U Aung ABK

U Aung ABK Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from U Aung ABK, Shopping & retail, Meiktila, Mandalay.

24/09/2022
24/09/2022

ကိုယ်စိုက်ပျိုးတဲ့ အပင်ကို ကိုယ်တိုင်ရိတ်သိမ်းရမှာပါ။






အမြဲတမ်း အဆက်အသွယ်မပြတ်အောင်လို့ Telegram နဲ့ YouTube Channel လင့်လေးတွေပါ။

Telegram👇
https://t.me/pyaykhaing

YouTube👇
https://youtube.com/c/PyayKhaing

ချစ်ခြင်းအားဖြင့်
ပြေခိုင်


Credit: successpictures

24/09/2022

အခုတစ်ခေါက် နေမကောင်းဖြစ်တော့

ဖြစ်ဖြစ်ချင်း ညမှာကို ဝေဒနာက တော်တော်တက်နေတော့ တရားထိုင်တာ တော်တော်မလွယ်တာကို သတိထားမိတယ်။

ကိုယ်ဟန်အနေအထားကို သက်တောင့်သက်သာဖြစ်အောင် ပြင်တယ်။

စိတ်ထဲမှာ ငါသေခါနီးကျရင်လည်း ဒီလိုပဲ ကြည့်ကြပ်မှတ်ရမှာပဲလို့ နှလုံးသွင်းလိုက်တယ်။

နာတာ၊ ကျင်တာတွေ၊ ကိုက်ခဲတာတွေ၊ စိတ်မကြည်လင်တာတွေက ဖြစ်နေတော့ ပုံမှန်လောက် အေးအေးဆေးဆေး မှတ်လို့ မရပေမယ့် အရင်မှတ်ခဲ့တဲ့ အရှိန်တွေနဲ့ လုံးလုံးလွတ်သွားတာမျိုးတော့ မဖြစ်ဘူး။

တွေးမိတာကတော့ နောက်ဆုံးအချိန်ကျမှ အသည်းအသန် တရားခွေဖွင့်၊ တရားမှတ်ဖို့ ကြိုးစားနေရင် ထိရောက်ဖို့က လွယ်မှာ မဟုတ်ဘူးဆိုတာပါပဲ။ အဲဒီအချိန် တရားခွေလာဖွင့်နေရင် စိတ်ရှုပ်ပြီး အကုသိုလ်စိတ်ဖြစ်မလားတောင် အောက်မေ့ပါတယ်။

ကျွန်တော်က ဗုဒ္ဓတရားကို တကယ်ယုံကြည်တယ်။ ရှေ့ဘဝ၊ နောက်ဘဝ ကံကံ၏အကျိုး၊ ၃၁ ဘုံ ၊ သံသရာလည်ပုံ၊ ပဋိစ္စသမုပ္ပါဒ်တရားတော် အဲဒါတွေ အကုန်ယုံတယ်။

လူအနေနဲ့ လူ့တာဝန်တွေ၊ လုပ်ချင်တာတွေရှိပေမယ့် အခု ဗုဒ္ဓသာသနာနဲ့ ကြုံတုန်း သံသရာမလည်တော့တဲ့ တရားကို ပိုင်ပိုင်နိုင်နိုင် တကယ်ရထားဖို့လည်း စိတ်ပိုင်းဖြတ်ထားတယ်။

လာမယ့် ၃၊၄ ရက်ဆိုရင် တရားမှတ်စုစာအုပ် တစ်အုပ်ထပ်ကုန်မယ်၊ အောင်သုခ တရားစခန်း ၁၅ ရက်နောက်ပိုင်း တရားထိုင်ချိန် နာရီ ၁၈၀၀ ကျော်ရှိပြီလို့ ပြောလို့ရတယ်။ တစ်နာရီ ဘယ်လောက်ဆိုပြီး ဝန်ဆောင်ခယူတဲ့ Coach အနေနဲ့ ပြောရင် နာရီ ၁၈၀၀ ဆိုတာ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာတွေ ပစ်ပြီး တော်တော်အားထည့်ထားရတာပါ။

အကျပ်အတည်းမျိုးစုံရှိတဲ့ကာလတစ်လျှောက်မှာ အဆင်မပြေတာတွေကျော်ဖြတ်ရင်း ထိုင်ရတာဆိုတော့ အမြဲတမ်းမှတ်ကောင်းနေတာတော့မဟုတ်ပဲ ထမင်းစား၊ ရေသောက်သလို လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို မှန်မှန်လုပ်နေတဲ့သဘောမျိုးပါပဲ။

