Yan Thway

Yan Thway mandalay

27/09/2022

အမှတ်တမဲ့ မြင်တွေ့လိုက်ရ တခဏလေးမှာ
မင်းလေးက ကိုယ့်နှလုံးသားလေးထဲ နေရာယူလို့......

အကြည့်ချင်းဆုံခိုက် အရှက်ကလေးကို အဖော်ပြုလို့ မျက်လုံးလေး လွှဲလိုက်တဲ့ အချိန်ခဏမှာ ကျိတ်ပြုံးလေး ပြုံးနေမိတဲ့ ကျတော်......

အို....ကောင်မလေးရေ
ကိုယ့်ရဲ့ မျက်ဝန်းလေးထဲမှာ မင်းလေးကိုပဲ မြင်ယောင်နေမိတယ်
အခြားကောင်မလေးတွေကြား မင်းလေးဟာ နတ်သမီးလေးတစ်ပါးလို.......

သူမတော့ သိမယ်မထင်ပါဘူး
ကျတော် သူမကို ချစ်နေမိပြီဆိုတာ.....

Yan Thway
Philosophy

ကျတော် page မှာ ခုရက်ပိုင်းစာတွေရေးမတင်ဖြစ်​တာ ကောင်မလေး လိုက်ရှာနေလို့ပါ🤧🤧ခုထိလည်း ကောင်မလေး မရသေးပါဘူးဗျ😊😊သီတင်းကျွတ်အ...
24/09/2022

ကျတော် page မှာ ခုရက်ပိုင်း
စာတွေရေးမတင်ဖြစ်​တာ ကောင်မလေး လိုက်ရှာနေလို့ပါ🤧🤧
ခုထိလည်း ကောင်မလေး မရသေးပါဘူးဗျ😊😊
သီတင်းကျွတ်အမီ လိုက်ရှာနေရလို့ပါ😪😪

ခုတော့ သိလိုက်ပါပြီ😊😊
ကျတော် ကောင်မလေး မရနိုင်လောက်တော့ဘူးဗျ😪😪
ကျတော် မရှာတော့ဘူးဗျာ
စာပဲ ရေးတင်ပါတော့မယ်🙄
သူငယ်ချင်းတို့ပဲ စဥ်းစားကြည့်ဗျာ
အသက် (၁၆)နှစ်၊ (၁၇) နှစ်တွေက ချစ်သူတွေနဲ့ ကျတော် ခု အသက် (၂၂) နှစ် ရှိပြီဗျာ မယ်မယ်ရရ ချစ်သူကောင်မလေးတစ်ယောက်တောင် မရှိဘူးဗျာ🤧🤧
ကျတော်က ခုထိ ကိုယ့်ကိုယ်ကို ကလေးလို့ သတ်မှတ်ထားတာ...အသက်(၂၂)ဆိုတာ ငယ်သေးတယ်ဗျာ...ဟုတ်တယ်မလား ခုထိ ကောင်မလေးတောင် မရှိသေးတာ ကလေးပဲ🙄

နောက်ကားတွေက ကျော်ကျော်တတ်သွားကြတာ
ဒါ မဖြစ်ဘူးဗျာ
ဟုတ်တယ်မလား
တော်ပြီဗျာ ဒီသီတင်းကျွတ်လည်း တစ်ယောက်ထဲပဲ နေတော့မယ်ဗျာ😪😪😪

Yan Thway

21/09/2022

**မသိမသာ....ရင်ခုန်သံ**

အမ...အမ
ခဏနေပါအုံးဗျ....🤚
မင်း ဘာလုပ်တာလဲ...သေချင်လို့လား
ကားရှေ့က ဖယ်လေ......😠
ခဏလေးနေပါအုံးဗျ ခဏလေးပါ.....
လာလာ....ခွေးကလေးရေ ဒီမှာ မုန့်မုန့် လာနော်.....😍😍
ကျတော် တောင်းပန်ပါတယ်ဗျ.....အမရဲ့ ကားအောက် ခွေးလေး ဝင်သွားတာ တွေ့လိုက်လို့ပါ......
အမ ကားမောင်းလို့ ခွေးလေးကို နင်းမိသွားမှာ စိုးရိမ်လို့ပါ.....😊😊
ဒါပေမယ့်လည်း ကားရှေ့ ဝင်လာတာတော့ မကောင်းပါဘူး...တော်ကြာ တိုက်မိသွားရင် ဘယ်လိုလုပ်မလဲ....😒😒
ဒေါသစိတ်လေးထဲမှာ စိုးရိမ်စိတ်လေး ရောထွေးလျှက် အသံလေး တုန်တုန်ယင်ယင် ထွက်လာတယ်.....
ကျတော် ထပ်ပြီး တောင်းပန်ပါတယ်ဗျာ.....😢

တီတီ...တီ
ကျတော့် မျက်ဝန်းလေးထဲကနေ ကားလေး ပျောက်ကွယ်လို့ သွားခဲ့လေပြီ.....
အကြည့်လေး တစ်ချက်...ရင်ထဲ ဟာတာတာ
သူ့မျက်ဝန်းလေး😍
အာ.....ငါ ဘာတွေ တွေးနေမိပါလိမ့်🙄🤔
ချက်ချင်းဆိုသလို အတွေးတွေကို ဖျက်စီးပစ်လိုက်တယ်.......🤒

