Shwe Bhone

Shwe Bhone Online Shop

04/12/2021

🌿အရင်းအနှီးရှိမှ စီးပွားရေး လုပ်လို့ရတဲ့ခေတ်က
ကုန်သွားပါပြီ။

🌿ဒီနေ့ခေတ်မှာ အရေးအကြီးဆုံး အရင်းအနှီးက
မိမိရဲ့ personal brand ပါပဲ။

🌿မိမိကိုယ် မိမိ ဘယ်လောက်
ယုံကြည်စိတ်ချဖွယ် တည်ဆောက်ထားသလဲအပေါ်မူတည်ပြီး
အရင်းအနှီး အနည်းငယ်နှင့်
လူတိုင်း စီးပွားရေးလုပ်လို့ရနေကြပြီ။

🌿အရင်က ငွေရှိမှ လူရာဝင်တာပါ။
ဒီခေတ်က
သင် ကတိတည်ပြီး ကြိုးစားနေသမျှ
လူရာဝင်နေမှာပဲ။

By Aye Aye Mar

(လွတ်လပ်စွာ ကူးယူနိုင်ပါသည်။)

02/12/2021
နေဝင်ငုပ်လျှိုး ရေမချိုးနှင့် ကပ်ဆိုးအဖျားဝင်လိမ့်မည်ဆိုသည့်အတိုင်း ဥတုသုံးပါးအလိုက် ရေချိုးနည်း________________________...
23/11/2021

နေဝင်ငုပ်လျှိုး ရေမချိုးနှင့် ကပ်ဆိုးအဖျားဝင်လိမ့်မည်ဆိုသည့်အတိုင်း ဥတုသုံးပါးအလိုက် ရေချိုးနည်း
___________________________________

ဆောင်းဥတုတွင် ဒက္ခိဏခေါ် တောင်ဝင်ရိုးစွန်းမှ နေထွက်သည်။ ကမ္ဘာနှင့် ဝေးကွာလှသဖြင့် နေထွက်ချိန် နောက်ကျသည်။

နေနှင့်ဝေးသဖြင့် တေဇောဓာတ် အရနည်းသည်။ ထိုအခါ တေဇောဓာတ်ကိုကြောက်ရွံ့သော အဖျားပိုးတို့ ထကြွကြလေသည်။

ရောဂါပိုး အတော်များများသည် နေရောင်ခြည်ကို ကြောက်ကြသည်။ နေရောင်ခြည်တွင် သေကြသည်။

ပူမှု အေးမှု တေဇောပြုသည်။ တေဇောယုတ်က ရောဂါရသည်။ တေဇောသည် သက်စောင့်ဓာတ်ဖြစ်သည်။

သင်နေထိုင်သောအိမ်သည် နံနက်ခင်းနေရောင်ခြည် မရရှိလျှင် သင်၏အိမ်သားများသည် မကြာခဏ ဖျားနာကြလိမ့်မည်။

နေရောင်ခြည်က သင့်အိမ်သို့ မလာလျှင် သင်သည် နေရောင်ခြည်ရှိရာသို့ သွားရပေလိမ့်မည်။

မနက်ခင်း နေရောင်ခြည်ကို နာရီဝက်ခန့် ခံယူလိုက်ရုံဖြင့် သင့်အတွက် တစ်နေ့တာ လုံလောက်သော တေဇောဓာတ်ကို ရရှိပြီးဖြစ်ပေသည်။ ငွေမကုန်သော ဆေးတစ်ပါးမှာ နေရောင်ခြည်ပင်ဖြစ်ပေသည်။

မနက်ခင်းတွင် မြေကွက်လပ် ရေကူးကန်စသည်တို့တွင် နေရောင်ခြည်ခံ၍ ရေချိုးရခြင်းသည် အထူးကျန်းမာစေသည်။

