Swe Swe Online Shop

Swe Swe Online Shop Online Shop
09758009348

Coffee တခွက် အရမ်းခါးတယ် ။ကြိုက်တဲ့လူက သောက်မှာပဲ ။ခါးတယ်ဆိုတာ Coffee ရဲ့ဖြစ်တည်မှု ၊အပြစ်မဟုတ်ဘူး ။သောက်တဲ့လူနဲ့ အံမ၀င်...
30/06/2023

Coffee တခွက် အရမ်းခါးတယ် ။
ကြိုက်တဲ့လူက သောက်မှာပဲ ။

ခါးတယ်ဆိုတာ Coffee ရဲ့ဖြစ်တည်မှု ၊
အပြစ်မဟုတ်ဘူး ။
သောက်တဲ့လူနဲ့ အံမ၀င်နေရုံပဲ ။

လူတွေအတွက်လဲ
Same as it ... သိလား ။

ကိုယ့် Personality ချိုချို ၊ ခါးခါး
ဘယ်သူ့အတွက်မှ ပြင်ပေးစရာမလိုဘူး ။

ခါးလို့မကြိုက်ရင် မသောက်နဲ့ ။
ရတယ် ၊ အဲ့ဒီလူတွေကို လွတ်ပေးလိုက် ။

အချိန်တန်ရင် ၊
ခါးတာမှ သိပ်ကြိုက်ပါတယ်ဆိုတဲ့လူ
ထပ်ရောက်လာလိမ့်မယ် ။

အဲ့ဒီလူက Life Partner ပဲ ၊ ဒါပဲ ။

ကိုယ်သဘောနဲ့ကိုဝင်လာပြီးကိုယ့်သဘောနဲ့ကိုပြန်ထွက်သွားတဲ့လူကိုတားဆီးပိုင်ခွင့်မှ မရှိပဲလေ😔ချစ်ချင်တော့လည်း မင်းသဘောကျမချစ်...
02/06/2023

ကိုယ်သဘောနဲ့ကိုဝင်လာပြီး
ကိုယ့်သဘောနဲ့ကိုပြန်ထွက်သွားတဲ့လူကို
တားဆီးပိုင်ခွင့်မှ မရှိပဲလေ😔

ချစ်ချင်တော့လည်း မင်းသဘောကျ
မချစ်ချင်တော့လည်း မင်းစိတ်တိုင်းကျပါပဲ
မင်းပျော်ရွှင်ဖို့ကသာ ကိုယ့်ရဲ့အဓိကဦးစားပေးမို့ ပျော်သလိုသာနေပါကွယ်

ဘယ်ချိန်ပြန်လာကြည့်ကြည့်
ဒီလူကတော့ဒီနရောမှာပဲ ရှိနေပေးမှာပါ😢

#ဆွေ

Relationship တခုမှာ တဖက်လူက ကိုယ့်ကို မချစ်တော့တာဘဲ ဖြစ်ဖြစ် ငြီးငွေ့သွားတာပဲ ဖြစ်ဖြစ် နောက်တယောက် အသစ်တွေ့သွားတာပဲ ဖြစ်...
01/06/2023

Relationship တခုမှာ
တဖက်လူက ကိုယ့်ကို မချစ်တော့တာဘဲ ဖြစ်ဖြစ်
ငြီးငွေ့သွားတာပဲ ဖြစ်ဖြစ် နောက်တယောက် အသစ်တွေ့သွားတာပဲ ဖြစ်ဖြစ် အကြောင်းတစုံတရာကြောင့် ဖြစ်ဖြစ်
သူက လမ်းခွဲဖို့ ပြောလာရင် ကျွန်တော်တို့ဟာ ချစ်နေပေမယ့်လည်း အနားမှာ အတူရှိနေချင်သေးပေမယ့်လည်း
သူတို့ ဆန္ဒ အတိုင်း လမ်းခွဲပေးကြရတာပါပဲ.....

