Chan Myae Book Shop

Chan Myae Book Shop စာဖတ်ပါ၊ တွေးပါ၊ မျှဝေပါ။

စာအုပ်တွေဆိုတာ လူတွေအတွက် အရင်းနှီးဆုံးမိတ်ဆွေတွေပါလို့ပြောကြတယ် ကျွန်တော့်အတွက်တော့ စာအုပ်တွေက ဓါတ်မီးတစ်လက်လိုပါပဲ လင်...
26/11/2024

စာအုပ်တွေဆိုတာ လူတွေအတွက် အရင်းနှီးဆုံးမိတ်ဆွေတွေပါလို့ပြောကြတယ် ကျွန်တော့်အတွက်တော့ စာအုပ်တွေက ဓါတ်မီးတစ်လက်လိုပါပဲ လင်းအားကောင်းတယ် ဒါပေမဲ့ဓါတ်ခဲဖိုးတော့ ကုန်ပါတယ်😁😁😁
---------------------------------------------------------------------------------
ကျွန်တော်ရဲ့ခံယူချက်အတိုင်း ဥပမာတစ်ခုပြောပြမယ် ပိတ်မှောင်နေတဲ့ လမ်းတစ်ခုမှာ ခလုတ်မထိ ဆူးမငြှိအောင် လမ်းလျှောက်သွားဖို့ဆိုတာ မလွယ်ပါဘူး အလွန်ခက်ပါတယ် စမ်းတဝါးဝါးနဲ့လျှောက်လိုက် ခလုတ်တိုက်လဲလိုက် ပြန်ထလိုက်နဲ့ အရှေ့အနောက်တောင်မြောက်လည်း သိမှာမဟုတ်ပါဘူး ရောက်ချင်တဲ့နေရာရောက်နေမှာပါပဲ

အကယ်၍ မီးအိမ်တစ်ခုလက်ထဲရှိမယ်ဆိုရင် ကျွန်တော်တို့ မလဲအောင် ဆူးမငြှိအောင် လမ်းတော့လျှောက်နိုင်ပါတယ် ရှေ့ဝေးဝေးမှာ ဘာရှိမလဲ ကြိုမြင်နိုင်မှာမဟုတ်ပါဘူးအဝန်းအဝိုင်းလေးသေးတာကိုး

အကယ်၍ လင်းအားကောင်းတဲ့ ဓါတ်မီးတစ်လက်သာ လက်ထဲရှိမယ်ဆိုရင် ခလုတ်မထိ ဆူးမငြှိသွားနိုင်မယ့်အပြင် ရှေ့မှာဘာရှိမလဲ ကြိုမြင်နိုင်တယ် လမ်းလျှောက်ရုံမဟုတ်ပဲ ပြေးသွားလို့ရတဲ့အဆင့်ထိလုပ်နိုင်ပါတယ် ကားတစ်စီးဆိုရင်တောင် ရှေ့မီးကြီးနဲ့တူပါတယ်

ကျွန်တော်လည်း ထိုနည်းလည်းကောင်းပါပဲ အမှောင်လမ်းကို စမ်းတဝါးဝါးလျှောက်ခဲ့ရတဲ့အချိန်တွေလည်းရှိခဲ့သလို စာပေတွေကြောင့် ကိုယ်မသိတာတွေကိုကြိုသိနိုင်တယ် ကိုယ်မမြင်ဖူးတာတွေကိုကြိုမြင်နိုင်တယ် ကိုယ်မကြားဖူးတာတွေကိုကြားရနိုင်တယ်

ကျွန်တော်တို့ရှေ့မှာရှိနေတဲ့ အမှောင်တွေကိုဖယ်ပြီး အလင်းနဲ့မြင်အောင် အရင်မီးထိုးကြည့်သလိုပါပဲ ဒီနားမှာချိုင့်လား ဒီနားမှာမြောင်းလား ကျော်ခွသွားရမလား ငုံ့သွားရမလား ဒါတွေကို ကြိုတင်သိမြင်နိုင်ပါတယ်

တဖြည်းဖြည်းနဲ့ ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်တွေကို လှမ်းပြီးတော့လည်း မီးထိုးကြည့်နိုင်ပါတယ် တရုတ်ပြည်အကြောင်းသိချင်ရင် ကိုယ်မရောက်ဖူးပေမဲ့ ဒါနဲ့ဆိုင်တဲ့စာအုပ်တွေဖတ်လို့ရတယ် ကိုယ်မမှီတဲ့ခေတ်တွေကိုလည်း လှမ်းကြည့်လို့ရတယ် ကိုယ်မမှီတဲ့စနစ်တွေ ဒါတွေကိုလည်း လှမ်းပြီး မီးထိုးကြည့်လို့ရပါတယ်

