Mya Thin

Mya Thin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mya Thin, Shopping & retail, Mandalay.

ဝမ်းပန်းတသာ ကြိုဆိုခြင်းမရှိတဲ့ အခမ်းအနားတွေကို ရှောင်ပါ။လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ခြင်းမရှိတဲ့ လက်တွေကို မျက်နှာလွှဲပါ...
26/10/2024

ဝမ်းပန်းတသာ
ကြိုဆိုခြင်းမရှိတဲ့ အခမ်းအနားတွေကို ရှောင်ပါ။

လှိုက်လှိုက်လှဲလှဲ
နှုတ်ဆက်ခြင်းမရှိတဲ့ လက်တွေကို မျက်နှာလွှဲပါ။

ဖော်ဖော်ရွေရွေ မရှိတဲ့
အပေါင်းသင်းတွေကြား မသွားပါနှင့်။

အဆင့်အတန်းခွဲတတ်တဲ့
သူငယ်ချင်းတွေကို သံယောဇဉ် ဖြတ်ပါ။

ဝတ်ကျေတန်းကျေ
ဖိတ်ကြားခြင်းတွေကို ဥပေက္ခာပြုပါ။

မျက်နှာလိုက်တဲ့
အသင်းအဖွဲ့တွေထဲ မဝင်ပါနှင့်။

ရင်ထဲကမပါတဲ့
အပြုံးတွေအတွက် မခံစားပါနှင့်။

ဒီလောက်ဆိုရင်
သင် ... အရွယ်တင်နုပျို စိတ်ချမ်းသာမှာ သေချာပါတယ်။..
original

ငါသေဆုံးသွားတဲ့အခါနေ့မကူးဘဲ သဂြိုဟ်ပေးပါ။သုံးရက် ငါးရက်အယူမသည်းပါနဲ့။သေပြီးငါ့အား ဓာတ်ပုံထောင်၍နံနက် ညနေစားစရာတွေမကျွေးပ...
05/02/2024

ငါသေဆုံးသွားတဲ့အခါ
နေ့မကူးဘဲ သဂြိုဟ်ပေးပါ။
သုံးရက် ငါးရက်အယူမသည်းပါနဲ့။

သေပြီးငါ့အား ဓာတ်ပုံထောင်၍
နံနက် ညနေစားစရာတွေမကျွေးပါနဲ့။
ငါ့အားကျွေးမည့် စားကောင်းသောက်ဖွယ်
များအား ဆာလောင်မွတ်သိပ်နေသူများကို
ကျွေးပေးပါ။

အသက်မရှိတော့တဲ့ ငါ့ခန္ဓာအား
ရေချိုးအလှပြင်ဖို့မလုပ်ပါနဲ့ ။
ကမ္ဘာမှာ ရေချိုတွေရှားနေတာသတိရပါ။

မသာကောင်ကိုအလှဆင်ဖို့
ငွေကုန်ခံပြီး ပန်းတွေမဝယ်ပါနဲ့။
ဘုရားကိုလှုလိုက်ခြင်းက
သင်တို့အတွက် ပိုမြတ်ပါတယ်။

ငါ့ခန္ဓာအား အရှက်လုံလောက်သော
အဝတ်အဟောင်းသာ ဝတ်ပေးလိုက်ပါ။
ပြာကျမည့်အစား ချို့တဲ့သူအတွက်
လုံခြုံအောင် လှုလိုက်ပါ။

ငါ့ခြေထောက်မှာ မွေးကတည်းက
ဖိနပ်မပါလာ၍ ဖိနပ်ထည့်ပေးရန်မလိုပါ။
ပြာကျမည့်ဖိနပ်တစ်ရံအား
ဖိနပ်မရှိသူကို လှုလိုက်ပါ။

ရေအိုးခွဲမည့် လွဲမှားသောအယူများနဲ့
ငါ့အားလမ်းမခွဲလိုက်ပါနဲ့ ။
အိုးမခွဲလဲ ငါဖက်တွယ်မထားပါဘူး
ကိုယ့်လမ်းကိုယ် ဆက်လျှောက်မှာပါ။

ကူးတို့ခလည်း ထည့်ပေးစရာမလိုပါ။
လိုအပ်တဲ့နေရာ လှုလိုက်ပါ။
ငါ့မှာကူးတို့ခအဖြစ်
ကုသိုလ် အကုသိုလ်အထုတ်ယူသွားမှာပါ။

ဝမ်းနည်းခြင်း ပန်းခြင်းများအစား
ငါ့အားကြည့်၍ သံဝေဂယူပါ

ခန်းမအလယ်၌ ငါ့အားပြင်ပြီး
လူမြင်ကောင်းအောင် မငိုကြပါနဲ့။
ခန်းမငှားခအား ဘိုးဘွားရိပ်သာကို
လှူလိုက်ပါ။

သေပြီးခန္ဓာ ငါ့မသာအား
အခေါင်းလှလှ ထဲ့ဖို့အကြံဉာဏ်မပေးပါနဲ့။
ခေါင်းပျဉ်ပြာကျ ဆုံးရှုံးရမဲ့အစား
အခင်းအကာမဲ့သူတွေ အများကြီးကို
မြင်တတ်စာနာတတ်ပါစေ။

ငါ့ဝိညာဉ်အား ပုတ်ကာခေါ်၍
သင်တို့အိမ်ကို ခေါ်ဆောင်ခြင်းအမှု
အယူလွဲစွာမပြုပါနှင့်။
ငါသင်တို့နှင့် အပြီးတိုင်လမ်းခွဲသွားသူပါ။

ငါ့ခန္ဓာကိုယ်ကို မြေ၌ရှိသော
ဆာလောင်မွတ်သိပ် သတ္တဝါတို့အား
ငါ့အသွေးသား စားသောက်စေရန်
မီးသဂြိုဟ်ခြင်း ပြုမည့်အစား
မြေ၌မြုပ်နှံပေးကျပါ။

ငါ့အားမြုပ်နှံသည့်အခါ
အုတ်ဂူမလုပ်ဘဲ မြေတူးကာမြုပ်၍
သစ်ပင်ငယ်တစ်ပင်သာ စိုက်ပေးခဲ့ပါ။
ငါ၏ယိုယွင်းပျက်စီးသော ခန္ဓာအား
ငါ့မြေငါ့ရေအတွက် မြေဆီမြေနှစ်အဖြစ်
အသုံးပြုခွင့်ပြန်ရပါစေ....

