Magway Diamond Online Shop

Magway Diamond Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Magway Diamond Online Shop, Kanthar Quarter, Magway.

Merry Christmas to U All🎅🎅🎅
25/12/2021

Merry Christmas to U All🎅🎅🎅

“တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့”°°°°°°°°°°°°°°°°°°°🌝🌷🌝°°°°°°°°°°°°°°°°°°°°ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်...
18/11/2021

“တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့”
°°°°°°°°°°°°°°°°°°°🌝🌷🌝°°°°°°°°°°°°°°°°°°°°
ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်း
လပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို
ဟောကြားတော်မူသည်။ ထို့ကြောင့် တန်ဆောင်မုန်း
လပြည့်နေ့ကို “သာမညဖလအခါတော်နေ့”အဖြစ်
သတ်မှတ်ကျင်းပခဲ့ကြလေသည်။
“သာမညဖလ” ၏ အဓိပ္ပာယ်မှာ “ရဟန်းပြုရခြင်း၏
အကျိုး” ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို
ဟောကြားသောနေ့ဖြစ်ခြင်းကြောင့်
တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”
ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။
သာမညဖလသုတ်တော်သည် ဒီဃနိကာယ်၊
သီလခန္ဓဝဂ္ဂပါဠိတော်၌ လာရှိသည်။
သာမညဖလသုတ်တော်သည် ရဟန်းသံဃာတော်များ
အတွက် ကြေးမုံမှန်ချပ်ကြီးတစ်ခုသဖွယ်ဖြစ်သည်။
ကိုယ်ကျင့်သီလရှိသည်၊ မရှိသည်ကို ဤသုတ်ဖြင့်
ထင်ဟပ်စေနိုင်သည်။ သာမညဖလသုတ်သည်
လူဒါယကာများအတွက် ပြဒါးချိန်ကြီးသဖွယ်ဖြစ်သည်။
မိမိတို့ ကိုးကွယ်နေသော ဆရာသမားတို့၏
ကျင့်ကြံမှု ဟုတ်၊ မဟုတ်၊ မှန်၊ မမှန်ကို
ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်သည်။
အဇာတသတ်မင်းသားလေးသည် အသိဉာဏ်
နုနယ်စဉ်အချိန် အရှင်ဒေဝဒတ်၏ စည်းရုံးမှုကို
ခံရ၍ အရှင်ဒေဝဒတ်ကို အထင်ကြီးကာ
ကိုးကွယ်ဆည်းကပ်မိလေသည်။
ဆရာကုန်မှားတော့ တစ်သံသရာလုံးမှောက်
ဆိုသည့်အတိုင်း ဆရာတင်မှားမှုကြောင့် ဖခင်
ဘုရင်ဗိမ္ဗိသာရကို သတ်မိသည်အထိ
အမှားကြီးမှားမိတော့သည်။ ဆင်းတု၊စေတီ၊
ဟောတရား စသည့်ကိုးကွယ်မှုတွေ များပြား
ဖောင်းပွလွန်းသော ယခုလိုခေတ်ကြီးထိမှာ
ကိုးကွယ်မှုဘက်က ဖောင်းပွလျှင် ကုသိုလ်
တရားဘက်က ကြုံ့သွား၊ ကျစ်သွားတတ်သည်
ကို သတိပြုရမည်ဖြစ်သည်။
အဇာတသတ်သည် ဖခင်ဘုရင်ဗိမ္ဗိသာရကို
သတ်မိသည့်အချိန်မှစ၍ ညတိုင်အိပ်မပျော်သော
ရောဂါဝေဒနာ စွဲကပ်တော့သည်။ သူ့မျက်လုံးတွေကို
လှံချက်ပေါင်း အရာအထောင်မက ထိုးဆွခြင်း
ခံရသလို ဝေဒနာခံစားရသည်။ ထို ဝေဒနာကို
ပျောက်ကင်းအောင် မည်သည့်သမားတော်၊
မည်သည့်ဆေးစွမ်းကောင်းမှ မစွမ်းနိုင်ဖြစ်နေသည်။
တန်ဆောင်မုန်းလပြည့် ညတစ်ညမှာ
အဇာတသတ်မင်းသည် မှူးမတ်ပေါင်းစုံညီဖြင့်
ညီလာခံသဘင် ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်း
မြူတိမ်သူရိန်မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပသဖြင့်
ကြည်နူးသာယာဖွယ်ကောင်းလှသည့် တန်ဆောင်မုန်း
လပြည့် ညအလှကို ကြည့်ရှုခံစားပြီး
“မွေးလျော်ဖွယ်ကောင်းလှသော ညတစ်ညပါတကား၊
အလွန်လှပသော ညတစ်ညပါတကား ရှုချင်စဖွယ်
ကောင်းလှသော ညတစ်ညပါတကား”
ဟု တန်ဆောင်မုန်းလပြည့်ညအလှကို ချီးကျူးလေသည်။
အဇာတသတ်လည်း တကယ်တော့ အလှအပကို
ခံစားတတ်သူတစ်ဦးဖြစ်တာကို တွေ့ရ၏။
အဇာတသတ်မင်းက “ယခုကဲ့သို့ သာယာလှပသော
ညချမ်းမှာ အဘယ်ပညာရှိ ရဟန်းပုဏ္ဏားကို
ချည်းကပ်ရလျှင် ကိုယ်တော်မြတ် စိတ်တော်
ကြည်လင်နိုင်မည်နည်းး” ဟု မေးသောအခါ
မှူးကြီးမတ်ကြီးတွေက သူတို့နီးစပ်ရာ တိတ္ထိဆရာကြီး
ခြောက်ယောက်နာမည်တွေကို ပြောပြကြသည်။
ဘုရင်အတိုင်ပင်ခံ ပုဂ္ဂိုလ်အများစုသည် သမ္မာဒိဋ္ဌိတွေ
မဟုတ်ကြဆိုတာကို သတိပြုမိသည်။
✦ပုရာဏကဿပဆရာကြီးက အကိရိယဝါဒ=
ဘာမှလုပ်စရာမလိုဟူသော ဝါဒသမားဖြစ်သည်။
မလုပ် ၊မရှုပ် ၊မပြုတ်ဟူသော ဝါဒနှင့်တူသည်။
✦အဇိတကသေကမ်ဗလဆရာကွီးက နတ်ထိကဝါဒ=
ဘာမှမရှိ ဟူသော ဝါဒသမားဖြစ်သည်။
✦မက္ခလိဂေါသာလဆရာကြီးက အဟေတုကဝါဒ=
ကြောင်းကျိုးပယ် ဝါဒသမား ဖြစ်သည်။
✦ပကုဓ ကစ္စာယနဆရာကြီးက အကတဝါဒ=
မပြုမပြင် ဝါဒသမား ဖြစ်သည်။
ပြုလည်းမပြု ၊ ပြင်လည်းမပြင်သူ ဖြစ်သည်။
✦သဉ္စယဗေလဋ္ဌဆရာကြီးက အမရာဝိက္ခေပဝါဒ=
ဝေ့လည်ချောင်ပတ် ဝါဒသမားဖြစ်သည်။
✦နိကဏ္ဌနာဋပုတ္တဆရာကြီးက စာတုယာမသံဝရဝါဒ=
စောင့်စည်းမှုလေးမျိုးဖြင့် ကံသုံးပါးကို ထိန်းထားသော
ဂျိန်းဝါဒဖြစ်သည်။
အဇာတသတ်မင်းသည် အမတ်ကြီးတို့၏ တင်ပြချက်ကို
လက်မခံဘဲ ဆရာဇီဝကကို မေးတော်မူရာ ဆရာဇီဝက၏
အကြံပေးချက်အရ ဘုရားရှင်အထံသို့ ချဉ်းကပ်ဖို့ရန်
ဆရာဇီဝကကို စီစဉ်စေသည်။ ဆရာဇီဝကက
ဘုရင့်အနီးမှာ ယောက်ျားကိုယ်ရံတော် တစ်ယောက်မျှ
မထားရှိဘဲ အမျိုးသမီးကိုယ်ရံတော်တပ်ကို
ယောက်ျားအသွင် ဝတ်ဆင်စေပြီး လိုက်ပါစေသည်။
ဆင်မယဉ်သာ ငါးရာပေါ်၌ သက်တော်စောင့်အဖြစ်
အမျိုးသမီးစစ်သည်တော် ငါးရာကို လိုက်ပါ
စောင့်ရှောက်စေပြီး ဘုရားကျောင်းတော်သို့
သွားရန် စီစဉ်ပေးသည်။
အဇာတသတ်မင်း ဘုရားရှင်ထံ ဖူးမြော်ရန်သွားသော
အချိန်သည် တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်