Google မှာရှာလိုက်ရင်လည်း ဒါတွေလောက်တော့သိပါတယ်လို့ပြောရင် ကျွန်တော်မငြင်းနိုင်ပါဘူး ဒါပေမဲ့ ကျွန်တော်တို့သိခဲ့တာသတင်းအချက်အလက်ပါ ခံစားမှုရသ မပါပါဘူး လောကမှာ လူတွေအသိချင်ဆုံးအရာက လူတွေအကြောင်းပါဒါကြောင့် စာအုပ်တွေအများအပြားရှိနေတာပါ
ကျွန်တော်တို့ မီးထိုးကြည့်ရမယ့်အရာတွေက ဒီသာဓကတွေပါ လူတွေရဲ့ဒီအမှားတွေကို ကြိုကြည့်ပြီး ရှောင်ကျဥ်ရမှာပါ

ကျွန်တော်အများဆုံးဖတ်ဖြစ်တဲ့ စာအုပ်တွေက ဘာသာပြန်နဲ့ ရသစာပေ ဝတ္ထုတို၊ ဝတ္ထုရှည်တွေဖြစ်ပါတယ် ဘာလို့လဲလို့မေးရင် ရသစာပေတွေက ကျွန်တော့်စိတ်ထဲကို နက်နက်နဲနဲဝင်စေပြီး စွဲစွဲထင်ထင်ပိုရှိစေလို့ပါ ကျွန်တော့်ကိုပိုပြီး လမ်းမှန်ပေါ်ရောက်စေလို့ပါ

လူတစ်ယောက်ပြုလုပ်သည့် အကြောင်းအရာက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ပြုလုပ်လိုက်တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ခံစားမှုကြောင့် အများကြီးသက်ရောက်စေပါတယ်
စိတ်ကြည်နူးပြီး ပျော်နေတဲ့အချိန်မှာ ပျော်လို့ဆိုပြီး လူတစ်​ယောက်ကို ဓါးနဲ့ထမခုတ်ပါဘူး လောဘ၊ ဒေါသ၊ မောဟ၊အတ္တ၊ ယာဂ၊ မာန်မာန ကြောင့်ပဲ လူတွေက အမှားတွေလုပ်နေကြတာပါ

အဲ့ဒါတွေက စိတ်ခံစားမှုတွေပါဆိုရင် ကျွန်တော်တို့ကြိုပြီး မီးထိုးကြည့်သင့်တဲ့အရာတွေက ဒါတွေပဲဖြစ်သင့်ပါတယ် ကျွန်တော်တို့ ရှောင်ကျဥ်ရမယ့်အရာတွေက ဒါတွေပဲဆိုတာ ကြိုပြီးသိမြင်နိုင်သင့်တယ်

တခါမှမသွားဖူးတဲ့ ခရီးကို စမ်းတဝါးဝါး သွားရမှာထက်စာရင် မရောက်ဖူးပေမဲ့ ကြားဖူးနားဝရှိတယ်ဆိုရင်တောင် သွားရတာ အစိမ်းသက်သက် မဟုတ်ပဲ ပိုပြီးလွယ်ကူစေပါတယ်

စာဖတ်ခြင်းကလည်း ဒီလိုပါပဲ နေရမယ့်ဘဝတိုတိုလေးမှာ ကျွန်တော်တို့ မမြင်နိုင်တဲ့ အတိတ် အနာဂတ် နှစ်ခုလုံးကို မီးထိုးကြည့်မိရင် ကိုယ်ရှေ့ဆက်လျှောက်ရမယ့် လမ်းလေးနဲ့ လွယ်လွယ်ကူကူ ပိုရင်းနှီးမိမှာပါ အမှန်ပါပဲ

ကျေးဇူးတင်စွာဖြင့်

HK

ဆရာမ ဆေးဆေ ရဲ့ စာအုပ်(3) အုပ် ကံထူးရှင်ကတော့ Khin Hnin Phyu ဖြစ်ပါတယ်😊😊😊Page Messenger မှာ ဆက်သွယ်ပေးပါခင်ဗျာအားလုံးကို ...
22/09/2024

ဆရာမ ဆေးဆေ ရဲ့ စာအုပ်(3) အုပ် ကံထူးရှင်ကတော့ Khin Hnin Phyu ဖြစ်ပါတယ်😊😊😊

Page Messenger မှာ ဆက်သွယ်ပေးပါခင်ဗျာ

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏🙏🙏

ကျွန်တော်ရဲ့ Page မှာ ဒီစာအုပ်လေးတွေရှိလားဆိုပြီး လာလာမေးကြတာရှိတော့ ဒီ Post ကနေပဲ တခါတည်းဖြေပေးပါ့မယ် ကျွန်တော်ရဲ့ စာအု...
20/09/2024

