20/03/2022
Hello,
ဒီကြားထဲ အမ ပျောက်သလိုဖြစ်သွားပြီး အားလုံးနဲ့ အဆက်အသွယ်ပြတ်သွားတဲ့အတွက် အရင်ဆုံးတောင်းပန်ပါတယ်နော်။
Jan ကနေ အခုထိ အဆက်အသွယ်မလုပ်မိတာလည်းဝောာင်းပန်ပါတယ် 🙏🙏🙏
ဒီ page ကို admin ထားတဲ့ fb က ဝင်မရဖြစ်သွားတာရယ် အမရဲ့ personal cases တွေကို အကြောင်းပြချက်အနေနဲ့ မပေးတော့ပဲ အခုက စ ပြီး အဆက်အသွယ်မပြတ်အောင်လုပ်ပြီးပဲ ယုံကြည်မှုတည်ဆောက်ပေးပါ့မယ်နော်။ ကြားထဲမှာ ပို့ရမယ့် ပစ္စည်းအကုန်လည်း တတ်နိုင်သလောက် အမြန်ဆုံး deli အပ်ပေးပါ့မယ်နော်။
Suo er လေးနဲ့ third summer pb က အမဆီ ရောက်နေပါပြီနော်။ စိတ်မပူကြပါနဲ့နော်။
နောက်ထပ် cargo ကိုရောက်ပြီလို့ confirmထားတဲ့ photo book တခုလည်းရှိပါတယ်။
Suo er က နဂိုကတည်းက shipping fee မပေးရသေးတာမို့ အမကို suo er ဝယ်ထားတဲ့ ညီမလေးတွေ shipping fee ပေးရင်း နာမည် ဖုန်းနံပါတ် လိပ်စာလေးတွေ ပြန်ပို့ပေးပါဦးနော်။
🛑Suo er shipping fee က တယောက်ကို ၅၀၀၀ ပါရှင့်။
ပြီးတော့ third summer က အမ မြန်ချင်ဇောနဲ့ air cargo နဲ့ တင်လိုက်မိလို့ တစုံကို ၂၃၀၀၀ တောင်ကျသွားပါတယ်။ အမဘက်က အကုန်စိုက်ဖို့ မနိုင်တာမို့ ဖြစ်နိုင်ရင် အမကို ၁၀၀၀၀ လောက်တော့ shipping fee လေး ပြန်လွှဲပေးကြဖို့ မေတ္တာရပ်ခံပါတယ်နော် 🥺🥺
ပြီးတော့လေ နောက်ထပ် cargo ရောက်နေတဲ့ပစ္စည်းက ဘယ်fansite က ပစ္စည်းလဲ သိရတာနဲ့ ကျန်တဲ့ ပစ္စည်းတွေ အကုန်လုံးကို အမ refund ပြန်ပေးပါတော့မယ်နော်။ ရောက်တာက Density ဖြစ်ဖို့များပါတယ်။
အားလုံးကို အရမ်းကို အားနာနေပြီမို့ အမ တတ်နိုင်သလောက် အမြန်ဆုံး refund လုပ်ပေးနိုင်အောင် ကြိုးစားပါ့မယ်နော်။ ထပ်ပြီးလည်း မစောင့်ခိုင်းချင်တော့လို့ပါ။ တချို့ FS တွေက အမကို ဘာမှ အကြောင်းမပြန်ကြလို့ အမကပဲ စိုက်ပြီး refund ပေးပါ့မယ့်။
ဒီရက်တွေ အတွင်း အမဆီက ဝယ်ဖူးပြီး ပစ္စည်းမရသေးရင် အမကို တချက် ဆက်သွယ်ပေးပါနော်။
အမကို စိတ်ရှည်ရှည်နဲ့ စောင့်ပေးကြတဲ့ customer တယောက်ချင်းစီကိုလည်း တကယ်ကို ကျေးဇူးတင်ရပါတယ်။
ပြီးတော့လေ အမကို ဘယ်သူကမှ မသိကြပေမယ့် ဒီငွေအမောင့်လေးနဲ့ လိမ်ပြေးမယ့်သူမျိုး မဟုတ်ပါဘူးလို့ ပြောပါရစေနော် 😁😁
အမ တတ်နိုင်သလောက် အမြန်ဆုံး ပို့ပေးပါ့မယ်နော်။ အမကို မယုံလို့ ငွေထပ်မလွှဲချင်ရင်လည်း shipping fee တွေကို Cash on delivery လုပ်ပေးပါ့မယ်လို့ ဟီးး 😂😂 (ကားဂိတ်ချပေးရမယ့် လိပ်စာတွေတော့ မပါ ပါဘူးနော်)
အာ့မို့ အမကို နာမည် လိပ်စာ ဖုန်းနံပါတ်လေးတော့ ပြန်လာပို့ပေးကြပါဦးနော်။
ပုံကတော့ အမဆီရောက်တဲ့ သက်သေပါနော်။ 😍
အရင်လတွေက ပျက်ကွက်ခဲ့တာတွေအတွက် ထပ်ပီးတောင်းပန်ပါရစေ 🙏🙏🙏
Page Messenger ကတော့ စာဝင် ဖတ် မရလို့ ခဏစောင့်ပေးပါဦးနော် 🥺🥺
သွေ့ပုချီ 🙏🙏🙏