ကျတော့်ရဲ့ နားအိမ်လေးထဲ သူမရဲ့ အသံ ကြားနေရတယ်။ ကျတော်မှတ်မိနေပါတယ် သူမရဲ့ အသံလေးကို......
ဟုတ်တယ်။ သူမ ပါပဲ......😗😗
ကျတော့် မျက်ဝန်းလေးထဲ သူမဝင်လာခဲ့တယ်......
"ဒီမှာ ဘာလုပ်နေတာလဲ"
အံ့သြမှုတွေနဲ့အတူ ကျတော် စကားပြန်မပြောနိုင်ပါ။ စိတ်ထဲမှာတော့ သူမက စကားအရင်လာပြောတယ် ဆိုတဲ့ အတွေးတွေနဲ့အတူ ကျိတ်ပျော်နေမိတယ်......🤗🤗
အမှန်တကယ်တော့လည်း သူမဟာ အိမ်မက်ထဲက နတ်သမီးလေးဖြစ်နေခဲ့တယ်....😪😪
ထတော့ နေဖင်ထိုးနေပြီ.....ဘယ်အချိန်ထိ အိပ်မလို့လဲဆိုတဲ့ မေမေ့ရဲ့ အသံလေး ကြားနေရတယ်.....
ဟာ....မေမေကလည်း
ဒီမှာ သူမ စကားလာပြောလို့ ကျိတ်ပျော်တုန်း ရှိသေးတယ်😪😪
အိမ်မက်ထဲတော့ ကောင်မလေးမရတဲ့ဘဝကြီးပါ😂😂

YanThway

**လွမ်းခြင်း**ပိတောက်လမ်းလေးကျတော်တော့ မထင်ပါ။ အခြားသူတွေက ပိတောက်လမ်းလို့ ခေါ်ဝေါ်သမုတ်ကြပေမယ့်လို့ ကျတော့်အဖို့တော့ အန...
19/09/2022

**လွမ်းခြင်း**
ပိတောက်လမ်းလေး
ကျတော်တော့ မထင်ပါ။ အခြားသူတွေက ပိတောက်လမ်းလို့ ခေါ်ဝေါ်သမုတ်ကြပေမယ့်လို့ ကျတော့်အဖို့တော့ အနာဂတ်သတို့သမီးလေးများ နေထိုင်ရာ စံအိမ်လေးပါပဲ.....🤗🤗
ဟုတ်တယ်လေ။
ကျတော်တို့ သူငယ်ချင်းတစ်စု သီချင်းဆိုနေရင်း အမှတ်တမဲ့ အကြည့်လေးတစ်ချက်မှာ....ဟာ သွားပြီ၊ လုပ်ကြပါအုံး....ကျတော့်ရဲ့နှလုံးသားလေး ရင်ခွင်ထဲကနေ အတင်းအပြင်ကို တိုးထွက်နေလေပြီ ထိန်းမရတော့ပါလေ......😣😣
လှလိုက်တာ😍😍
သွားမယ် သွားမယ်၊ သီချင်းဆိုတာ ရပ်တော့၊ ကျတော်တို့ စံအိမ်လေးဆီ ချီတတ်လို့ လာခဲ့လေပြီ....😁😁
ပန်းပိတောက်လေးတွေနဲ့ အလှချင်းပြိုင်လို့ ဟိုဟို ဒီဒီမှာ နတ်သမီးလေးတွေ😱😱
ကျတော် စာသင်ချိန် အတန်းကိုတောင် မပြန်ချင်တော့ပါလေ....😁😁😁
သူတို့နဲ့ ကျတော် မသက်ဆိုင်ပါဘူး။
ဒါပေမယ့်လို့ အမှတ်တမဲ့ ဆုံခဲ့ခွင့်ရတဲ့ မျက်ဝန်းလေး တစ်စုံကို လွမ်းတယ်ဗျာ....😪😪
တစ်ကိုယ်တည်း ဖြစ်ရတာ လွယ်တာမှတ်လို့....ကိုယ်နဲ့ မဆိုင်ပေမယ့် မျက်လုံးချင်းဆုံတွေ့ခွင့်ရတဲ့ သူတို့လေးတွေကို လွမ်းတယ်ဗျာ...😪😪
ဟော..ဟိုမှာ လေးထပ်ဆောင်
ကျတော်တို့ရဲ့ ချစ်သူလေးပေါ့၊ ဟုတ်ပါတယ်....လေးထပ်ဆောင်လေးကို ကျတော်တို့ ချစ်ပါတယ်။
အခြားသူက ဘာလို့လဲဆိုတဲ့ မေးခွန်းလေးကို မေးလာခဲ့ရင် လေးထပ်ဆောင်က မှန်တွေက ကြည့်လိုက်တိုင်း ရုပ်ဆိုးနေရင်တောင် ချောသွားလို့ဆိုပြီး ကျတော် ဖြေရပါလိမ့်မယ်...🤣🤣
ကျတော်တို့ အပေါ့အပါး သွားတဲ့အချိန်တိုင်း
မှန် ကြည့်ရတဲ့ အဆောင်လေး😁😁
လွမ်းပါတယ်😪😪😪