ကျွန်တော်ရဲ့ Page မှာ ဒီစာအုပ်လေးတွေရှိလားဆိုပြီး လာလာမေးကြတာရှိတော့ ဒီ Post ကနေပဲ တခါတည်းဖြေပေးပါ့မယ်

ကျွန်တော်ရဲ့ စာအုပ်ဆိုင်လေးကိုလည်း ပိတ်ထားပါတယ် ဆိုင်ပိတ်ပြီးတော့ Page ကနေပဲ စာအုပ်တွေကို တော်တော်ကြာကြာဆက်လက်ရောင်းချပေးနေပါသေးတယ် ခုတော့ ဒီ Page ကနေလည်း စာအုပ်အရောင်းတွေကိုလည်း ရပ်ထားပါတယ်

ဆိုင်စဖွင့်ဖြစ်တာကလည်း စိတ်ကူးအိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဖြစ်တာပါ ဒါပေမဲ့ လူအား ငွေအားကလည်းနည်းတော့ ဆိုင်ကခနော်နီခနော်နဲ့ဖြစ်နေတဲ့အပြင် တစ်ယောက်တည်း ပတ်ချာတွေလည်နေတာ

ကိုယ်ကလည်း အသိပညာနဲ့ဗဟုသုတကလည်းနည်း စီးပွားရေးကလည်း မလုပ်တတ်တော့ ရေရှည်မတောင့်ခံနိုင်ပဲ ခုတော့ ဆိုင်ပိတ်ထားတဲ့ အနေအထားရောက်သွားတာပါပဲဗျာ

ဒါပေမဲ့ အဲ့ဒီအရှုံးကို သိပ်ကျေနပ်ခဲ့တာ ပြန်ရလိုက်တဲ့အတွေ့
အကြုံနဲ့ ကိုယ်တိုင်သိလိုက်ရတဲ့အကြောင်းအရာတွေက ကျွန်တော့်အတွက် အရမ်းတန်ဖိုးကြီးပါတယ်

ပင်လယ်ထဲ လက်ပစ်စမ်းကူးကြည့်သလိုပါပဲ စာပေအနုပညာရပ်ဝန်းကအကျယ်ကြီးပါ အဲ့ဒီထဲမှာ ကျွန်တော်ဆိုတာ ရေမှုန်ရေမွှားလေးပါ ဒါပေမဲ့ ပင်လယ်ဘယ်လောက်ကျယ်ပြီး ဘယ်လောက်နက်မှန်းဆိုတာတော့ နဖူးတွေ့ဒူးတွေ့ ခံစားလိုက်ရတာပါပဲ ဒါကြောင့် အရမ်းကျေနပ်ပါတယ်

လိုင်းပေါ်မှာ စာအုပ်ဆိုင်အသစ်လေးတွေဖွင့်တော့ ကိုယ်ရဲ့ဆိုင်လေးကိုလည်း ပြန်ဖွင့်ချင်တဲ့ ဆန္ဒလေးလည်းရှိတယ် စိတ်ကူးအသစ်လေးတွေလည်း ထပ်ဖြည့်ပြီးတော့ ပိုလှပအောင် ပိုတည်ငြိမ်အောင် ပိုပြီး Modern Classic ဖြစ်အောင်ပြင်ဆင်ပြီးတော့ ပြန်ဖွင့်ချင်ပါသေးတယ် အဲ့ဒီအတွေးက ခုအထွတ်အထိပ်တော့ မရောက်သေးဘူးပေါ့ဗျာ

ဆိုင်လေးဖွင့်ဖို့ အတွေးအကြံကလည်း အထွတ်အထိပ်ရောက်၊ စိတ်ကူးတွေယဥ်၊ အိပ်မက်တွေမက်ပြီး ကယောင်ကတမ်းဖြစ်တော့မှ ဆိုင်ပြန်ဖွင့်ရမှာပဲဗျာ

ခုချိန်မှာ ကျွန်တော် ဘာလုပ်​နေလဲမေးရင် စိတ်ရှိတိုင်းစာတွေဖတ်နေပါတယ် ဝမ်းရေးအတွက် နေရာ၊ အချိန်၊ အလုပ် ကန့်သတ်ချက်မရှိတဲ့ ဝင်ငွေလည်းမဆိုးတဲ့ အလုပ်လေးတွေလုပ်ရင်းနဲ့ ကိုယ်ဖတ်ချင်တာလေးတွေကို အချိန်ပေးပြီး လေ့လာနေပါတယ်