မူရင်း....ခရက်ဒစ်

လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်

01/02/2024

တရားတော်များ နာကြား အေးချမ်းကြပါစေ
ကူးယူမျှဝေပါသည်

ပဌာန်းရွတ်လို့ မြန်မာပြည်ကြီးဆင်းရဲတာကနေ မချမ်းသာသွားပါဘူး။ထီလည်းမပေါက်ပါဘူး။မြတ်စွာဘုရားဟာ ဖန်ဆင်းရှင် မဟုတ်လို့ပါ။ ပရိ...
19/01/2024

ပဌာန်းရွတ်လို့ မြန်မာပြည်ကြီး
ဆင်းရဲတာကနေ မချမ်းသာသွားပါဘူး။
ထီလည်းမပေါက်ပါဘူး။
မြတ်စွာဘုရားဟာ ဖန်ဆင်းရှင် မဟုတ်လို့ပါ။

ပရိတ်တွေ ပဋ္ဌာန်းတွေရော ရွတ်နိုင်သေးလား ရွတ်ပါ။ ပုတီးဘဲ စိပ်နိုင်လား စိပ်ပါ။

တရားပါထိုင်နိုင်သေးလား ထိုင်လိုက်ပါဦး အလွန်ကိုကောင်းပါတယ်။ တရားလေးလည်း နာပါဦး သီးသန့် မနာနိုင်ဘူးလား။
မျက်နှာသစ် သွားတိုက်ချိန် အစာစားချိန် အိမ်အလုပ်လုပ်နေတဲ့အချိန် ဖုန်းလေးနဲ့ ဖွင့်ထားပြီး နာကြည့်ပါ။

နောက်ဆို တရားသံလေးမှ မကြားရရင် မနေနိုင် ဖြစ်လာပါလိမ့်မယ်။
ဘာမှမလုပ်ဘဲနဲ့ နေတာထက်စာရင် ပါးစပ်က ဘုရား တရား သံထွက်နေတာ မကောင်းဘူးလား။

သူများကို ဆဲနေတာ မဟုတ်တဲ့အတွက် အလိုလို ကုသိုလ်ရနေတာပါ။ စိတ်ကတော့ လွင့်နေမှာဘဲ မလွင့်အောင် တဖြေးဖြေး ကျင့်ယူပါ။

ဘုရားစာတွေ ဗရွတ် ဗရွတ် ရွတ်လို့ ထီပေါက်လား ဆိုတော့ မပေါက်ပါဘူး။
မြတ်စွာဘုရားဟာလည်း ဖန်ဆင်းရှင် မဟုတ်ပါဘူး။

ဒါပေမဲ့ ဘာရလဲ ဆိုတော့ စိတ်စွမ်းအင် မြင့်တက်လာတာပါ။ ကောင်းမှုကို ပြုလုပ်နေတယ်ဆိုတဲ့ စိတ်ကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာပြီး ဘဝမှာ နေပျော်လာပါတယ်။

မကောင်းတာလုပ်ဖို့ တွန့်ဆုတ်လာလို့ ကုသိုလ် အလိုလိုရလာတယ်။ ဘာလေးလုပ်လုပ် အောင်မြင်လာတဲ့အခါ ငါ့ရဲ့ ကောင်းမှုကြောင့်ဆိုတဲ့ ပီတိရလာသလို မအောင်မြင်သေးရင်လည်း စိတ်မှာ ဖြေသိမ့်လာနိုင်ပြီး ရောင့်ရဲလာတဲ့စိတ်ကြောင့် ဘဝဟာ နေပျော်လာမှာပါ။

အတိတ်ရဲ့ကံကြွေးကို နားလည်နိုင်ပြီး ဘဝရဲ့အေးချမ်းမှုကို ရပါတယ်။ ဘဝရဲ့အေးချမ်းမှုဟာ ဥစ္စာပစ္စည်းထက် တန်ဖိုးရှိပါတယ်။

ဘဝရဲ့အေးချမ်းမှုကိုရဖို့ ကောင်းမှုမှန်သမျှ လုပ်တဲ့နေရာမှာ လူတန်းစားအမျိုးမျိုး ဖြတ်သန်းရတဲ့ ဘဝအဖုံဖုံကြောင့် ပြုလုပ်ပုံ ပြုလုပ်နည်း ပူဇော်ပုံ ပူဇော်နည်းတွေ ကွာတဲ့အခါ ကွာနေမယ်။ အသိတွေ ကွာတန်သလောက် ကွာနေမယ်။ ဒါပေမဲ့ ဦးတည်ချက်က အကုသိုလ်မလုပ်ဖြစ်တော့ပဲ ကုသိုလ်ရနေဖို့ပါပဲ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ 🙏🙏🙏
ဓမ္မဒါနမျှဝေသူ

ပိုက်ဆံတွေတော်တော် စုဆောင်းမိပြီလို့ ပြန်ကြည့်ချိန်မှာ လူတစ်ချို့ဟာ မနက်ဖြန်မှာ အသက်မရှိတော့ဘူး။အလုပ်တွေတော်တော် ပြီးပြီ...
14/08/2021

ပိုက်ဆံတွေတော်တော်
စုဆောင်းမိပြီလို့ ပြန်ကြည့်ချိန်မှာ
လူတစ်ချို့ဟာ
မနက်ဖြန်မှာ အသက်မရှိတော့ဘူး။

အလုပ်တွေတော်တော် ပြီးပြီးလို့
နာရီပြန်ကြည့်ချိန်မှာ
လူတစ်ချို့ဟာ
မနက်ဖြန်မှာ မကျန်းမာတော့ဘူး။

ဒေါသတွေတော်တော် ထွက်ပြီးလို့
စိတ်ကိုပြန်ပြေချိန်မှာ
လူတစ်ချို့ဟာ
မနက်ဖြန်မှာ မပျော်ရွှင်တော့ဘူး။

ရပါတယ်ဆိုပြီး
တော်တော် ပေါ့ပေါ့တန်တန် နေလိုက်ချိန်မှာ လူတစ်ချို့ဟာ
မနက်ဖြန်မှာ အိမ်မက်တွေမရှိတော့ဘူး။