ဖြစ်သည်။ ထိုအချိန်က ဘုရားရှင်သည် ရာဇဂြိုလ်မြို့
အနီး ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးလျက်ရှိသည်။
ဘုရားကျောင်း တော်သို့သွားသောအခါ
-ညအခါ ဖြစ်သည်ကတစ်ကြောင်း၊
-တောရိပ်၊သစ်ရိပ် ဖုံးအုပ် နေသဖြင့်
အမှောင်ဖုံးနေသည်က တစ်ကြောင်း၊
ထိုနှစ်ချက်ကြောင့် လိုက်ပါသူအားလုံး မီးရှူးး
မီးတိုင် ကိုယ်စီထွန်းညှိပြီး သွားကြရသည်။
မီးရှူးမီးတိုင်ကို ပေါရာဏ ဝေါဟာရအားဖြင့်
“တန်ဆောင်(တန်ဆောင်တိုင်)” ဟုခေါ်ဝေါ်သည်။
အဇာတသတ်နှင့် အခြံရံပရိသတ်တို့ တန်ဆောင်မုန်း
လပြည့်ည၌ တန်ဆောင်တိုင်မီးထွန်းပွဲ ကျင်းပ
ကြသကဲ့သို့ ဖြစ်သည်။
အဇာတသတ်ဘုရင်က ဘုရားရှင်ထံ ခွင့်ပန်ပြီး
သူသိလိုသော အကြောင်းအရာများကို လျှောက်ထား
လေသည်။
“ရှင်တော်မြတ်ဘုရား..လောကမှာ အတတ်ကြီး
ဆယ့်ရှစ်ရပ်စသော အတတ်ပညာတို့သည် မျက်မှောက်
လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်ပါသည်။
ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်း အကျိုး
တရားကို ခံစားရရှိနိုင်ပါသလား ဘုရား။
တိတ္ထိဆရာကြီးခြောက်ဦးကို မေးဖူးပါသည်။
သူတို့အားလုံးက သူတို့ဝါဒကိုသာ တင်ပြ၍
ဝေ့လည်ချောင်ပတ် လုပ်ကြပါသည်ဘုရား။”
ဟု သာမညဖလ-ရဟန်းပြုခြင်း၏ မျက်မှောက်
လက်ငင်းအကျိုးကိုမေးလျှောက်သည်။
ဘုရားရှင်၏အဖြေကို ချုပ်၍တင်ပြရလျှင်
“ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်း ရနိုင်သော
အကျိုး” တို့မှာ-
(၁)။ မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ
ကင်းလွတ်ရခြင်းအကျိုး၊
(၂)။ အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ရခြင်းအကျိုး၊
(၃)။ ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံသဖြင့်
အပါယ်လေးပါးမှ ကင်းဝေးရခြင်း အကျိုး၊
(၄)။ ဒုစရိုက်တရားတို့ကိုရှောင်ကြဉ်သဖြင့် ဒုစရိုက်ဒုက္ခမှ
ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံရခြင်း အကျိုး၊
(၅)။ ပွဲသဘင်အမျိုးမျိုး၊ကစားပွဲအမျိုးမျိုး၊
မကောင်းသော စကားအမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့်
ထိုဒုက္ခတွေမှ ကင်းလွတ်၍ မဇ္ဈိမသီလနှင့်
ပြည့်စုံရခြင်း အကျိုး၊
(၆)။ နက္ခတ် ဗေဒင် ယတြာ ဆေးကုပေးခြင်း စသည်တို့မှ
ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍
မဟာသီလနှင့် ပြည့်စုံရခြင်းအကျိုး၊
(၇)။ ဣနြေ္ဒခြောက်ပါးလုံး အကုသိုလ်မဖြစ်အောင်
စောင့်စည်းနိုင်ခြင်း အကျိုး၊
(၈)။ သတိနှင့်ပြည့်စုံခြင်း အကျိုး၊
(၉)။ သမ္ပဇဉ်ခေါ် ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်းအကျိုး၊
(၁ဝ)။ သန္တောသ-စားဝတ်နေရေး ရောင့်ရဲနိုင်ခြင်းအကျိုး၊
(၁၁)။ နီဝရဏငါးပါးမှ ကင်းလွတ်ရခြင်းအကျိုး၊
(၁၂)။ စျာန်တရားတွေ ရနိုင်ခြင်းအကျိုး၊
(၁၃)။ ဝိဇ္ဇာဉာဏ်ရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရခြင်းအကျိုး၊
အထက်ပါအကျိုးတရားတို့သည် သာမညဖလခေါ်
ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်းရရှိနိုင်သော
အကျိုးတရားတို့ဖြစ်ကြသည်။
အဇာတသတ်မင်းသည် သာမညဖလတရားတော်ကို
နာကြားရသည့်အတွက် အိပ်မပျော်သောရောဂါ
လုံးဝပျောက်ကင်းသွားတော့သည်။ ရတနာသုံးပါးအပေါ်
နှစ်နှစ်ကာကာ ယုံကြည်သွားတော့သည်။
ပုထုဇဉ်တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံး
ပုဂ္ဂိုလ်အဖြစ် ဧတဒဂ်ပေးမှတ်တမ်းတင်ခြင်းခံရသည်။
ဒုက္ခကြီးလေးသော မဟာအဝီစိငရဲ၌ မကျတော့ဘဲ၊
ဒုက္ခပေါ့ပါးသော လောဟကုမ္ဘီငရဲငယ်၌သာ
ခံစားရတော့မည်။ နောင်အနာဂတ်ကာလ၌
“ဝိဇိတာဝီ အမည်ဖြင့် ပစ္စေကဗုဒ္ဓါတစ်ပါး” ဖြစ်ရမည်။
အဇာတသတ်မင်းသည် ပထမသံဂါယနာတင်
ဒကာအဖြစ် ခံယူရသည်။ ဘုရားရှင်၏ဓာတ်တော်များကို
စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး
တည်ထားခဲ့သည်။ ဗုဒ္ဓသာသနာနှစ်ကို အတိအကျ
သတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို
အတိအကျသုံးစွဲခွင့် ရရှိနေသည်မှာ အဇာတသတ်မင်း၏
ကျေးဇူးဖြစ်သည်။ နောင်အခါ သီရိဓမ္မာသောက
မင်းကြီးသည် အဇာတသတ်မင်း၏ စုဆောင်း
ထားသော ဓာတ်တော်များကို ရှာဖွေ၍ စေတီပေါင်း
ရှစ်သောင်းလေးထောင် တည်ထားကိုးကွယ်
သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓ
ဘာသာဝင်များဖူးမြော်ကြရသည်။
မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက်
တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသော
ပွဲတော်များသည်
-တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
-ကထိန်သင်္ကန်း အလှူပွဲတော်၊
-မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊
-မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
-ကျီးမနိုး ပွဲတော်၊
-သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍
ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည်
ရိုးးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
【အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်】
ရိုသေလေးမြတ်စွာဖြင့်
ပြန်လည်မျှဝေကုသိုလ်ပြုပါ၏ဘုရား
🙏🙏🙏

