Lady Ni Ni

Lady Ni Ni cosmetics & skin care

Admin လို နှစ်တိုင်း ဝါတွင်း၃လ ပုတီးစိပ်ချင်သူတွေဒီနှစ်လည်း ဝါတွင်း(၃)လ အဓိဌာန်ပုတီးစိပ်ချင်သူ ဗုဒ္ဓဘာသာဝင်တို့အတွက် တစ်...
25/06/2022

Admin လို နှစ်တိုင်း ဝါတွင်း၃လ ပုတီးစိပ်ချင်သူတွေ
ဒီနှစ်လည်း ဝါတွင်း(၃)လ အဓိဌာန်ပုတီးစိပ်ချင်သူ ဗုဒ္ဓဘာသာဝင်တို့အတွက် တစ်ဆင့်ကူးယူဖော်ပြပေးလိုက်ပါတယ်နော်။
🙏🙏🙏

#၂၀၂၂အတွက်ပါ
နှစ်တစ်နှစ်မှာ တစ်ကြိမ်သာ အဓိဌာန်ပြု
အားထုတ်ခွင့်ရတဲ့ ဝါတွင်း ( ၃ )လ
နဝင်းရက်ပေါင်း (၉၀)
ဂုဏ်တော်(၉)ပါးအဓိဌာန်
ပုတီးစိပ်နည်းလေးပါ ✨🙏🙏🙏✨

ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာနေ့ မှစ၍
သီတင်းကျွတ်လပြည့်နေ့)
အထိရက်ပေါင်း( ၉၀ ) တိတိ စိပ်ရပါမယ် 🙏

အချိန်လည်း တိကျစွာ စိပ်ဖို့လည်းမလိုပါဘူး
နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်နော်🙏

သက်သတ်လွတ်လည်း စားဖို့မလိုပါဘူး
စားနိုင်သူကတော့ ပိုပြီးကောင်းပါတယ်ရှင်🙏

ကျွန်မကတော့ အဓိဌာန်ဝါတွင်းကာလ အတွင်း
အပတ်စဉ် ဥပုသ်နေ့တိုင်းသက်သက်လွတ်စားပြီး ဥပုသ်သီလစောင့်တည်ပြီးစိတ်ပါမယ်🙏

📿📿📿ပုတီးစိပ်ရမယ့်နေ့ရက်များ📿📿📿

1️⃣ (၁၂.၇.၂၀၂၂) မှ (၂၀.၇.၂၀၂၂) အထိ
🙏📿

ဂုဏ်တော် ( ၉)ပါးစလုံးကိုနေ့တိုင်းတစ်ပတ်စီပါ

📿အရဟံ (၁)ပတ်
သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်
သုဂတော (၁)ပတ်
လောကဝိဒူ (၁)ပတ်
အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်
သတ္ထာဒေဝမနုဿာနံ (၁)ပတ်
ဗုဒ္ဓေါ (၁)ပတ်
ဘဂဝါ (၁)ပတ်📿

2️⃣ (၂၁.၇.၂၀၂၂ ) မှ(၂၉.၇.၂၀၂၂) အထိ🙏📿

📿အရဟံသိဒ္ဓိ (၉)ပတ်📿

3️⃣(၃၀.၇.၂၀၂၂ ) မှ (၇.၈.၂၀၂၂ ) အထိ🙏📿

📿သမ္မာသမ္ဗုဒ္ဓေါသိဒ္ဓိ (၉)ပတ်📿

4️⃣(၈.၈.၂၀၂၂ ) မှ (၁၆.၈.၂၀၂၂ )အထိ🙏📿

📿ဝိဇ္ဇာစရဏသမ္ပန္နောသိဒ္ဓိ (၉)ပတ်📿

5️⃣(၁၇.၈.၂၀၂၂ )မှ (၂၅.၈.၂၀၂၂ )အထိ🙏📿

📿သုဂတော သိဒ္ဓိ (၉)ပတ်📿

6️⃣( ၂၆.၈.၂၀၂၂ )မှ (၃.၉.၂၀၂၂ ) အထိ🙏📿

📿လောကဝိဒူ သိဒ္ဓိ (၉)ပတ်📿

7️⃣(၄.၉.၂၀၂၂ ) မှ (၁၂.၉.၂၀၂၂ ) အထိ🙏📿

📿အနုတ္တရောပုရိသဒမ္မသာရထိသိဒ္ဓိ (၉)ပတ်📿

8️⃣(၁၃.၉.၂၀၂၂ ) မှ (၂၁.၉.၂၀၂၁) အထိ🙏📿

📿သတ္ထာဒေဝမနုဿာနံသိဒ္ဓိ (၉)ပတ်📿

9️⃣ (၂၂.၉.၂၀၂၂ ) မှ (၃၀.၁၀.၂၀၂၂) အထိ🙏📿

📿ဗုဒ္ဓေါသိဒ္ဓိ (၉)ပတ်📿

🔟(၁.၁၀.၂၀၂၂ ) မှ (၉.၁၀.၂၀၂၂) အထိ🙏📿

📿ဘဂဝါသိဒ္ဓိ (၉)ပတ်📿

အဓိဌာန်အောင်ကြပြီးလိုအင်ဆန္ဒများအားလုံး
ပြည့်ဝကြပါစေရှင် 🌸🙏🙏🙏🌸


#

🙏 စိပ်ရမဲ့ရက်ရောက်ရင် ထပ်ပြီး အသိပေးပါမယ်နော် 🙏

၂၀၂၂ ရဲ့ ပထမဆုံး Cyclone ဟာ မြန်မာနိုင်ငံကိုဘဲ ကံဆိုးစွာ ရောက်လာခဲ့ပါတယ်(အောက်က Link ထဲဝင်ကြည့်ရင်မုန်တိုင်းဘယ်နားရောက်န...
21/03/2022

၂၀၂၂ ရဲ့ ပထမဆုံး Cyclone ဟာ မြန်မာနိုင်ငံကိုဘဲ ကံဆိုးစွာ ရောက်လာခဲ့ပါတယ်

(အောက်က Link ထဲဝင်ကြည့်ရင်
မုန်တိုင်းဘယ်နားရောက်နေပြီဆိုတာရယ်
တနာရီ ဘယ်လောက်နုန်းနဲ့တိုက်နေလဲဆိုတာကို
တွေ့ရမှာပါ)

မူလလမ်းကြောင်းအတိုင်းဆိုပါက မော်တင်စွန်းကနေ ဖြတ်သန်းနိုင်ပြီး လမ်းကြောင်းသွေဖယ်မည်ဆိုပါက
လပွတ္တာ ပြင်စလူဘက်ကနေ ရွေ့လျားနိုင်ပါတယ်

ဘယ်လိုဘဲဖြစ်ဖြစ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ မုန်တိုင်းဖြတ်သန်းမယ့် လမ်းကြောင်းပေါ်မှာ ရောက်နေခဲ့ပါပြီ။

မုန်တိုင်းအခြေအနေကို တိုက်ရိုက်ကြည့်ရှုလို့ရနိုင်မယ့် Link ဖြစ်ပါတယ်

2008 ခုနှစ် Nargisရဲ့ အတွေ့အကြုံအရ ကျနော်တို့ ပြည်သူတွေ အထူးသဖြင့် ဧရာဝတီကပြည်သူတွေ လက်တွေ့ခံစားပြီးပြီမလို့ အကောင်းဆုံးကျော်ဖြတ်နိုင်မှာပါ

