Mandalay Star

Mandalay Star အရည်အသွေးပြည့်ဝပြီး ဆေးသားလည်းအာမခံ

ကိုယ့်ဆိုင်ကြော်ငြာလေးဘဲဖြစ်ဖြစ်❤အမှတ်တရလေးပေးမယ်ဆိုရင်ဖြစ်ဖြစ်❤ မန္တလေးစတား ကို ❤ သတိရလိုက်ပါနော်🧚🏻ဝယ်ယူအားပေးသော မိတ်ဟ...
16/03/2023

ကိုယ့်ဆိုင်ကြော်ငြာလေးဘဲဖြစ်ဖြစ်❤အမှတ်တရလေးပေးမယ်ဆိုရင်ဖြစ်ဖြစ်❤ မန္တလေးစတား ကို ❤ သတိရလိုက်ပါနော်🧚🏻ဝယ်ယူအားပေးသော မိတ်ဟောင်း မိတ်သစ်များကို အထူးကျေးဇူးတင်ပါတယ်💞

21/08/2022
ချစ်တို့ရေ❤ ဂရုစိုက်ပါနော်❤
05/06/2022

ချစ်တို့ရေ❤ ဂရုစိုက်ပါနော်❤

One Channel ပရိတ်သတ်များအားလုံးပဲ မင်္ဂလာပါ၊ ဒီနေ့မှာတော့ မျောက်ကျောက်ရောဂါ ကူးစက်လျှင်ခံစားရမည့် ရောဂါလက္ခဏာတွ....

16/03/2022

Fri တို့ရေ မဂ်လာ နံနက်ခင်းလေး ပိုင်ဆိုင်နိုင်ကျပါစေ

တနေ့တာလုပ်ငန်းလေးတွေ
13/10/2021

တနေ့တာလုပ်ငန်းလေးတွေ

📌(ကာကွယ်ဆေးထိုးထားပြီးကိုဗစ်ဖြစ်ထားသူကိုPre-Event test 29 May 2022 ထိမလုပ်ခိုင်းတာအခုမှဘဲရှင်းသွားတော့တယ်).👍 ကျေးဇူးပါ 🙏...
24/09/2021

📌(ကာကွယ်ဆေးထိုးထားပြီးကိုဗစ်ဖြစ်ထားသူကိုPre-Event test 29 May 2022 ထိမလုပ်ခိုင်းတာအခုမှဘဲရှင်းသွားတော့တယ်).👍 ကျေးဇူးပါ 🙏 ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက် အတိုင်းအတာအထိ ကာကွယ်ပေးနိုင်သလဲ.. booster ထပ်ထိုးဖို့ လိုမလား.

📍ကိုဗစ်ကာကွယ်ဆေးတွေကို ကိုယ့်အစီအစဉ်နဲ့
ကိုယ် ထိုးနှံလို့ ရနေပြီဖြစ်တာကြောင့် လူအတော်များများက ကာကွယ်ဆေး ထိုးနှံဖို့ကို စိတ်ဝင်စားနေကြသလို ကာကွယ်ဆေး ထိုးပြီးသူတွေလည်း ရှိနေကြလောက်ပါတယ်။

📍ကာကွယ်ဆေး မထိုးရသေးခင်ကတော့ ကာကွယ်ဆေးမှာ ဘယ်ကာကွယ်ဆေး အမျိုးအစားက စိတ်ချရလဲ။ ကာကွယ်ဆေး ထိုးရင် ဘယ်လိုတွေ ခံစားရမလဲ။ ကာကွယ်ဆေး ထိုးပြီး ခံစားရတဲ့ လက္ခဏာတွေကို ဘယ်လို သက်သာအောင် လုပ်ရ
မလဲ ဆိုတာတွေပါ။

📍အခုချိန်မှာတော့ ကာကွယ်ဆေးတွေ ထိုးတာ ၁ ကြိမ် ပြီးတဲ့သူတွေလည်း ရှိသလို ၂ ကြိမ်လုံး ပြည့်ပြီးသွားသူတွေလည်း ရှိနေမှာပါ။ ဒီတော့ စိတ်ဝင်တစား သိချင်နေမယ့် အကြောင်းအရာက ကာကွယ်ဆေး ထိုးပြီးရင် ကာကွယ်ဆေးက ကိုဗစ်ရန်ကနေ ဘယ်လောက်ကြာကြာ ကာကွယ်ပေးနိုင်မလဲ ဆိုတာကိုပါ။

📎ဒီအဖြေလေးကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

📍ကိုဗစ်ကာကွယ်ဆေးကပေးတဲ့ ခုခံအား

📍ကိုဗစ်ရောဂါကို ကူးစက်ခံရပြီးချိန်မှာလည်း ပြန်ကောင်းလာပြီဆိုရင် ခန္ဓာကိုယ်မှာ ကိုဗစ်ကို တုံ့ပြန် တိုက်ခိုက်နိုင်တဲ့ ကိုယ်ခံအား antibody ထွက်ပါတယ်။ ဒါက ပုံသေပြောလို့တော့ မရပါဘူး။ အချို့တွေမှာ လက္ခဏာတွေ လည်းပြတယ်။ ကိုဗစ်လည်း ဖြစ်တယ်။ ပြန်သက်သာလာချိန်မှာ antibody ကို test kit နဲ့ စစ်ကြည့်ပေမယ့် ကိုယ်ခံအား ထွက်မနေတာမျိုးတွေ ရှိပါတယ်။

📍နောက်တစ်ချက်က ဒီလို ထွက်လာတဲ့ antibody က အကြာကြီး မခံဘဲ အလျင်အမြန် ကျဆင်းတတ်တယ်ဆိုတာပါ။ ဒီလို ကျဆင်းတာကြောင့်လည်း ကိုဗစ်ဖြစ်ပြီး ထပ်ကူးစက်ခံရတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာရတာပါ။

📍ကာကွယ်ဆေးကတော့ ကိုဗစ်ကို ခုခံဖို့ ကိုယ်ခံအားကို သေချာပေါက် ထွက်စေမယ့်အရာပါ။ ကိုဗစ်က ပြန်သက်သာလာတယ်ဆိုရင်တောင် နောက်ထပ်တစ်ကြိမ် ဆိုတာမျိုး မဖြစ်အောင် ကာကွယ်ဖို့ ကာကွယ်ဆေးက လိုအပ်ဆဲပါ။

📍ကိုဗစ် ကာကွယ်ဆေး ထိုးလိုက်တဲ့အခါ ပထမတစ်ကြိမ်မှာ ကိုယ်ခံအားက... ခန္ဓာကိုယ်ထဲ ဝင်ရောက်
လာတဲ့ ပြင်ပက ဗိုင်းရပ်စ်ကို ရှာဖွေတတ်အောင် လေ့ကျင့်ပေးတာ ဖြစ်ပြီး ကိုယ်ခံအား အနေနဲ့
ဗိုင်းရပ်စ်ကို ခုခံ တိုက်ထုတ်တတ်အောင် လေ့ကျင့်ချိန် ပေးလိုက်ပါတယ်။

📍ဒီလေ့ကျင့်ချိန်မှာ ကိုယ်ခံအားက ဗိုင်းရပ်စ်ကို အကောင်းဆုံး တုံ့ပြန်နိုင်ဖို့ လေ့ကျင့်ခွင့်ရလိုက်ပါတယ်။ ဒါကြောင့်လည်း ကာကွယ်ဆေး ထိုးပြီးချိန်မှာ ဖျားချင်သလိုလို မအီမသာဖြစ်သလို ခံစားရတာပါ။

📍ကာကွယ်ဆေး ပထမ အကြိမ်မှာ တုံ့ပြန်ဖို့ အကောင်းဆုံး လေ့ကျင့်ခွင့်ရထားတဲ့ ကိုယ်ခံအား အနေနဲ့ ဒုတိယ အကြိမ် ကာကွယ်ဆေး ထိုးလိုက်ချိန်မှာ အားဖြည့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ ဒီလို ထိုးပြီးတဲ့အခါ ကိုယ်ခံအားက ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီးတဲ့ရက်ကနေ ၁၄ ရက်အတွင်းမှာ antibody စထွက်ပါမယ်။

📍ကာကွယ်ဆေးကလည်း ဆေးအောင်တယ်ဆိုမှ antibody ထွက်မှာပါ။ ကိုဗစ်ကို ခုခံတဲ့ antibody တွေဟာ ရိုးတွင်းခြင်ဆီထဲက antibody ထုတ်ပေးတဲ့ ကိုယ်ခံအားဆဲလ်တွေထဲမှာ ၇ လ ကနေ ၈ လလောက်အထိ ရှိနေတတ်တာမျိုးလည်း ရှိပါတယ်။

📍ဒီထွက်လာတဲ့ antibody က ရက်ပေါင်း ၉၀ အကြာမှာ တဖြည်းဖြည်းချင်း ပြန်ကျလာတာမျိုးလည်း ရှိပါတယ်။ ကာကွယ်ဆေးအလိုက် အချိန်ကာလ ကွာခြားတာမျိုးလည်း ရှိနိုင်ပါတယ်။ ကာကွယ်ဆေး အများစုကတော့ ၆ လ အထိ ကောင်းကောင်း ကာကွယ်ပေးနိုင်ပါတယ်၊ လို့ လေ့လာမှုတွေအရ သိရပါတယ်။