ဆောင်းတွင် မနက် (၁၁) နာရီခန့်အတွင်း ရေချိုးခြင်းသည် အကောင်းဆုံးဖြစ်သည်။

ကျန်းမာသူ လူငယ်များအတွက် မနက်စောစောကပင် ရေချိုးနိုင်သော်လည်း အသက်ကြီးပိုင်း လူကြီးများမှာ ရေချိုး ဆင်ခြင်ရမည်။ နွေကိုး၊ မိုးတစ်ဆယ်၊ ဆောင်းတစ်ဆယ့်တစ် ဆိုသော စာချိုးအတိုင်းသာ ရေချိုးသင့်သည်။

နွေ(၉) မိုး(၁၀) ဆောင်း(၁၁) သည် လူကြီးများအတွက် ရေချိုးချိန် ဖြစ်ပါသည်။

မိမိကိုယ်မိမိ ကျန်းမာသည်ဆိုပြီး ညနေ(၆)နာရီ အလုပ်မှပြန်လာပြီး ရေချိုးသူလူငယ် ကုမ္ပဏီဝန်ထမ်းတစ်ဦးမှာ လွန်ခဲ့သောရက်ပိုင်းက ဖျားလာပြီး အနားမယူ ခွင့်မရသဖြင့် အလုပ်သွားခဲ့ပြီး နောက်ရက်တွင် ကိုဗစ်နိုင်တီး ကူးစက်မှုခံရသည်ဟု သိရှိရသည်။ သူ့အိမ်ရှိ လူကြီးများမိသားစုများပါ နေအိမ်အပြင် ထွက်ခွင့်မရ စောင့်ကြည့်ခြင်းခံကြရသည်။

ညနေဖက် နေဝင်ချိန် ရေချိုးခြင်းကို ရှေးဆရာကြီးများကလည်း ကန့်ကွက်ခဲ့ကြသည်။ ကျန်းမာရေးအတွက် ခွင့်မပြုကြပေ။ ရေချိုးမှားသည်ဆိုခြင်းမှာ ညနေနှင့် ညပိုင်း ရေချိုးသူများတွင် အဖြစ်များသည်ကို တွေ့ရသောကြောင့်ဖြစ်သည်။

ရေချိုးဆင်ခြင်ခြင်းသည် မမှားသောအရာဖြစ်သည်။ ညနေဖက် ရေမချိုးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ မလွဲမရှောင်သာ၍ ချိုးရမည်ဆိုလျှင်လည်း လျှင်မြန်စွာချိုးပါ။ ရေနွေးစပ်ပြီးချိုးပါ။

ရေချိုးပြီးလျှင် တေဇောဓာတ်ရစေရန် ချင်းပြုတ်ရည်ပူပူလေး သို့မဟုတ် ချင်းတက်ကို ပါးပါးလှီး ရေနွေးမတ်ခွက်တစ်လုံးမှာ စိမ်ထားပြီး အုပ်ထားပြီး ကော်ဖီတစ်ခွက်စာခန့် သောက်ပေးပါ။

ရာသီဥတု ဆိုးသောအချိန် အဖျားအနာ ထူသောအချိန်များတွင် ချင်း၊ ထန်းလျက်ပြုတ်ရည် သို့မဟုတ် ကွမ်းရွက်ပြုတ်ရည်ကို မိသားစုလိုက် သောက်သုံးခြင်းဖြင့် အဖျားရောဂါများ ကူးစက်ခြင်းဘေးမှ ကာကွယ်နိုင်ပါသည်။

(ရောဂါဘေးအပေါင်းမှ ကင်းဝေးကြပါစေ)

'Knowledge page' မှ
ဦးအောင်နိုင်ထွန်း မြန်မာစာ မျှဝေသည်။

လောကဓံကို ကြံ့ကြံ့ခံပါ--------------------လူတိုင်း ဘဝမှာ  အဆင်မပြေမှုများစွာရှိခဲ့ကြဖူးမှာပါ။ အသည်းကွဲဖူးတာ...တစ်စုံတစ်ယ...
21/11/2021

လောကဓံကို ကြံ့ကြံ့ခံပါ
--------------------

လူတိုင်း ဘဝမှာ အဆင်မပြေမှုများစွာရှိခဲ့ကြဖူးမှာပါ။

အသည်းကွဲဖူးတာ...