အစားအစာတွေ တော်တော်စားပြီးလို့
ဝိတ်တက်တော့မှာဆိုပြီး ရပ်လိုက်ချိန်မှာ လူတစ်ချို့ဟာ
မနက်ဖြန်မှာ gymမသွားချင်တော့ဘူး။

ဒါကြောင့် သင်အချိန်ကိုမစောင့်ပါနဲ့။

အချိန်တွေမှာ လုပ်သင့်လုပ်ထိုက်တဲ့
ကာလအတိုင်းအခြားဆိုတာ ရှိပါတယ်။

ဒီကာလအတိုင်းအခြားမှာ
အချိန်ကသင့်ကို စောင့်နေမှာမဟုတ်ပါဘူး။

အခုလုပ်သင့်တာကို သင်လုပ်ပါ။

Credit 🌹
Photo... cred

မုသားစကားကို ရယ်စရာ အနေနဲ့တောင် မပြောပါနဲ့**********************************************မြတ်စွာဘုရားရှင်က ရှင်ရာဟုလာ ကို...
25/06/2021

မုသားစကားကို ရယ်စရာ အနေနဲ့တောင် မပြောပါနဲ့
**********************************************

မြတ်စွာဘုရားရှင်က ရှင်ရာဟုလာ ကို -
" ရာဟုလာ၊ ငါဘုရားနဲ့ လိုက်ခဲ့။ " ဆိုပြီး ခေါ်သွားတယ်။

မြတ်စွာဘုရားရှင်က ခြေဆေးတဲ့ နေရာမှာ ထိုင်ပြီး ခြေဆေးဖို့ ခွက်ကလေးနဲ့ ရေအိုးထဲက ရေကို ခပ်ယူလိုက်တယ်။

​၁ ။ ။ မြတ်စွာဘုရားရှင်က ခပ်ယူပြီးတဲ့အခါ ခွက်ထဲက ရေကို တစ်ဝက် သွန်လိုက်ပြီး မေးတယ်။

" ရာဟုလာ၊ ဟောဒီ ရေခွက်ထဲမှာ ရေတစ်ဝက်ပဲ ရှိတော့တာ တွေ့လား။ "

@@@ " တွေ့ပါတယ် ဘုရား။ "🙏🙏🙏

" လောကမှာ စပြီး လိမ်ပြောတတ်တဲ့ သူဟာ ရေခွက်ထဲမှာ ရေတစ်ဝက်ပဲ ကျန်ရှိတော့ သကဲ့သို့ သူ့ရဲ့ ကိုယ်ကျင့်တရားဟာလည်း ပြည့်ပြည့်ဝဝ မရှိတော့ပါဘူး။ "

၂ ။ ။ မြတ်စွာဘုရားရှင်က ခွက်ထဲက ရေတွေကို ကုန်အောင် သွန်လိုက်တယ်။

" ရာဟုလာ၊ ဟောဒီ ခွက်ထဲမှာ ရေတွေ ကျန်ရှိသေးလား။ "

@@@ " မရှိတော့ပါ ဘုရား။ "🙏🙏🙏

" လိမ်ပြောတာကို ဆက်ပြီး ဆောင်ရွက်နေတယ် ဆိုရင်တော့ သူဟာ နောင်တွင် မိမိရဲ့ ကိုယ်ကျင့်တရားတွေ အကုန်လုံးကို ကုန်အောင် စွန့်ပစ်ပြီး ကျန်တဲ့ အကုသိုလ်ကံ တွေကိုလည်း စလုပ်ဖို့ရာ အဆင်သင့် ဖြစ်နေပြီ ဆိုတဲ့ သဘောပါ ပဲ။ "

၃ ။ ။ မြတ်စွာဘုရားရှင်က ခွက်ကို မှောက်ပြီးတော့ ထပ်ပြီး မိန့်တော်မူတယ်။

" ရာဟုလာ၊ ငါဘုရား ရေခွက်ကလေးကို မှောက်ထားလိုက် သကဲ့သို့ လိမ်ပြောတဲ့အပြင် ကျန်တဲ့ ငါးပါးသီလကံ တွေကိုလည်း ချိုးဖောက်နေသူအဖို့ သူ့ရဲ့ ကိုယ်ကျင့်တရားတွေနဲ့ သံသရာဟာလည်း နောက်ဆုံးမှာ အကုန်လုံး ဇောက်ထိုးပဲ၊ ဘာမှ ကောင်းတာ မကျန်ရှိတော့ဘူး။ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားတွေနဲ့ သံသရာ အကုန်လုံးကို ကုန်အောင် သွန်မှောက် ပြစ်လိုက်ပြီ။ "

၄ ။ ။ မြတ်စွာဘုရားရှင်က ရေခွက်ကလေးကို ပြန်လှန်လိုက်တယ်။

" ရာဟုလာ၊ ဟောဒီ ရေခွက်ထဲမှာ ဘာရှိလဲ။ "

@@@ " ဘာမှ မရှိပါ ဘုရား။ " 🙏🙏🙏

" ရေခွက်ထဲမှာ ဘာမှ မကျန်ရှိတော့ သကဲ့သို့ လိမ်ပြောတတ်ပြီး ငါးပါးသီလကံကို အစဉ်အမြဲ ချိုးဖောက်သူရဲ့ သန္တာန်မှာလည်း ကောင်းမွန်တဲ့ ကိုယ်ကျင့်တရား ဆိုတာ ဘာမှ မကျန်ရှိ တော့တဲ့အတွက် သံသရာမှာလည်း ကောင်းနိုင်စရာ ဘာအကြောင်းမှ မရှိတော့ပါ။

ဒါကြောင့် မုသားစကားကို ရယ်စရာအနေနဲ့ လိမ်ပြောတာတောင် အင်မတန် အပြစ်ကြီးတယ် " တဲ့။

ဘုရားရှင် ဆုံးမတော်မူတဲ့ စကားနဲ့ ဒီကနေ့ခေတ် ပြောနေကြတာတွေ ဘယ်လို ကွာခြား နေပါသလဲ။

ဒီကနေ့ ခေတ်မှာတော့ " မုသား မပါ၊ လင်္ကာ မချော " တဲ့။

လင်္ကာချောအောင် ဆိုပြီး မုသားစကားကို ထည့်, ထည့်ပြီးတော့ ပြောနေ ကြတယ်။

" မြတ်စွာဘုရားရှင်က လိမ်ပြောတတ်လို့ ရှိရင် အဲ့ဒီသူမှာ ကောင်းတဲ့ ကိုယ်ကျင့်တရားတွေဟာ နောက်ဆုံးမှာ ဘာမှ မကျန်ရှိတော့လို့ သံသရာမှာ မကောင်းနိုင်ဘူး၊ " လို့ ဒီလို ဟောကြားထားပါတယ်။