Yan Thway
Philosophy
ဆက်ပါအုံးမည်

**လွမ်းခြင်း** ကျတော် အဲဒီနေ့က အိပ်လို့ မပျော်ပါ။ ကျတော်တို့ သူငယ်ချင်းတွေ ဂီတာလေးတစ်လက်နဲ့ သီချင်းလေးတစ်ပုဒ်ကို ဝိုင်းဖ...
18/09/2022

**လွမ်းခြင်း**

ကျတော် အဲဒီနေ့က အိပ်လို့ မပျော်ပါ။
ကျတော်တို့ သူငယ်ချင်းတွေ ဂီတာလေးတစ်လက်နဲ့ သီချင်းလေးတစ်ပုဒ်ကို ဝိုင်းဖွဲ့သီဆိုနေကြတယ်။😍😍
ဘေးဝိုင်းက ကောင်မလေးတွေ ကျတော်တို့ သီချင်းဆိုနေတုန်း ထပြန်သွားကြတယ်တူပါတယ်။ သတိမထားမိတဲ့ ခဏတာ အချိန်လေးမှာ သူတို့ မရှိကြတော့ဘူး။ 😒😒
ဟုတ်ပါတယ်လေ....သူတို့ ဘယ်နားထောင်ချင်ပါ့မလဲ။ ကျတော်တို့က တစ်ယောက်
တစ်ပေါက်နဲ့ ကိုယ်ရတဲ့နေရာရောက်မှ အသံကျယ်ကြီးနဲ့ လိုက်ဆို၊ မရတဲ့ နေရာရောက်ရင် အသံလေးတွေက တိုးသွားကြတာ...ကိုယ်ဆိုတာ သေချာ ပြန်နားထောင်မိရင် ရယ်ချင်စရာ ကောင်းပါတယ်။😁😁
အို...လွမ်းလိုက်တာ.....😪😪
ကျတော်တို့ သီချင်းဆိုနေတဲ့ ဆိုင်လေးရဲ့ လမ်းလေး တစ်ဖက်မှာ အုတ်ရိုးနီနီလေးနဲ့ အလှဆင်ထားတဲ့ ကျောင်းအိုလေး တစ်ကျောင်း ရှိတယ်ဗျ။😊😊
ကျတော်တို့ရဲ့ နားခိုရာ ရင်ခွင်တစ်စုံ.....
သူများတွေ နားခိုစရာရင်ခွင် မရှိဘူးဆိုပြီး ပြောနေကြတယ်။ ကျတော်တော့ မထင်ပါ....သူတို့ မှားတယ်၊ သူတို့ကိုယ်တိုင် မသိကြလို့ပါ။ အမှန်တကယ်တော့ ကျတော်တို့မှာ နားခိုစရာ ရင်ခွင်လေး တစ်စုံ ကိုယ်စီ ရှိကြပါတယ်။🤗🤗
သနားစရာ ကျောင်းအိုလေး၊ အသက်အရွယ်အရ ပင်စင် ယူသင့်(အနားယူသင့်) နေပြီဖြစ်ပေမယ့် အနားမယူလေရှာဘူး၊ သနားပါတယ်.....
ကျတော်တို့ရဲ့ မိခင်အိုကြီးရေ လွမ်းတယ်ဗျာ......😪😪
မိခင်အိုကြီးရဲ့ အုတ်ရိုးနီနီ ဘေးမှာ စကားလေးတွေ တီတီတာတာပြောရင်း ရယ်ကာ ပြုံးကာနဲ့ ဘယ်သူလေးတွေပါလိမ့်.......🤔🤔
မျက်လုံးလေးကို ဖွဖွလေး ပွတ်ကာ ကြည့်တော့....
ဟာ.....နှမပေး ယောက်ဖတို့😁
ဟိုမှာ ကြည့်စမ်းပါအုံးကွာ....ငါတို့ နတ်ပြည်များ ရောက်နေသလား🙄🙄

Yan Thway
Philosophy
ရင်ထဲက အလွမ်းတွေကို စာလေးသီကုံးလို့ အားရပါးရ လွမ်းပစ်လိုက်အုံးမယ်.....
တခဏတာ
ဆက်ပါအုံးမည်😍😍

သီတင်းလည်း ကျွတ်တော့မယ်နော်🙄နှစ်ကိုယ်တူ လက်တွဲမယ့်သူရော ရှိကြပြီလား😁မရှိသေးရင်လည်း ဘာမှ စိတ်မပူကြပါနဲ့🤔မကြီးတို့ ညီမလေးတ...
16/09/2022

သီတင်းလည်း ကျွတ်တော့မယ်နော်🙄
နှစ်ကိုယ်တူ လက်တွဲမယ့်သူရော ရှိကြပြီလား😁

မရှိသေးရင်လည်း ဘာမှ စိတ်မပူကြပါနဲ့🤔
မကြီးတို့ ညီမလေးတို့အတွက် သီးသန့်
သီတင်းကျွတ် အထူး ပရိုမိုးရှင်း ရှိပါတယ်😱

ဘာကြည့်နေတာလဲ😒
ကျတော်ပါ🤗

ခုချိန်ကစလို့ စာရင်း လက်ခံနေပါတယ်ဗျ
အမြန်ဆုံး လာရောက် လျှောက်ထားနိုင်ပါတယ်😁

ကိုကြီးတို့ ညီလေးတို့ကတော့
ကိုယ့်ဘာသာ ရောင်းထွက်အောင် လုပ်ကြနော်🤧
ကျတော်လည်း ရောင်းထွက်အောင်
ပရိုမိုးရှင်း ဆင်းနေပါပြီ😂😂

15/09/2022

** အချစ်ဆိုသည်မှာ** (၃)

ကျတော် စာဖတ်ရတာ နှစ်သက်လာတယ်၊ ဆရာမိုးရှင်း(I.M.T) ရဲ့ စာအုပ်လေး ဖတ်ပြီးတော့ ဝတ္ထုစာအုပ်လေး တစ်အုပ်ကို ကောက်ကိုင်ကြည့်လိုက်တယ်။ "မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာ မာန" တဲ့......