တစ်စုံတစ်ယောက် သေဆုံးဖူးတာ...

ဒါမှမဟုတ် စာမေးပွဲ ကျဖူးတာ..စသဖြင့်ပေါ့...။

ဒီလို အဆင်မပြေမှုတွေ နောင် အနာဂတ်မှာ ကြုံဆုံလာခဲ့လို့ရှိရင်...

ဘာလို့ ငါတစ်ယောက်ထဲ ကံဆိုးပြီး ကွက်ကြားမိုးရွာနေပါလိမ့် လို့ မတွေးပဲ

"ငါ ဒီ့ထက် ဆိုးဝါးလွန်းတဲ့ အဆင်မပြေမှုတွေကို ရင်ဆိုင်ခဲ့ပြီးပြီ! ဒီလောက်များ!" ဆိုတဲ့ စိတ်လေး ထားကြည့်စမ်းပါ။

ဒီလိုမျိုး စိတ်ဓာတ်ကျစရာ အချိန်တွေကို ပြန်သတိမရစေပဲ အခက်ခဲဆုံးဆိုတဲ့ အချိန်တွေကို ပြန်သတိပြုပြီး နှိုင်းယှဉ် မိလိုက်တဲ့အခါ အံ့သြဖို့ ကောင်းလောက်အောင် အားသစ်တွေ ဝင်လာမှာ ဖြစ်ပါတယ်။

ဆိုရိုးစကားလဲ ရှိတယ် မဟုတ်လား။ "သင့်ကို သေအောင် မသတ်နိုင်သော အားသည် သင့်အတွက်တော့ ခွန်အားဖြစ်လာ၏" တဲ့။
credit: The Logical Indian
---------------
- မှတ်စုကြမ်း

ကမ္ဘာ့အနောက်ခြမ်း အာဖရိကတိုက်ကကမ္ဘာကျော်ဘောလုံးသမား ဆာဒီယိုမာနေး(Sadio Mane)ရဲ့တစ်ပတ်စာဝင်ငွေဟာ ဒေါ်လာပေါင်း 186000ဖြစ်ပ...
16/11/2021

ကမ္ဘာ့အနောက်ခြမ်း အာဖရိကတိုက်က
ကမ္ဘာကျော်ဘောလုံးသမား
ဆာဒီယိုမာနေး(Sadio Mane)ရဲ့
တစ်ပတ်စာဝင်ငွေဟာ ဒေါ်လာပေါင်း 186000ဖြစ်ပါတယ်။

ဆာဒီယိုမာနေးက သူသွားတဲ့နေရာတိုင်းမှာ screen(မျက်နှာပြင်)ကွဲကြေနေတဲ့ ဖုန်းလေးကို
သူနဲ့တစ်ပါတည်း ယူဆောင်သွားလေ့ရှိတယ်။

အင်တာဗျူးတစ်ခုမှာ အဲ့ဒီဖုန်းလေးအကြောင်းမေးဖြစ်တော့...

"ကျွန်တော့်ဖုန်းလေး ပြင်ရဦးမှာပဲ"လို့ ပြန်ဖြေခဲ့တယ်။

"ဖုန်းအသစ်တစ်လုံးလောက် ဘာလို့မဝယ်တာလဲ"လို့ ထပ်မေးတော့...

"ကျွန်တော် ဖုန်းအလုံးရေ ထောင်ပေါင်းများစွာ ဝယ်နိုင်ပါတယ်။နောက်ဆုံးပေါ်ကား ဆယ်စီးမက ဝယ်နိုင်တယ် ။
ဂျက်လေယာဉ်နှစ်စီးလား ဝယ်နိုင်တယ်။
ကုန်ကုန်ပြောရရင် စိန်လက်ပတ်နာရီ ဘယ်နှလုံးဝယ်မလဲ ကျွန်တော်ဝယ်နိုင်တယ်။
ဒါပေမဲ့ ကျွန်တော် အဲ့ဒီအရာတွေကို ဘာမှ မလိုအပ်ဘူး”