" #လိမ်ပြောတတ်တဲ့_ပုဂ္ဂိုလ်ဟာ_နောက်ပိုင်းမှာ_မလုပ်ရဲတဲ့_အကုသိုလ်ကံလဲ_မရှိတော့ဘူး။ #သူ_တဖြည်းဖြည်းနဲ့_အကုန်_လုပ်တော့မယ်_လို့_ဒီလို_ပြောတာပါ_နော်။ #ဒါက_လိမ်ခြင်းအစနဲ့_နောင်_ဖြစ်လာမှာတွေကို_ပြောတာပါ။ "

မုသားစကား ပြောပြီ ဆိုမှတော့ သူ့ရဲ့ ကိုယ်ကျင့်တရားကို စိတ်ချလို့ မရတော့ဘူး။ တဖြည်းဖြည်းနဲ့ ကျန်တဲ့ အကုသိုလ်အလုပ်တွေ ကိုလည်း သူက ဆက်ပြီးတော့ လုပ်လာတော့မှာဘဲ တဲ့။

ဘာဖြစ်လို့တုန်း ဆိုတော့ ..
ကြည့်လေ၊ ဘာမကောင်းတာကိုပဲ လုပ်လုပ် လိမ်လိုက်ရင် အလွယ်တကူနဲ့ ပြီးသွားတတ်သလို ရှိတာကိုး။

ဒီလိုနဲ့ မကောင်းတဲ့အကျင့်ဆိုးတွေ ရင့်သန်လာပြီး ကျန်တဲ့ မကောင်းတဲ့ အကုသိုလ်အလုပ်တွေကို ရှေ့ဆက် လုပ်ဖို့ရာ အတွက်ကိုလည်း ဘာမှ ၀န်မလေးတော့ဘူး လို့ ဒီလို ပြောတာပါ။

#ဒီလို_ဆက်ပြီး_ဆောင်ရွက်လာမယ်_ဆိုလို့ရှိရင်_အကုသိုလ်ကံရဲ့_အကျိုးဆက်တွေကို_သံသရာမှာ #မလွဲမသွေ_ခံရတော့မှာမို့_ဒီဘဝမှာ_တရားထူး_ရဖို့ဟာလည်း_ဖြစ်မလာ_နိုင်တော့ဘူး။

ဒီလောက် အရေးကြီးတာမို့လဲ ရှင်ရာဟုလာကို မြတ်စွာဘုရားရှင်က လိမ်ပြောခြင်းက စလာပြီး နောင်တွင် သံသရာအထိ ပါတဲ့ အပြစ်မျိုးတွေ ဖြစ်မှာစိုးလို့ မလိမ်ရအောင် သူ့ကို နားချပြီးတော့ စိတ်ထဲမှာ စွဲသွားအောင် ဂရုတစိုက်နဲ့ သင်ကြားပေးတာပေါ့။

#ငါးပါးသီလထဲမှာ_စောင့်ထိန်းရ_အခက်ခဲဆုံးဖြစ်တဲ့_မုသာဝါဒကံကို #လုံခြုံအောင်_စောင့်ထိန်းနိုင်ခြင်းဖြင့်_တရားထူးများ_ရနိုင်ကြပါစေ။

🙏ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး🙏

Cred :

#ဦးမြင့်ခိုင်, & SAI MYO WIN

မြန်မာလူမျိုးတွေကတော့ ဝဋ်လည်တယ် ဆိုတာ ကံ မကောင်းတာဖြစ်မှ ဝဋ်လည်တယ်လို့ ပြောကြ တာ။ အမှန်က ကောင်းကောင်းဆိုးဆိုး “ဝဋ်"ဆိုတာ...
23/05/2021

မြန်မာလူမျိုးတွေကတော့ ဝဋ်လည်တယ် ဆိုတာ
ကံ မကောင်းတာဖြစ်မှ ဝဋ်လည်တယ်လို့ ပြောကြ တာ။

အမှန်က ကောင်းကောင်းဆိုးဆိုး “ဝဋ်"ဆိုတာ လည် ပတ်ပြီး ဖြစ်နေတဲ့ သဘောတရားကိုပြောတာ။ ကိလေသာ ရှိလို့ “ကံ” ဖြစ်နိုင်တယ်။

“ကံ”ဖြစ်လို့ ဝိပါကဆိုတဲ့ အကျိုးတရား တွေ လာနေတယ် လို့ ဒီလိုပြောတာ။

ပဋိစ္စသမုပ္ပါဒ်ကို အကျဉ်းချုံးလိုက်တဲ့ အခါ
ဝဋ် (၃) ပါးလို့ ဒီလိုပြောတာပဲ။

ပဋိစ္စသမုပ္ပါဒ်မှာကြည့်လိုက် “အဝိဇ္ဇာ ပစ္စယာ
သင်္ခါရာ၊သင်္ခါရပစ္စယာ ဝိညာဏ်” ဆိုတာကိုကြည့်ရုံ နဲ့ပဲ အဝိဇ္ဇာဆိုတာ ကိလေသာ။

အဝိဇ္ဇာဆိုတဲ့ကိလေသာ ရှိလိုက်တာနဲ့ တစ်ပြိုင်နက် သင်္ခါရဆိုတဲ့ကံလာတယ်။

သင်္ခါရဆိုတဲ့ကံ ရှိလိုက်တာနဲ့တပြိုင်နက် ဝိညာဏ ဆိုတဲ့ ဝိပါက လာတာပဲ။အဲတော့ကိလေသာရှိရင် ကံ လာမယ်။

ကံရှိလို့ရှိရင် ဝိပါကလာမယ်လို့ဆိုတဲ့ ဒီဝဋ်(၃)ပါး ပဋိစ္စသမုပ္ပါဒ်ကို ချုံ့ပြီးပြောထားတာ။