မချစ်တော့တဲ့ သူကို အနားမှာ ဆွဲထားမယ့်အစား လက်လွှတ်ပေးပီး တယောက်တည်းနေလိုက်ပါ ( အချိန်အနည်းငယ်တော့ ခံစားရနိုင်ပေမယ့် နေသားကျလာမှာပါ....အချိန်တခုထိ ခံစားရတာက နေ့တိုင်း ကိုယ့်အနား မပျော်နေတဲ့သူကို ကြည့်နေရတာထက်စာရင် တော်ပါသေးတယ်)



# # #

26/05/2023

ချစ်ခြင်းမေတ္တာကို စိတ်ပျက်နေတဲ့သူတွေကို တွေ့ဖူးလား...။

အဲ့လူတွေထဲ ကျွန်တော်လည်းပါတယ်...။
စိတ်ပျက်သွားတယ်ဆိုတာ ချစ်ခြင်းမေတ္တာကို မယုံကြည်တော့ဘူးလို့ဆိုလိုတာလည်းမဟုတ်သလို၊မချစ်တတ်တော့ဘူးလို့ ဆိုလိုတာလည်း မဟုတ်ဘူး။

အဲ့လိုလူတွေက အချစ်တတ်ဆုံးလူသားတွေပဲ..။
သူတို့ကအရင်တုန်းကလည်းအရမ်းချစ်တတ်ခဲ့ကြတယ်..၊အခုချိန်မှာလည်း ချစ်တတ်နေသလို..၊နောက်အနာဂတ်မှာလည်း အရမ်းချစ်တတ်နေကြဦးမှာပဲ...။

သူတို့စိတ်ပျက်သွားတယ်ဆိုတာ..
သူတို့ခံယူထားတဲ့ချစ်ခြင်းမေတ္တာနဲ့ လက်တွေသူတို့ရရှိခဲ့တဲ့ချစ်ခြင်းမေတ္တာဟာ တစ်လွဲစီဖြစ်နေခဲ့လို့ပဲ။

စနစ်တကျတည်ဆောက်ခဲ့ခြင်းတွေကို..တစ်ဖက်ကလည်း အစီအစဥ်တကျဖျက်စီးယူသွားတာမျိုးပေါ့
သူတို့ရင်ဘတ်မှာရှိနေတဲ့ချစ်ခြင်းနဲ့လက်တွေ့ဘဝမှာသူတို့ကိုချစ်ပါတယ်ဆိုပြီး တစ်ဖက်လူတွေလာပေးနေတဲ့ချစ်ခြင်းဟာ ဆီနဲ့ရေလိုပဲ...။
ဘာချစ်ခြင်းမေတ္တာ၊ ဘာနွေးထွေးမှုမှမရှိဘူး။

လောကမှာဘယ်လိုလူတွေဟာသနားစရာအကောင်းဆုံးလဲဆိုရင်..
လွမ်းခြင်းတွေ..
ခံစားချက်တွေ..
တစ်ဦးတစ်ယောက်အပေါ်မျှော်လင့်ချက်တွေ..
ဝမ်းနည်းမှုတွေမရှိတော့တဲ့သူတွေက သနားစရာအကောင်းဆုံးပဲတဲ့...။.ခံစားချက်မရှိကြတော့တဲ့သူတွေပေါ့..အဲ့လူတွေထဲ ကျွန်တော်လည်းပါမယ်..။

အချစ်ကိုမယုံတော့တာမဟုတ်ဘူး..
ချစ်ခြင်းမေတ္တာက ငါ့အတွက်မဟုတ်ဘူးလို့ယူဆလိုက်တာမျိုး..။
တစ်ဖက်ကလူတွေချစ်တယ်ပြောပြီး..လုပ်ရပ်တွေက မဆီလျော်တဲ့အပေါ်မှာ သူတို့ပြောတဲ့ချစ်ခြင်းမေတ္တာကို စိတ်ကုန်လာတာ...။

ချစ်ရတဲ့တစ်စုံတစ်ယောက်တွေ့လာရင်တောင်
ကိုယ့်ဘက်ကပဲအစွမ်းကုန်ချစ်ပေးပြီး..
တစ်ဖက်ဆီကမှာ ဘာမျှော်လင့်ချက်မှမထားတော့တာ...။

