10/04/2025
28.3.2025 နေ့လည် (၁၂:၅၀)မိနစ်ဝန်းကျင်တွင် ဖြစ်ပေါ်ခဲ့သော အင်အား 7.7 magnitude ဖြင့်လှုပ်ခတ်ခဲ့သော ပြင်းထန်တဲ့ငလျင်ကြောင့် လူအများ ဆုံးရှုံးမှုတွေများစွာဖြစ်ပေါ်ခဲ့ရပါတယ်။
အဆိုပါ ဆုံးရှုံးမှုအတွက် အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်ရှင့်။
ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်ကြောင့် အရေးကြီးသတင်းများနဲ့ လိုအပ်တဲ့အကူအညီများရယူနိုင်ရန်တင်ပေးကြသော သတင်းများကို မဖုံးလွှမ်းစေဖို့နဲ့ လိုအပ်တဲ့နေရာတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ လုပ်အားပေးကူညီနေတာကြောင့် ညီမရဲ့ Page လေးကိုရပ်နားထားခဲ့ပါတယ်။
အခုတော့ ညီမ Page လေးကိုပြန် Run ပြီး စားဝတ်နေရေးနဲ့လိုအပ်သူတွေကိုအကူအညီပိုပြီးပေးနိုင်ဖို့ အလုပ်တွေပြန်လုပ်တော့မှာမို့ လုပ်ငန်းပြန်စမယ့် လုပ်ငန်းရှင်တွေအနေနဲ့ Content ရေးဖို့လိုအပ်ခဲ့ရင် ညီမကိုဆက်သွယ်လို့ရပါတယ်ရှင့်။
အားလုံးခက်ခဲနေကြတဲ့ကာလမို့ လာအပ်တဲ့ Client တိုင်းအဆင်ပြေစေအောင် Quality ကောင်းမွန်တဲ့ Content တွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ရေးသားပေးသွားမှာဖြစ်ပါတယ်ရှင့်✍️
Telegram - 09-796 364 192
☎️ 09-796 364 192
09- 967 888 537