ခုတော့စာအုပ်ရောင်းသူဘဝထက် စာဖတ်သူဘဝမှာ ပိုပျော်နေပါတယ် စာရေးသူတစ်ယောက်အဖြစ်ရောက်ဖို့တော့ မလွယ်သေးပါဘူး ဒီလိုလေးပဲ ကိုယ်ဖတ်ချင်တာလေးတွေဖတ်မယ် ကြိုက်တာလေးတွေဝေမျှမယ် စာအုပ်လေးတွေလက်ဆောင်ပေးမယ် ပျော်စရာကြီးဗျာ

ဒီစာက ကျွန်တော့်ရဲ့ ဖောက်သည်တွေကို လွမ်းလို့ရေးတဲ့စာပါလို့ပြောရင်းနဲ့ တစ်နေ့နေ့မှာ Chan Myae Book Shop ပြန်လာပါဦးမယ်

🙏🙏🙏
HK

ဒီရက်ပိုင်းမှာ ဘယ်စာအုပ်တွေဖတ်ဖြစ်ကြလဲ?နေရာအတော်များများမှာ ရေကြီး ရေလျှံမှုတွေကလည်းဖြစ်နေတော့ ကျွန်တော်လည်း ဘယ်မှမသွားဖ...
18/09/2024

ဒီရက်ပိုင်းမှာ ဘယ်စာအုပ်တွေဖတ်ဖြစ်ကြလဲ?

နေရာအတော်များများမှာ ရေကြီး ရေလျှံမှုတွေကလည်းဖြစ်နေတော့ ကျွန်တော်လည်း ဘယ်မှမသွားဖြစ်တာနဲ့ "နေမင်းတစ်ထောင်" စာအုပ်ဖတ်ဖြစ်နေတယ်

ကြာတော့ ဖတ်ရင်းနဲ့ လေးလာတာနဲ့ တခြားစာအုပ်တွေ ပြောင်းဖတ်ဦးမှဆိုပြီး လိုက်ရှာရင်းနဲ့ ဆရာမ "ဆေးဆေ" ရဲ့
"တစ်ဘဝဒဏ်ရာ" ဆိုတဲ့ စာအုပ်လေး ကောက်ဖတ်ဖြစ်တော့ မထင်မှတ်ပဲ စာအုပ်လေးကတော်တော်ကောင်းတယ်

"တစ်ဘဝဒဏ်ရာ" က ကလေးမြို့အနီးက ရွာလေးတစ်ရွာနားမှာ ငယ်ဘဝကို ဇာတ်အိမ်တည်ပြီရေးထားတာပါ ဒီစာအုပ်ကဆရာမ ဆေးဆေရဲ့ ဒုတိယမြောက် ထုတ်ဝေတဲ့ လုံးချင်းဝတ္ထုစာအုပ်လေးပါ

လူတစ်ယောက်ရဲ့ ဘဝတစ်ခုမှာ ဘယ်အရာက သူ့အတွက် အမြဲတမ်းနာကျင်နေတဲ့ ဝေဒနာတစ်ခုဖြစ်နေမလဲ ဘယ်လိုဖြေဖျောက်နိုင်မလဲ ဒီအကြောင်းလေးတွေကို ရိုးရိုးလေးရေးထားတယ် သဘာဝလည်းကျတယ်

စာရေးသူရဲ့ ငယ်ဘဝကို ပြန်ရေးထားတာလည်းဖြစ်နိုင်သလို တခြားတစ်ယောက်ရဲ့ ဘဝတစ်ခုကိုရေးထားတာလား ဒါမှမဟုတ် ဘဝတွေအားလုံးကို ရောနှောပြီးရေးထားတာလည်း ဖြစ်နိုင်ပါတယ် ဒါကတော့ ဘယ်လိုဖန်တီးခဲ့လည်းဆိုတာက စာရေးသူပဲ အသိနိုင်ဆုံးပါ ဒါပေမဲ့ လက်တွေဆန်လို့ ကျွန်တော်က အရမ်းသဘောကျပါတယ်

"တစ်ဘဝဒဏ်ရာ" ပြီးတော့ "ခိုတွယ်ရာ" ဆက်ဖတ်ဖြစ်တယ် ဆရာမရဲ့ စိတ်ကူးစိတ်သန်း အသစ်တွေနဲ့ ရေးထားတဲ့ လုံးချင်းဝတ္ထုတစ်ပုဒ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး ဇာတ်လမ်းလေးလည်းကောင်းတယ် ပုံမှန်ဇာတ်လမ်းတစ်ပုဒ်နဲ့မတူပဲ ခွဲထွက်သွားတယ် ဇာတ်သိမ်းလေးကိုလည်း သဘောကျပါတယ်

မဂ္ဂဇင်းတွေထဲမှာ ဝတ္ထုတိုရေးသူတစ်ယောက်အဖြစ်ကနေ စာပေခရီးကိုစတင်ခဲ့တဲ့ ဆရာမအတွက် သူမရဲ့ ဝတ္ထုတိုတွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး

"မှောင်ရိပ်ကလိပ်ပြာ" မဂ္ဂဇင်းဝတ္ထုတိုများ စာအုပ်ထဲမှာ ဆရာမရဲ့ စာပေခရီးအစပြုခဲ့တဲ့ စာပေလက်ရာနုနုလေးတွေကိုလည်း ခံစားကြည့်မိပါသေးတယ်

တစ်ပုဒ်နဲ့တစ်ပုဒ် ပြန်ပေးတဲ့ အထိအတွေ့က စာဖတ်သူတွေရဲ့ ရင်ထဲမှာ လွယ်ကူနားလည်စွာ ခံစားနိုင်မယ့် ရသမျိုးဖြစ်နေလို့ ကျွန်တော်တို့ဘဝတွေနဲ့ နီးစပ်တဲ့ လက်တကမ်းအကွာက ဇာတ်လမ်းလေးတွေအဖြစ် ဖတ်ရှုရမှာပါ

HK
(ကိုယ်တွေ့ဝေမျှခြင်း တစ်ပိုင်းတစ်စ)

🔰ကံကောင်းချင်တော့ ဒီစာအုပ်တွေက ကျွန်တော့်ဆီမှာ အပိုလည်း ရှိနေတာဖြစ်တဲ့အတွက် ဒီ အသစ် ၃ အုပ်ကို ကျွန်တော်လက်ဆောင်ပြန်ပေးပါ့မယ် ပို့ပေးပါ့မယ်(Deli ခတော့ ရှင်းပေးပါ)

🔰လက်ဆောင် ဖတ်ရှုချင်တဲ့ မိတ်ဆွေများက ဒီ Chan Myae Book Shop ရဲ့ မူရင်း Post အောက်မှာ "လက်ဆောင်ယူ" လို့ မန့်ပေးပါ

🔰22.9.24 ည 8:00 မှာ comment တွေကိုစုပြီး မဲဖောက်ပေးပါမယ် 😊 ၁ ယောက်တည်း မန့်ထားရင်တော့ မဲဖောက်စရာမလိုတော့ဘူးပေါ့

🔰လက်ဆောင်ရရင် Deli နဲ့ အပ်ပြီး ပို့ပေးပါ့မယ် လက် ဆောင်ပေးတာဖြစ်တဲ့အတွက် စာအုပ်ရှေ့ဆုံးစာမျက်နှာမှာ နာမည်နဲ့ စာရေးပြီး လက်မှတ်ထိုးပေးတာ ပါပါမယ်ဗျာ

သိုးဆောင်း ရဲ့ ရွာနှစ်ရွာမှာ တစ်ရွာကြိုက်တယ် စာရေးသူအနေနဲ့ ဘယ်ရွာကို အရင်ရေးခဲ့လဲတော့ မသိဘူး 'မုဆိုးမရွာ' ကို အရင်ရေးခဲ့...
21/07/2024

သိုးဆောင်း ရဲ့ ရွာနှစ်ရွာမှာ တစ်ရွာကြိုက်တယ်

စာရေးသူအနေနဲ့ ဘယ်ရွာကို အရင်ရေးခဲ့လဲတော့ မသိဘူး 'မုဆိုးမရွာ' ကို အရင်ရေးခဲ့တယ်လိုထင်တာ ထုတ်ဝေတဲ့နှစ်တွေ ပြန်ကြည့်မိတော့မှ ပဥ္စလက်ရွာက အရင်ထုတ်ထားတာ တွေ့ရတယ် ဇာတ်လမ်းက တစ်ရွာတစ်ပုဒ်နော် အပိုင်းဆက်မဟုတ်ဘူး

"မုဆိုးမရွာ" ကို အရင်ဖတ်ကြည့်တော့ တဖြေးဖြေးနဲ့ ဇာတ်လမ်းအပေါ် စိတ်ဝင်စားမှု မြှင့်တက်လာပြီးမှ မျှော်လင့်ထားသလိုမဟုတ်ပဲ ဇာတ်ရှိန်ပြုတ်ကျသွားတယ်
တချို့အခန်းတွေက ချိတ်ဆက်မှုမရှိသလို ဇာတ်ကောင်တွေရဲ့ Character ကလည်း ချိတ်မမိပါ တချို့ဇာတ်ကောင်တွေဆိုရင် ပိုနေတယ်လို့ ခံစားရတယ် ဇာတ်လမ်းကျောရိုးက သဲထိတ်ရင်ဖိုလည်းမဟုတ်၊ ငရဲခန်းတွေ ဘုံတွေ ပြိတ္တာတွေပါ ရောပါလာတော့ ကျွန်တော့်အတွက်တော့ ဟိုမရောက် ဒီမရောက်ဖြစ်ကုန်တာပဲ