တစ်ယောက်ယောက်နဲ့ယှဥ်လာရင် ငါပဲပစ်ချခံရတော့မယ်ဆိုတာကိုသိလာတဲ့အခါ..တစ်ဖက်က သိပ်မလိုလားတဲ့အရိပ်အယောင်မြင်ရုံနဲ့ အေးအေးဆေးဆေးပဲရှောင်ထွက်တတ်လာတာ..။

ဘဝရဲ့နေ့ရက်တိုင်းမှာတစ်ယောက်တည်းပျော်နေဖို့ပဲ တတ်နိုင်သလောက်ကြိုးစားတတ်လာတာ..။

နာကျင်ရတော့မယ့်အချိန်တွေမှာ..
ကိုယ်ကဆုံးဖြတ်ချက်တွေချရင်တစ်ဖက်သားကို
အမြဲတွေးခဲ့ပေမယ့်..သူတို့ဘက်ကဆုံးဖြတ်ချက်တွေ ချရင်တော့ ကိုယ့်ဘက်ကိုတစ်ခါမှ
ထည့်မတွေးခဲ့ဖူးတဲ့လူတွေနဲ့ပဲတွေ့ရတဲ့အခါ..
ချစ်ခြင်းမေတ္တာကိုစိတ်ပျက်လာတာ...။

မချစ်တတ်တော့တာမဟုတ်ဘူး...
မချစ်ချင်တော့တာ...။
တစ်နည်းအားဖြင့်
ချစ်ခြင်းမေတ္တာကိုစိတ်ကုန်သွားတာ..။

မိန်းကလေးတစ်ယောက်ကလေ ...သူ သိပ်ချစ်တဲ့ လူတစ်ယောက် မှားသွားတယ်မလား ခွင့်လွှတ်ပေးဖို့ ၀နျမလေးဘူး နားလည်ပေးဖို့ ၀နျမလေးဘူး ...
08/05/2023

မိန်းကလေးတစ်ယောက်ကလေ ...
သူ သိပ်ချစ်တဲ့ လူတစ်ယောက် မှားသွားတယ်မလား
ခွင့်လွှတ်ပေးဖို့ ၀နျမလေးဘူး
နားလည်ပေးဖို့ ၀နျမလေးဘူး

ဒါပေမယ့်
အဲ့ဒီအမှားတွေကို
မေ့ပစ်ဖို့ကျ
သူ့အတွက် အရမ်းကို ခက်ခဲတတ်တယ် ။

နည်းနည်းလေး စိတ်ထဲ ထင့်လာပြီဆို
အဲ့ဒီအမှားတွေကို အစကနေ အဆုံးထိ
ပြန်ပြောကောင်းပြောနေလိမ့်မယ်

ဒါဟာ စကားနာထိုးတာ မဟုတ်ဘူး
တမင်ရစ်ပြီး ရန်ရှာနေတာမဟုတ်ဘူး

အဲ့ဒီတုန်းကလေ ...
သူ ဘယ်လောက် နာကျင်ခံစားခဲ့ရတယ်ဆိုတာ
နားလည်စေချင်တာပါ

ပြီးတော့ ...
အဲ့လိုအမှားမျိုး
နောက်ထပ်တစ်ခေါက် ထပ်ကြုံရမှာကို
စိုးရိမ်ပြီး ကြောက်လန့်နေတာ ။

အဲ့ဒီတုန်းက
ခွင့်လွှတ်ပေးလိုက်တယ်ဆိုတာ
သိပ်ချစ်လို့ဆိုပေမယ့်
ဘယ်လောက်နာကျင်ခဲ့ရလဲဆိုတာ
သူကိုယ်တိုင်ပဲ သိတာမို့လေ။

#ကျေးကို

နာကျည်းသွားတာ နဲ့ နာကျင်နေတာကို မသဲကွဲသေးဘူးထင်တယ် ...နာကျင်နေပါတယ်ဆိုတာကလေ ... မင်းက နာကျင်စေတယ်ပေါ့ ပျော်ရွှင်စေတဲ့အခါ...
07/05/2023

နာကျည်းသွားတာ နဲ့ နာကျင်နေတာကို မသဲကွဲသေးဘူးထင်တယ် ...