🙏🙏🙏
20/10/2021

🙏🙏🙏

မကွေးက OBOချစ်သူတွေအတွက် စျေးမတက်သေးပါဘူးနော်🥰လကုန်ရင်တော့ စျေးလေးတက်တော့မှာမို့ အခုယူထားပြီး ဥထားကြပါ😁👉တဘူး 1800 ကျပ် န...
22/09/2021

မကွေးက OBOချစ်သူတွေအတွက် စျေးမတက်သေးပါဘူးနော်🥰
လကုန်ရင်တော့ စျေးလေးတက်တော့မှာမို့ အခုယူထားပြီး ဥထားကြပါ😁
👉တဘူး 1800 ကျပ် နဲ့ပဲ ရောင်းပေးပါမယ်ရှင့်👍
ချစ်ရသူတွေအဆင်ပြေအောင် K Pay နဲ့ လက်ခံပေးပါတယ်ရှင့်👌

07/08/2021

္ခဏာများ_နှင့်_အကြံပြုချက်များ =================================
မဖြစ်မနေ ဖတ်သင့်ပါတယ် ,, အရမ်းအကျိုးရှိပါတယ် 💪

ြစ်ပြီးပြီ
ျတော့ပေမယ့်
#လူကကောင်းမလာဘူး_ဆရာ

1. အားမရှိဘူး ၊ နုံးနေတယ်၊ မလှုပ်ချင်ဘူး
2. အသက်ရှူရခက်တယ်၊ နည်းနည်း လှုပ်တာနဲ့ မောတယ်
3. ရင်ကြပ်တယ် သလိပ်ထွက်တယ်
4. ချောင်းဆိုးတယ် (အေးရင် ပိုဆိုးတယ်)
5. အစားမစားချင်ဘူး ၊ အစာဝင်ရင် ပျို့တယ် အန်တယ်
6. ခေါင်းကိုက်တယ်
7. ဘာလုပ်လုပ် အာရုံမလာဘူး (စိတ်မဝင်စားဘူး)
8. စိတ်ဖိစီးမှုများတယ်၊ ကြောက်တယ် လန့်နေတတ်တယ်
9. ည အိပ်မပျော်ဘူး
___________

1. #အားမရှိဘူး_နုံးနေတယ်

နေမကောင်းတုန်း အစားဘယ်လောက်ပဲ စားတယ်ပြောပြော ကောင်းနေစဉ်ကလောက် မစားနိုင်ပါဘူး၊
Virus အသစ်ကို သတ်ဖို့အတွက် ကိုယ်ခံအားက အစွမ်းကုန်ထုတ်ပြီး တိုက်ထားရတဲ့အတွက် #ခရီးအဝေးကြီးကိုပြေးထားရတဲ့_မာရသွန်အပြေးသမား လို ပင်ပန်းနွမ်းနယ်ပြီး အားမရှိဖြစ်ကာ နည်းနည်းလှုပ် လိုက်တာနဲ့ မောနေရတာပါ။