ပထမရွာမှာတင် လက်လန်ထားတော့ ဒုတိယရွာကတော့ သိပ်ဟန်မယ်မထင်တော့ဘူး ဒါပေမဲ့ ကျောက်သမားစကားနဲ့ ပြောရရင် "မထင်တဲ့ကျောက်က ထပွင့်နေတာ"

စာရေးသူက "ပဥ္စလက်ရွာ" အကြောင်း ဘယ်လို အားထုတ်ပြီးရေးခဲ့ရတယ်ဆိုတဲ့ စကားဦး နိဒါန်းကတည်းက တော်တော်ဖတ်လို့ကောင်းနေပြီ ဇာတ်လမ်းကမစသေးဘူး ဒါပေမဲ့ စာရေးသူရဲ့ ခံစားချက်နဲ့က ချိတ်မိနေပြီ

ဇာတ်လမ်းကလည်း အချိတ်အဆက်မိတယ် ဇာတ်ကောင်တွေကလည်း တစ်ဦးချင်းစီကို စိတ်ဝင်စားဖို့ကောင်းတယ် တစ်ထိုင်တည်းဖတ်ဖြစ်တယ် ကြာလာတော့ မျက်လုံးထဲမှာ မှော်ရုပ်ရှင်ကားတစ်ကား ကြည့်နေရသလိုကို မြင်လာမိတာပဲ ဇာတ်လမ်းက အဲ့ဒီလောက်ကောင်းတယ်

ချုပ်ရရင် ပထမရွာကို အရမ်းမျှော်လင့်ထားခဲ့လို့လည်း ပေါ့သွားတာဖြစ်နိုင်တယ် ဒုတိယရွာကို ထင်ထားတာထက် ပိုကောင်းလို့လည်း ဖြစ်နိုင်တယ် ဒါပေမဲ့ ကျွန်တော်က ဒုတိယရွာအရင်ဖတ်ကြည့်ပြီး ပထမရွာကို ဖတ်မိခဲ့တယ်ဆိုရင် သေချာတယ် ပထမရွာကို ပြီးဆုံးအောင်ဆက်ဖတ်မိမယ်မထင်ပါဘူး ခုတော့ ကြံကို အဖျားကစစားမိပြီး အရင်းရောက်လေ အရသာသိပ်ထူးကဲလေပါပဲ

HK

( စာဖတ်သူတစ်ယောက်အနေဖြင့် ကိုယ့်ရဲ့ Personal အမြင်နှင့် အတွေးကို ရေးထားတာပါ ကိုယ့်အတွက်ဒီလိုဆိုပေမဲ့ တခြားသူအတွက်မှားနိုင်ပါတယ်)

ဆရာမင်းယုဝေရဲ့ ဘာသာပြန်လက်ရာ စာအုပ်ကောင်းတစ်အုပ်ကိုလည်းဖတ်လိုက်ရတယ်  ပါရှင်းပညာရှိ အိုမာခရမ် ရဲ့အကြောင်းကိုလည်း လေ့လာခွင...
06/07/2024

ဆရာမင်းယုဝေရဲ့ ဘာသာပြန်လက်ရာ စာအုပ်ကောင်းတစ်အုပ်ကိုလည်းဖတ်လိုက်ရတယ်

ပါရှင်းပညာရှိ အိုမာခရမ် ရဲ့အကြောင်းကိုလည်း လေ့လာခွင့်ရလိုက်တယ်

ပါရှင်းနိုင်ငံမှာ အိုမာခရမ် ပေါ်ထွန်းတဲ့အချိန်ဟာ မြန်မာနိုင်ငံမှာ ပုဂံခေတ်ထွန်းကားတဲ့ အချိန်လောက်လို့ ဆိုထားတယ်

အဲ့ဒီခေတ်ကတည်းက သူရဲ့အတွေးအခေါ်တွေက ရဲတင်းတယ် အဆင့်မြင့်တယ်လို့ အနောက်တိုင်းစာပေတွေက လေ့လာသုံးသပ်ထားတယ်

ဒီစာအုပ်မှာ အိုမာခရမ့်ရဲ့ဘဝနဲ့ ကဗျာတွေအကြောင်းကို ဝတ္ထုတစ်ပုဒ်အနေနဲ့ ပြည့်ပြည့်ဝဝလေ့လာခွင့်ရရှိမှာဖြစ်ပါတယ်

ဆရာမင်းယုဝေရဲ့ ဘာသာပြန် လက်ရာများကို ယခင်က ကျွန်တော်မမြည်းစမ်းဖူးခဲ့ပါ ယခု ဝတ္ထုကောင်းတစ်ပုဒ်အနေဖြင့် ဖတ်ရှုခွင့်ရသည်ကိုပင် အတော်အရသာရှိလှပါသည်