"ကျွန်တော် ငယ်စဉ်က
ဆင်းရဲမွဲတေခြင်းရဲ့ အရသာကို မြည်းစမ်းခဲ့ရတယ်။
ပညာဆိုတာ ဘာမှန်းမသိခဲ့ရဘူး။
ဘဝရဲ့ ခါးသီးမှုတွေကို ခံစားခဲ့ရတယ်။
အခုလို ပြီးပြည့်စုံနေတဲ့အချိန်မှာ
စာသင်ကျောင်းတွေ ဆောက်ပေးချင်တယ်။
ဆင်းရဲတဲ့လူတွေ ပညာသင်နိုင်မယ့်
လမ်းကြောင်းတွေ ဖွင့်ပေးချင်တယ်”

"ကျွန်တော် ဖိနပ်မရှိခဲ့ဘူး။
ဖိနပ်မပါဘဲ ကစားခဲ့ရတယ် ။
အဝတ်အစားကောင်းကောင်း မဝတ်ခဲ့ရဘူး။
အစာမစားခဲ့ရတဲ့ ရက်တွေဟာလည်း
မရေတွက်နိုင်အောင်ပါပဲ။
အခုတော့ ကျွန်တော် မထိတွေ့ခဲ့ရဖူးတဲ့ အရာတွေကို ပိုင်ဆိုင်နေပြီ။
လိုတာထက်ကို ပိုပါတယ်။
ကျွန်တော်ရဲ့ ပိုင်ဆိုင်မှုတွေကို ကြွားဝါနေမယ့်အစား လူအများကို မျှဝေပေးချင်တယ်
ဒီလောက်ပါပဲ"

တကယ့်လက်တွေ့ဘဝမှာ
ချမ်းသာကြွယ်ဝတဲ့သူတွေဟာ ပိုက်ဆံမရှိသလို
ရိုးရှင်းစွာနေထိုင်ကြပြီး ချမ်းသာနေကြတာပါ
ဆင်းရဲသားတွေကတော့ ပိုက်ဆံရှိသလို ဟန်ဆောင်ပြီး နေထိုင်ကြရင်းနဲ့ပဲ ဆင်းရဲမွဲတေနေကြတာပါ။

ခိုင်မာပြတ်သားတဲ့ ရည်ရွယ်ချက်တွေ သတ်မှတ်ပြီး
အကြောင်းတစ်ခုကြောင့်သာ အလုပ်လုပ်ပါ။
လူအများရဲ့ လက်ခုပ်သံကြားရဖို့အတွက်
အလုပ်မလုပ်ပါနဲ့။

ဖော်ထုတ်ပြသ ကြွားဝါချင်တဲ့စိတ်နဲ့
ဘဝမှာ မရှင်သန်ပါနဲ့။
လူအများရဲ့ အားကိုးလေးစားခြင်းကို ခံယူလိုသော
စိတ်တစ်ခုနဲ့သာ ရှင်သန်ပါ။

လေးစားစွာဖြင့်.....

💠   ဝမ်းချုပ်တတ်လျှင်   💠*****t***h***u***r***a*****✍️ ကြည်လွင်မြင့်(မုဒြာ)- မနက်စောစောထ- လေရှူ၊ လမ်းလျှောက်- ရေအဝသောက်-...
12/11/2021

💠 ဝမ်းချုပ်တတ်လျှင် 💠
*****t***h***u***r***a*****
✍️ ကြည်လွင်မြင့်(မုဒြာ)

- မနက်စောစောထ
- လေရှူ၊ လမ်းလျှောက်
- ရေအဝသောက်
- နေ့စဉ်မှန်မှန်လုပ်ပါ

💠 ဝမ်းချုပ်သူများ. 💠
***t***h***u***r***a***

လမ်းမလျှောက်ရင်ဝမ်းချုပ်ပါတယ်။
မနက်စောစောထ၊ လမ်းလျှောက် - လေရှူ - ရေသောက်.ပြုလုပ်ပါ။ မှန်မှန်ပြုလုပ်ပေးရင်ဝမ်းမှန်လာပါတယ်။