နာကျင်နေပါတယ်ဆိုတာကလေ ... မင်းက နာကျင်စေတယ်ပေါ့ ပျော်ရွှင်စေတဲ့အခါ အရာအားလုံးဟာ မေ့မေ့ပျောက်ပျောက်လေး ဖြစ်သွားလိမ့်မယ် ။ ပြီးရင် ခွင့်လွှတ်ပါလို့ ပြောစရာမလိုပဲ ထပ်ခါထပ်ခါ မဟုတ်ဘူးဆိုရင် ခဏနဲ့ပဲ ပြေပျောက်သွားလိမ့်မယ် ။ နာကျည်းသွားတယ်ဆိုတာကကျတော့ အဲ့လိုမဟုတ်တော့ဘူး ။ တောင်းပန်ပါတယ် ပြောရင်တောင် အဲ့ဒီတောင်းပန်ပါတယ်ဆိုတဲ့စကားကိုတောင် နားခါးသွားတာမျိုး ။

မှတ်ထားပါ ... မင်းကို သိပ်ချစ်ပါတယ်ဆိုတဲ့ လူတစ်ယောက်ကို နာကျင်အောင် လုပ်လို့ရတယ် ပြီးတော့ မျက်ရည်တွေ ကျအောင်လုပ်လို့ရတယ် ။ ဒါပေမယ့် မျက်ရည်တွေ ကျနေမိတဲ့အချိန်မှာ ပစ်မထားနဲ့ ကိုယ်က နာကျင်စေပြီးရင် ပြန်တောင်းပန်ဖို့လဲ ၀နျမလေးနဲ့ ပြန်ဂရုစိုက်ပေးဖို့လဲ မတွန့်တိုနဲ့ ။ အရေးကြီးဆုံးက မျက်ရည်တွေကျပြီး မင်းအနားရပ်နေတုန်းမှာ အကြာကြီး ပစ်မထားနဲ့ ။

ဒဏ်ရာ ဒဏ်ချက်တွေ အများကြီး ပေးတာက ပြဿနာတော့ မဟုတ်ဘူး ။ ဒါပေမယ့် ခွင့်လွှတ်ပြီးသား အမှားတစ်ခုကို ထပ်ခါထပ်ခါ ကျူးလွန်နေတာမျိုးကျ ရှိပြီးသား ဒဏ်ရာအပေါ် ခဏခဏ နာကျင်စေတာကျ ရိုးရိုးလေးပဲ တွေးကြည့်ပါ ... ခင်ဗျား အနာတစ်ခုဖြစ်တယ် ဓားသေးသေးလေးရှတယ်ပေါ့ ဘာမှ မဟုတ်တဲ့ ဒဏ်ရာလေးပေါ့ မပျောက်သေးခင် နောက်တစ်ခါ အဲ့နေရာမှာပဲ ထပ်ဖြစ်တယ် ထပ်ထပ်ဖြစ်တယ် ပျောက်ဆိုတာ မလွယ်တော့ဘူးလေ ။

စိတ်မှာဖြစ်တဲ့ ဒဏ်ရာတွေကျ ပိုဆိုးတာပေါ့ ။ မင်းကို နှလုံးသားက ဆက်ချစ်နေသေးတယ် ခွင့်လွှတ်ချင်ပါတယ်ဆိုရင်တောင် ဦးဏှောက်က ဘယ်လိုမှ လက်သင့်ခံတော့မှာမဟုတ်ဘူး ။ လူတစ်ယောက်ကို နာကျည်းပြီးသွားရင် သူ ပြုံးနေတာက အစ အပေါ်ယံပဲလို့ တွေးတော့တာ တောင်းပန်နေရင်တောင် အဲ့ဒီတောင်းပန်ပါတယ်ဆိုတဲ့ စကားကို နားထဲမှာ ခါးသွားတာမျိုးလေ ။

လူတစ်ယောက်ကို တကယ်ချစ်သည်ဖြစ်စေ မချစ်ဘူး ဖြစ်စေ နာကျင်စေရုံပဲဆိုတော်ပြီပေါ့ ...ဒဏ်ရာတွေ အထပ်ထပ်ပေးပြီး နာကျည်းသွားအောင်တော့ မလုပ်ပါနဲ့ ။ လူတစ်ယောက် နာကျည်းသွားပြီဆိုရင် အရင်လို ပြန်ဖြစ်ဖို့ခက်သလို အရင်လို ပြန်ခွင့်လွှတ်ပေးနိုင်ဖို့ တော်တော်လေး ခက်တယ် ။

