19/02/2023
ကျွန်တော်ကတော့ ချစ်ပေးနိုင်တဲ့ အချိန်ထိတော့ ချစ်ပေးလိုက်မှာပဲ
မချစ်နိုင်တော့တဲ့အချိန်ကျရင်တော့ တိတ်တိတ်ကလေး ထွက်သွားချင် ထွက်သွားမှာပဲ
ဘာကြောင့်ပါဆိုတဲ့ အကြောင်းပြချက်တွေပေးပြီး ရစ်သီရစ်သီလုပ်ပြနေမှာမဟုတ်သလို လူတွေသနားလာအောင် မျက်ရည်ခြူပြနေမှာလဲ မဟုတ်ဘူး
ကောင်းကောင်းဆိုးဆိုး ဒီတယောက်ကိုပဲ ချစ်တဲ့စိတ်တစ်ခုထဲနဲ့ တသက်လုံး ချစ်သွားမယ်ဆိုတဲ့ စိတ်မျိုးကိုလဲ သဘောမကျဘူး
ချစ်နေတဲ့အချိန်မှာတော့ ချစ်ပေးနိုင်သလောက်ချစ်ပေးမယ် ကိုယ်တတ်နိုင်သလောက် ဂရုစိုက်ပေးမယ် သည်းခံနိုင်တဲ့အတိုင်းအတာထိ သည်းခံပေးလိုက်မယ် နောက်ပြီး မျှော်လင့်ချက်ကင်းစွာနဲ့ မနက်ဖြန်တိုင်းကို ရှေ့ဆက်မယ်
အချစ်အတွက်နဲ့ ဘယ်နတ်ဘုရားကိုမှလဲ အပူမကပ်ချင်ဘူး ဘယ်တန်ခိုးရှင်ဆီမှလဲ ဆုမတောင်းချင်ဘူး
ကိုယ်ပေးနိုင်တာထက် ပိုပြီးပေးမယ်
ကိုယ်ချစ်ပေးနိုင်တာထက် ပိုပြီး ချစ်ပေးမယ်
ငါက ဘယ်လောက်ထိ ချစ်တာ
ငါက မင်းမို့လို့ စျေးပေါပေးနေတာ
ဘာညာဆိုပြီး ရှင်းပြနေမဲ့ လူစားမျိုးမဟုတ်ဘူး
ပြောချင်တာကကွာ
ငါက ဘယ်လောက်ထိ ချစ်ပေးနေတာပါဆိုပြီး လိုက်ရှင်းပြနေစရာမလိုဘူး ငါ့ တန်ဖိုးကို သိတဲ့သူကတော့ ငါ့ကို ဖက်တွယ်ထားမှာပဲ
ချစ်နေတဲ့အချိန်မှာတော့ အကောင်းဆုံးချစ်ပေးလိုက်မှာပဲ မချစ်ပေးနိုင်တော့တဲ့ အချိန်ကျရင်တော့ ကောက်ကာငင်ကာ ထထွက်ချင်လဲ ထွက်သွားမယ်
ဘယ်သူမှမသိအောင် တိတ်ဆိတ်ချင်လဲ တိတ်ဆိတ်သွားလိုက်မယ်ပေါ့
အချစ်ကိုတော့ အကောင်းဆုံးနဲ့ အနှောင်အဖွဲ့ကင်းကင်း ချစ်ချင်တယ် ဘယ်သူ့ကိုမှလဲ မချည်နှောင်ချင်သလို ကိုယ့်ကို ချည်နှောင်ထားတာမျိုးလဲ သဘောမကျဘူး
တန်ဖိုးထားပါလို့ မတောင်းဆိုချင်ဘူး
ဒါပေမဲ့ ကျွန်တော့်လိုလူက ပြန်ရခဲတယ် ။