အသီးအနှံကို အရင်ကထက်ပိုစားပေးပါ။

ရှေးစာဆိုအရတော့.. ." မနက်.သင်္ဘော၊ ည
ငှက်ပျော "လို့ဆိုပါတယ်။

အသားကိုလျှော့စားပါ။ အထူးသဖြင့် ခြေလေးချောင်းသားရှောင်စားပါ။

ညနေ သို့မဟုတ် ညအိပ်ခါနီး အစာနဲ့ဝေးချိန်မှာ.. မန်ကျည်းမှည့်ဖျော်ရည်သောက်ပါ။

ဝမ်းအလွန်ချူပ်ရင် ဆားခါးဝယ်ထားပါ။ နိုင်ငံခြားမှာနေသူများ.Apson salt. လို့မေးဝယ်ပါ။

ဆားခါးကို ဒယ်အိုးနဲ့လှော်ထားပါ။
ဖန်ပုလင်းနဲ့လေလုံအောင်သိမ်းထားပါ။

ဝမ်းအလွန်ချူပ်ရင် ဆားခါးဟင်းစားဇွန်း ၁ဇွန်းမှ ၂ဇွန်း ရေအေးနဲ့သောက်ပါ။

ဆားခါးကို မန်ကျည်းဖျော်ရည်နဲ့ရောဖျော်သောက်ရင်လည်းရပါတယ်။

ဆားခါးကသွေးမတိုးပါ။ လှော်ပြီးသောက်ရင် ဝမ်းမရစ်ပါ။

ကနခိုပါသော၊ပွေးကိုင်းပါသောဝမ်းနုတ်ဆေးများသည် အူထဲမှ ချွဲအမြှေးများကို ကွာကျစေသဖြင့် ရေရှည် စွဲမသောက်သင့်ပါ။
သတိပြုပါ။ ဝမ်းသွားတိုင်းမကောင်းပါ။

*****t***h***u***r***a*****
Credit - ကြည်လွင်မြင့်(မုဒြာ)

https://www.facebook.com/418272764987888/posts/2108080636007084/
https://m.facebook.com/story.php?story_fbid=420552329437591&id=100044484822051
၁၉.၁၂.၂၀၂၀>၁၁.၁၁.၂၀၂၁
Photo - Credit

‼လေးဖက်နာရောဂါဝေဒနါများတွက် ‼ဝေဒနါသက်သာအောင်ဘာတွေစားသင့်လဲဆိုတာလေး ပြောပြပေးမယ်နော် ✅ ဂျင်း ✅ ကြက်သွန်ဖြူ✅ သံပုရာသီး✅ ချ...
08/10/2021

‼လေးဖက်နာရောဂါဝေဒနါများတွက် ‼

ဝေဒနါသက်သာအောင်ဘာတွေစားသင့်လဲဆိုတာလေး ပြောပြပေးမယ်နော်

✅ ဂျင်း

✅ ကြက်သွန်ဖြူ

✅ သံပုရာသီး

✅ ချယ်ရီသီး

✅ နနွင်း

✅ နာနတ်သီး

✅ ငရုတ်အစပ်သီး

ဒီအစားအစာတွေဟာ သွေးကြောထဲက ယူရစ်အက်စစ်ကို လျော့ကျစေပြီး နာကျင်ယောင်ရမ်းမှုပါ သက်သာစေပါတယ် ‼

ဒါ့အပြင်

✅ ယောင်းရမ်းမှုကိုလျော့ကျစေပြီး နာကျင်မှုကိုလျော့ကျစေဖို့ ထိုင်းတိုင်းရင်းဆေးကပ်ခွာလေးကို အကူအနေနဲ့ သုံးပေးလို့ရပါတယ်ရှင် ‼

ေးကပ်ခွာထဲမှာ

#သစ်ကြံပိုးခေါက်
#ဝါးမီးသွေး
#ကြက်သွန်နီ
#ပူစီနံပါဝင်ထားလို့ သွေးကြောလည်ပတ်မှုကောင်းစေပြီးဝေဒနါတွေကိုသက်သာစေပါတယ်ရှင့်