#ကျေးကို

သူက စချစ်ပြီး ကိုယ်က ဆက်ချစ်ရတယ် ...အရင်ကဆိုလေ တစ်ယောက်တည်းလည်း အဆင်ပြေနေခဲ့တာ ။ ဒါပေမယ့် မထင်မှတ်ပဲ သူ ကိုယ့်ဘ၀ထဲကို ၀င...
06/05/2023

သူက စချစ်ပြီး ကိုယ်က ဆက်ချစ်ရတယ် ...

အရင်ကဆိုလေ တစ်ယောက်တည်းလည်း အဆင်ပြေနေခဲ့တာ ။ ဒါပေမယ့် မထင်မှတ်ပဲ သူ ကိုယ့်ဘ၀ထဲကို ၀ငျရောကျလာခဲ့တယျ ။ အစကတော့ ... သူက သိပ်ချစ်တတ်တာပဲပေါ့ ပြီးတော့ ကိုယ့်ကို သိပ်ချစ်တာပဲလို့ ယုံကြည်ခဲ့မိတယ် ။

မျက်နှာလေး ညိုးသွားရင် ဘာဖြစ်လို့လဲဆိုပြီး ပြာယာခတ်သွားတာလေးကို သဘောကျမိတယ် ။ နေမှ ကောင်းရဲ့လား အိပ်လို့ ပျော်ရဲ့လားဆိုပြီး တဖွဖွနဲ့ စိတ်ပူပေးနေခဲ့တာလေ ။ အိပ်မက်တွေမက်လို့ဆိုပြီး တစ်ရေးနိုးဖုန်းတွေဆက်လဲ မပျက်မကွက် ကိုင်တယ် ချက်ချင်းပဲပြေးလာတော့မလို သည်းသည်းလှုပ် ဂရုတွေ စိုက်ပြတယ် ။

သူငါ့ကို တကယ်သိပ်ချစ်တာပဲဆိုပြီး ယုံကြည်ခဲ့အောင် သူ သေသေချာချာ အချိန်ယူပြင်ဆင်ခဲ့တယ်လို့ပဲ ထင်ပါတယ် ။ ကိုယ်တကယ်ချစ်မိသွားတဲ့အခါက တစ်ဖက်က တဖြေးဖြေး အေးစက်လာခဲ့တာလေ ။ ဂရုစိုက်မှုတွေကို တောင့်တနေတတ်မှ ပိုပြီး ပစ်ထားဖို့ပဲ တွေးတော့တာ ။ ဘယ်အချိန်မဆို ဆက်လို့ရတဲ့ ဖုန်းတွေက တဖြေးဖြေးနဲ့ မအားတဲ့ အချိန်တွေများလာတယ် ပြီးတော့ သူလဲ အရင်က အားသလောက် တဖြေးဖြေး အလုပ်တွေများလာတယ် ။

ညတွေဆို မအိပ်တတ်တဲ့ လူတစ်ယောက်က တစ်ရက်ပြီးတစ်ရက် စောစောတွေ အိပ်တတ်လာတယ် ။ အရင်က ပျော်ရွှင်ခဲ့ရသလောက် ခုတလော တစ်ယောက်တည်း အထီးတွေ ကျန်နေရတယ် ။ သူငါ့ကို တကယ်သိပ်ချစ်တာဆိုတဲ့ ယုံကြည်မှုတွေက တဖြေးဖြေးနဲ့တော့ ငါ သူ့ကို အရမ်းချစ်တာဆိုတဲ့ အဖြေတွေအဖြစ် ပြောင်းလဲခဲ့ပြီလေ ။