HK

ကုတ်အင်္ကျီတစ်ထည်ရဲ့ ဇာတ်လမ်းလို့ပြောရင်လည်းရတယ်ရုပ်သေးဆရာလေးရဲ့ စွန့်စားခန်းဆိုရင်လည်းမမှားဘူးဂျာမာန်တွေရဲ့ ဆိုက်ဘေးရီး...
04/07/2024

ကုတ်အင်္ကျီတစ်ထည်ရဲ့ ဇာတ်လမ်းလို့ပြောရင်လည်းရတယ်

ရုပ်သေးဆရာလေးရဲ့ စွန့်စားခန်းဆိုရင်လည်းမမှားဘူး

ဂျာမာန်တွေရဲ့ ဆိုက်ဘေးရီးယားမှတ်တမ်းဆိုရင်လည်း မှန်တယ်

ရုပ်သေးရုပ်တွေကပြောတဲ့ သမိုင်းကြောင်းဆိုရင်လည်း ပြည့်စုံတယ်

ဘယ်အရာမဆို "စစ်" ဆိုတဲ့ခေါင်းစဥ်နဲ့ ထိတွေ့မိရင် ပျက်စီးခြင်းတိုင်းကို လက်ဆောင်ပြန်ရတတ်ပါတယ်

HK

26/06/2024

မဖတ်သင့်သောစာပေများ
==================

🔰၁။ အနီရောင်စာပေ
လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် နှိုးဆော်ပေးသော စာပေမျိုးဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ်ကို လွန်စွာနိုးကြားပေးပြီး စာဖတ်သက်နုသော စာပေပရိသတ်များကို မျက်ကန်းဖြစ်အောင် မှိုင်းတိုက်နေသောစာပေမျိုး ဖြစ်သည်။ မော်လဝီနှင့် ယောဂီ၊ ကျောင်းသုံး မြန်မာ-ယိုးဒယား သမိုင်းစာပေတို့သည် အနီရောင်စာပေများ ဖြစ်ကြပေသည်။

🔰၂။ အပြာရောင်စာပေ
ဤစာပေမျိုးသည် ယနေ့ခေတ် Online လူငယ်များ အထူးရင်းနှီးကြပေသည်။ အပြာရောင်စာပေ၏ ရည်ရွယ်ချက်သည် တဏှာရာဂကို နှိုးဆွပေးရန်ဖြစ်သည်။ ထိုစာပေတို့သည် အမှားအမှန် သင့်မသင့်ကို နားလည်နိုင်စွမ်းမရှိအောင် သွေးထိုးလှုံဆော်ပေးကြသည်။ ထို့ကြောင့် ယနေ့ခေတ်တွင် ဦးလေးနှင့်တူမ၊ အဘိုးနှင့်မြေး စသည် စသည့် စိတ်မကောင်းစရာသတင်းတို့ ကြားနေရခြင်းဖြစ်သည်။ ဤစာပေမျိုးကို အပြာစာပေအပြင် အဆိပ်သင့်စာပေဟုလည်း ခေါ်ချင်သည်။

🔰၃။အဝါရောင်စာပေ
ဤစာပေသည် သတင်းစာ၊ ဂျာနယ်သမားတို့လက်စွဲဖြစ်သည်။ သတင်းစာဂျာနယ်သမားတို့သည် လူထုအကြိုက်ကို သိကြသည်။ ပြည်သူတို့သည် ရသဆန်ဆန် စာပေဆန်ဆန် ဆောင်းပါးတစ်ပုဒ်ထက် ဘယ်မင်းသားက ဘာလုပ်နေသည်၊ ဘယ်မင်းသမီးက ဘယ်သူနှင့်တွဲသည့် သတင်းကို ပိုနှစ်သက်ကြသည်။ ထို့ကြောင့် အချို့သောသတင်းစာသမားတို့သည် စောင်ရေများများရရှိစေရန် လိုသည်ထက် ပိုချဲ့ကားကြပေသည်။ ထိုသတင်းစာတို့သည် ငြိမ်သက်နေသောလူထုကို ဒေါသထွက်စေသည်။ ပြောင်းလဲနေသောလူထုကို နောက်သို့ဆွဲပြန်၏။ ထို့ကြောင့် အဝါရောင်စာပေတို့သည် အခြားစာပေများထက် ပို၍အဆိပ်ပြင်းပေသည်။
အပြာရောင်စာပေ၊ အနီရောင်စာပေတို့သည် မြွေပွေး မြွေဟောက်များဆိုလျှင် အဝါရောင်စာပေသည် မြွေတို့ဘုရင်ငန်းတော်ကြားဟု ဆိုအပ်ပေသည်။ ထို့ကြောင် မည့်သည့်သတင်းစာသည် အဝါရောင်စာပေ၊ မည်သည့် ဂျာနယ်သည် အဝါရောင်ဂျာနယ်ဖြစ်သည်ကို ခွဲခြားတတ်ရန် များစွာလိုအပ်သည်။ ထိုသို့ခွဲခြားတတ်ရန် စာကောင်းပေကောင်းများကို နာနာဖတ်ရမည်။