👪 သားယောက်ျားလေးများကို ပြုစုပျိုးထောင်ခြင်းက ထင်သလောက်မလွယ်ပါ။ သုတေသနများအရ သားလေးများက သမီးလေးများထက် ကျောင်းပြေးဖို့၊...
07/10/2021

👪
သားယောက်ျားလေးများကို ပြုစုပျိုးထောင်ခြင်းက ထင်သလောက်မလွယ်ပါ။ သုတေသနများအရ သားလေးများက သမီးလေးများထက် ကျောင်းပြေးဖို့၊ စာမေးပွဲကျဖို့၊ ဆေးလိပ် အရက်နှင့် မူးယစ်ဆေးဝါး စမ်းသုံးကြည့်ဖို့၊ မတော်တဆ ထိခိုက် ဒဏ်ရာ ရဖို့၊ စိတ်ဓာတ်ကျ ရောဂါ ရဖို့ ဖြစ်နိုင်ချေ ပိုများသည်ဟု ဆိုသည်။

👼🏼🙋🏻‍♂️🙅🏻‍♂️
သားယောက်ျားလေးများ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို စိတ်ပညာရှင် အချို့က အဆင့် ၃ ဆင့် ခွဲကြသည်။

(၁) မွေးကင်းစမှ ၆ နှစ် - သားကို ဘယ်သူ လွှမ်းမိုးသလဲ။

🤱🏻👩‍👦သားသည် မိခင်ကို အဓိက တွယ်တာသည်။ ဤ အဆင့်တွင် မိခင်ဆီမှ အရေးကြီးဆုံး၊ အလိုအပ်ဆုံး အရာသည် ချစ်ခြင်းမေတ္တာနှင့် နွေးထွေးလုံခြုံမှုဖြစ်သည်။ မိခင်၏ ဂရုစိုက်မှု၊ ပြုစုစောင့်ရှောက်မှုများက သားငယ်လေး တစ်ယောက်ကို စိတ်ကျန်းမာ ပျော်ရွှင်သည့် ကောင်လေး တစ်ယောက်အဖြစ် ပြောင်းလဲစေနိုင်သည်။

မိခင်၏ အပြောအဆို၊ အပြုအမူများက သားလေး၏ အပြောအဆို၊ အပြုအမူများကို လွှမ်းမိုးနိုင်စွမ်းရှိသည်။ မိခင်ဆီမှ ဆက်ခံနိုင်သော အရည်အသွေးက ယဉ်ကျေး ပျူငှာ ဖော်ရွေခြင်း ဖြစ်သည်။

(၂) ၆ နှစ်မှ ၁၄ နှစ် - သားကို ဘယ်သူ လွှမ်းမိုးသလဲ။

👨‍👦🚶🏻‍♂️သားငယ်လေးက ကောင်လေးတစ်ယောက်ဖြစ်လာဖို့ စတင် သင်ယူချင်သည်။ မိခင်ကို တွယ်တာဆဲ ဖြစ်သော်လည်း ဖခင်ကို ပို၍ စိတ်ဝင်စားလာသည်။ ဖခင်၏ စကားလုံး၊ ကိုယ်နေဟန်ထား၊ ဝတ်စားဆင်ယင်မှုတို့ကို မသိမသာ လေ့လာသည်။

ဤ အဆင့်တွင် ကောင်လေး၏ အရည်အချင်းတစ်မျိုးမျိုးကို မြေတောင် စမြှောက်ပေးနိုင်ဖို့ အရေုးကြီးဆုံးက ဖခင် ဖြစ်သလို၊ ကိုယ်ချင်းစာ ကြင်နာတတ်ပြီး အကြမ်းဖက်မှု မလိုလားတတ်စေရန်လည်း ဖခင်က စံနမူနာ ပြနိုင်သည်။ ထို အချိန်ကို နောက်ကျမှ ပြန်မရနိုင်၍ စီးပွား အတွက် အလုပ်များလွန်းသူ ဖေဖေများ ပို ဂရုစိုက်ပါ။