- ပုံမှန်အတိုင်း အစာပြန်စားပါ (ထမင်း၊ အသား/ငါး၊ အဆီ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံမျှတအောင်စားပါ)
- ရေများများသောက်ပါ (ရေနွေးဖြစ်ဖြစ်၊ ရေအေးဖြစ်ဖြစ်ရပါတယ်)
- ချွေးထွက်များပါက (သွေးတိုးမရှိပါက ဓာတ်ဆားရည်သောက်ပါ)
- အားဆေးဆိုသည့် Multivitamins များကို အရမ်းကြီးအားမကိုးကြပါနဲ့ (Multivitamins တွေဟာ => ဟင်းသီးဟင်းရွက်တွေနဲ့ တူတူပဲမို့ အားဆေးလို့ခေါ်ပေမယ့် အားရှိစေတဲ့ဆေး မဟုတ်ပါဘူး)

2. အသက်ရှူရခက်တယ်၊ နည်းနည်း လှုပ်တာနဲ့ မောတယ်

Virus ဟာ အဆုတ်ကို အဓိက ဖျက်ဆီးတာဖြစ်လို့ လူတိုင်းမှာ အနည်း နဲ့ အများတော့ အဆုတ်က ဒဏ်ဖြစ်ပါတယ်
​SpO2 ကျခဲ့တဲ့ လူနာတွေက ဒဏ်ရာပိုပြီးကြီးပါတယ် ၊ ရောဂါ သက်သာလာပြီး SpO2 ပြန်တက်လာပေမယ့်
👉 ဒဏ်ရာတွေကို ကုစားဖို့ အချိန်ယူရပါသေးတယ်
👉 ဒဏ်ရာတွေ ပို မဆိုးလာစေဖို့လည်း ဂရုစိုက်ရပါတယ်

- ဆေးလိပ် လုံးဝ (လုံးဝ) မသောက်ပါနဲ့
- ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မလုပ်ပါနဲ့
- အသက်ရှူလေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

3. ရင်ကြပ်တယ် သလိပ်ထွက်တယ်

ရောဂါပြင်းထန်တုန်းက ထွက်ထားပြီး ခဲနေတဲ့ ချွဲသလိပ်တွေ ပြန်ပျော်နေတာ ဖြစ်လို့ သလိပ်ထွက်ပါတယ်၊
- Position ခဏခဏ ပြောင်းပေးခြင်း
- ကျောကုန်းကို ပုတ်ပေးခြင်း
- ရေနွေးသောက်ပေးခြင်း
- ရေနွေးငွေ့ရှူပေးခြင်း (ခဏပဲလုပ်ပါ အလွန်အကျွံမလုပ်ပါနဲ့ ရေပူငွေ့တွေက အသက်ရှူလမ်းကြောင်းကို အပူလောင်စေပြီး ပြန်ပြီးရောင်စေနိုင်ပါတယ်)

သလိပ်စွန့်ပစ်မှုကလည်း အလွန် အရေးကြီးပါတယ် (တပါးသူများကို ကူးစက်မှုမရှိအောင် အထူးဂရုစိုက်ပြီး စွန့်ပစ်ဖို့လိုပါတယ်)

4. ချောင်းခြောက်ဆိုးတယ်

အဆုတ်ကရောင်ထားတော့ လေပြွန်လေးတွေ ကျဉ်းသွားတဲ့အတွက် ရှူတဲ့လေကအေးပြီး ခြောက်သွေ့တဲ့အခါ၊ လှဲအိပ်တဲ့အခါ လည်ချောင်းယားပြီး ချောင်းဆိုးပါတယ်

- နွေးနွေးထွေးထွေးနေပါ (စွပ်ကျယ်ဂျိုင်းပြတ်၊ လက်ပြတ်၊ ဘောင်းဘီတို ထက်စာရင် T-shirt, ဘောင်းဘီရှည်နှင့်နေပါ)
- ရေနွေးသောက်ပေးပါ (ချောင်းဆိုးချင်လာလျှင် ရေနွေးကို နည်းနည်း နည်းနည်း ခဏ ခဏ သောက်ပေးပါ)
- ဆားရည် + ရေနွေးဖြင့်ပါးလုတ်ကျင်းပါ (ပါးလုတ်ကျင်းတာ မျိုချတာမဟုတ်လို့ သွေးမတိုးပါဘူး) ဆားရည်မသုံးချင်လျှင် (ပိုက်ဆံပေါလျှင်) Betadine mouthwash သုံးပါ
- ငုံဆေးလေးငုံထားပါ (Lozenges - အဆင်ပြေရာ/ဝယ်လို့ရတာ ငုံလို့ရပါတယ်)
- မသက်သာရင် သောက်နေကျ ချောင်းဆိုးပျောက်ဆေး သောက်ပါ။

5. အစားမစားချင်ဘူး၊ အစာဝင်ရင် ပျို့တယ်

သာမန်နေကောင်းကာစ နလန်ထ လူနာတွေဟာ ဖျားနာတုန်းက ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေ ဖြည့်ဖို့အတွက် အစားများများပြန်စားကြပါတယ်၊ (နေကောင်းတာနဲ့ စားချင်သောက်ချင်စိတ် တိုးလာတယ်ပေါ့)
ကိုဗစ်လူနာတွေကြတော့
👉 နောက်ဆက်တွဲအနေ နဲ့ အနံ့ပျောက်တာ၊ အရသာပျက်တာတွေကြောင့် (အာရုံ နှစ်ပါးချို့တဲ့ပြီး) စားချင်သောက်ချင်စိတ် မရှိကြပါဘူး၊
👉 တချို့ ရောဂါပြင်းပြင်းထန်ထန် ခံစားလိုက်ရတဲ့ လူတွေမှာ ရောဂါခံစားရစဉ် အစာစားလည်း မောတဲ့အတွက် ရောဂါသက်သာလာလည်း အစာစားရမှာ ကြောက်နေတတ်ကြပါတယ်။
👉 Virus နဲ့ ကိုယ်ခံအား တိုက်ပွဲကြီးဖြစ်တော့ ခန္ဓာကိုယ်တစ်ခုလုံး ရောင်ရမ်းမှုတွေဖြစ်တဲ့အတွက် အစာအိမ်နှင့်အူလမ်းကြောင်းပါ ထိခိုက်မိရင် အစာအိမ်အနာအခံရှိသူတွေ ရောဂါပြန်ကြွတတ်ပါတယ်
👉 အူက ကောင်းကောင်း မလှုပ်တဲ့အခါ (Gastric emptying ကြာတဲ့အတွက်) စားလိုက်တာနဲ့ ရင်ပြည့်ပြီး အန်ချင်တာပါ။