ကျတော် ဝတ္ထုစာအုပ်လေးရဲ့ အမည်ကို ဖတ်ပြီး စိတ်ဝင်စားသွားတယ်။ မှတ်မှတ်ရရ ကျတော် တက္ကသိုလ်ဝင်တန်းပြီးတော့ အိမ်မှာ နေတဲ့အချိန်တုန်းက ရုပ်ရှင်သံကြားမှာ ဇာတ်ကား တစ်ကား လာတယ်။ (MRTV-4) ရုပ်မြင်သံကြားက ထင်တယ်ဗျ၊ ကျတော် သိပ်မမှတ်မိတော့ဘူး။ မင်းသား အောင်မင်းခန့် သရုပ်ဆောင်တဲ့ "မျက်လုံးမှာအလွမ်း၊ နှုတ်ခမ်းမှာမာန" ဇာတ်ကားလေး လာတယ်။ ကျတော် စိတ်ထဲ ဇာတ်ကားအမည်က ငါ သိသလိုလိုပဲဆိုပြီး တွေးနေမိတယ်။ တကယ်တော့
ကျတော် တက္ကသိုလ်ဝင်တန်းတတ်စဥ်ကျူရှင်မှာ ဖတ်ခဲ့ရတဲ့ ဝတ္ထုစာအုပ်လေးရဲ့ အမည်လေး ဖြစ်နေတယ်။
ခုချိန် ဒီဇာတ်ကားလေးများ ပြန်ပြီး ထုတ်လွှင့်မယ်ဆိုရင် ကျတော် ဝမ်းသာမိမှာပါ....အမှတ်တရအဖြစ် ကျန်ရှိနေပါတယ်လေ ကျတော် ဖတ်ခဲ့ရတဲ့ ဝတ္ထုလေးက ဇာတ်ကားတစ်ကားအသွင်နဲ့ ကျတော့်ရှေ့ ပြန်ရောက်လာခဲ့တယ်......

ကျတော် ကျူရှင်မှာ သူငယ်ချင်းတွေကို စာတွေလည်း ရှင်းပြခဲ့တယ်။ သူတို့လေးတွေကို စာရှင်းပြရင်း ကျတော် ဘာဖြစ်ချင်တာလဲဆိုတာ သိခဲ့ရတယ်။ကျတော် ဆုံးဖြတ်ချက် ချခဲ့တယ်၊ "ငါ ကျောင်းဆရာတစ်ယောက် ဖြစ်အောင်လုပ်မယ်၊ စာရေးဆရာ တစ်ယောက် ဖြစ်အောင်လုပ်မယ်".....
ဟုတ်တယ်။ ဒါဟာ ကျတော့်ဘဝရဲ့ ရည်မှန်းချက်ပါပဲ.....
ကျတော့်ဘဝရဲ့ ရည်မှန်းချက်တွေ ပြည့််ဖို့ရာ စာတွေများကြီး ဖတ်ရမယ်။ မှန်ပါတယ်။ ကျတော်စာတွေ များကြီးဖတ်ဖို့လိုတာလည်း သိခဲ့တယ်။

ကျတော်ဟာ မိဘနှစ်ပါးအပေါ် ဆိုးမိုက်ခဲ့သလို ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာ မသိခဲ့ဘူး။ လမ်းပျောက်နေခဲ့တယ်၊ ဘဝဟာ အဓိပ္ပါယ်မဲ့နေခဲ့တယ်။ ကျတော် သင်တန်းတွေ တစ်ခုပြီးတစ်ခု တတ်တယ်၊ ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ ဘောလုံးသင်တန်းလည်း တတ်ခဲ့သလို၊ အဆိုတော်တစ်ယောက် ဖြစ်ဖို့ ဂစ်တာတီးတွေသင်တယ်၊ အဆိုပိုင်းတွေလည်း လေ့ကျင့်ခဲ့ဖူးတယ်။ ကွန်ပျူတာသင်တန်းတွေလည်း တတ်ခဲ့သလို၊ အဂ်လိပ်စကားပြော သင်တန်းတွေလည်း တတ်ခဲ့ဖူးတယ်။ အမှန်တကယ်တော့ ကျတော် ဘာဖြစ်ချင်တာလဲ ဆိုတာ ရှာဖွေနေခဲ့မိတာပါ။
ဘဝမှာ ရည်မှန်းချက်ဆိုတာ ရှိသင့်တယ်၊ ရည်မှန်းချက်ကို သိသွားတဲ့အခါ အတွေးလေးတွေထဲမှာ ကိုယ့်ဘဝရဲ့ ရည်မှန်းချက်အကြောင်း တွေးတိုင်း ပျော်ရွှင်ရသလို အတွေးတွေထဲ အပြင်မှာတကယ်ဖြစ်နေတဲ့အတိုင်း တွေးတဲ့အခါ ပင်ပန်းနေလည်း ပင်ပန်းတယ်လို့ မမြင်တော့ဘူး၊ စိတ်ဟာ အလိုလို တတ်ကြွလို့နေတယ်၊ နေ့သစ်တိုင်းဟာလည်း လှပလို့နေပါလိမ့်မယ်။