အရင်တစ်ကြိမ် အထိနာတာဟာ self-awareness မရှိလို့ ပေးဆပ်ခဲ့ရတာဖြစ်ပါတယ် ။ Natural Disaster Prevention Plan တွေဟာ ၁၄ နှစ်ကြာခဲ့ပြီမလို့ Cyclone Shelter တွေဟာ အဆင်ပြေမှပြေပါလိမ့်မယ်။
တစ်ကြိမ် ကြုံဖူးထားလို့ အရမ်းစိတ်ပူ စိုးရိမ်နေကြမယ်ဆိုပင်မယ့် အတွေ့အကြုံကဘဲ ဒီတစ်ကြိမ်ဘေးကင်းမယ့် သင်ခန်းစာဖြစ်သွားမှာပါ

မိသားစုတွေကွဲသွားခဲ့လျှင် ပြန်ဆုံမယ့် စုရပ်
သတ်မှတ်ထားပါ (ဒါအရေးအကြီးဆုံးပါဘဲ)
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းသင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများမှာ ပါဝင်ကူညီခဲ့စဉ်က မိသားစုကွဲသွားပြီး အခုအထိ သေလားရှင်လားမသိရတဲ့ ရင့်နင့်ဖွယ် အဖြစ်အပျက်မျိုးတွေ မကြုံစေချင်တော့ပါ

မုန်တိုင်း Windy လမ်းကြောင်းကို အဆက်မပြတ် ကြည့်ရှုနေပါ ဒီကနေ့ည (ဦးပိုင်း) အထိ ကျနော်တို့မှာ
ပြင်ဆင်ချိန်တွေ ရွှေ့ပြောင်းချိန်တွေ
အများကြီးကျန်ပါသေးတယ်

စိတ်အေးအေးထားပြီး ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပါ ပြန်လည်ထူထောင်ရေးအတွက် အားလုံးကရှိနေမှာပါ

Cyclone ကိုသာ ဘေးကင်းစွာ ကျော်ဖြတ်ပေးခဲ့ကြပါ

🆘မိမိတို့ ခတ္တခိုလှုံရာ နေရာနှင့် အနီးဆုံးရှိမည့် ပေ၂၀ အထက် ကုန်းမြင့်တစ်ခုအား ရှာဖွေထားပါ
🆘အဆိုပါကုန်းသို့ သွားရန် အတိုဆုံးလမ်းကြောင်းအား
ရှာဖွေထားပါ
🆘ဘေးအန္တရာယ်ဖြစ်ပွါးပါက အဆိုပါကုန်းမြေသို့သာပြေးပါ၊ (အများပြေးသော နေရာအနိမ့်များအား လိုက်ပါမပြေးရ)

*ဂျပန်နိုင်ငံ ဆူနာမီ ဖြစ်ပွါးစဉ်က ကမာအိရှိ ဒေသမှာ ကြိုတင်ပြေးရန် နေရာသတ်မှတ်ထားသော်လည်း အမှန်တကယ်ဖြစ်ပွါးချိန်တွင် မြေနိမ့်ပိုင်းရှိ အဆောက်အဦးအလွတ်ထဲသို့ ရောယောင် ပြေးမိသဖြင့် လူအစုလိုက် အသက် ဆုံးရှုံးခြင်းမျိူး ဖြစ်ပွါးခဲ့ဖူးသည်*

🆘မိသားစုများ ကွဲပြားခဲ့ပါက ပြန်ဆုံရန် ဆုံမှတ်တစ်ခု ကြိုတင်သတ်မှတ်ပါ
🆘ရေပေါ်တွင် ပေါလာပေါနိုင်မည့် ကော်ပုံးကဲ့သို့ ပစ္စည်းများအားရှာဖွေပါ
🆘ဖုန်းနဲ့အရေးကြီးစာရွက်များအား ရေလုံအိတ်ထဲသို့ ထည့်ကာ လည်ပင်း၌ဆွဲထားပါ

အားလုံးပို့သတဲ့မေတ္တာများနဲ့ ဧရာဝတီမြေ
ဘေးကင်းပါစေ🙏

We all with you, Ayeyarwady

https://earth.nullschool.net/ /wind/surface/level/orthographic=-263.69,12.06,911

https://www.windy.com/?12.125,94.867,6,m:d5GaiNk

ရေးသားမျှဝေပေးတဲ့ "ကိုဝေယံမိုး" ကို အထူး Credit ပေးပါတယ်။


📌Skincare တွေကို ရေခဲသေတ္တာထဲထည့်သိမ်းဖို့လိုရဲ့လား??ခင်လေးတို့တော်တော်များများက luxury ဆန်ဆန် skincare အေးအေးလေးတွေသုံး...
15/03/2022

📌Skincare တွေကို ရေခဲသေတ္တာထဲထည့်သိမ်းဖို့လိုရဲ့လား??

ခင်လေးတို့တော်တော်များများက luxury ဆန်ဆန် skincare အေးအေးလေးတွေသုံးရတာကို သဘောကျကြတယ် ပိုပြီးfresh ဖြစ်တယ် soothing effect ကိုခံစားရတယ် မြန်မြန်စိမ့်ဝင်လွယ်တယ် အမျိုးမျိုးပေါ့ ဒါကြောင့်လဲ skincare ထည့်ဖို့ mini fridge လေးတွေက လူကြိုက်များခဲ့ကြသေးတယ် တော်တော်များများ လိုချင်ခဲ့ကြဖူးတယ်မို့လား
ဒါပေမဲ့ skincare တွေကို ရေခဲသေတ္တာထဲတကယ်ပဲထည့်သင့်လား? Chill skincare တွေက တကယ်ကော effective ဖြစ်စေလား?

အမှန်ပြောရရင် အေးနေတဲ့အတွက် effective ပိုဖြစ်တယ်ဆိုတာမဟုတ်သလို skincareတော်တော်များများကို ရေခဲသေတ္တာထဲထည့်ထားဖို့လဲ မလိုအပ်ပါဘူး❌

skincare အများစုက room temperature နဲ့တိုင်းပြီး သဟဇာတဖြစ်နေအောင်လုပ်ထားပြီးသားပဲ
Company တွေကလဲ Launch မလုပ်ခင်ကတည်းက ဘယ်အခြေအနေတွေမှာ stable ဖြစ်သလဲဆိုတာ သေချာစမ်းသပ်ထားပြီးသားပါ
ဥပမာ-klarisရဲ့ VC drop ဆိုရင် formula stable မဖြစ်တာမို့ သူ့ရဲ့ရောင်ပြန်ဗူးလေးနဲ့သိမ်းဖို့ ရေခဲသေတ္တာထဲထည့်သိမ်းဖို့ suggestion တခါထဲပေးထားသလိုမျိုးပေါ့
ဒါကြောင့် ထပ်ကွန့်ပြီး ကိုယ့်သဘောနဲ့ကိုယ်အကုန်လျှောက်ထည့်ဖို့မလိုပါဘူး❗️

ဒါပေမဲ့ heat,UV light,..တွေကြောင့် break down ဖြစ်သွားနိုင်တဲ့ ingredients (eg,vitamin C,retinol/benzoyl peroxide,…)& Organic products တွေကိုတော့ mini fridge ထဲသိမ်းဆည်းထားလို့ရနိုင်ပါတယ် ဒီလိုသိမ်းတာကလဲ အာနိသင်ပိုကောင်းဖို့မဟုတ်ပဲ သက်တမ်းကိုနည်းနည်းဆွဲဆန့်ထားရုံလောက်ပါပဲ မြင်သာပြောရရင် 3လသက်တမ်းရှိတဲ့ retinolကို fridge ထဲထည့်ထားလိုက်တဲ့အခါ 4လလောက်ထိသုံးလို့ရသွားတာမျိုးပေါ့