သူက စချစ်တုန်းက သိပ်ချစ်ပြတတ်ခဲ့သလောက် ကိုယ် သိပ်ချစ်မှန်းသိလာတာနဲ့အမျှ တဖြေးဖြေး အေးစက်သွားခဲ့တယ် ။ ဘယ်အချိန်ထိ မြဲမယ် မမြဲဘူးဆိုတာ သေချာမနေပေမယ့် သူက စချစ်ပြီး ကိုယ်က ဆက်ချစ်နေရတဲ့ ဇာတ်လမ်းလေးမှာ ကိုယ်က ဆက်ပြီး ချစ်ဖို့ ချစ်ဖို့ကိုပဲ အကြိမ်ကြိမ် ရွေးချယ်ဖြစ်ခဲ့တာပါ ။

#ကျေးကို

"ဘဝမှာဘယ်တော့မှ ပြန်မတွေ့ချင်တဲ့ လူတစ်ချို့နဲ့ ဘယ်ဆေးလိမ်းလိမ်း မပျောက်တော့မယ့် ဒဏ်ရာတွေရှိတယ် သတိရရင် တိမ်တွေကိုကြည့်ပါ...
04/05/2023

"ဘဝမှာ
ဘယ်တော့မှ ပြန်မတွေ့ချင်တဲ့ လူတစ်ချို့နဲ့

ဘယ်ဆေးလိမ်းလိမ်း
မပျောက်တော့မယ့် ဒဏ်ရာတွေရှိတယ်

သတိရရင် တိမ်တွေကိုကြည့်ပါ
နာကြည်းတဲ့အခါ မြေပြင်ကိုကြည့်ပေါ့

စိတ်ရှိလက်ရှိ ငေးခွင့်ရှိသလို
စိတ်ပျက်လက်ပျက် နင်းခွင့်လည်းရှိတယ် ။"

#နွေသစ်ငြိမ်း

Pepper Spray  4700 ks အနုကြမ်းစီးတဲ့သူတွေကိုဆော်မလား ?YBS ပေါ်က ခါးပိုက်နှိုက်တွေကိုပညာပေးမလား ?ဆိုင်ကယ်လုတဲ့ကောင်တွေကို...
31/03/2023

Pepper Spray

4700 ks

အနုကြမ်းစီးတဲ့သူတွေကိုဆော်မလား ?
YBS ပေါ်က ခါးပိုက်နှိုက်တွေကိုပညာပေးမလား ?
ဆိုင်ကယ်လုတဲ့ကောင်တွေကိုဖြန်းခဲ့မလား ?
ကိုယ်နဲ့မတည့်တဲ့သူရှိလား ?😝

ဒီခေတ်ကြီးမှာ လူဆိုး၊ လူမိုက်တွေက ဂျိုမပါဘူးနော်။ယောကျာ်းလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် အချိန်မရွေးအန္တရာယ်နဲ့ကြုံတဲ့အခါ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့အရေးကြီးပါတယ်နော်။

ဒီငရုပ်ကောင်းsprayလေးဟာဆိုရင် ကိုယ့်ကိုရန်မူလာလျှင် မျက်နှာကိုဖြန်းလိုက်ကာ မျက်လုံးထဲဝင်ရင်စပ်မယ် ရှူမိရင် မွှန်မယ် သူတို့ပူထူနေတုန်း ပြေးလို့ရတယ်နော်။ငရုပ်ကောင်းရဲ့ အပူရှိန်နဲ့ မျက်စိ မျက်နှာ ပူထူပြီး မိမိကို ချက်ချင်းမတုန့်ပြန်နိုင်တော့ဘူးပေါ့နော်။

ငရုပ်ကောင်းရဲ့ အာနိသင်ကြောင့် ရုတ်တရတ်ပူထူရုံကလွဲပြီး မျက်စိကန်းစေနိုင်လောက်တဲ့အထိတော့ မဖြစ်ပါဘူးနော်။

မိမိရဲ့ လက်ကိုင်အိတ်ထဲကို ထည့်ဆောင်ထားတာဖြစ်ဖြစ်၊ သော့ချိတ်လေးလိုဆွဲပြီးဖြစ်ဖြစ် ဆောင်ထားပြီး မိမိကိုယ်ကိုကာကွယ်လိုက်ကြရအောင်နော်။

ဟ😅
12/01/2023

ဟ😅

Address

89. 29
Mandalay

Website

Alerts

Be the first to know and let us send you an email when Swe Swe Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share