25/05/2022
ဆံပင်ရှည်မြန်ချင်သူများ ဒီအချက်လေးတွေသိထားသင့်ပါတယ် ❗❗
1📌ဆံပင်ညှပ်ပေးပါ
(ကိုယ့်ရဲ့ အဖျားနှစ်ခွဖြစ်နေတဲ့ဆံသား/ပျက်စီးနေတဲ့ဆံသားအဖျားတွေကို 3လ တစ်ခါလောက်ညှပ်ပေးသင့်ပါတယ် )
2📌ဆံသားကိုအထောက်ကူဖြစ်စေမဲ့ အစားအသောက်များရွေးချယ်စားသောက်ပါ
(ကြက်ဥ / အာလူး/ ထောပတ်သီး /သရက်သီး/တို့ကိုဆံပင်ရှည်မြန်စေရန်နေ့စဉ်ပုံမှန်စားသုံးပေးပါ)
3📌ဆံသားကိုအပူပေးတာမျိုးကိုရှောင်ပေးပါ
(ဆံပင်ကိုဖြောင့်စက်ဆွဲခြင်း/အပူချောင်းနဲ့ကောက်ခြင်း /Hairy Dryer သုံးခြင်းက ဆံပင်ရှည်မြန်ခြင်းကိုဟန့်တားစေပါတယ်)
4📌နေ့တိုင်းခေါင်းမလျှော်သင့်ပါ
(နေ့တိုင်းခေါင်းလျှော်ခြင်းကဦးရေပြားအဆီတွေကိုခမ်းခြောက်စေနိုင်ပါတယ်)
5📌ခေါင်းလျှော်တိုင်းဆံပင်ပျော့ဆေး/ပေါင်းဆေးအသုံးပြုသင့်ပါတယ်
6📌ခေါင်းလျှော်တိုင်းဦးရေပြားကို 3မိနစ်ခန့်နှိပ်
နယ်ပေးခြင်းက ဆံပင်ရှည်မြန်ဖို့အထောက်အကူဖြစ်စေပါတယ်
ဆံပင်ရှည်မြတ်နိုးသူတိုင်း ဆောင်ရန်/ရှောင်ရန်လေးတွေမှတ်ထားပြီး လှပတဲ့ ဆံသားလေးတွေပိုင်ဆိုင်ကြပါစေ ❣️