31/10/2021
လေးလေးနက်နက် တွေးခေါ်ကျသူများ
သိပ္ပံ ပညာရှင်ကြီး နယူတန် ဟာ
အပင်ပေါ်က #ပန်းသီး ပြိုတ်ကျပြီး မြေကြီး
ပေါ် ရောက်လာတာကို ကြည့်ပြီး စဥ်းစားခန်း
ဖွင့်နေပါတယ်...
ဘာဖြစ်လို့ ပန်းသီးက မြေကြီးပေါ် ကြွေကျ
ရတာလဲ???
ဒီမေးခွန်း ကို အခြားသူ ကိုမေးကြည့်ရင်.
မြေကြီးပေါ် မကြွေလို့ မိုးပေါ်ပြနိတက်ရ
မှာလား??...ဒါဟာ ဖြစ်ရိုးဖြစ်စဥ် သဘာဝ လို့
ဖြေရှင်း ချက်ပေးကျမှာပါ...တချို့လဲ ဒီလူကြီး
ဂေါက်နေပြီ လို့ မှတ်ချက် ပြုသွားနိူင်ပါတယ်။
နယူတန် က ဆက်စဥ်းစားပါတယ်...
ဒီလိုနဲ့ ရူပဗေဒ ပညာရပ်မှာ အရေးပါတဲ့
မြေဆွဲအား Gravity G ဆိုတဲ့ ကိန်းသေယူနစ်
တခု ပေါ်ထွက်လာပြီး...equations တော်တော်
များများ မှာ ပါတဲ့ Gravity ကို ဖော်ထုတ်ခဲ့ပြီး
ရူပဗေဒ ပညာရပ် ကို ကောင်းကောင်းအကျိုး
ပြုခဲ့ပါတယ်။
ဆိုလိုတာ က ဖြစ်လေ့ဖြစ်ထ သဘာဝ ပါလို့
လူအများက လက်ခံထား တဲ့အကြောင်းအရာ
အဖြစ်အပျက် တွေက တကယ်စူးစန်းလေ့လာ
သူနဲ့တွေ့တဲ့အခါ..အကြောင်းရင်း ကို ဖော်ထုတ်
နိူင်ပါတယ်။ လောကကြီး ကိုလဲ အကျိုးပြုပါ
တယ်။
လောကကြီး ကလဲ အကြောင်း ကြောင့် အကျိုး
ဖြစ်နေတာ မဟုတ်လား???
လေးလေးနက်နက် တွေးခေါ်မျှော်မြင်သူများ
ကြောင့်သာ ကျွန်တော်တို့ ကမ္ဘာကြီး ဖွံဖြိုးတိုး
တက်လာတယ် လို့ ပြောရင် လွန်မယ် မထင်..