ဝဋ်ဆိုတာ လည်ပတ်တာ
~~~~~~~~~~~~~~~~~~
ဝဋ်ဆိုတာ ကြောင်းကျိုးဆက်ပြီးတော့ လည်ပတ် နေတာ။

ဆိုပါစို့ “ဒါရှိလို့ရှိရင် ဟိုဟာ ရှိလာမယ်။ဟိုဟာရှိရင်နောက်တစ်ခုရှိလာမယ်။ စဉ်ဆက်မပြတ်တစ်ခုနဲ့တစ်ခုဟာ ဆက်စပ်ပြီး ဖြစ်နေတာကို ဝဋ်”လို့ပြောတာ။

အားလုံးသိတဲ့အတိုင်း ဝဋ်ဆိုတာနဲ့ပတ်သက်ပြီး (၃) မျိုးလို့ မှတ်ရမယ်။

ကိလေသ ဝဋ်၊ကမ္မ ဝဋ်၊ ဝိပါကဝဋ်။

လူတွေမှာ ကိလေသာ ရှိနေလို့ ရှိရင် ကမ္မ ဆို တာ
လာမယ်။ ကိလေသာ ရှိနေရင် ကံကို မရှောင်လွှဲနိုင်ဘူး။

ကမ္မ ဆိုတာ ဖြစ်လာမယ်။
ကမ္မရှိတာနဲ့ ဝိပါက ဆိုတာလာမှာပဲ။
အဲဒီလို စဉ်ဆက်မပြတ် ဖြစ်နေတာကို “ဝဋ” (ဝဋ်) လို့ခေါ်တယ်။

ဒီတော့ ကိလေသာကို အခြေခံပြီးတော့ ကံတရား တွေ က စုမိဆောင်းမိဖြစ်လာတယ်။ ကံတရားတွေ စုမိ ဆောင်းမိဖြစ်လာလို့ရှိရင် ဒီ ကံတရား တွေကအကျိုးတရားကို ထုတ်လုပ် လာ တယ်။ ဆိုလိုတာက ကိလေသာ ရှိနေရင် ကံရှိမှာပဲ။ကံရှိလို့ ရှိရင်လည်းပဲ ဝိပါကဆိုတဲ့ အကျိုးတရား ရှိမှာပဲ။

မရှောင်လွှဲနိုင်ဘူး နော်။

အဲဒီလို လည်ပတ်ပြီးတော့ ဖြစ်နေတာကို “ဝဋ် လည်တယ်”လို့ ပြောတာ။

သို့သော် မြန်မာလူမျိုးတွေ ပြောတယ်။
ဝဋ်လည်တယ်ဆိုတာက အဓိပ္ပာယ်တစ်မျိုး နဲ့ ပြောနေကြတာ။ကိလေသာဆိုတာ မရှိတော့ဘူးဆိုရင် “ကံ”စွမ်းအား မရှိဘူး။ကံစွမ်းအား မရှိတော့ဘူးဆိုရင်ဝိပါက လည်းပဲ ချုပ်ငြိမ်းသွားတယ်။

ဒါကို အပြန်အားဖြင့် ဒီလိုနားလည်ရမယ်နော်။

အဲဒီတော့ ဒီထဲမှာအဓိကအချက်က“ကံ”လား၊
“ကိလေသာ”လားဆိုရင်...

ကိလေသာက အဓိကကျတယ်။
ကိလေသာကိုဖယ်ရှားပစ်လိုက်မယ် ဆိုရင် ကံတွေရဲ့ အကျိုးပေးနိုင်တဲ့ စွမ်းအားတွေ လျော့ပြီးတော့ သွားတယ်။လျော့သွားရုံမကဘူး၊ ကိလေသာ လုံးဝ မရှိတော့ဘူး ဆိုရင်“ကံ” မှာ အကျိုးပေးနိုင်တဲ့ စွမ်းအားတွေ လုံးဝ မရှိတော့ဘူး။

ပေးနိုင်တဲ့ စွမ်းအားတွေ မရှိဘူးဆိုတဲ့ နေရာမှာ ဘဝတစ်ခု တည်ဆောက်တဲ့ စွမ်းအားကို ပြော တာ နော်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
#ဒေါက်တာနန္ဒမာလာဘိဝံသသ
23.5.2021
ကူးယူ မျှဝေပါသည်

သူ့လိုလူ ဖြစ်ပါရစေ (တပေါင်းလပြည့်အထူးဆုတောင်း)*****၁၃၈၂ တပေါင်းလပြည့်နေ့၊ (၂၇-၃-၂၀၂၁)မှာ သီတဂူဆရာတော်ကြီးသည် ၈၄ နှစ်ပြည်...
27/03/2021

သူ့လိုလူ ဖြစ်ပါရစေ (တပေါင်းလပြည့်အထူးဆုတောင်း)
*****
၁၃၈၂ တပေါင်းလပြည့်နေ့၊ (၂၇-၃-၂၀၂၁)မှာ သီတဂူဆရာတော်ကြီးသည် ၈၄ နှစ်ပြည့်ပြီ ဖြစ်ပါသည်။

၁။ သူ့လို ဆေးရုံကြီးတွေ လှူနိုင်သူ ဖြစ်ပါရစေ။
၂။ သူ့လို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်သူ ဖြစ်ပါရစေ။
၃။ သူ့လို တက္ကသိုလ်ကြီးတွေ ဖွင့်ပြီး ပရိယတ္တိသာသနာတော်ကို ထမ်းဆောင်နိုင်သူ ဖြစ်ပါရစေ။
၄။ သူ့လို ရဟန်းရှင်လူ ပညာတတ်တွေကို ပြုစုပျိုးထောင်ပေးနိုင်သူ ဖြစ်ပါရစေ။
၅။ သူ့လို မေတ္တာကြီးစွာ သည်းခံနိုင်စွမ်း ရှိသူ ဖြစ်ပါရစေ။
၆။ သူ့လို ကရုဏာကြီးစွာ ရေဘေး လေဘေး ငလျင်ဘေး မီးဘေးသင့်သူများကို ထောက်ပံ့ပေးနိုင်သူ ဖြစ်ပါရစေ။
၇။ သူ့လို ရက်ရောသူ ဖြစ်ပါရစေ။
၈။ သူ့လို စာဆိုတော်ဓမ္မကထိကမျိုး ဖြစ်ပါရစေ။
၉။ သူ့လို ပရဟိတစိတ်မျိုးရှိသူ ဖြစ်ပါရစေ။
၁၀။ သူ့လို အသက်ရှည် ကျန်းမာသူ ဖြစ်ပါရစေ။