ကျတော့်ဘဝရဲ့ ဒုတိယအကြိမ်
အောင်စာရင်းထွက်တဲ့ နေ့လေး......
ကျတော် မှတ်မိနေပါသေးတယ်။ သူငယ်ချင်းတွေအားလုံး ဘယ်သူအောင်တယ်၊ ဘယ်သူစာမေးပွဲကျတယ်နဲ့ ပျော်ကြရွှင်ကြ ဝမ်းနည်းနေကြချိန်
ကျတော့်မှာတော့ စာမေးပွဲ အောင်သလား မသိသေးပါဘူး။ အောင်စာရင်း စာရွက်ကို လူအုပ်ကြား တိုးဝင်လို့လည်း ကြည့်လို့မရ၊ လိုင်းကလည်းမကောင်းလို့ (online) ပေါ်မှာလည်း ကြည့်မရချိန် အဂ်လိပ်ဆရာကြီး ရောက်လာတယ်။ ဆရာကြီးက သူကြည့်ပေးမယ်ဆိုပြီး ကြည့်တော့ ခုံနံပါတ်လေးတွေ အစီအစဥ်လိုက် ထွက်လာတယ်။
ကျတော် ရင်တွေခုန်နေခဲ့တယ်၊ အောင်မှာပါလို့
ကိုယ့်ကိုယ်ကို အားပေးနေမိတယ်။
မြင်နေရပြီ။ ကျတော့်အမည်လေး ဆရာ့ဖုန်း မျက်နှာပြင်မှာ ပေါ်လာခဲ့ပြီ၊ ကျတော် တက္ကသိုလ်ဝင်တန်း အောင်ခဲ့ပါပြီ။ ကျတော် ထပါ ကခဲ့တာဗျ။ သူများတွေ ကျတော့်ကို ဝိုင်းကြည့်နေကြတယ်၊ ကျတော် ဂရုမစိုက်နိုင်ပါ.........

ကျတော့် ဖေဖေက တက္ကသိုလ်ဝင်တန်းအောင်ရင် တက္ကသိုလ်တတ်ဖို့ရာ ဆိုင်ကယ်လေး ဝယ်ပေးမယ်ပြောတယ်။ ကျတော် အိမ်ကို ဖုန်းဆက်တယ်၊ "တူ.....တူ....တူ"
ကျတော့် ဖေဖေ ဖုန်းလေး ကိုင်ပါတယ်။
ဟဲလို.......အသံလေးက တုန်နေတယ်.....
ကျတော် ကိုယ်ချင်းစာပါတယ်။ မိဘနှစ်ပါးမှာ အိမ်မှာနေရင်း ငါ့သားလေး စာမေးပွဲ အောင်ပါ့မလား၊ အခြားသူတွေက အောင်၊ မအောင် သိနေရပြီ၊ ငါ့သားလေးက မသိရသေးဘူး ဆိုပြီး စိတ်ပူနေရှာမှာ......
" ဖေဖေ....ဆိုင်ကယ်သာ ဝယ်ပေးတော့" ဆိုပြီး
ကျတော် ပြောခဲ့တယ်။ တခဏတာမျှ အသံ တိတ်ဆိတ်သွားတယ်။ ဖေဖေက သူပြောခဲ့တဲ့စကားကို ငါ့သားလး စာမေးပွဲ အောင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ မေ့နေဟန်တူပါတယ်။ ပြီးတော့မှ သတိရပြီး ငါ့ သား စာမေးပွဲ အောင်ပြီကွလို့
အော်ပြောရင်း......အော်ပြောရင်း......
မိဘတို့ရဲ့ ချစ်ခြင်းမေတ္တာ ကြီးမားလှပါပေတယ်။ အချစ်ဆိုသည်မှာ ဒါပါပဲ......သိပ်ကို ကြည်နူးရပါတယ်.....

ဆက်ပါအုံးမည်
Yan Thawy
Philosophy
တက္ကသိုလ်ဆီသို့......မျှော်

လေက နွေးထွေးစေတယ်မိုးက ဝမ်းနည်းစေတယ်တိမ်က ပျော်ရွှင်စေတယ်......လေက နွေးထွေးစေတယ်တဲ့ ကျတော် စိတ်ထဲ သံသယဖြစ်မိတယ်၊ မယုံနို...
14/09/2022

လေက နွေးထွေးစေတယ်
မိုးက ဝမ်းနည်းစေတယ်
တိမ်က ပျော်ရွှင်စေတယ်......