နောက်ပြီးရေခဲသေတ္တာထဲထည့်ရင် ခဲသွားတတ်တာမို့လုံးဝထည့်မသုံးသင့်တဲ့ skincare တွေကတော့
-cleanser/cleansing oil(or)balm
-Moisturizer (thick cream)
-face oil
-clay mask/mud mask
-serum (depend formula)
-Sun cream/sun screen,…တွေပါပဲ
ခဲသွားပြီးအရည်ပြန်ပျော်လာတဲ့အချိန်ကျ ကြာဇံဟင်းထဲရေရောလိုက်လို့ ဘာအရသာမှမရှိသလိုမျိုး
ဘာအာနိသင်မှ ကျန်နေမှာမဟုတ်တော့ပါဘူး🥲

မဟုတ်ဘူး ဒို့ကတော့ ထည့်ကိုထည့်လိုက်ရမှ အေးအေးလေးမှကြိုက်တယ်ဆိုရင် ဒါတွေကိုထည့်ပါ
-sheet mask
-eye cream/eye serum
-hydration toner
-essence(depend formula)
-facial mist
-facial tools (jade roller,other crystals,…)
အဲလိုထည့်သိမ်းတဲ့အခါကျရင်လဲ temperature 40-60F လောက်ပဲထားတာက အကောင်းဆုံးမို့ regular refrigerator (RR)ကြီးတွေထက် skincare သီးသန့် mini fridgeလေးတွေက ပိုပြီးအဆင်ပြေမှာပါ
တကယ်လို့ RRနဲ့ သုံးမယ်ဆိုရင်လဲ မလိမ်းခင် ၅မိနစ်လောက်ထည့်ထားပေးရင်ကိုလုံလောက်ပါပြီ❗️

Whatever,တချိန်လုံးအပြည့်ထည့်ထားစရာမလိုပါဘာလို့လဲဆို ဒါမီယမ်မာပါ မီးခဏခဏပျက်ပါတယ် ၆နာရီလောက်ခဲထားပြီး နောက်၆နာရီလောက်ပြန်ပူသွားတဲ့အခါ ရေရောလေးတွေပဲလိမ်းရတော့မှာပါ😛

ခင်လေးစိတ်အတိုင်းပြောရရင် မဖြစ်မနေထည့်သိမ်းသင့်တာရယ်/sheet maskနဲ့ tools တွေကလွဲလို့ ဘယ်skincare မှ ရေခဲသေတ္ထာထဲမထည့်ပါဘူး
အေးတာကိုသဘောကျပေမဲ့ ခဏပြောတဲ့အတိုင်း ရေရောဖြစ်သွားမှာဆိုးတာရယ် ဘာeffective မှ ပိုမရပဲထည့်ရမှာအလုပ်ရှုပ်တာကြောင့်ပါ
အဲ့အစား ရေသန့်ခဲကို မျက်နှာကိုပွတ်ပေးတာက ပိုကောင်းပါသေးတယ် ချွေးပေါက်လဲကျဉ်းတယ်/ရောင်ရမ်းနေတဲ့ဝက်ခြံအတွက် calming လဲဖြစ်တယ်

ထပ်ပြောရရင်တော့ skincare တွေအကုန်လုံးကို ရေခဲသေတ္တာထဲထည့်ဖို့မလိုအပ်ဘူး အနိသင်ပိုကောင်းလာတယ်ဆိုတာလဲမဟုတ်ပါဘူး…🙅‍♀️
ဘယ်နေရာမှာသိမ်းသင့်လဲဆို နေရောင်လဲတိုက်ရိုတ်မရောက်တဲ့ ပုံမှန်room temperature အောက်မှာ ထားရင်ကို လုံလောက်ပါပြီ….💕
ရေပူနဲ့သုံးတတ်တဲ့သူဆိုရင်လဲ ရေချိုးခန်းထဲထည့်မထားသင့်ပါဘူးနော်…💕

Reference:

https://kravebeauty.com/blogs/news/should-i-refrigerate-my-skincare

https://fashionista.com/2019/07/skin-care-mini-fridge-uses

https://www.facetory.com/blogs/curations/what-to-not-put-in-your-skincare-fridge

https://agirlandherchickennamedbetty.com/is-a-skincare-fridge-worth-it/

ကဲ….ကိုယ့်စကင်းကဲလေးတွေကို သေသေချာချာသိမ်းနိုင်ကြပါစေရှင်🌚❤️

Best wishes to be prettier…..🌸💌

?

တွဲဖက်မသုံးသင့်သော 𝙨𝙠𝙞𝙣𝙘𝙖𝙧𝙚 ပါဝင်ပစ္စည်းများ၁။ 𝙑𝙞𝙩𝙖𝙢𝙞𝙣 𝘾 + 𝘼𝙃𝘼/𝘽𝘼𝙃Vitamin C က အက်စစ်ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သလို AHA/BAH(...
25/11/2021

တွဲဖက်မသုံးသင့်သော 𝙨𝙠𝙞𝙣𝙘𝙖𝙧𝙚 ပါဝင်ပစ္စည်းများ

၁။ 𝙑𝙞𝙩𝙖𝙢𝙞𝙣 𝘾 + 𝘼𝙃𝘼/𝘽𝘼𝙃

Vitamin C က အက်စစ်ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သလို AHA/BAH(glycolic, salicylic,lactic acid..စသည်) ကလည်း အက်စစ်ပစ္စည်းတွေဖြစ်တဲ့အတွက် ...အတူတူသုံးမိတဲ့အခါ ကိုယ်ရဲ့ပင်ကိုယ်ပသားအရေ က PH levelတွေကို မတည်မငြိမ်ဖြစ်စေတဲ့အတွက်အချိန်ကြာလာတဲ့အခါ break out တွေအသားအရေပါးလာတာတွေနဲ့...skinခြောက်သွေ့တာတွေဖြစ်စေနိုင်တဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်

[ မှတ်ချက်
တစ်မျိုးစီ သုံးမယ်ဆိုရင် တော့

Vitamin C က အေရကြောင်းတွေကိုသက်သာစေတယ် အသားအေရကို ကြည်လင်စေတယ် အမဲစက်နဲ့ ဝက်ခြံသက်သာစေတဲ့ အာနိသင်တွေရှိပါတယ်

AHA/BHA တွေကတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်ပိတ်စို့ခြင်းကို သက်သာစေပြီး အသားအေရကို ကြည်လင်သန့်ရှင်းစေတဲ့ အာနိသင်တွေရှိပြီး ဆဲလ်သေ ဖြစ်ပျက်နှုန်းကို မြန်စေတဲ့အတွက် အရေပြားနုပျိုစေတဲ့ peeling acid တွေဘဲဖြစ်ပါတယ် ]

၂။ 𝙍𝙚𝙩𝙞𝙣𝙤𝙡+ 𝘼𝙃𝘼/𝘽𝙃𝘼

Retinol က AHAနဲ့ BHAလို ဆဲလ်သေဖယ်ရှားပေးတဲ့ပစ္စည်းမဟုတ်ပေမဲ့ အရေပြားအတွင်းပိုင်းက ဆဲလ်သေ တွေကို အပေါ်ယံအရေပြားကို တွန်းတင်ကွာကျ စေပြီးဆဲလ်သစ်တွေ ဖြစ်ပေါ်စေဖို့ကူညီပေးတဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

Retinol နဲ့ AHA/ BHAလို acidတွေနဲ့ တြဲသုံးမိတဲ့အခါ အရေပြားအလွန်အမင်းခြောက်သွေ့စေပြီး အသားအရေရဲ့သဘာဝအစိုဓာတ်ကိုပျက်စီးစေလို့ တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်....