ဒါတွေကို ပုံမှန်မလုပ်ပဲ ဘဝရဲ့ နေဝင်ချိန်ကျမှ ဒါတွေလုပ်မယ်ဆိုရင် အချိန်နှောင်းနေနိုင်ပါတယ်။

မိမိကိုယ်ကိုယ် ဗုဒ္ဓဘာသာကိုးကွယ်သူလို့ တကယ်ခံယူရင် ဘုရားစကားနားထောင်ပြီး သန်စွမ်းနေသေးတဲ့အချိန်မှာကို တရားနာ၊ တရားထိုင်တာတွေ အချိန်ပေးလုပ်ကြဖို့ ရွေးချယ်သင့်တယ်လို့ ယုံကြည်ပါတယ်။


24/09/2022

ကျွန်မရဲ့အသက် ၅၀ပြည့်မွေးနေ့မတိုင်မီ ထုတ်ဝေဖြန့်ချိမယ်လို့ပြောထားတဲ့စာအုပ်အသစ်ကို အကြောင်းကြောင်းကြောင့် မထုတ်ဝေနိုင်သေးတဲ့အကြောင်း ကျွန်မရဲ့ပရိသတ်များကို အသိပေးပါရစေ ။ အောက်တိုဘာလထဲမှာတော့ ထုတ်ဝေဖြစ်မှာပါ ။ ဒီနေ့ ကျွန်မရဲ့မွေးနေ့အတွက် အရင်နှစ်တွေက postတွေရဲ့အောက်မှာရော မတ်ဆေ့ပို့ပြီးတော့ပါ ဆုတောင်းပေးထားကြတာတွေ ဖတ်ရပါတယ် ။ ကျေးဇူးတင်ရပါတယ် ။စာဖတ်သူများပေးတဲ့ဆုအတိုင်း ကျွန်မလည်း အသက်ရှည်ကျန်းမာချင်ပါတယ်။ ဒါမှ ကျွန်မရေးချင်တဲ့စာတွေ၊ ရေးသင့်တဲ့စာတွေအားလံုး ရေးထားခဲ့နိုင်မှာမဟုတ်လား ။စာဖတ်သူများက ကျွန်မ စာတွေများများရေးနိုင်ဖို့ သက်ရှည်ကျန်းမာဖို့ ဆုတောင်းပေးကြသလို ကျွန်မကလည်း စာဖတ်သူများအားလံုး သက်ရှည်ကျန်းမာ ဘေးရန်ကင်းကွာစေဖို့ဆုတောင်းပေးလိုက်ပါတယ် ။

24/09/2022

မြိတ်မြို့ ကနေ ရန်ကုန်ထိရောက်လာပြီး စီးပွားရေးလုပ်ငန်းများအတွက် လာရောက်တိုင်ပင်ကြတဲ့ လုပ်ငန်းရှင်များနဲ့ ဆွေးနွေးမှုများအပြီး အမှတ်တရ။ ။

24/09/2022

လူတွေ မမှတ်မိလောက် အောင်တိုးတက်ပြောင်းလဲလိုက်ပါ။

အရင်က ကိုယ့်ကိုကိုယ် ဘယ်တော့မှ အားမရခဲ့ဘူး။ အပြောင်းအလဲ တစ်ခုအမြဲလုပ်ချင်ခဲ့တယ်။ သင်တန်းတွေတက်တယ်။ စာအုပ်တွေဖတ်တယ်။​ စာအုပ်တွေလဲ​ မျိုးစုံပဲ။ သင်တန်းဆိုလဲ ဘာသာစကား၊ ပေါင်းသင်းဆက်ဆံရေး မျိုးစုံတက်ဖြစ်တယ်။ ဒါပေမယ့် လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲဖို့ဆိုတာကတော့ တော်တော်မလွယ်ခဲ့ဘူး။

ဒါကြောင့် နည်းလမ်းမျိုးစုံနဲ့ စမ်းသပ်ဖို့ ကြိုးစားခဲ့တယ်။ မှတ်ဥာဏ်ကောင်းဖို့ ဦးနှောက်အားတိုးဆေးတွေဖြစ်တဲ့ nootropics တွေ supplement တွေအပြင် မတူညီတဲ့ project တွေအများကြီးလုပ်ဖြစ်တယ်။ ဒီ project တွေ လေ့လာမှုတွေမှ တဆင့် လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲဖို့ ToeTet Techniques တွေကို တွေ့ရှိခဲ့တယ်။

လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့အတွက် အဆင့်သုံးဆင့်လိုတယ်။​ ပထမအဆင့်ဖြစ်တဲ့ တစ်ကိုယ်ရည်တိုးတက်မှုအတွက် personal development လိုတယ်။ ဒုတိယအဆင့်ကတော့ အသက်မွေးဝမ်းကြောင်းအတတ်ပညာတိုးတက်မှု professional development လိုတယ်။ တတိယအဆင့်ကတော့ စီးပွါးရေးစီးမံခန့်ခွဲတိုးတက်မှု business development လိုတယ်။

Personal development မှာ ကိုယ့်ရဲ့စိတ်ခံစားချက်ကို စီမံခန့်ခွဲနိုင်တာ၊ ကိုယ့်ကိုကိုယ် သေချာသိရှိခြင်း self-awareness အပြင်၊ အချိန်စီမံခန့်ခွဲမှု၊ ပေါင်းသင်းဆက်ဆံရေး အစရှိတဲ့အပိုင်းတွေပါဝင်ပါတယ်။

Professional development အပိုင်းမှာတော့ ကိုယ့်အသက်မွေးဝမ်းကြောင်းပညာတဲ့ပတ်သက်တဲ့ အခြေခံအပြင်၊ အဆင့်မြင့်ကျွမ်းကျင်မှုတွေပါဝင်ပါတယ်။ နောက်ဆုံးကိုယ်တတ်ထားတဲ့ပညာရပ်ကို ပြန်လည်သင်ကြားပေးနိုင်တဲ့အဆင့်ထိဖြစ်ဖို့လိုပါတယ်။

Business Development အပိုင်းကတော့ လုပ်ငန်းတစ်ခုစတင်ခြင်း၊ ကြီးထွားခြင်း၊ ချဲ့ထွင်ခြင်းနဲ့ ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်တဲ့အပိုင်းထိ ပါဝင်ပါတယ်။

ဒီလို လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့အတွက် အတွေးအခေါ်ကိုပြောင်းဖို့လိုပါတယ်။​ လူဆိုတာ မတွေးပဲ​မနေနိုင်တဲ့ သတ္တဝါဖြစ်ပါတယ်။ ဒီလို မတွေးပဲမနေနိုင်တဲ့အတွက် အတွေးကောင်းဖို့လိုပါတယ်။ ကိုယ့်ရဲ့အတွေးအခေါ် ဘေးချော်ရင်အရေးပေါ်ပြင်ဖို့လိုပါတယ်။

တိုးတက်ရေး အတွေးအခေါ်များ

၁။ ဘူကောင်တွေကို ရှောင်ပါ။
၂။ ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲဲ့အလုပ်တွေ နေ့စဉ်လုပ်ပါ။
၃။ အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။​
၄။ ဒီနေ့လုပ်တဲ့အလုပ်က မနက်ဖြန်အချိန်ကို ခြွေတာနိုင်ပါစေ။
၅။ ကျေးဇူးတင်တတ်တဲ့စိတ်နဲ့နေပါ။
၆။ ကိုယ့်ကိုငွေရှာပေးမည့်အရာတွေမှာ ငွေသုံးဖို့ မနှမြောနဲ့။
၇။ လုပ်နေတဲ့အလုပ်တိုင်းကို ပိုလွယ်၊​ ပိုမြန်၊ ပိုထိရောက်အောင်လုပ်။
၈။ ကိုယ့်ကိုကိုယ် ဘယ်တော့မှ​ အပြစ်မတင်နဲ့။
၉။ လူတွေရဲ့အထင်အမြင်မှာ အသက်မရှင်နဲ့။
၁၀။ လိုချင်တာမရခဲ့ရင် ပိုကောင်းတာရလိမ့်မယ်။ ဒါကြောင့် လုပ်စရာရှိတာ ဆက်လုပ်။
၁၁။ လူတွေကို Dream List ထဲထည့်မထားနဲ့။
၁၂။ အရာရာက စမ်းသပ်မှုပဲ။​ ဒါကြောင့်ကျရှုံးမှာ မကြောက်နဲ့။ ဒူပေဒါပေခံ။

Phyo Paing @ Derek

😁😁😁
23/09/2021

😁😁😁

Address

Meiktila
Mandalay
324532889

Telephone

+959956064806

Website

Alerts

Be the first to know and let us send you an email when U Aung ABK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share