- မစားချင်လည်း၊ အရသာမရှိလည်း ကြိုးစားပြီး စားကြပါ။
- အများကြီး မစားပဲ နည်းနည်းနဲ့ ခဏခဏ စားပါ
- ဘယ်လိုမှ ကိုမရဘူး နည်းနည်းဝင်တာနဲ့ကို ပျို့လာတယ်၊ အန်ပါတယ် ဆိုတဲ့ သူများကတော့ (Motilium M (သို့မဟုတ်) Maxalon ဆိုတဲ့ဆေးကို မနက်စာ၊နေ့လည်စာ၊ ညစာ မစားမီ မိနစ် (၃၀) ကြိုသောက်ပါ။

အရေးတကြီးမှာလိုတာက

👌 အရသာမရတာဟာ လျှာပေါ်မှာရှိတဲ့ အရသာခံတဲ့ အဖုလေးတွေ ခေတ္တခဏ အလုပ်မလုပ်နိုင်တာဖြစ်ပြီး သူ့အလိုလိုပြန်ကောင်းပါတယ်
#အရသာမရဘူး (ပွင့်ထွက်သွားအောင် ဆိုပြီး) အရသာပြင်းလွန်းတဲ့ ချဉ်လွန်း စပ်လွန်း ပူလွန်းတဲ့ အစားများ ကို မစားကြပါနှင့်
တကယ်ပွင့်ထွက်သွားမှာက အစာအိမ်ပါ 😰 ပါးစပ်ကသာ အရသာမရတာ စားတဲ့ဟာတွေရဲ့ ဒဏ်ကို ကျန်းမာရေးသိပ်မကောင်းတဲ့အစာအိမ်က ခံရပြီး အစာအိမ်ပေါက်သွားပါလိမ့်မယ်

6. ခေါင်းကိုက်တယ် ၊ (7) ဘာလုပ်လုပ် အာရုံမလာဘူး (စိတ်မဝင်စားဘူး) ၊ (8)စိတ်ဖိစီးမှုများတယ်၊ ကြောက်တယ် လန့်နေတတ်တယ်၊ (9) ည အိပ်မပျော်ဘူး

ကျန်တဲ့ အချက်တွေကတော့ စိတ်နဲ့ပဲ ဆိုင်တာပါ။
ကျွန်တော် စာတစ်ပုဒ်ရေးဖူးပါတယ် (Pandemic stress reactions ) ကပ်ရောဂါကို အကြောက်ကြီးကြောက်နေရာက ကိုယ့်မှာဖြစ်လိုက်ရတဲ့ အခါ အကြောက်ကြီးကြောက်သွားတဲ့အတွက်

👉 ပြန်ဖြစ်ရင် ဘယ်လိုဖြစ်မှာလဲ
👉 ငါ့ ခန္ဓာကိုယ်ကြီးရော ဘယ်လောက်ပျက်စီးသွားပြီလဲ
👉 အပေါ်က ပြောခဲ့တဲ့ လက္ခဏာတွေခံစားရတော့တကယ်ပြန်ကောင်းတာရောဟုတ်ရဲ့လား

စတဲ့ အတွေးတွေနဲ့က ညအိပ်မပျော်ပဲ အထက်ပါ (6,7,8,9) ကို ခံစားကြရပါတယ်။

- စိတ်အေးအေးထားပါ
- အဆိုးဆုံးအခြေအနေကို ကျော်ဖြတ်ပြီးပြီ ကောင်းလာမှာပါ
- ချက်ချင်းကြီး မကောင်းနိုင်ပေမယ့် တဖြည်းဖြည်း တိုးတက်လာပါလိမ့်မယ်
- Post-covid မှာ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့ သတင်းတွေဖတ်ပြီး စိုးရိမ်မနေပါနဲ့ (ကိုယ့်အလုပ်ကိုယ်လုပ်ပါ 👉 နားနားနေနေ နေ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်၊ အစားဝင်အောင်စား၊ အိပ်ပျော်အောင်အိပ်
- ဖြစ်နိုင်တယ် ဒါပေမယ့် ရှားတယ်လေ (တစ်ကမ္ဘာလုံးမှာ တစ်ယောက်လောက်တွေ့လည်း) ဆောင်းပါးရေးတော့ (လူကိုခွေးက ကိုက်တာ သတင်းမဟုတ်ပေမယ့် ခွေးကိုလူကသွားကိုက်တာရေးတော့) နာမည်ကြီးတာပေါ့
- အိပ်ပျော်ရင် အားလုံးသက်သာလာပါလိမ့်မယ်
- ဘယ်လိုမှ အိပ်မရရင်တော့ Melatonin 3mg သောက်အိပ်ပါ။
(Melatonin နဲ့မရရင်တော့ ဆရာဝန်နဲ့ဆွေးနွေးပြီး စိတ်ငြိမ်ဆေးသာသောက်ပါ)

သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr ဘုန်းစည်သူလွင်
09:20 am/24.07.2021

“မဟာသမယအခါတော်နေ့ ကျင်းပရခြင်းအကြောင်း နှင့်နယုန်လပြည့်နေ့၏ ထူးခြားချက်များ” •••••••••••••••••••••••••••••••••••••••••••...
24/06/2021

“မဟာသမယအခါတော်နေ့ ကျင်းပရခြင်းအကြောင်း နှင့်
နယုန်လပြည့်နေ့၏ ထူးခြားချက်များ”
••••••••••••••••••••••••••••••••••••••••••••••••••••••••
နယုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အဖို့ ငြိမ်းချမ်းရေး
မှတ်တိုင်ကို စိုက်ထူနိုင်သော သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီး
ဖြစ်ပါသည်။မြတ်စွာဘုရားသည်ထိုနေ့၌ ကပိလဝတ်ပြည်
မဟာဝုန်တောကြီးအတွင်း မဟာသမယသုတ်
ဟောကြားတော်မူသည်ကို အကြောင်းပြု၍
နယုန်လပြည့်နေ့၌ “မဟာသမယအခါတော်ပွဲ”
ကျင်းပရခြင်း ဖြစ်ပါသည်။

