07/11/2024
"သင့်ဆီကို ကောင်းကံတွေရောက်လာဦးမှာပါ"
ဘဝမှာ မဆုံသင့်တဲ့လူတွေနဲ့
ဆုံရတဲ့အခါ သူတို့ပေးတဲ့
စိတ်ဒဏ်ရာတွေကို သင်ခန်းစာအဖြစ်ပြောင်းလဲယူလိုက်ပါ။
ဘဝမှာ ဆုံသင့်တဲ့လူနဲ့ဆုံရတဲ့အခါ
ကောင်းမွန်ဆုံး ချစ်ခြင်းမေတ္တာတွေပေးလိုက်ပါ။
တချို့သောဒုက္ခတွေဟာ
ယူတတ်ရင် သင်ခန်းစာရပါတယ်။
နောက်ဒီလိုမဖြစ်အောင်ဆိုပြီး
သင့်စိတ်ကို သတိပေးရာရောက်တာပေါ့။
သင့်အပေါ်ကောင်းတဲ့လူနဲ့တွေ့ရင်လည်း
သင့်ဘက်ကပြန်ကောင်းပေးဖို့မေ့လျော့မနေပါနဲ့။
သင့်ဆီကို အဆိုးချည်းပဲရောက်လာမှာမဟုတ်ပါဘူး
ကောင်းချိန်တန်တဲ့အခါ
ကောင်းတဲ့အရာတွေလည်းသင့်ဆီကို
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါလိမ့်မယ်။
အဆိုးဘက်ချည်းပဲ အမြဲတွေးနေရင်
အဆိုးတွေချည်းဖြစ်ကုန်မှာပေါ့။
ကောင်းတဲ့ဘက်ကနေတွေးပြီး
ကောင်းတဲ့အရာလေးတွေနဲ့စိတ်ကို
ဖြေသိမ့်တဲ့အခါ
ခံစားနေရတဲ့စိတ်ဖိစီးမှုတွေအနည်းငယ်စိတ်သက်သာရာရောက်တာပေါ့။
တချို့အသေးအဖွဲကိစ္စတွေအတွက်နဲ့
သင့်စိတ်ကို ဖိအားမပေးပါနဲ့ ။
လူဖြစ်လာမှတော့ ဒုက္ခ၏ဆင်းရဲခြင်း၊သုခ၏ချမ်းသာခြင်းနဲ့အမြဲကြုံဆုံနေရမှာပါပဲ။
ဘာမှမဟုတ်တဲ့အသေးအဖွဲကိစ္စတွေကိုတော့ ဒုက္ခလို့အမည်တပ်ပြီးငြီးငြူမနေပါနဲ့။
သင့်အတွက်လေးလံပြီးစိတ်ပင်ပန်းစေတယ်လို့ထင်တဲ့အရာမှန်သမျှကို သင့်ဘဝထဲကနေ တဖြည်းဖြည်းချင်းလွှတ်ချခဲ့ပါ။ပိုင်ဆိုင်ရခြင်းတွေ၊ဆုံးရူံးရခြင်းတွေက မမြဲတဲ့သင်္ခါရတွေပါပဲ။
ဖြစ်လာသမျှအရာတွေအပေါ်
လက်ခံတတ်ဖို့နဲ့စွန့်လွှတ်တတ်ဖို့ပဲလိုပါတယ်။