(၃) ၁၄ နှစ် မှ ၁၈ နှစ် - သားကို ဘယ်သူ လွှမ်းမိုးသလဲ။

👬🕺🏻ဖခင်၏ အပြောအဆို၊ အပြုအမူ တို့ထက် ပတ်ဝန်းကျင်မှ အမျိုးသားတို့၏ အပြုအမူနှင့် လုပ်ဆောင်ချက်များကို ကောင်လေးက စတင် သင်ယူချင်သည်။ ဥပမာ အတန်းကြီးမှ ကစားဖော်များ၊ စကားပြောဖော်များ၊ တစ်လမ်းတည်းသား ဂစ်တာတီးဖော် အစ်ကိုကြီးများ၊ ကျောင်းဆရာ၊ ကျူရှင်ဆရာများကို အထင်ကြီးလွယ်သည်၊ မိသားစုထက် ပိုယုံစားလွယ်သည်။

ဤ အဆင့်တွင် မိခင်ရော ဖခင်ပါ လိမ္မာ ပါးနပ်ဖို့ လိုသည်။ အမြင်မတူလျှင် မဆန့်ကျင်ပါနှင့်၊ တူလာအောင် စည်းရုံးပါ။ မတင်းကြပ်ပါနှင့်၊ ပြေလည်ဖို့ ညှိနှိုင်းပါ။ မိမိသားနှင့် ပေါင်းသင်း ဆက်ဆံနိုင်ချေရှိသူများကို ကြိုတင်လေ့လာစူးစမ်းပါ။ တားမြစ်ဖို့ လိုလျှင် အချိန်မီပါစေ။ မိမိသားကို လမ်းမှန်သို့ လက်တွဲခေါ်မည့်သူကို အသိအမှတ်ပြုပါ။ လိုအပ်လျှင် သား လေးစားသော သား၏ ဦးလေး၊ ဘကြီး၊ အဖိုးတို့၏ အကူအညီကို ရယူပါ။

👩🏻‍⚕️သားပိုင်ရှင်များက ကလေး၏ အသက်အပိုင်းအခြားအရ သတိမူစရာများ သတိမူနိုင်ရန်၊ ကျန်းမာပျော်ရွှင် ထူးချွန်ထက်မြက်သော သားယောက်ျားလေးများ ပျိုးထောင်နိုင်ရန် ရည်ရွယ်ရေးပါသည်။
Crd

😍😍😍
06/10/2021

😍😍😍

📍📍ဟာနုမာန်🐒တို့က #ဒူးနာဒူးကိုက် ခါးနာခါးကိုက်နေတာနှစ်ချီကြာနေလဲ သူမမှုဘူးသက်သာအောင်ကုပေးနိုင်တယ်ဟာနုမာန်လေးကိုဝယ်ဖို့ချီ...
06/10/2021

📍📍ဟာနုမာန်🐒တို့က
#ဒူးနာဒူးကိုက် ခါးနာခါးကိုက်နေတာ
နှစ်ချီကြာနေလဲ သူမမှုဘူး
သက်သာအောင်ကုပေးနိုင်တယ်

ဟာနုမာန်လေးကိုဝယ်ဖို့
ချီတုန်ချတုန်ဖြစ်နေတုန်းလား
သူများတွေကသုံးကြည့်ပြီးလို့
သက်သာကုန်ကြပြီနော်

လာပါ ရဲရဲသာဝယ်လိုက်ပါ
ကိုယ်တိုင်သုံးကြည့်ပြီးလို့ မျှဝေလိုက်တာပါ
qualityကောင်းလို့ပြန်ရောင်းပေးတာပါ☺️

#တိုင်းရင်းဆေးစစ်စစ်မို့ ဘေးဥပါဒ်လဲလုံးဝမရှိပါဘူးနော်❗❗

#အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းအတွက်အားကိုးရာဟာနုမာန်

ဟန်နုမာန်လေးရဲ့ အသစ်စက်စက်ထုတ်လုပ်ပေးလိုက်တဲ့ လေးကလည်း တစ်စက်နှစ်စက်လေး သုံးပီး ပွတ်ပေးလိုက်တာနဲ့ ဝေဒနာလေးတွေကို သက်သာစေနိုင်ပါတယ်နော်❗❗


