Pwint Nadi

Pwint Nadi Pwint NaDi gold shop

tiktok.com/.na.di6ကျွန်တော်တို့ပွင့်နဒီစိန်ရွှေရတနာရောင်းဝယ်ရေးTiktokအကောင့်လေးကိုlike and followလေးကူညီပေးခဲ့ပါဦးဗျ
27/05/2024

tiktok.com/.na.di6
ကျွန်တော်တို့ပွင့်နဒီစိန်ရွှေရတနာရောင်းဝယ်ရေးTiktokအကောင့်လေးကိုlike and followလေးကူညီပေးခဲ့ပါဦးဗျ

26/05/2024
Pageကိုlike and followလုပ်ပြီးဖုန်းဗေကံစမ်းမဲမှာပါဝင်လိုက်ကြရအောင်ဗျို့🥰🥰
25/05/2024

Pageကိုlike and followလုပ်ပြီးဖုန်းဗေကံစမ်းမဲမှာပါဝင်လိုက်ကြရအောင်ဗျို့🥰🥰

သိန်း၂၀မှသိန်း၅၀ဝန်းကျင်လေးတွေအထိစုံစုံလင်ရှိပါတယ်ဗျရွှေစျေးအတက်ကျကြောင့် စျေးနှုန်းအပြောင်းလဲရှိနိုင်ပါတယ်ဗျ
25/05/2024

သိန်း၂၀မှသိန်း၅၀ဝန်းကျင်လေးတွေအထိစုံစုံလင်ရှိပါတယ်ဗျ
ရွှေစျေးအတက်ကျကြောင့် စျေးနှုန်းအပြောင်းလဲရှိနိုင်ပါတယ်ဗျ

24/05/2024

ဒီPageလေးအား ပွင့်နဒီရွှေဆိုင်မှပြန်လည်အသုံးပြုပြီဖြစ်ပါကြောင်း မိက်ဟောင်းမိက်သစ် အသိပေးအပ်ပါတယ်ခဗျာ