နယုန်လပြည့်နေ့၏ ထူးခြားချက်များမှာ-
•••••••••••••••••••••••••••••••••••••••••••••
(၁)။ ရေလုပွဲ ဆင်နွှဲကြသော တောင်သူလယ်သမားတို့
ငြင်းခုံ ခိုက်ရန်ဘေးမှကင်းဝေးခြင်း။
(၂)။ ကပိလဝတ် နှင့် ကောလိယ နှစ်ပြည်ထောင်
စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှကင်းဝေးပြီး၊
ငြိမ်းချမ်းရေးရသောနေ့ဖြစ်ခြင်း။
(၃)။ နတ်၊ဗြဟ္မာ၊အသူရာ နှင့် ဂဠုန်၊နဂါးများ၊
ရဟန်းတော်များ ဤ-တစ်ကြိမ်တည်းသာ
စုရုံးမိသောနေ့ဖြစ်ခြင်း။
(၄)။မင်းသားငါးရာ သာ့သနာဘောင်သို့
ဝင်ရောက်သောနေ့ဖြစ်၍ ထူးခြားခြင်း။
(၅)။ရဟန်းတော် ငါးရာလုံး ရဟန္တာချည်း
ဖြစ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
(၆)။ “နိမ္မိတဘုရား” ကမေး၍ “ပကတိဘုရား” က
ဖြေဆိုသည်ကို နာရသောကြောင့် ထူးခြားခြင်း။
(၇)။မဟာသမယကို အကြောင်းပြု၍ ဂဠုန်နှင့်နဂါးတို့
ခိုက်ရန်မဖက် မေတ္တာသက်ဝင်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
(၈)။မဟာသမယဆိုင်ရာ သုတ္တန် ၇မျိုးကို
ဟောကြားသော နေ့ဖြစ်၍ ထူးခြားခြင်း။
(၉)။ဘိက္ခုနီသာသနာ လမ်းစပေါ်သောနေ့ဖြစ်၍
ထူးခြားခြင်း။
ဤထူးခြားမှုများကို အာရုံပြု၍ ဗုဒ္ဓဘာသာဝင်တို့က
နယုန်လပြည့်နေ့ကို မဟာသမယ အခါတော်နေ့
အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပါသည်။

“မဟာသမယ သမိုင်း”
••••••••••••••••••••••••••
ရှေးအခါက အိန္ဒိယနိုင်ငံတွင် ကပိလ၀တ်ပြည်မှ
လယ်သမားများနှင့် ကောလိယပြည်မှ လယ်သမားတို့
ရောဟိနီမြစ်မှရေကို အကြောင်းပြု၍ ရေလုပွဲကြီး
ဆင်နွှဲခဲ့ကြဖူး၏။ လယ်သမားများကိုအကြောင်းပြု၍
နှစ်ဖက်နိုင်ငံမှ မင်းညီမင်းသားများနှင့်
စစ်သည်တော်များသည်လည်း ရောဟိနီမြစ်ရှိရာသို့
ရောက်ရှိလာကြ၏။ နှစ်ဖက်နိုင်ငံမှ လူအများတို့သည်
တုတ်၊ဓား၊လက်နက်ကိုင်ဆောင်၍ ထိုးခုတ်
တိုက်ခိုက်တော့မည့်အခြေအနေသို့ ရောက်ရှိနေကြ၏။

ပဋိပက္ခဖြစ်သည့်နေရာသို့ မြတ်စွာဘုရားရောက်ရှိလာပြီး၊
ငြိမ်းချမ်းရေးကို ရှေ့ရှု၍ အောက်ပါ၀တ္တုများကို
သာဓကထုတ်၍ ငြိမ်းချမ်းရေးတရားကို
ဟောကြားတော်မူလေသည်။

(၁)။ ၀က်ဝံနှင့် ရုက္ခစိုးနတ်တို့ ရန်ငြိုးဖွဲ့မှား၍
နှစ်ဦးစလုံးပျက်စီးကြပုံ “ဖန္ဒနဇာတ်”၊

(၂)။ မြေပြိုပါပြီဟု ထင်ကြေးဖြင့် ဟစ်အော်ထွက်ပြေးသော
ယုန်တစ်ကောင်၏စကားကို ယုံမှား၍ တိရစ္ဆာန်များ
အပြေးမှားပြီး ဆင်းရဲဒုက္ခ ရောက်ကြရပုံ
“ဒုဒ္ဒုဘဇာတ်”၊ (ပထဝီဥနြ္ဒိယဇာတ်)၊

(၃)။ အားသေးသော နှံစုတ်ငှက်မက အားကြီးသော
ဆင်ပြောင်ကြီးကို အနိုင်ယူဖူး၍ ရန်သူကို
အထင်မသေးသင့်ပုံ “လဋုကိလဇာတ်”၊

(၄)။ ညီညွတ်စဉ်ခါက ရန်သူ၏လက်မှ
လွတ်မြောက်သော်လည်း စိတ်ဝမ်းကွဲ၍ အချင်းချင်း
မညီမညွတ်ဖြစ်လာသောအခါ ငုံးငှက်များ မုဆိုး၏
ပိုက်ကွန်၌ အမိခံရပုံ “သမ္မောဒမာနဇာတ်”၊

(၅)။ သက်မဲ့ဖြစ်သော သစ်ပင်များပင် တစ်စုတစ်ဝေးတည်း တည်နေ၍ လေဘေးအန္တရာယ်မှ ကင်းဝေးနိုင်ပုံ
“ရုက္ခဓမ္မဇာတ်”၊

(၆)။ မိမိကိုယ်ကို ထိန်းသိမ်းဆုံးမရန်
“အတ္တဒဏ္ဍ”သုတ်ကို
ထုတ်ဆောင်ဟောပြ ဆုံးမတော်မူပါသည်။

