PPC Online shop

PPC Online shop စျေးနှုန်းချိုသာစေရပါမယ်

28/05/2023
27/05/2023
21/05/2023

ဝက်သားအချိုနှပ်

ချက်နည်း

ဝက်သား ၇၀ သါးအနေတော်တုံးထားပါ၊
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၇ ဇွန်း၊
ပဲငံပြာရည်အနောက် ထမင်းစားဇွန်း ၂ ဇွန်း၊
ဆား ထမင်းစားဇွန်းတစ်ဝက်၊
သကြား ထမင်းစားဇွန်းတစ်ဝက်၊
ဟင်းခတ်မှုန့်/အချိုမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
ထည့်ပြီးအားလုံးသမအောင်နယ်ထားပြီး နာရီဝက်ခန့်နှပ်ထားပါ။

ကြက်သွန်ဖြူ ၃ လုံး၊ဂျင်း လက်နှစ်ဆစ်စာထောင်းပါ။
ဒယ်အိုးတည် ဆီ ထမင်းစားဇွန်း ၇ ဇွန်းခန့်ထည့်ပါ ပူလျင်
ဂျင်း၊ကြက်သွန်ဖြူထောင်းပြီးသားထည့်ပါ။
အနီရောင်သန်းပြီးမွှေးလာပြီဆို နယ်ထားတဲ့ဝက်သားတွေထည့်ပါ။
ထည့်ထားတဲ့အရသာတွေစိမ့်ဝင်ပြီး ဆီပြန်သည်အထိဆီသတ်ပါ။
ပြီးမှ အသားမြုပ်အောင်ရေထည့်ပြီးအဖုံးအုပ်ချက်ပါ။

ဝက်သားအိုးတည်ထားစဉ် ကြက်သွန်နီအသေးလေးတွေ ၁၀ သါးခန့် အခွံခွာထားပါ။

တစ်ရေခမ်းပြီဆို နောက်တစ်ရေ ဝက်သားအခေါက်အခြေအနေကြည့်ပြီး ရေထပ်ထည့်တည်ပါ။
အခေါက်လဲနူးကာနီးပြီ ရေနည်းနည်းကျန်တဲ့အနေမှာ ကြက်သွန်နီခွာပြီးသားတွေထည့်ပါ။အထက်အောက်နှံ့အောင်မွှေပြီး မီးအေးအေးနှင့်ဆီပြန်သည်အထိဆက်တည်ပါ။
ကြက်သွန်နီလဲအိလာပြီဆို ချလို့ရပါပြီ။

ကြက်သွန်ဖြူကိုလဲ ၃၊၄လုံးခန့် အလုံးလိုက်အပေါ်ဆုံးအခွံကြမ်းခွာထည့်လဲအလွန်စားကောင်းပါတယ်။
ဝက်သားတစ်ရေခမ်းပြီးမှထည့်ပါ။

-ရှီတာကီမှိုနဲ့ဝက်သားအချိုနှပ်

ချက်နည်း

ရှီတာကီမှိုကို မိုးလင်းထဲကရေစိမ်ထားပါ။
( ကျမက ၄ နာရီခန့်ရေစိမ်ထားပါတယ်)
ကြာကြာစိမ်လေ ပွလာပြီး ချက်လျင်နူးလွယ်ပါတယ်။
စိမ်ပြီးသားကိုမှရေဆေးပြီး ထက်ခြမ်း/လေးစိတ် နှစ်သက်သလိုလှီးထားပါ။

ဝက်သားအရသာထည့်တာက အပေါ်ကဝက်သားအချိုနှပ်ထဲထည့်တဲ့
အတိုင်းအတူတူပါပဲ။
ပုဇွန်ခြောက်ပါတာ တစ်မျိုးပဲပိုပါတယ်။
ပုဇွန်ခြောက်ကအကောင်ကြီးဆို ပိုကောင်းပါတယ်။
သေးလျင်ကြေသွားတတ်လို့ပါ။
အနှစ်များများကြိုက်လျင်
ဂျင်း၊ကြက်သွန်ဖြူ ၃လုံး၊ ကြက်သွန်နီ ၂ လုံးထောင်းထည့်ပြီး
လုံးချက်/ဆီသတ် ကြိုက်နှစ်သက်သလိုချက်လို့ရပါတယ်။

(ကျမက ဆား၊အရသာ၊ဂျင်း၊ကြက်သွန်ဖြူ၊ပုဇွန်ခြောက်၊ဆီ အားလုံးထည့်ပြီးလုံးချက်ထားတာပါ)

ချက်ပြီးတစ်ရေခမ်းပြီဆိုမှ အသင့်ပြင်ဆင်ပြီးသားမှိုထည့်ပြီး ရေထပ်ထည့်တည်ပါ။
မှိုလဲနူး၊ဝက်သားလဲနူးပြီဆိုချလို့ရပါပြီ။
မှိုမှာအရသာစုံဝင်ပြီး ဝက်သားထက်ပိုစားကောင်းပါတယ်။
ဝက်သားမစားသူက ကြက်သားနဲ့ရှီတာကီမှိုကို အခုလိုချက်စားလို့ရပါတယ်။
Credit
food

05/09/2022
ခေတ်စားနေတဲ့စာအုပ်ရေ(၆၀)၁၀၀၀၀ရောင်းတဲ့စာအုပ်လေးတွေကို ၈၈၀၀နဲ့ရောင်းပေးမယ်နော်သားသားမီးမီးတို့အကြိုက်ချစ်စရာကာတွန်းရုပ်ပု...
22/11/2020

ခေတ်စားနေတဲ့
စာအုပ်ရေ(၆၀)၁၀၀၀၀ရောင်းတဲ့စာအုပ်လေးတွေကို ၈၈၀၀နဲ့ရောင်းပေးမယ်နော်

သားသားမီးမီးတို့အကြိုက်ချစ်စရာကာတွန်းရုပ်ပုံလေးတွေ
လွယ်ကူတဲ့စာသားလေးတွေနဲ့ ၁နှစ်ကနေစပြီး G1 G2​လေး ေတွကိုဖတ်ပြဖို့အတွက်အဆင်ပြေပါတယ်
G3 G4ကလေးတွေလည်း တချို့စာသားလေးတွေသူတို့ကိုယ်တိုင်ဖတ်ဖို့အတွက်လွယ်ကူပါတယ် စာအုပ်ရေ(၆၀)ကိုမှ ၈၈၀၀တည်းပါ
တစ်အုပ်မှ၁၅၀တောင်မကျပါဘူးနော်
ကလေးတွေသိသင့်သိထိုက်တဲ့အကြောင်းအရာတွေလည်း
စုံစုံလင်လင်ပါပါတယ်
တစ်အုပ်မှာ စာမျက်နှာ(၈)မျက်နှာပါတယ်
စာအုပ်ဆိုဒ်က ၅''ခွဲ
စာရွက်ကကြွေစက္ကူအချောလေးပါ
အရမ်းကိုတန်ပါတယ်
မှာချင်ရင် တစ်ပတ်တော့စောင့်ပေးရပါမယ်နော်♥♥♥

Photo-crd

17/11/2020

Online shop

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when PPC Online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share