thing to say
'Cause there ain't no doubt when
You solve it all out
It's too good to throw away
Smile if it kills you
Find some kind little things to say
'Cause there ain't no doubt when
You solve it all out
It's too good to throw away
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

လူသည် အစုအဝေးနှင့်နေသောသတ္တဝါ ဖြစ်သည်။ ယင်းသို့ နေထိုင်နိုင်ခြင်းသည် လူ၌ အတ္တစိတ်သာမက ပရစိတ်ပါ ရှိသောကြောင့် ဖြစ်သည်ဟု ပ...
20/12/2023

လူသည် အစုအဝေးနှင့်နေသောသတ္တဝါ ဖြစ်သည်။ ယင်းသို့ နေထိုင်နိုင်ခြင်းသည် လူ၌ အတ္တစိတ်သာမက ပရစိတ်ပါ ရှိသောကြောင့် ဖြစ်သည်ဟု ပညာရှင်တို့က ဆိုကြသည်။
သို့သော် လူ့အသိုက်အဝန်းထဲတွင် လေ့လာစူးစမ်းကြည့်လျှင် အတ္တဟိတကဲသောလုပ်ရပ်များကိုသာ ထင်ထင်ရှားရှား တွေ့ရလေ့ရှိသည်။ ပရဟိတစိတ် ပရဟိတလုပ်ရပ်များကား မြင်ရခဲသည်။ မြင်ရလျှင်လည်း မထင်မရှား မှေးမှေးမှိန်မှိန်မျှသာ။
ထိုအခါ “လူတွေကား တစ်ကိုယ်ကောင်း သမားများသာတည်း”ဟု ကျွန်တော်တို့ စိတ်ပျက်အားလျော့မိတတ်ကြပါသည်။
သို့သော် ကျွန် တော်တို့သည် လူသားနှင့်ပတ်သက်၍ အကောင်းမြင်စိတ်များ ကုန်ခန်းမသွားသေးသည့်အားလျော်စွာ ပစ္စုပ္ပန်ကာလ အတိတ်ကာလထဲတွင် ကျွန်တော်တို့ လေးစား ကြည်ညိုနိုင်မည့်သူ၊ လိုလားအားကျနိုင်မည့်သူများကို လိုက်လံရှာဖွေကြည့်မိကြသည်။ ကျွန်တော်တို့ ရှာဖွေရာနယ်ပယ်ကား အတ္ထုပ္ပတ္တိကျမ်းများ ဖြစ်သည်။

#ဖေမြင့်
#မဟာကရုဏာရှင်များ
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

🟣 မှာယူနိုင်သော စာအုပ်များ

စာအုပ်မှာယူလိုပါက မန္တလေးမြို့တွင်း ပစ္စည်းရောက် ငွေချေ ရပါတယ်။ တခြားမြို့တွေဆို Kpayနဲ့ ငွေကြိုလွှဲရပါမယ်။ Wepozt, Ninja Van, Royal Express Delivery Service တွေနဲ့ ပို့ပေးပါတယ်။
ပို့ခ ဝယ်သူဘက်က ကျခံရပါမယ်ဗျ။ ကားဂိတ်တင်ပေးရမယ်ဆိုလည်း တင်ပေးပါတယ်။ ဂိတ်တင်ခတော့ ယူပါတယ်။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

🟣 အဆုံးမရှိသော အလင်းအင်အားမမြင်ရလည်းရင်မှ လှိုင်းက ... သိနေသည်။မကြားရလည်းနားမှ မျက်လုံး ဖွင့်ထားသည်။ဪ ... အမြင် အကြားနား...
18/12/2023

🟣 အဆုံးမရှိသော အလင်းအင်အား

မမြင်ရလည်း
ရင်မှ လှိုင်းက ... သိနေသည်။

မကြားရလည်း
နားမှ မျက်လုံး ဖွင့်ထားသည်။

ဪ ... အမြင် အကြား
နားနှင့်မျက်စိ၊ မရှိကြစေ
လေထုသိပ်သည်း၊ ကလာပ်စည်းဖွဲ့
လှိုင်းရဲ့မာယာ၊ ကွန်ပျူတာမလို
ရင်မှာအလင်္ကာ၊ မြစ်မဟာ၏
ညင်သာစီးဆင်း၊ နှလုံးတွင်း၌
အလင်းဖြတ်သန်း၊ ရောင်စဉ်တန်းတို့
သိန်းသန်းကုဋေ၊ ရွှန်းလက်ဝေရ
ရူပဗေဒ၊ ဇီဝပညာရှင်
ကောင်းကင်ပင်လယ်၊ အကျယ်အဝန်း
အစွန်းနှစ်ဖက်၊ သက်တံလက်မှာ
လက်ဖြန့်လျက်သာ ...
တောင်းခံပါလည်း
ပညာဆုံးစ မရှိပြီ။ ။

#ဒေါင်းနွယ်ဆွေ
[‌ ဆေးရုံပေါ်တွင် ရေးခဲ့သော နောက်ဆုံးကဗျာစုမှ တစ်ပုဒ်ဖြစ်သည်။]
#ရူမဝရုပ်စုံမဂ္ဂဇင်း၊ စက်တင်ဘာ ၁၉၈၅

Address

Mandalay

Telephone

+959792437102

Website

Alerts

Be the first to know and let us send you an email when Friend Bookshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category