အထက်ပါ သာဓက (၆) မျိုးကို နာကြားရသောအခါ
နှစ်ဖက်တိုင်းပြည်မှ လယ်သမားများနှင့် မင်းညီမင်းသား
စစ်သည်တော်များသည် ဒေါသမီးငြိမ်းစဲကာ
လက်နက်များကိုစွန့်ပယ်၍ မေတ္တာဓာတ်များ
သက်၀င်လာကြကုန်၏။ တစ်ဖက်လျှင် ၂၅၀ စီ
နှစ်ပြည်ထောင်မှ မင်းသားငါးရာတို့ သာသနာ့ဘောင်သို့ ဝင်၍ ရဟန်းပြုကြကုန်၏။

ထိုရဟန်းတော်များသည် ဇနီးမယားကို အောက်မေ့
တမ်းတ သတိရပြီး သာသနာ့ဘောင်၌ မပျော်မွေ့နိုင်ဘဲ ရှိကြရာ မြတ်စွာဘုရားက ဟိမဝန္တာတောအတွင်း
ကုဏာလရေအိုင်သို့ တန်ခိုးတော်ဖြင့် ခေါ်ဆောင်၍
ကုဏာလ ငှက်မင်း၏ ဇာတ်ကြောင်းကို
ဟောပြောတော်မူပါသည်။
တရားအဆုံး၌ ရဟန်းငါးရာလုံး သောတာပန်
ဖြစ်တော်မူကြပါသည်။

မြတ်စွာဘုရားသည် ကုဏာလရေအိုင်မှ ကပိလဝတ်ပြည်အနီး မဟာဝုန်တောကြီးသို့ ပြန်လည်ကြွတော်မူရာ
အပြန်ခရီးတွင် သောတာပန်ရဟန်းငါးရာလုံး မိမိတို့၏ တန်ခိုးတော်ဖြင့် လိုက်ပါလာကြကုန်၏။
ထိုမဟာဝုန်တောကြီး၌ တရားတော်ကို ဆက်လက်
အားထုတ်ရာ ရဟန်းတော်အားလုံး ရဟန္တာချည်း
ဖြစ်တော်မူကြပါသည်။

ရဟန်းငါးရာတိုးသည် မိမိတို့ရရှိပြီးသော တရားထူးကို လျှောက်ထားရန် မြတ်စွာဘုရားကို ဖူးမြော်ရန်
နယုန်လပြည့်နေ့ ညချမ်းအချိန်တွင် မြတ်စွာဘုရား
အထံသို့ စုရုံးရောက်ရှိလာကြကုန်၏။ ဤကဲ့သို့
ထူးခြားသော သံဃာ့အစည်းအဝေးကြီးကို တွေ့မြင်
ကြည်ညိုလိုကြကုန်သော နတ်ဗြဟ္မာ အသုရာနှင့်
ဂဠုန်၊နဂါးတို့သည် မဟာဝှန်တောကြီးသို့ အုပ်စုလိုက်
စုရုံးရောက်ရှိလာကြကုန်၏။

ဘုရားရှင်လက်ထက်တော်အခါက နယုန်လပြည့်နေ့တွင် ဤကဲ့သို့ နတ်ဗြဟ္မာများ စုရုံးစည်းဝေးမိသောအချိန်ကို “မဟာသမယ” ဟုခေါ်ဆိုပါသည်။ ထိုနတ်သဘင်အစည်းအဝေး၌ အမည်နာမအမျိုးမျိုးကို
ထုတ်ဖော်မြွက်ကြား နှုတ်ခွန်းဆက်သောအားဖြင့်
မိန့်ကြားသောစကားတော်များကို
“မဟာသမယသုတ်”ဟု ခေါ်ဆိုရပါသည်။

မဟာသမယသုတ်တော်ကြီးကို ဟောကြားပြီးနောက်
စရိုက်အားလျော်စွာ အောက်ပါသုတ်တော်များကို
ဆက်လက်ဟောကြားတော်မူပါသည်။

(၁)။ ရာဂစရိုက် အားကြီးသူတို့အတွက်
သမ္မာပရိဗ္ဗာဇနိယသုတ်၊
(၂)။ ဒေါသစရိုက် အားကြီးသူတို့အတွက်
ကလဟဝိဝါဒသုတ်၊
(၃)။ မောဟစရိုက် အားကြီးသူတို့အတွက်
မဟာဗျူဟသုတ်၊
(၄)။ ဝိတက်စရိုက် အားကြီးသူတို့အတွက်
စုဠဗျူဟသုတ်၊
(၅)။ သဒ္ဓါစရိုက် အားကြီးသူတို့အတွက်
တုဝဋကသုတ်၊
(၆)။ ပညာစရိုက် အားကြီးသူတို့အတွက်
ပုရာဘေဒသုတ်၊
တို့ကို ဟောကြားတော်မူရာ နတ်ဗြဟ္မာပေါင်း
ကုဋေတစ်သိန်းစီ ကျွတ်တမ်းဝင်ကြလေသည်။

ဤမဟာသမယသုတ်ကို အစဉ်အမြဲ ရွတ်ဖတ်နေပါက နတ်များ၏ချစ်ခင်မူကို ခံရကြောင်း၊
အိမ်သစ်၊တိုက်သစ်၊နေရာသစ်တို့၌ မင်္ဂလာယူလိုသော ပုဂ္ဂိုလ်တို့သည် ဤမဟာသမယသုတ်ကို
ရွတ်ဆိုဖတ်ကြားသင့်ကြောင်း အဋ္ဌကထာဆရာက
ပြဆိုထားပါသည်။

ဣဒံပန မဟာသမယသုတ်တံ
နာမ ဒေဝတာနံ ပိယံ မနာပံ၊
တသ္မာ မင်္ဂလံ ဝဒန္တေန အဘိနဝဌာနေသု
ဣဒမဝေ သုတ်တံ ဝတ်တဗ်ဗံ။
(ဒီ၊ ဋ္ဌ၊ ၂၊ နှာ၊ ၂၈၇။