12/03/2023

ဒုံးထည် သို့မဟုတ် ဒုံး ရွှေ အကြောင်းသိကောင်းစရာ

အားလုံးလည်း ဗဟုသုတရအောင်

ဒုံးထည်အကြောင်းလေးရေးလိုက်ပါတယ်နော်

ဒုံးထည်ဆိုတာ ဘာလဲ သိပါသလား

ဒုံးထည်ရောင်းနည်း လေးနည်းကို မျှဝေပေးချင်ပါတယ်

(1)အရင်းအနှီးမလုံလောက်သဖြင့် ဖြစ်လာသောဒုံးထည်

အရင်းအနှီးမလုံလောက်ဘဲနဲ့ ရွှေဆိုင်ဖွင့်မိတဲ့အခါ

မိမိရောင်းထားတဲ့အထည်တွေ

ပြန်လာရောင်းတဲ့ဝယ်စရာငွေ မလုံလောက်ဘူး

ဖြစ်ကုန်တယ် အဲ့အချိန်မှာ အထည်အဟောင်းလေးတွေကို

ဆိုင်ပေါ်ပြန်မတင်ဘဲ ရပ်ကွက်ထဲ နီးစပ် ရာ

လူကို အလျော့တွက်လက်ခ မယူဘဲ ရွှေချိန်အရှိကို

စျေးနဲ့မြှောက် ပြန်တွက်ရောင်းပေးတဲ့အထည်ကို

ဒုံးထည်လို့ခေါ်ပါတယ် ရွှေရည်ကတော့ အပြည့်ပေါ့

အလျော့တွက်လက်ခ မပေးရဘူး ဒါမျိုးကို

အရင်းအနှီးမလုံလောက်တဲ့ ရွှေဆိုင်တွေ ပန်းထိမ်တွေမှာ

ရနိုင်ပါတယ် ရွှေပေါင်ပြီး လာမရွေးတဲ့ အခါ လည်း

လာမရွေးတဲ့ အထည်တွေကို ဒုံးထည်အဖြစ်ပြန်ရောင်းတဲ့

ဒုံးထည်ကို အပေါင်ဆိုင်တွေမှာလည်းရနိုင်ပါတယ်

(2)ရွှေရည်ညံ့သောဒုံးထည်

ပုံမှန် 15ပဲရည် 14ပဲရည် ထက်ညံ့သော

11ပဲရည် အဆင့်လောက် 12ပဲရည်အဆင့်လောက်ကို

ဂဟေတွေ အရမ်းထည့်ပြီး လက်ခ လေး ငါးထောင်

1သောင်းနဲ့ လုပ်ထားတဲ့ အရည်မပြည့်အထည်တွေကို

လုံးဝပြန်မသိမ်းဘဲ ရောင်းချပေးတဲ့အထည်အမျိုးအစားပါ

ဒီနေရာမှာ အဲ့ဒါဆို ဘယ်ကအမြတ်ယူလဲဆိုရင်

ရွှေရည်ပေါ်ကစားတာပါ

15ပဲရည်ကို 11ပဲရည်စပ် ထားပြီးလိမ်ရောင်းတော့

တစ်ကျပ်သား 4ပဲမြတ်တာပေါ့ ဒီအမြတ်ထဲကနေ

အထည်တစ်ခုချင်းစီပေါ်က ဂဟေနဲ့ ပြန်စားတဲ့သဘောပါပဲ

ဒီလိုအထည်တွေကို မန်းလေး တောင်ကြီးဘက်မှ တွေ့နိုင်ပါတယ်

လက်ခလေးပဲယူပြီး ပြန်မသိမ်းပေးဘူး

ဒီတိုင်းကြည့်ရင်အလျော့မပေးရတော့ စျေးသက်သာတာပေါ့

ပုံမှန်ကျောက်နားကပ်တစ်ရံ 1သိန်းခွဲလောက်ပေးရချိန်

အရည်ညံ့ဂဟေများကျောက်နားကပ်တရံကတော့

8သောင်းလောက်နဲ့ ရနေတာမျိုးပေါ့

ဝယ်သူက ဝယ်တုနိးတော့ သက်သာတယ်ထင်မယ်

ကြာလေ နစ်နာလေပေါ့ ဂဟေတွေကြောင့် လှော်လိုက်ရင်

ရှုံးကုန်မှာမို့ သူတို့ကပြန်မသိမ်းတော့တာပါ

(3)အတိုးနှုန်းရရင်ပြီးရောရောင်းတဲ့ ဒုံးထည်

ဒါကတော့ မန်းလေးရန်ကုန် တစ်နိုင်ငံလုံးနေရာအနှံမှာ

ရှိနေပြီး အရမ်းခေတ်စားနေတဲ့ ရောင်းချနည်းပါ

အလျော့တွက်လက်ခ တွက်မပြဘဲ %ရှုံးနဲ့ရောင်းကြတာပါ

ရွှေထည်တွေမှာ

တွေ့နိုင်ပါတယ်

ဥပမာ

အပြီးရောင်းရင် 15%

ပြန်လဲရင်ပစ္စည်းမပျက်စီးပါက 5%သားနုတ်မည်

ပျက်စီးပြီးသားလဲပါက 15%

ဆိုတာမျိုးပါ

အထည်ရဲ့တကယ်ကျသင့်တဲ့ ရွှေတန်ဖိုးနှင့်အလျော့တွက်

လက်ခက 3သိန်းကျတယ်ဆိုပါစို့

သူတို့ရောင်းရင် ငါးသိန်းလို့ ပထမ ပြောလိုက်တယ်

Customer ကလျော့ပါဦး

4သိန်းထားလိုက် ဆစ်လာရင်

မရဘူး 4ခွဲနဲ့ပေးလိုက်မယ်ဆိုပြီး

အလျော့တွက်လက်ခကြောင်းမပြောဘဲ

ဆိုစျေး ဆစ်စျေးနဲ့ ဒုံးရောင်းတာပါ

သူတကယ်အပြင်မှာအလျော့တွက်နဲ့လုပ်ရင်

3သိန်းပဲ customer ကကျမယ်

ဒါပေမယ့် ဒုံးဆိုင်မှာ လေးသိန်းခွဲပေးရတယ်

တစ်သိန်းခွဲပိုယူလိုက်တယ်

ရွှေရည်ကျ 13ပဲနဲ့ခတ်တယ်