အကြောင်းအမျိုးမျိုးကြောင့် ဆရာတော်ကြီးရဲ့ ၈၄ နှစ်ပြည့် မွေးနေ့ အလှူ ပူဇော်ပွဲကို ကိုယ်တိုင် တက်ရောက် ပူဇော်နိုင်စွမ်း မရှိသော တပည့်အား ခွင့်လွတ်ပါရန်လည်း ခြေစုံမှာ ဦးတင်ကန်တော့ပါ၏။

ရွှင်လန်းချမ်းမြေ့ပါစေ။
Credit #သီတဂူစတား

Covid ဖြစ်တုန်းကPositive တစ်ယောက်တွေ့ရင်အဲဒီတစ်ယောက်ကို ဆေးရုံခေါ်မိသားစုကို lock down ချပြီးသေချာကြည့်အကုန်အကျများလွန်း...
27/03/2021

Covid ဖြစ်တုန်းက
Positive တစ်ယောက်တွေ့ရင်
အဲဒီတစ်ယောက်ကို ဆေးရုံခေါ်
မိသားစုကို lock down ချပြီး
သေချာကြည့်

အကုန်အကျများလွန်းလို့
တချို့တွေက
အတန်တန်တားနေတာတောင်
လူနာတိုင်းကို အခမဲ့ကုသပေး ထမင်းပါကျွေးပြီး
တစ်ယောက်ချင်းစီတိုင်း တစ်မိသားစုတိုင်းကို
စောင့်ရှောက်ပေးခဲ့တာ ပြန်သတိရမိပြီး
ပိုပြီး ကျေးဇူးတင်မိတယ်။

သူမွေးထုတ်လိုက်တဲ့ သားတွေသမီးတွေလို
ဆူရင်လည်း အပြုံးလေးနဲ့
ပြောရင်လည်း အပြုံးလေးနဲ့
လက်တောင်ဆေးပြလိုက်သေးရဲ့
Mask တောင် ချုပ်ပြလိုက်သေးရဲ့

မုန့်ဖိုး ၄၀၀၀၀ ပေးတော့လည်း
သူရလို့ ငါမရလို့ ငြင်းကြခုန်ကြ
မီတာတွေလျှော့ပေးတော့လည်း
ကျေးဇူးတင်ကြ ခနဲ့ကြနဲ့

" Covid ငြိမ်သွားရင် တနိုင်ငံလုံးမှာ
ပျော်ပွဲရွှင်ပွဲတွေလုပ်ပေးမှာပေါ့ " တဲ့
ကတိတောင် ပေးလိုက်သေးတယ်

"မင်းတို့ ဒေါ်စုအုပ်ချုပ်သွားတာ
ဘာရလိုက်သလဲ "လို့မေးရင်

" သူမရဲ့မေတ္တာတွေ ငါတို့ရခဲ့တယ်" လို့
ရင်ကော့ ခေါင်းမော့ပြီး ဖြေရဲနေပြီ။

လွမ်းတယ် အမေ...

: YN

ကြောက်စရာ့ပွဲ------------ကြောက်စရာ့ပွဲ ကြီး လာမဲ့အကြောင်းကို ထပ်ခါတလဲလဲ ရေးခဲ့ဘူးပါတယ်ပါပဂြိုဟ်ဝါဆိုက သိမ်းမယ်လို့ကိန်းအ...
18/02/2021

ကြောက်စရာ့ပွဲ
------------

ကြောက်စရာ့ပွဲ ကြီး လာမဲ့အကြောင်းကို ထပ်ခါတလဲလဲ ရေးခဲ့ဘူးပါတယ်

ပါပဂြိုဟ်
ဝါဆိုက သိမ်းမယ်လို့
ကိန်းအရမှာခဲ့တယ်
အတည်မလွဲ မျိုးညစ်
ဆိုးညစ်သူ အကုန်ပျောက်ပါလိမ့်
ကြောက်စရာ့ပွဲ ဆိုပြီး
ခဏခဏ ရေးခဲ့ဘူးတာ
သတိထားမိကြလိမ့်မယ်ထင်ပါတယ်

နံက်သုံးနာရီထပြီး နှစ်ပေါင်းများစွာ နေ့စဥ်မပျက် ပဌာန်းပူဇော်တဲ့ အကျိုးကျေးဇူးကြောင့် ပုဂ္ဂိုလ်တွေရဲ့ ရှေ့ပြေးနိမိတ်တွေ ပြခဲ့လို့
အဆဲအဆိုခံပြီး ရေးခဲ့ဘူးတာ အကြိမ်ကြိမ်ပါ

ကမ္ဘာစည်ကြီးတီးလိမ့်မည်
မျက်နှာမည်းကြီး ငိုလိမ့်မယ်
သေသောသူများရှင်လိမ့်မည်
ပုန်းသေါသူများပေါ်လိမ့်မည်

ဆိုတဲ့ တဘောင်အရ
မျက်နှာမည်းကြီး ငိုလိမ့်မည်ဆိုတာ
ပုဂ္ဂိုလ်အဖွဲ့အစည်းတခုအတွက်ပြောတာမဟုတ်ပါဘူး

ဗုဒ္ဓ ဘာသာတကြော့ပြန်ထွန်းကားမှာမို့
ဗုဒ္ဓ ဘာသာအတွက် အကျိုးယုတ်စေသူမှန်သမျှ
ပျက်စီးမယ် လို့ပြောတာပါ
အခု တွေးကြည့်ရင် ရေးရေးပေါ်ပါလိမ့်မယ်
ဗုဒ္ဓ ဘာသာကို ဖိနှိပ်တဲ့ နိုင်ငံ လူမျိုး ပုဂ္ဂိုလ်အားလုံးပါဝင်ပါလိမ့်မယ်

ပုန်းသောသူများ ပေါ်လိမ့်မယ်ဆိုတာ သာသနာကို စောင့်ရှောက်မဲ့ ပုဂ္ဂိုလ်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် မပေါ်လွင်ဘူး အဲဒီပုဂ္ဂိုလ်တွေဟာ သာသနာပြုဖို့ ပေါ်လာမှာကိုပြောတာပါ
နောင်တချိန် စကြာဝတေးမင်းကဲ့သို့သော သာသနာပြုပုဂ္ဂိုလ်ပေါ်လာမှာမို့ သူ့ကိုဝန်းရံဖို့ သာသနာပြုသူတွေပါ ပေါ်လာမှာကိုပြောတာပါ

အခု ကြောက်စရာ့ပွဲဆိုတဲ့ အဲဒီအခြေအနေကို ဖြတ်သန်းရတော့မှာပါ