ⵗⵗ̥̥̊̊ⵗ̥̥̥̥̊̊̊ⵗ̥̥̥̥̥̊̊̊̊ⵗ̥̥̥̥̥̥̊̊̊̊̊ⵗ̥̥̥̥̥̥̥̊̊̊̊̊ⵗ̥̥̥̥̥̥̥̥̊̊̊̊ⵗ̥̥̥̥̥̥̥̥̥̊̊̊ⵗ̥̥̥̥̥̥̥̥̥̥̊̊ⵗ̥̥̥̥̥̥̥̥̥̥̥ⵗ̥̥̥̥̥̥̥̥̥̥̊̊ⵗ̥̥̥̥̥̥̥̥̥̊̊̊ⵗ̥̥̥̥̥̥̥̥̊̊̊̊ⵗ̥̥̥̥̥̥̥̊̊̊̊̊ⵗ̥̥̥̥̥̥̊̊̊̊̊ⵗ̥̥̥̥̥̊̊̊̊ⵗ̥̥̥̥̊̊̊ⵗ̥̥̊̊

❁နိဗ္ဗာန်ဏဿ ပစ္စယော ဟောတု❁
🙏🙏🙏🙏🙏
ဓမ္မဒါနပြန်လည်မျှ​​ဝေပါသည်။
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ_အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။
"ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးမြတ် သိဉာဏ်ထက်၏”
💠 ဓမ္မကို ဖြန့်ဝေသောသူသည် ...
"သာသနာပြုသူ" မည်ပါ၏။
ဓမ္မကို ဖြန့်ဝေခြင်းမှာ ...
"ပတ္တိဒါနကုသိုလ်" ဖြစ်ပါ၏။
▬▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬▬
ထို​ကြောင့် မိမိတို့၏ အပေါင်းအသင်း မိတ်ဆွေများ ... 📖🖍💻 သိရှိ/ မှတ်​သား/ အသုံးချ နိုင်စေရန် ခွင့်မတောင်းဘဲ (share ©)
လွတ်လပ်စွာ ထပ်ဆင့် ဓမ္မဒါန မျှ​ဝေ/ကူးယူခွင့်ပြုပါသည်။
#ကုသိုလ်​ကောင်းမှုများကိုမ​မေ့မ​လျော့ပြုနိုင်ကြပါ​စေ။
❁ အပ်ပမာဒနေ သမ်မာဒထေ ❁
#ဗုဒ်ဓသာသနံစိရံတိဌတု❁

ဗုဒ္ဓဘာသာနှင့်ကဆုန်လပြည့်နေထူးနေ့မြတ်ဟူ၍ထိုနေ့ကိုသတ်မှတ်ကာဗောဓိပင်မှာရေသွန်းလောင်းသည်။ဒါကြောင့် ကဆုန်လညောင်ရေသွန်းပွဲဟူသ...
25/05/2021

ဗုဒ္ဓဘာသာနှင့်ကဆုန်လပြည့်

နေထူးနေ့မြတ်ဟူ၍
ထိုနေ့ကိုသတ်မှတ်ကာ
ဗောဓိပင်မှာရေသွန်းလောင်းသည်။
ဒါကြောင့် ကဆုန်လညောင်ရေ
သွန်းပွဲဟူသည် မြန်မာတို့ရဲ့
၁၂လရာသီပွဲတော်ထဲမှာ
အပါအဝင်ဆိုကြပါတယ်။

ရာသီပန်းက စကားဝါပန်းပွင့်ပြီး
ဖွားမြင်, ပွင့်, စံ, ဗျာဒိတ်ခံ,ဟုလည်း
ဆိုကြ၍ ဖွား,ပွင့်,ဟော,စံ,ဗျာဒိတ်ခံ
ဟူ၍လည်းမှတ်သားကြသည်။

၁။ဗျာဒိတ်ခံတော်မူတဲ့နေ့
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
ကဆုန်လပြည့်နေ့။

၂။ဘုရားအလောင်းတော်
ဖွားမြင်သည့်နေ့ မဟာသက္ကရာဇ်
၆၈ခု ကဆုန်လပြည့်နေ့။

၃။ဘုရားဖြစ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ခုနှစ်
ကဆုန်လပြည့်နေ့။

၄။ဗုဒ္ဓဝင်အကျဉ်းဟောသည်နေ့
မဟာသက္ကရာဇ် ၁၀၄ခုနှစ်
ကဆုန်လပြည့်။

၅။ပရိနိဗ္ဗာန်စံသည့်နေ့
မဟာသက္ကရာဇ် ၁၄၈ခုနှစ်
ကဆုန်လပြည့်နေ့။

#ဓမ္မဂုဏ်ရောင် ဆရာတော်🙏🙏🙏

အမျိုးတို့ရေ ရာသီဥတုအရမ်းပူနေလို့ဆံပင်ရှည်တဲ့သူတွေ ဆံအုံထူတဲ့သူတွေခေါင်းချွေးအရမ်းထွက်နေရင် နေရတာအဆင်မပြေပါဘူးနော်  ဒီလိ...
22/05/2021

အမျိုးတို့ရေ ရာသီဥတုအရမ်းပူနေလို့
ဆံပင်ရှည်တဲ့သူတွေ ဆံအုံထူတဲ့သူတွေ
ခေါင်းချွေးအရမ်းထွက်နေရင် နေရတာအဆင်မပြေပါဘူးနော် ဒီလိုလေးတွေညှပ်လိုက်ရင်တော့ တော်တော်ပေါ့သွားမှာ လျှော်ရတာလည်း အဆင်ပြေလို့
တင်ပေးလိုက်တယ်နော်💇💇💇

အကောင်းဆုံးမုန့်ဟင်းခါး နဲ့အရသာအရှိဆုံးတို့ဖူးနွေး စားချင်သူများ👉သာလှ စတိုးမှာ အမြန်ဆုံးသွားဝယ်ထားကြပါနော်🥰လက်ကားလိုချင်...
13/01/2021

အကောင်းဆုံးမုန့်ဟင်းခါး နဲ့
အရသာအရှိဆုံးတို့ဖူးနွေး စားချင်သူများ
👉သာလှ စတိုးမှာ အမြန်ဆုံးသွားဝယ်ထားကြပါနော်🥰
လက်ကားလိုချင်သူများ 09 964560580 ကို Helloလိုက်ပါရှင့်😘

Happy Karen New Year par 🥰
13/01/2021

Happy Karen New Year par 🥰

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ🙏🙏🙏
31/12/2020

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ🙏🙏🙏

Address

Kanthar Quarter
Magway

Telephone

+959964560580

Website

Alerts

Be the first to know and let us send you an email when Magway Diamond Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share