၃။ 𝙍𝙚𝙩𝙞𝙣𝙤𝙡 + 𝙑𝙞𝙩𝙖𝙢𝙞𝙣 𝘾

Retinol နဲ့ Vitamin C ကို တွဲသုံးမိရင် အသားအရေနီမြန်းတာ ခြောက်သွေ့တာနဲ့ အရေပြားအဖတ်လန်တာတွေ ဖြစ်စေနိုင်တဲ့အပြင် အသားအေရက နေရောင်ခြည်ရဲ့ UV Rays တွေကို အထိမခံနိုင် ဖြစ်စေတဲ့အတွက် ကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်စေနိုင်လို့ တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်..

[မှတ်ချက်
ဝက်ခြံနဲ့အရေးကြောင်းသမားတွေအတွက်ကတော့
Vitamin C ကို မနက်ပိုင်းသုံးပြီး..ညဘက် တရက်ခြား Retinol သုံးမယ်ဆိုရင်တော့ အသားအရေအတွက် ကောင်းမွန်တဲ့ ရလဒ္ကို ရနိုင်ပါတယ်]

၄။ 𝙊𝙞𝙡 𝙗𝙖𝙨𝙚𝙙 + 𝙒𝙖𝙩𝙚𝙧 𝙗𝙖𝙨𝙚𝙙 𝙥𝙧𝙤𝙙𝙪𝙘𝙩𝙨

Oil based နဲ့ water based productsတွေကတော့
တြဲသုံးလို့ လုံးဝအဆင်မပြေနိုင်ဘူးနော်..စဉ်းစားကြည့်လေ ရေနဲ့ဆီ ရောလို့မှ မရတာ..oil based product တွေက water based product တွေရဲ့ အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်မှုကို ဟန့်တားထားတဲ့အတွက် ဘာအကျိုးရလဒ်မှ ထူးလာစေမှာ မဟုတ်ပါဘူး..

၅။ 𝙂𝙡𝙮𝙘𝙤𝙡𝙞𝙘 𝘼𝙘𝙞𝙙 + 𝙎𝙖𝙡𝙞𝙘𝙮𝙡𝙞𝙘 𝘼𝙘𝙞𝙙

နှစ်မျိုးလုံးက ဆဲလ်သေဖယ်ရှားဖို့ သုံးတဲ့ ပစ္စည်းတွေဖြစ်နေတဲ့ အတွက် တွဲသုံးမိရင် အရေပြားနီမြန်းခြင်းနဲ့ခြောက်သွေ့ခြင်းတွေအပြင် ဓာတ်မတည့်မှုကိုပါဖြစ်စေနိုင်တဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်

၆။ 𝙉𝙞𝙖𝙘𝙞𝙣𝙖𝙢𝙞𝙙𝙚 + 𝙑𝙞𝙩𝙖𝙢𝙞𝙣 C

Niacinamide နဲ့ Vitamin C က အမဲစက်ထွက်တတ်တဲ့အသားအရေနဲ့ အမာရွတ်တွေကုသဖို့ အတွက် အကောင်းဆုံး ပစ္စည်းတွေ ဆိုပေမဲ့ တွဲသုံးမိရင် Niacinamide က vitamin C ကိုဓာတ်ပြယ်စေပြီး ရလဒ်အနေနဲ့ အသားအရေနီးမြန်းတာတွေနဲ့ ဝက်ခြံတွေကို ဆိုးဆိုးဝါးဝါး ဖြစ်စေတဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်..

ပျိုမေတို့အနေနဲ့ skincareသုံးတာဟာ အသားအေရ နုပျိုလှပစေဖို့ဘဲ ဖြစ်သင့်ပါတယ်..ဒါပေမဲ့ တွဲဖက်မသုံးသင့်တဲ့ skincare ingredientsတွေကို သိထားမွသာ ငွေကုန် လူပမ်း မဖြစ်စေမှာ မဟုတ်ပါလား..ရှင်....

ပျိုမေတိုင်း skincare လေးတွေကို မှန်မှန်ကန်ကန်သုံးတတ်စေဖို့ ဆန္ဒပြုရင်း....လှပနိုင်ကြပါစေရှင်..

 #အကြည်ဓာတ်(Positive Energy)အကြည်ဓာတ် (Positive Energy) ရှိတဲ့သူတွေကလေ သူတို့ ဘာလုပ်လုပ် တင့်တယ်ပြီးကို ချစ်စရာကောင်းနေတ...
13/11/2021

#အကြည်ဓာတ်(Positive Energy)

အကြည်ဓာတ် (Positive Energy) ရှိတဲ့သူတွေကလေ သူတို့ ဘာလုပ်လုပ် တင့်တယ်ပြီးကို ချစ်စရာကောင်းနေတော့တာပါ။ ရုပ်ချောတာ၊ မချောတာ၊
ငွေကြေး ချမ်းသာတာ၊ ဆင်းရဲတာနဲ့ မဆိုင်ဘူးနော်။ အကြည်ဓာတ်ဆိုတာလေ သူနဲ့ကိုယ်နဲ့ သိသိ မသိသိ မျက်နှာလေးမြင်လိုက်ရရင်ကို အေးချမ်းပြီး စိတ်ချမ်းသာနေရတာမျိုး၊ သူ့ရဲ့ စကားပြောပုံ၊ အပြုအမူတွေအကုန်လုံးက အပြစ်မြင်စရာမရှိဘဲ ကြည့်ကောင်းနေတာ။ သူဘာပဲပြောပြော နှစ်သက်စရာကောင်းတယ်၊ သူဘာပဲလုပ်လုပ် ချစ်စရာကောင်းနေတယ်ဆိုတာမျိုးပေါ့။ ဒါဟာ အကြည်ဓာတ်ရှိတဲ့ လူတစ်ယောက်ဆီက ကိုယ့်ကို ကူးစက်စေလာတဲ့ Positive energy တွေပါပဲ။

✨ အကြည်ဓာတ်ရှိတဲ့သူနဲ့ မရှိတဲ့လူဟာ ကျွန်မတို့ပတ်၀န်းကျင်မှာ သိပ်ကိုသိသာပါတယ်။ လူတစ်ယောက်ကို ကျွန်မတို့ မြင်တောင်မမြင်ချင်ဘူးလို့ တွေးမိတဲ့အခိုက်အတန့်တွေပေါ့။ မျက်နှာကြီးက သုန်မှုန်ပြီး ဆူပုပ်လို့၊ ပြောသမျှစကားတိုင်းကလည်း သူများတကာကို အပြစ်တင်တဲ့စကားတွေ၊ ​ေ၀ဖန်ရံှု့ချတဲ့စကားတွေနဲ့ တစ်ချိန်လုံး သူတို့ပြဿာနာတွေကို ညည်းညူပြနေတ​ဲ့သူတွေကို မြင်ဖူးမှာပေါ့။ သူတို့နဲ့ တွေ့ဆုံစကားပြောရတဲ့အခါ ကိုယ်ပါသူတို့ရဲ့ ဘ၀ကိုပြစ်တင်ညည်းညူမှုတွေကြားမှာ စိတ်ပင်ပန်းလာရတယ်၊ စိတ်ကြည်လင်မှုမရှိတော့ဘူး။ ကိုယ့်ရဲ့ energyတွေဆုတ်ယုတ်လာသလိုခံစားလာရတယ်လေ။ ဒါဟာ negative energy တွေကူးစက်ခံလိုက်ရခြင်းဖြစ်ပါတယ်။