ဆန္ဒ ပြဖို့ အကြောင်းတရားကတော့

မြန်မာပြည်မှာ အာဏာရှင်ဖြုတ်ချရေး

အမေရိကန်မှာ လူဖြူလူမည်း

ထိုင်း ထိုင်ဝမ် တူရကီ ပြင်သစ် ဟောင်ကောင် တောင်ကိုးရိးယား အပြင် တခြားသောနိုင်ငံတွေမှာရော ခေါင်းစဥ်တမျိုးစီနဲ့ ဖြစ်နေတာပါပဲ

သာသနာတော်ဟာ သုံးဆယ့်တဘုံသားတွေနဲ့ပါတ်သတ်တယ်ဆိုတာ နတ်တွေ ဗြဟ္မာ တွေ သိကြား တွေ ကောင်းကောင်းသိပါတယ်

Us UN ဆိုတာ နတ်တွေ ဗြဟ္မာ တွေလောက်အစွမ်းမထက်ပါဘူး( ပြောရင် ရယ်စရာဖြစ်ပေမဲ့ ဟုတ်မဟုတ် စောင့်ကြည့်ပေါ့)

အခု လူသားတွေ အကုသိုလ်အရမ်းကြီးနေကြလို့ အနည်းငယ်တော့ ပျက်စီးပေးရမှာပါ သတ္တဝါ တွေရဲ့ ကမ္မနိယာမသဘောအရ ဘယ်နတ် ဘယ်ဘုရားမှ ကယ်လို့မရပါဘူး
အခုမြန်မာပြည်မှာ ရတနာသုံးပါးကို စော်ကားတာတွေအရမ်းများနေတဲ့အတွက် အဲဒီအကုသိုလ်ကို
မဖြစ်မနေ ယူရပါလိမ့်မယ်

လူတင်မကပါဘူး သာသနာတော်ကိုဆုတ်ယုတ်စေမဲ့ မင်း ရဟန်း အကုန် ပျက်စီးစေမှာပါ

သိကြားသာသနာဆိုတာမရှိပါဘူး ဒါပေမဲ့ ဘုရားရှင်ပရိနဗ္ဗာန်စံခါနီးမှာ သိကြားမင်းက အရှင်ဘုရားမရှိတဲ့နောက်ပိုင်း တပည့်တော်သာသနာကို စွမ်းစွမ်းတမံ စောင့်ရှောက်ပါမယ်ဘုရားဆိုပြီးကတိပေးခဲ့ဘူးတယ်

သာသနာထွန်းကားချိန်မှာ
မသိသာပေမဲ့ သာသနာဆုတ်ယုတ်ချိန်မှာတော့သိကြားမင်းနဲ့အတူ သာသနာစောင့်နတ်များ ဟာ
ဝိဇ္ဇာ တွေ နဂါးတွေ နဲ့အတူ
ခပ်ကြမ်းကြမ်း ကိုင်လှုပ်လိမ့်မယ်

အခု မြန်မာနိုင်ငံမှာ အဆဲမခံရဘူးတဲ့ ရဟန်းသံဃာ မရှိသလာက်ပဲ
ဘယ်သူ ဘာရေးရေး အကုန်အဆဲခံရတာပဲ
ဘာသာရေးသမားတွေတောင် အဆဲခံရတော့ ဘယ်ဆရာတော်မှ မရေးတော့ဘူး
မရေးရင် ကုသိုလ်မရတာပဲရှိမယ် ရေးလိုက်တာနဲ့ ဝင်ဆဲရင်သတ္တဝါတွေအကုသိုလ်တက်မယ်ဆိုတာ သိတယ် ဒါ့ကြောင့်ခုနောက်ပိုင်းသူတော်ကောင်းတွေ နုတ်ဆိတ်ကုန်ကြပြီ
အဲဒီလို သူတော်ကောင်းတွေနုတ်ဆိတ်တာဟာ သတ္တဝါတွေပျက်စီးဖို့အကြောင်းပါပဲ

အခု အဲဒီရိုင်းစိုင်းတဲ့အကုသိုလ်တွေအတွက် အပျက်အစီးတခုခုတော့ လာမယ် သဘာဝတရားကြီးကလည်း ဒီအတိုင်းနေမယ်မထင်ဘူး

မြန်မာပြည်ဟာ သာသနာအထွန်းကားဆုံးနိုင်ငံဆိုတာ
နတ်တွေ ဗြဟ္မာ ာတွေသိတယ်

သူတော်ကောင်းကြီးတွေရဲ့ မေတ္တာကြောင့်သာ ဖြစ်သင့်သလောက်မဖြစ်သေးတာ

မြန်မာပြည်ရဲ့ကံကြမ္မာဟာ
အမေရိကန် ဥရောပ ရဲ့ အဆုံးအဖြတ်မဟုတ်ဘူး
သူတော်ကောင်းကြီးတွေရဲ့ မေတ္တာအားအပေါ်မှာမူတည်တယ်

တခုပဲ ပြောချင်တာက
သူတော်ကောင်းကြီးတွေရဲ့ မေတ္တာ ခြုံဖို့ ရတနာသုံးပါးကို မစော်ကားကြပါနဲ့

မိမိတို့ ယုံကြည်ရာ ချီတက်ကြပါ အားပေးပါတယ်
မဆဲဆိုကြဖို့ မေတ္တာ ရပ်ခံပါရစေ

ခဏခဏ သတိပေးခဲ့တဲ့
ကြောက်စရာ့ ပွဲကြီး စပြီ

သရဏဂုံ ခြုံပါစေ
ငါးပါးသီလ လုံပါစေ

ဦးမြင့်ခိုင်

-------------

မှတ်ချက်
တနိုင်ငံတည်းအတွက်ရေးတာမဟုတ်ပါဘူး
ကမ္ဘာနဲ့ချီပြီးရေးတဲ့အတွက်
အမြင်ကျယ်ကျယ်နဲ့ ဖတ်ကြပါ

#ဦးမြင့်ခိုင်

[ Zawgyi + Unicode ] "လိုချင်နေတဲ့သူကို ပေးလိုက်ပါ။စိတ်ကောက်နေတဲ့သူကို ချော့လိုက်ပါ။မလိမ္မာတဲ့သူကို ခွင့်လွှတ်လိုက်ပါ။" ...
01/02/2021

[ Zawgyi + Unicode ]

"လိုချင်နေတဲ့သူကို ပေးလိုက်ပါ။
စိတ်ကောက်နေတဲ့သူကို ချော့လိုက်ပါ။
မလိမ္မာတဲ့သူကို ခွင့်လွှတ်လိုက်ပါ။"