Customer က။ လေးသိန်းခွဲနဲ့ဝယ်သွားပြီး

တစ်ပတ်နေတော့နောက်တစ်မျိုးနဲ့ လဲတယ်

အထည်မပျက်တော့ 5%ရှုံးပဲဆိုတော့

လေးသိန်းခွဲမှာ 22500ပဲရှုံးတော့ သူတို့ကတန်တယ်

အရှုံးသက်သာတယ်ဆိုကြိုက်ကြတာပေါ့

ဆိုင်အနေနဲ့ကလည်း သိန်းတစ်ရာကို ဘဏ်အတိုးပေးမှ

တစ်ကျပ်တိုးနဲ့တွက်မှ တစ်သိန်းရတာ

လေးသိန်းခွဲပေါ်က တစ်ပတ် တစ်လနဲ့ နှစ်သောင်းကျော်ရသလို

သုံးသိန်းတန်ကိုလေးသိန်းခွဲနဲ့ရောင်းထားတော့

သူပြန်မရောင်းမချင်းက တစ်သိန်းခွဲ အတိုးမပေးရဘဲ

အလကားသုံးရသေးတယ်လေ

သို့သော်

မကြာခဏလဲတဲ့သူအတွက်ကတော့တန်ပါတယ်

ကဲစုဆောင်းသူအနေနဲ့ဆိုရင်တော့ သိပ်အဆင်မပြေပါ

သုံးသိန်းတန်တဲ့ ပစ္စည်းကို တစ်သိန်းခွဲပိုပေးပြီး ဝယ်ခဲ့ရတယ်

အလျော့တွက်လက်ခမပါဘူးထင်နေရှာတယ်

နှစ်ကြာတော့ပြန်သွင်းတော့လည်း တက်စျေးမရဘူး

%ရှုံးပဲဆိုတော့ နှစ်နာတယ်

နှစ်ကြာကြာစုမယ့်သူအနေနဲ့ကတော့ အလျော့တွက်ရှုံးဆိုင်

အရည်မှန် စျေးမှန် အတက်အကျပေးတဲ့ဆိုင်မှာလုပ်သင့်ပါတယ်

ဒါမှ 13စျေးကနေ 28ဖြစ်လည်း အမြတ်တွေရမှာဖြစ်ပါတယ်

(4)အရည်မှန် အလျော့တွက်နဲ့တွက်ပြီး %ရှုံးရောင်းတဲ့ဆိုင်

ရွှေရည်အမှန်စပ်တယ် အလျော့တွက်အမှန်ယူတယ် ဒါပေမယ့် ရောင်းတဲ့အခါ စျေးအတက်အကျမရှိဘူး

ဘောက်ချာထဲကကျသင့်ငွေအမောက်ပေါ်က %နဲ့ရှုံးတာမျိုးပေါ့ ဒါမျိုးဆိုင်ကျ ငွေပမာဏများများဝယ်ရင်မကိုက်တော့သလို ရည်ရှည်စုမယ်ဆိုလည်း တက်စျေးမပေးလို့

အဆင်မပြေပါ ငွေနည်းနည်းနဲ့ ပါးပါးလေးတွေ ဆိုရင်တော့
လုပ်သင့်ပါတယ် 10သိန်းအောက်အထည်ပဲလုပ်သင့်တယ်

ကဲဒီလောက်ဆိုရင် ဒုံးရွှေဆိုတာကိုနားလည်မယ်ထင်ပါတယ်

အားလုံးလည်း ဗဟုသုတတိုးပွါးစေချင်လို့ အပြုသဘောနဲ့ရေးတာဖြစ်ပါတယ်နော်❤️❤️

ကဲဒါလေးဖတ်ပြီး သဘောကျတယ်ဆို တစ်ခုခုပြောခဲ့ပေးနော်

by shwe ei

#ကူးယူခွင့်မပြုပါ

#လွတ်လပ်စွာ sharing နိုင်ပါသည်

  Nadi   &jewellery
01/02/2023

Nadi
&jewellery

မင်္ဂလာပါရှင် 🙏ပွင့်နဒီ အမိန့်ရ အပေါင်ဆိုင် မှ မိတ်ဆွေတို့ရဲ့ ငွေကြေး လိုအပ်မှု့များကို သင့်တော်သော အတိုးနှုန်းဖြင့် ဝန်...
07/02/2022

မင်္ဂလာပါရှင် 🙏

ပွင့်နဒီ အမိန့်ရ အပေါင်ဆိုင် မှ မိတ်ဆွေတို့ရဲ့ ငွေကြေး လိုအပ်မှု့များကို သင့်တော်သော အတိုးနှုန်းဖြင့် ဝန်ဆောင်မှု့ပေးလျက်ရှိပါတယ်ရှင် 🙂

💹မိတ်ဆွေတို့ရဲ့ အရေးပေါ်ငွေကြေးလိုအပ်မှု့ များရှိပါက ရွှေထည် လက်ဝတ် ရတနာ ပိုင်ဆိုင်မှု့များ အား
👉အတိုးနှုန်း သက်သာစွာဖြင့် အာမခံထားပြီး လာရောက်အပ်နှံလိုက်ပါရှင် 🙂

🏠ဆိုင်(၁) ၇၆လမ်း၊ ၆လမ်း x ၇လမ်းကြား၊ မန္တလေးမြို့။
📱 09 255620502

🏠ဆိုင်(၂) လမ်း၈၀၊ ၉လမ်းထောင့် ၊ဆန်းရှိုင်းတိုက်ခန်း၊ မန္တလေးမြို့။
📱 09 255620539

#အမိန့်ရအပေါင်ဆိုင်

Address

76th/7and 8th
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959255620502

Website

Alerts

Be the first to know and let us send you an email when Pwint Nadi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category