📌hybrid immunity

📍နောက်ထပ် ဝမ်းသာစရာတစ်ခု ကိုဗစ်ဖြစ်ထားပြီး ကာကွယ်ဆေး ထိုးတဲ့သူတွေက ပုံမှန်ထက် ကိုယ်ခံအား ပိုကောင်းတယ် ဆိုတာပါ။ ရောဂါကို ခုခံတာကြောင့် ထွက်လာတဲ့ ကိုယ်ခံအားရော ကာကွယ်ဆေးက ထွက်တဲ့ ကိုယ်ခံအားရော ၂ ခုစလုံးကို တပြိုင်နက်တည်း ရတာကြောင့်ပါ။ ဒါကို hybrid immunity လို့ခေါ်ပါတယ်။ antibody က တစ်မျိုးတစ်စားမကတဲ့ antibody ကို ထွက်ရှိစေတာပါ။

🖇နိဂုံးချုပ်အနေနဲ့ ပြောချင်တာက ကိုဗစ်ကာကွယ်ဆေး ထိုးပြီး ထွက်လာတဲ့ antibody က အကြမ်းအားဖြင့် ၆ လ အထိ ခံတယ်ဆိုတာပါ။ ကာကွယ်ဆေး ထိုးပြီးပေမယ့်လည်း မတ်ခ်တပ်တာ၊ လက်ဆေးတာ၊ လူစုလူဝေးကိုရှောင်တာလိုမျိုး ကိုဗစ် ကာကွယ်ရေး စည်းကမ်းတွေကို ဆက်လက်လိုက်နာဖို့ လိုပါမယ်။

📌ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် booster
လိုမလား

📍ကာကွယ်ဆေး အများစုက booster လိုပါမယ်။ တုပ်ကွေး ကာကွယ်ဆေးဆိုရင် တစ်နှစ်တစ်ခါ ထွက်လာတဲ့ မျိုးစိတ်သစ်ကို ကာကွယ်ဖို့ တစ်နှစ်တစ်ကြိမ် ထိုးပေးရပါတယ်။ တချို့ ကာကွယ်ဆေးတွေဆိုရင်လည်း ၆ လ တစ်ကြိမ်လောက် ထပ်ဆောင်းကာကွယ်ဆေး (booster) ထိုးရပါတယ်။

📍ကိုဗစ်ကာကွယ်ဆေးအနေနဲ့ ဆေးနှစ်လုံး အပြည့်ထိုးပြီး ၆လကျော်ကြာတဲ့အခါ တတိယဆေးတစ်လုံး ထပ်ဆောင်းထိုးတာက ပိုကောင်းတယ်ဆိုတဲ့ စာတမ်းတွေတော့ ထွက်လာပါပြီ။ ချမ်းသာတဲ့ နိုင်ငံတွေမှာလည်း ကိုဗစ်ဖြစ်လာရင် အန္တရာယ်ရှိတဲ့သူတွေ (ဥပမာ အသက်ကြီးတဲ့သူတွေ)ကို တတိယအကြိမ်ထိုးပေးဖို့ ပြင်ဆင်နေပါပြီ။

📍သူတို့က ချမ်းသာတဲ့အတွက် ပြဿနာ မရှိပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေ၊ ဆင်းရဲလို့ ၂လုံးပြည့်အောင် ထိုးဖို့ အနိုင်နိုင်ထိုးဖို့ ခက်တဲ့သူတွေအတွက် ဒီဟာက အခက်အခဲ ရှိနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိမှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကာကွယ်ဆေး လွှမ်းခြုံမှု မကောင်းတဲ့ အနေအထား ဖြစ်နေလို့ပါ။

📍ကပ်ရောဂါတွေရဲ့ သဘောတရားအတိုင်း ကိုယ်တစ်ယောက်တည်း ထိုးထားလို့ မရဘဲ လူအများစု ထိုးနိုင်မှ ဒီကပ်ရောဂါကြီး ရပ်တန့်သွားမှာမို့လို့ပါ။ မဟုတ်ရင် ဗီဇပြောင်းပိုးတွေလည်း ဆက်ကာ ဆက်ကာ ပေါ်နေမှာပါ။