✨ အကြည်ဓာတ် (Positive energy) ဆိုတာ လူတိုင်းမှာမရှိဘူး။ လူတစ်ချို့မှာက နဂိုတည်းကကို အကြည်ဓာတ်ခံလေးနဲ့ ပါလာကြပြီးသားပေါ့။
ကိုယ့်မှာတော့အကြည်ဓာတ်မရှိလို့ဆိုပြီး စိတ်ပျက်နေစရာလည်းမလိုပါဘူး။ အကြည်ဓာတ်ရအောင် ကျွန်မတို့လေ့ကျင့်ကြိုးစားကြည့်လို့ရနိုင်ပါတယ်။ ဒါဆို
ဒီနေ့ကစပြီး ကျွန်မတို့နဲ့အတူတူ လေ့ကျင့်ကြည့်ရအောင် 🙌

✨🌼 မိမိကိုယ်မိမိ Postive Self-Talk တွေများများပြောပါ။

ပထမဦးဆုံး Affirmationလို့ခေါ်တဲ့ အခိုင်အမာပြောဆိုချက်တွေနဲ့စတင်ပါ။ မိမိကိုယ်မိမိ မှန်ရှေ့မှာရပ်ပြီး ကိုယ့်ကိုယ်ကိုယ် အားပေးနှစ်သိမ့်တဲ့စကားတွေ၊ ဂုဏ်ပြုချီးကျူးတဲ့စကားတွေ ပြောပါ။ ဒီလိုပြောခြင်းက မိမိကိုယ်မိမိ အကောင်းမြင်စိတ်ဖြစ်စေသလို ယုံကြည်မှုကိုလည်းရှိစေပါတယ်။

✨🌼 အတွေးတွေကို သတိထားပါ။

ပါးစပ်ကတော့ ကောင်းတဲ့စကားတွေကိုပြောနေပြီး
အတွေးတွေကတော့ မကောင်းတာတွေ တွေးနေမယ်ဆိုရင် အလုပ်မဖြစ်ပါဘူး။ မကောင်းတဲ့အတွေးတွေကို သတိပြုပါ။ မကောင်းတာတွေတွေးမိတော့မယ်ကြံတိုင်း ကောင်းတဲ့အရာလေးတွေကို ပြန်ပြောင်းတွေးပါ။ မကောင်းတာ တစ်ခုတွေးမိတိုင်း ကောင်းတဲ့အတွေး ၂ခုပိုတွေးပေးလိုက်ပါ။

✨🌼 အတင်းပြောခြင်းကိုရှောင်ပါ။

သူများအကြောင်းကို အမြဲပြောနေတဲ့သူတွေဟာ သူတို့ကိုယ်တိုင်က မပြည့်၀တဲ့ သူတွေပါ။ သူများအကြောင်း၊ သူများအတင်းကိုအမြဲပြောနေရင် ကိုယ့်ရဲ့စိတ်စွမ်းအင်ဟာ ယုတ်လျော့လာမယ်၊ ခံတွင်းအနံ့နံမယ်၊ မျက်နှာမှာလည်း အပူသည်တစ်ယောက်လို ပူလောင်နေရပါလိမ့်မယ်။ ဒါကြောင့် သူများအတင်းပြောတတ်တဲ့အကျင့်လေးကို ပြင်ဆင်နိုင်အောင်ကြိုးစားပါ။

✨🌼မညည်းညူပါနဲ့။

အမြဲတစေ ဘ၀ကို ညည်းညူနေမယ်၊ ကိုယ့်ရဲ့ ပြဿနာတွေ၊ အဆင်မပြေမှုတွေကို ထိုင်ညည်းညူနေမယ်ဆိုရင် ဘယ်လိုမှ အကြည်ဓာတ်ကရှိလာမှာမဟုတ်ပါဘူး။ ပြဿနာတွေကို ညည်းညူပြနေမယ့်အစား ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ solutionကိုရှာပါ။

✨🌼 Toxic ဆန်တဲ့ဆက်ဆံရေးတွေနဲ့ အဆက်သွယ်ဖြတ်ပါ။

Jim Rohn​ ရဲ့ The Law of Average ဆိုတဲ့ သီအိုရီလေးတစ်ရှိပါတယ်။ "You are the average of the five people you spend the most time with" တဲ့။ ဆိုလိုတာက ကိုယ်နဲ့အနီးဆုံးပတ်၀န်းကျင်မှာရှိတဲ့ လူငါးယောက်ရဲ့ ပျမ်းမှျအရည်အချင်းဟာ ကိုယ့်ရဲ့ အရည်အချင်းပါပဲ။ ကိုယ်ပေါင်းသင်းဆက်ဆံနေရတဲ့ လူတွေဟာဘယ်လိုလူတွေလဲ။ အကောင်းမြင်စိတ်ရှိတဲ့သူလား၊ အဆိုးမြင်တတ်၊ မနာလိုတတ်၊ အပြစ်တင်​ေ၀ဖန်ပြောဆိုတတ်တဲ့ လူတွေလား။
အကောင်းမြင်စိတ်ရှိတဲ့လူတွေနဲ့ပေါင်းရင် ကိုယ်လည်း အကောင်းမြင်တတ်လာမှာပါ။ ဒီလိုပဲ အရာရာကို အဆိုးမြင်နေတဲ့သူတွေနဲ့ပေါင်းရင် ကိုယ့်ဆီကိုလည်း negative energy တွေကူးစက်လာစေမှာပါပဲ။

✨🌼 Gratitude နဲ့ နေထိုင်ပါ။

ကျေးဇူးတင်စိတ်ဆိုတဲ့အရာလေးဟာ သိပ်ကို သိမ်မွေ့ပြီး လေးနက်စေပါတယ်။ ကျွန်မတို့ရဲ့ဘ၀ကို ပိုပြီးကျေနပ်စေတယ်၊ ရောင့်ရဲတင်းတိမ်စေတယ်၊ အတွေးတွေအမြင်တွေကို ပြောင်းလဲစေပါတယ်။ နေ့တိုင်းနေ့တိုင်းကို ကျေးဇူးတင်စိတ်လေးနဲ့နေထိုင်သွားပါ။ ကိုယ်ဒီနေ့ ဘာအတွက်ကျေးဇူးတင်သလဲ။ တစ်နေ့တာရှင်သန်ခွင့်ရတဲ့အတွက် ကျေးဇူးတင်တယ်၊ မိုးမရွာလို့ ကျေးဇူးတင်တယ်၊ အဆင်မပြေတာလေး ပြေသွားလို့ ကျေးဇူးတင်တယ်၊ စားစရာလုံလောက်တဲ့အတွက် ကျေးဇူးတင်တယ် စသဖြင့်ပေါ့ ဘယ်လိုအနေအထားမှာမဆို ကောင်းတဲ့ဘက်ကိုမြင်အောင်တွေးပြီး ကျေးဇူးတင်ကြည့်ပါ။

✨🌼 နာကျင်စေခဲ့သမျှကို လွှတ်ချခဲ့ပါ။

လူတစ်ယောက်ဟာ Positive energy ရဖို့ လုပ်ကိုလုပ်ရမယ့်အရာတစ်ခုရှိပါတယ်။ ခွင့်လွှတ်တတ်ဖို့နဲ့ လွှတ်ချခဲ့ဖို့ပါ။ မုန်းတီးစိတ်နာနေတဲ့လူတွေ၊ နာကျင်ခဲ့ရတဲ့ အတိတ်က အဖြစ်အပျက်တွေကို အပြီးတိုင် ငြိမ်းအေးခွင့်လွှတ်လိုက်ပါ။ လွှတ်ချခဲ့ရမယ့်အရာတွေကို လွှတ်ချခဲ့လိုက်ပါတော့။ အမုန်းတွေ၊ အာဃာတတွေ၊ နာကျင်မှုတွေ၊ ဒေါသတွေဆိုတာ သိမ်းထားသ၍ ပူလောင်နေရမှာပါ။ ဒါကြောင့် ဒီနေ့ကစပြီး လွှတ်ချခဲ့လိုက်ပါတော့။