လေက နွေးထွေးစေတယ်တဲ့
ကျတော် စိတ်ထဲ သံသယဖြစ်မိတယ်၊
မယုံနိုင်ပါဘူး။
ဟုတ်တယ်လေ....
ကျတော့် အတွက်တော့ လေပြေလေး
နွေးထွေး စေတာထက် မင်းလေးက ပိုပြီး နွေးထွေးနေစေတယ်လေ.....🤗🤗

မိုးက ဝမ်းနည်းစေတယ်တဲ့
ဟုတ်လို့လား.....ဟင့်အင်း ကျတော် ငြင်းမယ်။
ကျတော့်အတွက်တော့ ခင်ဗျားလေး စိတ်ဆိုးလို့ ပစ်ထားတိုင်းမှာ စိတ်နဲ့လူနဲ့ မကပ်နိုင်အောင် ဝမ်းနည်းနေမိတာ၊ မိုးပြေးလေး ဝမ်းနည်းစေတာလောက်တော့ ခံနိုင်ရည်ရှိပါတယ်လေ.......😪😪

တိမ်က ပျော်ရွှင်စေတယ်တဲ့
ပြောပြန်ပါပြီ။ ဟုတ်လည်း ဟုတ်ပဲနဲ့......
ကျတော့်အတွက်တော့ မင်းလေး ပြုံးပျော်
နေတဲ့အချိန်တိုင်းဟာ ပျော်ရွှင်စရာ အကောင်းဆုံး အချိန်ပါ.....တိမ်က ပျော်ရွှင်စေတယ်တဲ့လား
ကျတော် ငြင်းပါရစေ....😍😍

ကျတော့်ရဲ့ ဖြစ်တည်မှုတိုင်းဟာ မင်းလေးနဲ့ တိုက်ရိုက် အချိုးကျပါတယ်......

ကောင်မလေးရယ်🙄

** အချစ်ဆိုသည်မှာ** (၂)ကျတော် စိတ်ဓာတ်တွေ အောက်ဆုံးထိ ကျခဲ့တယ်။ ဘဝမှာ ဘယ်လောက်ပဲ အမှားတွေ လုပ်မိနေပါစေ အဲဒီအမှားတွေကို သ...
12/09/2022

** အချစ်ဆိုသည်မှာ** (၂)

ကျတော် စိတ်ဓာတ်တွေ အောက်ဆုံးထိ ကျခဲ့တယ်။ ဘဝမှာ ဘယ်လောက်ပဲ အမှားတွေ လုပ်မိနေပါစေ အဲဒီအမှားတွေကို သင်ခန်းစာ ယူပြီး အမှန်ပြင်ရဲတဲ့ သတ္တိ ရှိရပါမယ်၊
ပြန်ပြင်လို့မရတဲ့ အမှားဆိုတာ မရှိပါဘူး။
အမှားကို သိသိချင်းမှာ အမှန်ပြင်ရဲတဲ့သူကို
ကျတော်တို့ ရှင်တော်ဂေါတမက ချီးမွမ်းပါတယ်။

ကျတော် အချိန်အကြာကြီး အမှားတွေ လုပ်မိခဲ့တယ်။ ရင်ထဲမှာ မွန်းကြပ်နေပြီး မျက်လုံးအိမ်က မျက်ရည်စလေးတွေကပါးပြင်ထက် နေရာယူလာကြတယ်။
ကျတော့် ဖေဖေက ပြောတယ်.....
" မင်း ဘာဆက်လုပ်မှာလဲ၊ အေး ပညာမတတ်ရင်တော့ အလုပ်ကြမ်းပဲ လုပ်ရမယ်၊ မင်းကို ငါ ကျွေးထားတာပါ၊ မင်းက ပျော့တယ်၊အလုပ်ကြမ်း မလုပ်နိုင်ဘူးဆိုတာ ငါသိတယ်၊ ဒါမို့လည်း မင်းကို ပညာတတ်အောင် အိမ်မှာဘယ်လောက်ပဲ အခက်အခဲ ကြုံပါစေ ကျောင်းထားပေးတာ၊ မင်းက ဘောပင်ကိုင်ပြီး ဦးနှောက်နဲ့ ဘဝကို ရပ်တည်မှ ရမှာ" လို့ ပြောတယ်။
ကျတော် ဘာမှ ပြန်မပြောနိုင်သေးပဲ အချိန်အတော်ကြာ ငေးမှိုင်လို့နေတယ်။
နောက်တော့ ကျတော် ဆုံးဖြတ်ချက်ချခဲ့တယ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြန်ဖြေမယ်.....
ဟုတ်တယ်။ ကျတော် အမှောင်ထဲမှာ နေလာခဲ့တာ ကြာခဲ့ပြီ၊ တက္ကသိုလ်ဝင်တန်း ပြန်ဖြေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ကျတော့်ဘဝရဲ့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်တစ်ခုပါပဲ.......