📍ဒီတော့ ထိုးသင့်လား မထိုးသင့်ဘူးလားဆိုရင် ဆေး ၂လုံးထိုးပြီးသား လူတွေက တော်တော်ကာကွယ်နိုင်နေပါပြီ။ မဖြစ်မနေထိုးစရာတော့ မဟုတ်ပါဘူး။ စိတ်ချရတဲ့ ဆေးကိုလည်း ရနိုင်မယ်၊ ကိုဗစ်ဖြစ်လာရင် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့သူလည်း ဖြစ်နေမယ်ဆိုရင်တော့ ထိုးချင် ထိုးနိုင်ပါတယ်။ သာမန်လူကတော့ ၂လုံး ပြည့်ပြီးသားဆိုရင် မထိုးရသေးတဲ့သူတွေကို ဦးစားပေးပေးပါ။

📌ကာကွယ်ဆေးကို ၂လုံးပဲထိုးထိုး၊ ၃လုံးပဲထိုးထိုး
မက်စ်တပ်၊ လက်ဆေး၊ ဝေးဝေးနေဆိုတာကိုတော့ ဆက်ပြီး လုပ်နေရဦးမှာပဲ ဖြစ်ပါတယ်။

Hellosayarwon

Myat Phyo


(ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်)

Friend တို့ရေ ဆိုင်ပြန်ဖွင့်ပါပြီနော် ဆိုင်ဖွင့်ဖွင့် အားပေးသွားသော အကို ကျေးဇူးပါ
18/09/2021

Friend တို့ရေ ဆိုင်ပြန်ဖွင့်ပါပြီနော် ဆိုင်ဖွင့်ဖွင့် အားပေးသွားသော အကို ကျေးဇူးပါ

မိသားစုတိုင်း ကျန်းမာစွာနေထိုင်နိုင်ကြပါစေ ကဒ်ဆိုးကြီးပြီးရင် အတူပြန်ဆုံကြမယ် 👍👍👍
05/08/2021

မိသားစုတိုင်း ကျန်းမာစွာနေထိုင်နိုင်ကြပါစေ ကဒ်ဆိုးကြီးပြီးရင် အတူပြန်ဆုံကြမယ် 👍👍👍

ကျန်းမာချင်သည်လာဘ်တစ်ပါးပါ Facebookလဲကျန်းမာအောင်နေတယ်လေ ကိုယ်လဲကျန်းမာအောင်နေကြနော် ချစ်တို့ရေ💛💛💛
24/07/2021

ကျန်းမာချင်သည်လာဘ်တစ်ပါးပါ Facebookလဲကျန်းမာအောင်နေတယ်လေ ကိုယ်လဲကျန်းမာအောင်နေကြနော် ချစ်တို့ရေ💛💛💛

24/07/2021

မန္တလေး
လူနာတွေအတွက်
ဝမ်းသာစရာ သတင်းကောင်းပါ။ ငါတို့အတွက် ငါတို့ ရှိတယ်။

မနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ.
လူနာများ အခက်အခဲ တစ်စုံတရာ ရှိပါက
တိုက်ရိုက်ဆက်သွယ်ရန်

09 540 4694
ဆေးရုံအုပ် ဒေါ်မြင့်မြင့်အေး

09 519 7337
Dr. ခင်သိင်္ဂမြင့်

09 540 4694
Dr. မြင့်မြင့်အေး

09 450 004 601
Dr. ခင်ခင်ထွေး

09 796 927 552,
09 501 4697
Dr. Cho Thazin Phyu

နေမကောင်းရင်လည်းအချိန်မရွေး
ဖုန်းဆက်မေးနိုင်ပါတယ်😊

( ဝင်ဖတ်ရုံဆို သင်ပဲသိမယ် ပြန်ကူးတင်ရင်
လူများများသိမယ် အကူအညီပေးရာရောက်မယ် သင့်သဘောပါ )

မန္တလေး
မေတ္တာဖြင့် ပြန်လည်ကုသိုလ်ပြုပါသည်
အလင်းစေတမန် အွန်လိုင်း ပရဟိတ

ကျန်းမာအောင်နေကြပါနော်
24/07/2021

ကျန်းမာအောင်နေကြပါနော်

အောက်ဆီဂျင်အိုးကို ဂရုစိုက်ပြီးကိုင်ကြပါနော် အားလုံးလဲ စိတ်ကျန်းမာ လူလဲကျန်းမာအောင် ဆင်ခြင်ပြီး နေထိုင်ကြပါနော်
24/07/2021

အောက်ဆီဂျင်အိုးကို ဂရုစိုက်ပြီးကိုင်ကြပါနော် အားလုံးလဲ စိတ်ကျန်းမာ လူလဲကျန်းမာအောင် ဆင်ခြင်ပြီး နေထိုင်ကြပါနော်

Address

Mandalay
1111

Website

Alerts

Be the first to know and let us send you an email when Mandalay Star posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share