✨🌼 များများ ပြုံးရယ်ပါ။

ပြုံးရယ်တယ်ဆိုတာ အကောင်းဆုံးဆေးတစ်ခွက်ပါ။ ပြုံးရယ်ပြတာက ပိုက်ဆံလည်းမကုန်သလို၊ ပင်ပန်းတဲ့အရာတစ်ခုလည်းမဟုတ်ပါဘူး။ ပြုံးရယ်ပါ။ မှန်ထဲကြည့်ပြီး မိမိကိုယ်မိမိလည်း ပြုံးပြပါ။ တခြားသူတွေကိုလည်း ပြုံးပြပါ။ ပြုံးရယ်ပြခြင်းက
ပျော်ရွှငိမှုတွေ၊ နွေးထွေးမှုတွေကို အမြန်ဆုံးကူးစက်စေနိုင်တဲ့ အရာပါပဲ။

✨🌼 ကြင်နာတတ်ပါစေ။

လူသိရှင်ကြား အလှူအတန်းတွေ ပရဟိတတွေလုပ်ပြနေမှ မဟုတ်ပါဘူး။ သနားကြင်နာတတ်မှုဟာ လူသိရှင်ကြားဖြစ်စရာမလိုပါဘူး။ ခွေးလေးတစ်ကောင် မြောင်းထဲပြုတ်ကျနေလို့ ကူထုတ်ပေးတာ၊ လမ်းသွားရင် အဘိုးတွေအဘွားတွေကို ကူညီတာ၊ စျေး၀ယ်ပြီးတိုင်း ကျေးဇူးတင်စကားပြောတာ၊ မိုးတွေသိပ်ရွာတဲ့နေ့မှာ စံပယ်ပန်းလေးမြန်မြန်ကုန်သွားအောင် အားပေးလိုက်တာ ဒီလိုဘာမဟုတ်တဲ့ အသေးအဖွဲ့ကိစ္စလေးတွေမှာကအစ မေတ္တာစိတ်၊ ကြင်နာစိတ်ထားရှိပါ။

✨🌼 မိမိကိုယ်ကိုယ် ဂရုစိုက်ပါ။

မိမိကိုယ်ကိုယ် ချစ်ခင်တတ်၊ လေးစားတတ်၊ ဂရုစိုက်တတ်တဲ့လူတစ်ယောက်ဟာ ဘယ်အချိန်ကြည့်ကြည့် လန်းဆန်းလှပနေတာပါပဲ။ အသားအရေနဲ့ကျန်းမာရေးကို ဂရုစိုက်တာ၊ စိတ်ခံစားချက်တွေကို အချိန်ပေးပြီး ဂရုစိုက်ခြင်းဟာ positive energy တွေရရှိစေတဲ့ ရင်းမြစ်တစ်ခုဆိုလည်းမမှားပါဘူး။ Skin care လုပ်တာ၊ self-care လုပ်တာ၊ mental break ယူတာ၊ ရေများများသောက်တာ၊ ကောင်းကောင်းမွန်မွန်စားပြီး ကောင်းကောင်းမွန်မွန်အိပ်တာမျိုးတွေကို အချိန်တစ်ခုသီးသန့်ပေးပြီး လုပ်ဖို့ အမြဲသတိရပါ။

✨🌼 လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပါ။

ချွေးထွက်အောင်လေ့ကျင့်ခန်းလုပ်ပေးခြင်းက ကျွန်မတို့ကို ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ကျန်းမာစေပါတယ်။ ပုံမှန်အားဖြင့် ချွေးထွက်အောင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်လိုက်ရင် စိတ်ဖိစီးမှုတွေဟာ ပျောက်သွားတတ်ပါတယ်။ ချွေးထွက်တော့ အသားအရေလေးလည်းကြည်တယ်၊ စိတ်လေးလည်းကြည်လင်စေတာပေါ့။

✨✨ အခုပြောသွားတဲ့ နည်းလမ်းလေးတွေကို ကြိုးစားကြည့်ဖို့ ဒီနေ့ကစပြီး မိမိကိုယ်မိမိ challenge လုပ်ကြည့်ပါ။ ဒီနည်းလေးတွေအတိုင်း စိတ်ရှည်ရှည်နဲ့ ကြိုးစားကြည့်ရင် သင်လည်း အကြည်ဓာတ်ကလေးနဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။

🌼 အကြည်ဓာတ်ရှိတယ်ဆိုတာ ရုပ်လှတာ၊ ရုပ်ဆိုးတာနဲ့မဆိုင်ဘူးနော်။ ရုပ်ဘယ်လောက်ချောချော အကြည်ဓာတ်ဆိုတာ ရှိချင်မှရှိတာ။ အဓိကက အကြည်ဓာတ်ဆိုတာ ကိုယ့်ရဲ့ အတွင်းစိတ်နှလုံးသားကနေ ရောင်ပြန်ဟပ်လာတဲ့ ဓာတ်တစ်မျိုးဆိုတာကို
ယုံကြည်ထားဖို့ပါပဲ…..🍀

++++++


စာသားလေးတွေ ကောင်းလို့ ပြန်လည်မျှဝေပါတယ် ရှင် 💙
ချစ်သူလေးတွေလည်း positive energy များရရှိ ပိုင်ဆိုင်ပြီး အကြည်ဓာတ်လေးတွေ အစဉ်ကိန်းအောင်းကြပါစေနော် 💙💙

ညအိပ်ရာဝင်ချိန် ခြေထောက်ရေဆေးခြင်း အကျိုးကျေးဇူးများ.......၁။ 🦶တစ်နေကုန်အောင်းနေသောအပူများ ခြေဖဝါးမှထွက်သွားနိုင်သည်။ ၂။...
06/11/2021

ညအိပ်ရာဝင်ချိန် ခြေထောက်ရေဆေးခြင်း အကျိုးကျေးဇူးများ.......

၁။ 🦶တစ်နေကုန်အောင်းနေသော
အပူများ ခြေဖဝါးမှထွက်သွားနိုင်သည်။

၂။ 😴ညအိပ်ပျော်နေချိန် ဟောက်ခြင်း
သွားရည်ကျခြင်းများ သက်သာ စေသည်။

၃။ ♥️နှလုံးသို့တက်သော လေပူတို့ကို သက်သာစေသည်။

၄။ 🦶ခြေထောက်ကို သန့်စင်စွာဆေးပြီး
အိပ်ခြင်းကြောင့် မကောင်းသော အိပ်မက်ဆိုးများမက်ခြင်းမှ သက်သာစေနိုင်သည်။

၅။ 😍ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်း
မှ သက်သာစေသည်။

၆။ 🌞 နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်းမှ သက်သာစေသည်။

၇။ 🥵 ခန္ဓာကိုယ်အပူအအေးမျှတပြီး
ဦးခေါင်းသို့ အပူတက်ခြင်းကို သက်သာစေသည်။

၈။ 🦷 အပူကြောင့် သွားကိုက်ခြင်းများမှ သက်သာစေသည်။

၉။ 👧 ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်ပြောင်ခြင်း၊ဆံပင်ဖြူခြင်းကိုသက်သာစေ၍ကျွတ်သောဆံပင်ပြန်ပေါက်စေသည်။

၁၀။ 👁 မျက်တွင်းကျခြင်း၊ မျက်ကွင်း
ညိုခြင်းမှ သက်သာစေနိုင်သည်။

၁၁။ 🛌 ညအိပ်ရာဝင်ချိန် ခြေထောက်ရေဆေးခြင်းဖြင့် ရောဂါအမျိုးမျိုးကို သက်သာစေနိုင်သည်။

Credit:

Laneige Water Sleeping Mask (ပစ္စည်း အစစ်အမှန်သာရောင်းပါသည်)ကိုရီးယားမှာသာမက မြန်မာမှာပါရောင်းအားအကောင်းဆုံး LANEIGE sle...
24/09/2021

Laneige Water Sleeping Mask
(ပစ္စည်း အစစ်အမှန်သာရောင်းပါသည်)

ကိုရီးယားမှာသာမက မြန်မာမှာပါရောင်းအားအကောင်းဆုံး LANEIGE sleeping mask လေးပါ

Price -4500(15ml)

-Sleep Tox Effect - အရေပြားကို သန့်စင်ကောင်းမွန်စေခြင်း၊ တနေကုန် ပင်ပန်းနွမ်းနယ်သမျှ မျက်နှာအရေပြားကို ပြန်လည် အားပြည့်ပြီး သန့်စင်ပေးခြင်း

-Moisturizing effect - ရေဓါတ်ပြည့်ဝစေခြင်း

-skin soothing effect - အရေပြားကို နူးညံ့ချောမွေ့စေခြင်း

-Aromatic sleepscent effect - ညအိပ်နေစဉ်အတွင်း မျက်နှာအရေပြားကို အပြည့်အဝပြန်လည်အားပြည့်လာစေခြင်း

-တနေကုန် ပင်ပန်းနွမ်းနယ်သမျှ မျက်နှာအရေပြားကို ပြန်လည် အားပြည့်ပြီး သန့်စင်ပေးပြီး အရေပြားကို သန့်စင်ကောင်းမွန်စေပါတယ်

- ရေဓါတ်ကို အထူးပြန်လည်ဖြည့်တင်းပေးပါတယ်

-အရေပြားကို နူးညံ့ချောမွေ့ပြီး အိစက်နေစေပါတယ်

-Sensitive skin, acne skin အကုန်လုံးအတွက် အဆင်ပြေတယ်..All skin types အသုံးပြုနိုင်ပါသည်

-ညအိပ်နေစဉ်အတွင်း ပျက်စီးသွားသော မျက်နှာအရေပြားကို အပြည့်အဝပြန်လည်အားပြည့်လာစေပါတယ်

-မျက်နှာအသားအရည်ကို ကြည်ပြီး တင်းသွားစေတယ်. စိုစိုအိအိလေး ဖြစ်စေတယ်

-လိမ်းလိုက်ရင် အေးအေးလေးနဲ့ အနံ့လေးကလည်း သင်းသင်းလေး တကယ်ကို relax ဖြစ်စေပါတယ်နာမည်ကြီး Descendent of The Sun Series မှ မင်းသမီးချော Song Hey Kyo (အွန်စော)ကိုယ်တိုင်အသုံးပြု သည့် ကိုရီးယားနိုင်ငံမှ နာမည်ကြီး product လေးပါရှင် 😇😇😇

ညအိပ်ရာဝင်ခါနီးမှာ Laneige water sleeping maskကို ၁ပတ်၃,၄ကြိမ် အသုံးပြုပေးရုံဖြင့် ကြည်လင်လန်းဆန်း,နူးအိနေတဲ့အသားအရည်ကို ရရှိစေပါတယ်
ညဘက်မျက်နှာသစ်ပြီး လိမ်းထားရုံပဲ.
မျက်နှာပြန်သစ်စရာ မလိုဘူးရှင်
တပတ်ကို ၃ရက် သုံးရုံနဲ့ လုံလောက်ပါတယ်
Water Sleeping Mask က ၂ ခေါက် ၃ ခေါက်သုံးလိုက်တာနဲ့ တော်တော်လေးကို သိသာပါတယ်

အသားဖြူအောင် ဘယ်လိုနေမလဲမြန်မာနိုင်ငံကမိန်းကလေးအများစုကအသားဖြူချင်ကြပါတယ်. နေထိုင်မှုတွေ မှားယွင်းနေတော့အသားအရေက ညစ်သည်ထ...
23/09/2021

အသားဖြူအောင် ဘယ်လိုနေမလဲ

မြန်မာနိုင်ငံကမိန်းကလေးအများစုကအသားဖြူချင်ကြပါတယ်.
နေထိုင်မှုတွေ မှားယွင်းနေတော့အသားအရေက ညစ်သည်ထက်ညစ်လာတယ်.
အဲ့အတွက် ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုတာလေး ပြောပေးပါမယ်ရှင်... 😻

💧ရေ များများသောက်ပါ 💧
ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရေဓာတ် မလုံလောက်တဲ့အခါ အသားအရေ က အရင်ကထက် ပိုပြီး ညစ်ထေးထေး ဖြစ်လာတတ်ပါတယ်
အဲ့အတွက် ရေအများကြီးသောက်ပါပိန်ချင်တဲ့ သူတွေကလည်း အစာမစားခက်နာရီဝက်အလိုမှာရေအဝသောက်ပြီးမှအစာစားပါပိန်လာပါမယ်

🌞နေလောင်ကာခရင် လိမ်းပါ 🌞
မြန်မာနိုင်ငံ ရဲ့ ဒေသအများစု က နေတကယ်ပူပါတယ်
အဲ့အတွက် အပြင်ထွက်တိုင်း နေလောင်ကာခရင် လိမ်းပေးပါ
ခန္ဓာကိုယ်အတွက်ရော မျက်နှာအတွက်ပါ လိမ်းပေးရမယ်နော် 😍

🚴🏻‍♀️ ချွေး ထွက်အောင်နေပါ 🚴🏻
လေ့ကျင့်ခန်း လုပ်တာ, spa သွားပြီး ချွေးထုတ်တာတို့ကို တစ်ပတ် တစ်ကြိမ်လောက် လုပ်ကြည့်ပါ ချွေး ထွက်ရင်သိသိသာသာအသားကြည်လာလိမ့်မယ် 😎

✨Scrub တွေ သုံးပါ ✨
ခန္ဓာကိုယ်အတွက် ဆိုရင် body scrub,
မျက်နှာအတွက်ဆိုရင် facial scrub တွေ ပုံမှန် သုံးပေးဖို့ လိုပါတယ်. ဒါကလည်း တစ်ပတ်ကိုတစ်ခါ သုံးရမှာမှာပါ 🤠

💆အသားရေကိုပေါင်းတင်ပါ 💆
အသားရေပေါင်းတင်ပေးခြင်းဖြင့်ခန္ဓာကိုယ်ရဲ့ကြမ်းတမ်းနေတဲ့အသားရေတွေကပြန်လည်နူးညံ့လာမှာပါ
အခုဆိုရင် Body maskတွေထုတ်လာတဲ့အတွက်အိမ်မှာမိမိကိုယ်တိုင်လဲပေါင်းတင်လို့ရပါပီ
ပေါင်းတင်တာကိုတော့တစ်ပတ်
၂ကြိမ်ကနေ၃ကြိမ်ထိလုပ်လို့ရပါတယ်🤗

🌸 Detox လုပ်ပါ 🌸
အလွယ်ကူဆုံးပြောရရင် အဆိပ်ထုတ်ပါပေါ့.
နေ့စဉ်စားသောက်နေတဲ့ အရာတိုင်းမှာ အဆိပ်အတောက်တွေ ရှိနေပါတယ်
အဲ့အတွက် detox water လေး သောက်ပေးပါ detox water = အသီးအရွက်တွေ စိမ်ထားသော ရေ (အသေးစိတ်ကို internet ပေါ်တွင်ဖတ်ရှုပါ)😝

🙏🏻 ဘုရားသွားပါ 🙏🏻
ကိုယ့်ဘာသာနှင့် ကိုယ် ကိုယ်တိုင်ယုံကြည်ကိုးကွယ်သော နေရာကို တစ်ပတ်တစ်ခါသွားပါ
စိတ်ရှင်းမှ ကျန်းမာမှာ ကျန်းမာမှ အသားအရေ ကောင်းမှာနော်🙏🏻