ကျတော်က တစ်ဦးတည်းသော သားပါ၊ မိဘနှစ်ပါးက ကျတော့်အပေါ် မျှော်လင့်ချက် ကြီးမားလှတယ်။ "ငါ့ သားလေး တစ်ယောက်ထဲ ပညာမတတ်ရင် လောကအလယ် မျက်နှာငယ်ရမှာ" ဆိုတဲ့ စိတ်တစ်ခုထဲနဲ့ ကျတော့်ကို ကျောင်းထားပေးတယ်။
ဒါကို ကျတော်က မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်မယ်ဆိုရင် လောကအလယ်မှာ မျက်နှာပြရဲမှာ မဟုတ်တော့ပါဘူး။
ကျတော် တက္ကသိုလ်ဝင်တန်း ပြန်ဖြေမယ်လို့ စိတ်ထဲ ဆုံးဖြတ်ချက်ချခဲ့ပေမယ့် စိတ်ဓာတ်ကတော့ ကျနေဆဲပါပဲ။ ကျတော် ကျူရှင်ကို စောစောစီးစီး သွားခဲ့တယ်။
မိဘကို မျက်ရည်ကျအောင် လုပ်တဲ့ သား၊ သမီးဟာ လောကမှာ အဆိုးဆုံးပါပဲ။
ကျတော် "မိဘ" နှစ်ပါးအပေါ် ဆိုးမိုက်ခဲ့မိတယ်.......
""လောကကြီးမှာ ဘယ်လောက်ပဲ အဆိုးတွေနဲ့ ကြုံတွေ့ပါစေ၊ အဆိုးလေးတွေထဲမှာ အကောင်းလေးတွေ ပါနေတတ်တယ်။ သက်ညှာမှုလေးတွေ ပါနေတတ်တယ်။ ဒါကို ကျတော်တို့ မြင်အောင်
ကြည့်တတ်ရပါမယ်။""
ကျတော့်ကို လောကကြီးက သက်ညှာမှုလေး
တစ်ခု ပေးခဲ့ပါတယ်။ ကျတော့်ကို ကျူရှင် စောစောစီးစီး သွားဖြစ်အောင် တိုက်တွန်းခဲ့သလို ကျူရှင်မှာ မင်းရဲ့ဘဝသစ် ရှာတွေ့
လိမ့်မယ်ဆိုတာ ပြောနေခဲ့တယ်။

ကျတော့်ရဲ့ ဘဝအသစ်ကို ကျူရှင်မှာ ရှာတွေ့ခဲ့တယ်။ အဂ်လိပ် ဆရာကြီးက အမြဲတမ်းလိုလို စာဖတ်ဖို့ရာ စာအုပ်လေးတွေ ဝယ်လာပေးလေ့ရှိတယ်။ ကျတော် စာအုပ်လေးတစ်အုပ်ကို ကောက်ဖတ်ခဲ့တယ်။ စာအုပ်လေးရဲ့ အမည်က
ဆရာ မိုးရှင်း(I.M.T)ရေးတဲ့ "သူ စိတ်ဓာတ်ကျတိုင်းဖတ်ဖို့" စာအုပ်လေးပါ။
ကျတော့်ဘဝမှာ ပထမဆုံး ဖတ်မိခဲ့တဲ့ စာအုပ်လေးဖြစ်သလို အမှောင်ထဲမှာနေလာခဲ့တဲ့ ကျတော့်ကို အလင်းထဲရောက်အောင် ပို့ဆောင်ပေးခဲတယ်။ စိတ်ဓာတ်လည်း မြင့်မားခဲ့သလို ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့အရာ ရည်မှန်းချက်ပန်းတိုင်ကိုလည်း ရှာတွေ့ခဲ့တယ်။ ကျတော့်ဘဝတစ်ခုလုံး ပြောင်းလဲ ခဲ့ပါတယ်။

ဆက်ပါအုံးမည်။
Yan Thway
Philosophy
"လောကကြီးမှာ ဘယ်လောက်ပဲ အဆိုးတွေနဲ့ ကြုံတွေ့ပါစေ၊ အဆိုးတွေထဲမှာ အကောင်းလေးတွေ ပါနေတတ်တယ် သက်ညှာမှုလေးတွေ ပါနေတတ်တယ်၊ ဒါကို တွေ့အောင်ရှာပါ။

စာအုပ်ကောင်းတစ်အုပ်က ဘဝ တစ်ခုလုံးကို ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ်။
စာဖတ်ကြပါ......

သူမနဲ့ ကျတော်က ဘာမှ မသက်ဆိုင်ပါဘူးဒါပေမယ့် သူမ နေမကောင်း ဖြစ်နေတယ်လို့ ကြားတိုင်းလည်း ဝမ်းနည်းရသလိုသူမ ပျော်ရွှင်နေတာလေး...
12/09/2022

သူမနဲ့ ကျတော်က ဘာမှ မသက်ဆိုင်ပါဘူး
ဒါပေမယ့် သူမ နေမကောင်း ဖြစ်နေတယ်လို့ ကြားတိုင်းလည်း ဝမ်းနည်းရသလို
သူမ ပျော်ရွှင်နေတာလေးကို မြင်တိုင်းလည်း
ကျိတ်ပျော်ရပါတယ်......

သူမက လှတယ်။ လှတယ်ဆိုတာထက် ယဥ်တယ်။
သူမနဲ့ ကျ​တော် အမှတ်တမဲ့ မျက်လုံးချင်း စုံတိုင်းလည်း ရင်ထဲ ဟာတာတာနဲ့ လက်ကလေးကို ဖွဖွလေး နှလုံးသားကို ဖိထားရတယ်။ ရင်ခွင်ထဲကနေ ခုန်ထွက်သွားမှာ စိုးရိမ်ရလို့.......