ိုင်းရင်းဆေးကပ်ခွါ

လက်လီလက္ကား မှာယူနိုင်ပါတယ်
အသေးစိတ်ကို Chatbox မှာ မေးမြန်းနိုင်ပါတယ်ရှင်
Crd photo
Crd

Hanuman လိမ်းဆေးအဆီဘူးလေး ဖြစ်ပါတယ် 💁‍♀️Hanuman ဆေးကပ်ခွာလေးလိုပဲ သူကလည်း လိမ်းဆေးလေးလိမ်းပြီး ခဏတာ အနားယူလိုက်ရုံနဲ့ ခံ...
05/10/2021

Hanuman လိမ်းဆေးအဆီဘူးလေး ဖြစ်ပါတယ် 💁‍♀️
Hanuman ဆေးကပ်ခွာလေးလိုပဲ သူကလည်း လိမ်းဆေးလေးလိမ်းပြီး ခဏတာ အနားယူလိုက်ရုံနဲ့ ခံစားနေရတဲ့ ရောဂါတို့ကို သက်သာပျောက်ကင်းစေမှာပါနော်😉
သက်သာပျောက်ကင်းစေတဲ့ ရောဂါတွေနဲ့ စျေးနှုန်းလေးကို ပုံမှာ ကြည့်ရှုနိုင်ပါတယ်နော်

🌺သိန်းနဲ့ချီပြီးမှ ဝေဒနာသက်သာအောင်ကုနေမယ့်အစား🌺တစ်သောင်းကျော်တန်လေးနဲ့ အိမ်မှာ ထားကုလို့မရဘူးလား❓🌺ဟာနုမာန်ရောင်းချရခြင်း...
04/10/2021

🌺သိန်းနဲ့ချီပြီးမှ ဝေဒနာသက်သာအောင်ကုနေမယ့်အစား

🌺တစ်သောင်းကျော်တန်လေးနဲ့ အိမ်မှာ ထားကုလို့မရဘူးလား❓

🌺ဟာနုမာန်ရောင်းချရခြင်းရညိရွယ်ချက်က💁💁

🌺ဆေးထိုး၊ဆောက်သောက်ကြောက်တဲ့သူတွေအတွက်ပါ❌❌❌❌

🌺ကျောက်ကပ်မကောင်းသူ၊ကျောက်ကပ်ပျက်စီးနေသူ

🌺ကျောက်ကပ်၊အစာအိမ်၊အတွင်းကလီစာ မထိခိုက်အောင် ကြိုတင်ကာကွယ်တဲ့အ‌ေနနဲ့ ပြင်ပကနေ ကုတဲ့ လိမ်းဆေးဆီ၊ဆေးကပ်ခွါလေးပါ။✅✅✅

🌺ဒူးနာ၊ခါးနာလောက်ကတော့ ဆေးခန်းပြေးစရာမလို
ဟာနုမာန်ရဲ့ ကြိုက်ရာ ဆေးတစ်မျိုး ဆောင်ထားရုံနဲ့
အိမ်ထဲမှာတင် ကုသလို့ရနေပါပြီနော်။

🌺ကလေးရှိတဲ့ အိမ်တွေဆောင်ထားပေးပါ။☑️☑️☑️

🌺ကလေးကိုယ်ပူတာပဲဖြစ်ဖြစ် ခြေဖဝါးလေးကပ်ပေးရင်
အပူတွေကျပါတယ်။ကလေး 6လကနေစပြီးသုံးလို့ရပါပြီ။💯💯💯💯

Hanumanfootpatch 15500
Aroma message oil 13500
Crd Khin Khin Lay

Address

72x73, Manawhari
Mandalay

Telephone

+959444028153

Website

Alerts

Be the first to know and let us send you an email when Shwe Bhone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Bhone:

Share