💋 Skincare ပုံမှန် လုပ်ပါ 💋
နေ့စဉ် မိတ်ကပ်ဖျက်ဆေးနဲ့ ဖျက်ပြီးမှ အိပ်
သေချာ အသားအရည်အတွက် တကယ်ကောင်းမယ့် ပစ္စည်းလေးတွေကို ပုံမှန် သုံးပေးပါ. အသားအရေ သိသိသာသာကြည်လာပါလိမ့်မယ်

😻Sheet mask လေးတွေ ကပ်ပေးပါ 😻
Sheet Mask လေးတွေ က ချက်ချင်းအသားကို ဖြူအောင် လုပ်ပေးနိုင်ပါတယ်
သူ့အာနိသင်က ၃ရက်လောက်ထိခံတာဖြစ်လို့ အသားခြောက်သူဆိုရင်တစ်ပတ်နှစ်ခါ
အဆီပြန်သူဆိုရင်တစ်ပတ်တစ်ခါလောက်ကပ်ပေးသင့်ပါတယ်👩🏼

ဒီအချက် (၉) ချက်ကို သေချာ လုပ်ပေးမယ်ဆိုရင် အသားအရေ သိသိသာသာ ဖြူပြီး ကြည်လာမှာပါ. 😼နေ့စဉ်အသားအရေကို ဂရုစိုက်ခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ကြပါစေရှင့် 💖

knowledgesharingwithlove

LEBELAGE Mask 🧏🏻🧏🏻‍♀️❤️1 sheet ___1000Ks ❤️Korea Brand ဖြစ် တဲ့ quality ကောင်းပြီး Good Review  တွေ တော်တော်ရနေတဲ့   she...
20/09/2021

LEBELAGE Mask 🧏🏻🧏🏻‍♀️

❤️1 sheet ___1000Ks ❤️

Korea Brand ဖြစ် တဲ့ quality ကောင်းပြီး Good Review တွေ တော်တော်ရနေတဲ့ sheet mask လေး ရောင်းပေးချင်ပါတယ် 💓

အာနိသင်တစ်ခုချင်းစီကို အောက်မှာဖတ်ပြီး လိုချင် တာလေး ရွေးလိုက်နော် 💓

💦 Aqua 💦
ရေဓာတ်ဖြည့်တင်းပေးပြီး အသားရည်ကို
တင်းရင်း ကြည်လင်စေပါတယ်။
ရေဓာတ် ဖြည့်ပေးတဲ့ mask က
အသားခြောက်တဲ့သူတွေဆောင်ထားသင့်ပါတယ်။
ဘယ်သူမဆို try သင့်ဆုံး mask ပါနော်။

💧 Hyaluronic Collagen 💧
ဒါလေးက Aqua နဲ့ effect ဆင်ပါတယ်။
သူက Hyaluronic Acid ကို အခြေခံထုတ်တဲ့
Collagen mask မို့ ပိုပြီး effective ဖြစ်ပါတယ်။
ရေဓာတ်အပြည့်အဝရရှိစေတဲ့အပြင်
dark spot တွေမှိန် ချွေးပေါက်ကျဉ်းပြီး
အသားရည်တင်းရင်း ကြည်လင်စေပါတယ်။

💯 Red Ginseng 💯
ကိုရီးယားရဲ့ သမိုင်းဝင် နာမည်ကြီးဂျင်ဆင်းက
အရွယ်တင်နုပျိုစေပြီး အသားရည်မှာလိုအပ်နေတဲ့ အာဟာရဓာတ်ကို ပြည့်ဝစွာဖြည့်တင်းပေးပါတယ်

🌱 Green tea 🌱
လက်ဖက်စိမ်းက အသားရည်မှာလိုအပ်တဲ့
ရေဓာတ်နဲ့အဆီဓာတ်ကို ညီမျှအောင် ထိန်းသိမ်း
ပေးပါတယ်။ ချွေးပေါက်ကိုထိန်းပေးတယ်။
ဆားဝက်ခြံလျော့ပြီး အဆီပြန်သက်သာတယ်။

🍋 Vitamin 🍋
လီမွန်သီးနဲ့ ပြုလုပ်ပြီးရလာတဲ့ vitamin C မို့
Chemical တွေလို စိတ်ပူစရာမလိုပါဘူး။
ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမာရွတ်နဲ့အမဲစက်၊
နေလောင်လို့ဖြစ်လာတဲ့ တင်းတိတ်နဲ့မှဲ့ခြောက်
ဒါတွေကို ကုဖို့ဆို ဒီ mask လေးကိုစွဲသုံး။
အသားပါကြည်ပြီး ဖြူလာမယ်။

🌵 Aloe 🌵
Skin care သုံးတဲ့သူတွေနဲ့ မစိမ်းသက်တဲ့
ရှားစောင်းက dull skin tired skin တွေကို
ရေဓာတ်ဖြည့်ပေးပြီး လန်းဆန်းလာစေတယ်။
အညွှန်းဆို aloe vera mask ကပ်ပြီး skin ကို
အကြိုက်ဆုံးပဲ

🇰🇷
💯

Jayjun Real Water Brightening Black 3Step Mask💵Price___ 20,00ks ❤️ပါရှင်💵K payနဲ့ ရှင်းလို့ရပါတယ်❌(% လုံးဝ လုံးဝ မပေါင်း...
19/09/2021

Jayjun Real Water Brightening Black 3Step Mask

💵Price___ 20,00ks ❤️ပါရှင်💵
K payနဲ့ ရှင်းလို့ရပါတယ်❌(% လုံးဝ လုံးဝ မပေါင်းပါ)

Moisture, Brightening, Wrinkle Effect ပါဝင်လို့ Blackoutဖြစ်တဲ့သူတွေ ရေဓာတ်မပြည့်ဝလို့အသားရေညစ်နွမ်းသူတွေတွက် အထူးပြုလုပ်ထားတဲ့Maskပါ ဝက်ခြံကြောင့်ဖြစ်တဲ့အမဲစက် အမာရွတ်တွေလဲ သက်သာပျောက်ကင်းစေပြီး foam,Essence,Mask ပါလို့ ခရီးသွားရင်လဲ ဒါလေးနဲ့တင် အဆင်ပြေတယ်နော်
All Skin Type သုံးလို့ရပါတယ်ရှင့်

Jayjun mask တွေထဲမှာ နာမည် အကြီးဆုံး ဖြစ်တဲ့ shining and brightening effect ပါ လို့
Mask တချပ်ကပ်လိုက်တာနဲ့ လုံးဝ glow look ရပါတယ်
🌸real water cleaning foam
🌸jayjun vita snow essence
🌸jayjun real water brightening mask

သုံးဖုံးတဲ့သူတွေကတော့ Jayjun mask ထဲမှာ ဒါလေးကိုအကြိုက်ဆုံးပဲ

ညဘက်mask ကပ်ပီးတာနဲ့သုံးနေကျskincareဆက်လိမ်း မနက်ကျglowနေမှာအသေချာပဲနော်..

Instock❗

Step 1(Cleansing Foam)
Step 2(Essence)
Step 3(Mask)
Step‌တွေအကုန်ပြီးရင်‌တော့ Glow Glass Skinလေးကို ပိုင်ဆိုင်နိုင်ပါပြီနော် ✨

Exp date-2024မို့ အေးဆေးပဲနော်😎

Address

55st, 112 F Street
Mandalay

Website

Alerts

Be the first to know and let us send you an email when Lady Ni Ni posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share