🔰၄။အနက်ရောင်စာပေ
ကျွန်ုပ်တို့နိုင်ငံတွင် လွန်စွာပေါသည်။ နတ်၊ ဓာတ်၊ ဘိုးတော်၊ သိုက်၊ ပရ စသည့် သဘာ၀လွန်ဖြစ်ရပ်များကို လွန်စွာချဲ့ရေးကြသည်။ ယုံသူတို့ကလည်း အားပေးကြသည်။ ထို့ကြောင့် အနက်ရောင် မဂ္ဂဇင်းအချို့သည် ယနေ့တိုင် တည်မြဲကာနေခြင်းဖြစ်သည်။

🔰၅။ ပန်းရောင်စာပေ
နာမည်လှ၏။ သို့သော် အနှစ်မပါ၊ အကာလည်းမရှိ အခွံချည်းသက်သက်သာရှိသော ကြက်ဥကဲ့သို့ ဤစာပေသည် ချစ်ကြိုက်ကွဲညား ဇာတ်လမ်းများသာဖြစ်သည်။ ထိုစာပေအချို့သည် ( Homoromantic ) လိင်တူအချစ်ဇာတ်လမ်းများကို နောက်ပိုင်းတွင် ဦးစားပေး ရေးလာသည်။ ပွင့်လင်းမြင်သာလာသော ယနေ့ခေတ်တွင် ပန်းရောင်စာပေတို့သည် အပြာစာပေ ဆန်လာကြသည်။ ထို့ကြောင့် နောက်ပိုင်းခေတ်တွင် ပန်းရောင်စာပေတို့သည် အပြာစာပေအဖြစ် ပြောင်းလဲလာမည်ကို စိုးရိမ်လာရသည်။ ဤစာပေတို့သည် မနူးမနပ် ဆယ်ကျော်သက်အရွယ်များ အကြားတွင် များစွာ စိုးမိုးထားပေသည်။ ထိုစာပေတို့သည် လူငယ်တို့ကို မတိုးတက်အောင် ဆွဲခေါ်ထားပေသည်။ ဤစာပေမျိုးသည် ယဉ်ကျေးမှုကို ဝါးမျိုနေသောစာပေ ဖြစ်ပေသည်...။

"မောင့်ဘဝ ညအလားကွယ်"မိုးလေးဖွဲဖွဲကျတုန်း လွမ်းချင်ဆွေးချင်ရင် ဒါလေးဖတ်😊🔰ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာပေလက်ရာကို  ကျွန်တော...
13/06/2024

"မောင့်ဘဝ ညအလားကွယ်"
မိုးလေးဖွဲဖွဲကျတုန်း လွမ်းချင်ဆွေးချင်ရင် ဒါလေးဖတ်😊

🔰ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာပေလက်ရာကို ကျွန်တော့်အတွက် စတင်စွဲလမ်းခဲ့တဲ့ စာအုပ်လေး
🔰State ကျောင်းတက်တုန်းက ကဗျာလေးရေးရင်တောင် ကလောင်နာမည်ကို ဇာတ်ကောင်နာမည်အတိုင်း "လွမ်းနောင်" လုပ်ပစ်လိုက်တယ်

"ကိုစိုးလှိုင်ရယ်၊ သင်္ချိုင်းဆိုတာလည်း ရင်ခုန်ဖို့ကောင်းပါတယ်။ စင်စစ်တော့ သင်္ချိုင်းဆိုတာ အတိတ်ကို မြှုပ်ထားတဲ့နေရာပဲ။ တကယ်တမ်း ဝန်ခံကြမယ်ဆိုရင် ခင်ဗျားတို့ ကျွန်တော်တို့ စာပေဂီတ၊ အနုပညာသမားတွေရဲ့ အသည်းနှလုံးတွေဟာ အတိတ် ခံစားရချက်တွေကို မြှုပ်နှံထားတဲ့ သင်္ချိုင်းတွေပဲ မဟုတ်လား"
ကိုလွမ်းနောင်

Address

Mandalay

Telephone

+959402603214

Website

Alerts

Be the first to know and let us send you an email when Chan Myae Book Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chan Myae Book Shop:

Share

Category