20/05/2026
ဒီနေ့ (မေလ ၂၀ ရက်) က တရုတ်နိုင်ငံမှာ လူငယ်တွေအကြား အလွန်ရေပန်းစားတဲ့ "520" (Chinese Valentine's Day) ဖြစ်ပါတယ်။
ဘာလို့ 520 ကို ချစ်သူများနေ့လို့ သတ်မှတ်ကြလဲဆိုရင် တရုတ်ဘာသာစကားရဲ့ အသံထွက်ကြောင့်ပါ။
၅၂၀ ကို တရုတ်လို Wǔ'èrlíng (ဝူအာလင်) လို့ ထွက်ပြီး၊
"ငါမင်းကိုချစ်တယ်" (I love you) ဆိုတဲ့ Wǒ ài nǐ (ဝေါ်အိုက်နီ) အသံထွက်နဲ့ ဆင်တူလို့ ဖုန်းနံပါတ်တွေ၊ အင်တာနက်ကုဒ်တွေကနေတစ်ဆင့် အခုလို ချစ်သူများနေ့ ဖြစ်လာခဲ့တာပါ။
ဒါကြောင့် ဒီနေ့မှာ တရုတ်လူငယ်တွေဟာ ကိုယ်ချစ်ရတဲ့သူကို ရင်ဖွင့်တာ၊ လက်ဆောင်ပေးတာနဲ့ WeChat ကနေ 520 ယွမ် (ဒါမှမဟုတ်) 52.0 ယွမ် စတဲ့ အဓိပ္ပာယ်ရှိတဲ့ ပမာဏတွေကို မုန့်ဖိုး (Red Packet) ပေးပြီး အချစ်ကို ဖော်ပြလေ့ရှိကြပါတယ်။
ဒီလိုနေ့မှာ Chinese Valentine's Day နဲ့သတ်ဆိုင်တဲ့ vocabs လေးတွေလေ့လာကြည့်ရအောင်ဗျ။
#တရုတ်စာအုပ်
#တရုတ်စာအုပ်ဆိုင်
#တရုတ်စာလေ့လာကြမယ်