#လိုချင်နေတဲ့သူကို ပေးလိုက်တာဟာ ကိုယ်လျော့သွားတာ မဟုတ်ဘူး။ ကိုယ်ရလိုက်တာ။ လိုချင်နေတဲ့သူရဲ့စိတ်ကို လွှမ်းမိုးအနိုင်ရလိုက်တာပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း အနိုင်ယူလိုက်တာပဲ။ ပေးနိုင်တာဟာ မပေးချင်တဲ့ စိတ်ကို အနိုင်ယူလိုက်တာပဲလေ။

#စိတ်ကောက်တယ်ဆိုတာ အချော့ခံချင်လို့ပဲ မဟုတ်လား။ စိတ်ကောက်နေတဲ့သူကို ချော့ပေးလိုက်တာဟာ ကိုယ်အလျော့ပေးလိုက်ရတာ မဟုတ်ဘူး။ ကိုယ့်မာနကို ကိုယ်ကအနိုင်ရလိုက်တာပါ။ မကျေနပ်တဲ့သူရဲ့ စိတ်ကို ကျေနပ်စေတာဟာ သူ့ဒေါသကို ကိုယ်ကအနိုင်ယူလိုက်နိုင်တာပဲ။ ပြီးတော့ ကိုယ့်မာနကို ကိုယ့်လျှော့ချနိုင်လိုက်တာဖြစ်ပြီး အပြိုင်ဒေါသကို ခန္တီတရား၊ မေတ္တာအားနဲ့ အနိုင်ယူလိုက်တာပဲလေ။

#မသိမလိမ္မာတဲ့သူကို ခွင့်လွှတ်လိုက်တာဟာ ကိုယ်အရှုံးပေးလိုက်ရတာ မဟုတ်ဘူး။ ကိုယ်လုပ်ရပ်မှန်သွားတာ။ ကိုယ်အမှန်ရလိုက်တာပါ။ မသိတာကိုက သူ့အတွက် မှားပြီးသား။ ကိုယ်ကပါ လိုက်ပြီးမိုက်မိရင် ကိုယ်လည်းမသိမလိမ္မာသူ ဖြစ်သွားမှာပဲပေါ့။

#အရင်းစစ်တော့ ဘယ်သူမှာမှ အပြစ်မရှိဘူး။ လောဘကြောင့် လိုချင်သွားရတာ၊ ဒေါသကြောင့် စိတ်ကောက်လိုက်မိတာ၊ မောဟကြောင့် မသိမလိမ္မာဖြစ်မိတာ။ ဒီသဘောကိုယ်သိပြီး ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်တဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် အနိုင်ရလိုက်သူပဲပေါ့။

Credit:မနာပ ဒါယီ အရှင်ဝိစိတ္တ

➖➖➖➖➖➖➖➖➖➖➖➖➖➖

[ Unicode ]

"လိုချင်နေတဲ့သူကို ပေးလိုက်ပါ။
စိတ်ကောက်နေတဲ့သူကို ချော့လိုက်ပါ။
မလိမ္မာတဲ့သူကို ခွင့်လွှတ်လိုက်ပါ။"

#လိုချင်နေတဲ့သူကို ပေးလိုက်တာဟာ ကိုယ်လျော့သွားတာ မဟုတ်ဘူး။ ကိုယ်ရလိုက်တာ။ လိုချင်နေတဲ့သူရဲ့စိတ်ကို လွှမ်းမိုးအနိုင်ရလိုက်တာပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း အနိုင်ယူလိုက်တာပဲ။ ပေးနိုင်တာဟာ မပေးချင်တဲ့ စိတ်ကို အနိုင်ယူလိုက်တာပဲလေ။

#စိတ်ကောက်တယ်ဆိုတာ အချော့ခံချင်လို့ပဲ မဟုတ်လား။ စိတ်ကောက်နေတဲ့သူကို ချော့ပေးလိုက်တာဟာ ကိုယ်အလျော့ပေးလိုက်ရတာ မဟုတ်ဘူး။ ကိုယ့်မာနကို ကိုယ်ကအနိုင်ရလိုက်တာပါ။ မကျေနပ်တဲ့သူရဲ့ စိတ်ကို ကျေနပ်စေတာဟာ သူ့ဒေါသကို ကိုယ်ကအနိုင်ယူလိုက်နိုင်တာပဲ။ ပြီးတော့ ကိုယ့်မာနကို ကိုယ့်လျှော့ချနိုင်လိုက်တာဖြစ်ပြီး အပြိုင်ဒေါသကို ခန္တီတရား၊ မေတ္တာအားနဲ့ အနိုင်ယူလိုက်တာပဲလေ။

#မသိမလိမ္မာတဲ့သူကို ခွင့်လွှတ်လိုက်တာဟာ ကိုယ်အရှုံးပေးလိုက်ရတာ မဟုတ်ဘူး။ ကိုယ်လုပ်ရပ်မှန်သွားတာ။ ကိုယ်အမှန်ရလိုက်တာပါ။ မသိတာကိုက သူ့အတွက် မှားပြီးသား။ ကိုယ်ကပါ လိုက်ပြီးမိုက်မိရင် ကိုယ်လည်းမသိမလိမ္မာသူ ဖြစ်သွားမှာပဲပေါ့။

#အရင်းစစ်တော့ ဘယ်သူမှာမှ အပြစ်မရှိဘူး။ လောဘကြောင့် လိုချင်သွားရတာ၊ ဒေါသကြောင့် စိတ်ကောက်လိုက်မိတာ၊ မောဟကြောင့် မသိမလိမ္မာဖြစ်မိတာ။ ဒီသဘောကိုယ်သိပြီး ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်တဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် အနိုင်ရလိုက်သူပဲပေါ့။

Credit:မနာပ ဒါယီ အရှင်ဝိစိတ္တ

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Mya Thin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share