31/07/2024
"Kae" Cosmeticsဆိုင်လေးကို
ဖွင့်ခဲ့တာအရှိန်ရနေတုန်းလေးမှာပဲ
စစ်ကြောင့်ပိတ်ထားလိုက်ရပြန်တယ်...🥺
ပ/ကျော့တုန်းကလဲ
ပစ္စည်းတစ်ဝက်မကဆုံးရှုံးခဲ့ရတယ်
ခုလဲဒု/ကျော့ထပ်ကြုံလာရပြန်တယ်🥺
အသက်ထက်အရေးကြီးတာ
ဘာမှမရှိတာမို့ လိုအပ်တာလေးပဲ
သိမ်းဆည်းပြီးယူလာခဲ့တယ်...
အခြေအနေပေးတဲ့တစ်နေ့တော့
ပြန်ဖွင့်နိုင်အောင် ကြိုးစားရပါဦးမယ်...
ခုတော့ဘေးလွတ်ရာ စစ်ရှောင်နေနေရင်း
အားတင်းထားပါတယ်...
ဆိုင်စဖွင့်ပါပြီဆိုကတည်းက
အားပေးကြတဲ့
တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုလဲ
တကယ်ကျေးဇူးအများကြီးတင်ပါတယ်...
မြို့လေးအမှန်တကယ် အေးချမ်းတဲ့အခါ
အကောင်းဆုံးဝန်ဆောင်မှု့တွေနဲ့
ပြန်လာခဲ့ပါ့မည်💛💛💛
#စစ်ကြီးလဲအမြန်ပီးပါစေ
#လူတိုင်းကြုံနေရတဲ့သောကတွေလဲဝေးပါစေ🙏