သူမ ချစ်သူကောင်လေး ထားမှာကို ကျတော်
မကြိုက်သလို ကျတော်လည်းပဲ သူမကို ချစ်တယ်လို့ ဖွင့်မပြောရက်ပါဘူး.......
နောက်ဆုံးတော့လည်း သူမနဲ့ ကျတော်က ဘာမှ မသက်ဆိုင်ပါဘူး.....

11/09/2022

** အချစ်ဆိုသည်မှာ ** (၁)

အဲဒီနေ့လေးကို ကျတော် အမြဲထာဝရ သတိတရ ရှိနေမိမှာ အမှန်ပါ။ မိုးမင်းကြီးက ကျတော့် အဖြစ်ကို သနားမိဟန် တူတယ်၊ မိုးဖွဲလေးတွေ တသွင်သွင် ကျဆင်းလို့ ငိုကြွေး နေရှာတယ်။
အဲဒီနေ့လေးက တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထွက်တဲ့နေ့.....ကျတော့် ဘဝကို တဆစ်ချိုး ပြောင်းလဲပေးလိုက်တဲ့နေ့လေးပေါ့။ ကျတော် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မအောင်နိုင်မှန်း ကိုယ့်ကိုယ်ကို သိပါတယ်။ ဟုတ်တယ်လေ...ကျတော်
ဖြေခဲ့တဲ့ အဖြေလွှာစာရွက်ပဲ သိတာပေါ့။
ကျတော် မသိလိုက်တာက မိုးမင်းကြီး
တစ်ယောက်ထဲ ငိုကြွေးတယ်မှတ်ထင်နေတာ မဟုတ်ခဲ့ဘူးဗျ။ ကျတော့်ရဲ့မေမေ......မေမေလည်း ငိုနေတယ်။
ကျတော့် နားအိမ်ထဲ စကားသံလေး အတင်း တိုးဝင်လာခဲ့တယ်။
" မင်း ဘယ်လို လုပ်လိုက်တာလဲ၊ မင်းတော့ အမှားကြီး လုပ်လိုက်မိပြီ"
ကျတော် ဘာမှ မပြောနိုင်ဘူး။ ရင်ထဲမှာ မွန်းကြပ်လို့နေတယ်။
တစ်ချိန်ထဲမှာပဲ နားအိမ်လေးထဲ စကားသံ လေး အတင်းတိုးဝင် လာပြန်တယ်။
" မင်း ကျူရှင်မှာ စာမေးပွဲ ကျတော့ နောက်ကျောဘက်ကို စာလေးကပ် တစ်ရွာလုံး ပတ်ပြေးခဲ့တာ မှတ်မိလား"
ဟုတ်တယ်။ ကျတော် ပတ်ပြေးခဲ့တယ်၊ ကျူရှင်မှာ တူတူ ပညာသင်ကြားခဲ့တဲ့ သူငယ်ချင်းတွေ အားလုံး ပတ်ပြေးခဲ့ကြတယ်။ အဲဒီအချိန်တုန်းက ကျတော် ကျူရှင်မှာစစ်တဲ့ စာမေးပွဲမှာ ဘာသာစုံ ကျတယ်။ တစ်ချို့က ငါးဘာသာ၊ လေးဘာသာ၊ တစ်ဘာသာ.......
ကျတော် အတိတ်ကို ပြန်တွေးနေမိတယ်။ ဆရာမက ပြောတယ် " တစ်ဘာသာကျရင် ရွာကို တစ်ပတ်ပြေးရမယ်" ကြားလား၊
ကျတော်တို့ သူငယ်ချင်းတစ်စု ပြေးကြပါတယ်.... တစ်ပတ်၊နှစ်ပတ်၊လေးပတ်၊ငါးပတ်။
ကျတော်ကတော့ ရွာကိုခြောက်ပတ် ပြေးရတာပေါ့။ ကျတော် မသိခဲ့ဘူး၊ အဲဒီချိန်တုန်းက ပျော်ပျော်ပဲ ပတ်ပြေးနေရင်း......
ထမင်းထုပ်လေးကို ငါ့သားလေး စားဖို့ရာ အပြေးလာပို့သော ဖေဖေ။
သူများတွေ ထမင်းထုပ်ကိုယ်စီနဲ့ ပျော်ပျော်ပါးပါး စားသောက်နေချိန် ငါ ထမင်းထုပ် ပို့နောက်ကျလို့ ငါ့သားလေး ထမင်းမစားရသေးပဲ နေလိမ့်မယ် ဆိုတဲ့ စိတ်နဲ့ ဆိုင်ကယ်လေးကို အရှိန်မသတ်နိုင်ပဲ အပြေးလာပို့တဲ့ ဖေဖေ.....
ကျတော်နဲ့အတူတူ သူငယ်ချင်းတစ်စု ရွာကို ပတ်ပြေးနေတာကို မြင်ခဲ့တယ်။

Yan Thway
Philosophy
ဆက်ပါအုံးမည်။
အချစ်ဆိုတာ (၅၂၈) မေတ္တာပဲ ဖြစ်ဖြစ်၊
(၁၅၀၀) မေတ္တာပဲ ဖြစ်ဖြစ် သိပ်ကို သိမ်မွေ့တယ်။
ဆက်လက် ကြိုးစားပါအုံးမည်........

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Yan Thway posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category