Philosophy Magway Mailbox

Philosophy Magway Mailbox Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Philosophy Magway Mailbox, Shopping & retail, nyihtet09@email. com, Magway.

16/10/2024

စာမေးပွဲရက်လဲနီးနေပြီ
စာလေးဘာလေးလဲကျက်ဖူးတယ်ရှိအောင်ကျက်ကြည့်ပါအုံး🫢🫢

အောင်မြင်ချင်ရင် ပုရွက်ဆိတ် လိုတွေးရမယ်Ant Philosophy အကြောင်း ဖတ်ဖူးပါတယ်ပုရွတ်ဆိတ်တွေက ဖြစ်ပေါ်လာတဲ့ပြဿနာကိုဖြေရှင်းတဲ...
25/03/2022

အောင်မြင်ချင်ရင် ပုရွက်ဆိတ် လိုတွေးရမယ်
Ant Philosophy အကြောင်း ဖတ်ဖူးပါတယ်
ပုရွတ်ဆိတ်တွေက ဖြစ်ပေါ်လာတဲ့ပြဿနာကိုဖြေရှင်းတဲ့ချိန်မှာ အဓိကနည်းလမ်း (2) ခုရှိတယ်
နံပါတ် (1) တစ်ခုက
Think Winter All Summer တဲ့
“နွေရာသီမှာ ဆောင်းရာသီကိုအမြဲသိတိရတယ်”
“ပြဿနာက ဘယ်ချိန်မှာဖြစ်လာမလဲဆိုတာမသိလို့ပါ”
ကျ​​​နော်တို့ဘဝမှာ ပုရွတ်ဆိတ်ကိုတွေ့ရင် သူတို့က အစာတွေသယ်ရင်သယ်ထားမယ်
သို့မဟုတ် အစာတွေရှိတဲ့နေရာကို ချီတက်သွားရင်သွားနေတာကိုတွေ့ရတယ်
သူတို့တွေက အစာမရှာပဲနားနေတယ်ဆိုလို့မရှိပါဘူး
နွေရာသီမှာ အစာရှာတဲ့အလုပ်ကို အသားကုန်လုပ်တတ်ပြီး အစာတွေကိုသိုလှောင်ထားတတ်တယ်
သူတို့ရဲ့အတွေးထဲမှာ နွေရာသီဆိုတာ ဘယ်လိုပဲဖြစ်ဖြစ်ကျော်သွားမှာပဲ
နွေရာသီပြီးရင် ဆောင်းရာသီကရောက်လာမယ်လို့ သူတို့ကောင်းကောင်းနားလည်ပါတယ်
ဆောင်းရာသီရောက်လာတာပဲဖြစ်ဖြစ်
သို့မဟုတ် ရုတ်တရက်မုန်တိုင်းဝင်ရင် သူတို့အစာရှာထွက်လို့မရဘူးလို့ သူတို့တွေးတယ်
ဒါကြောင့် ရာသီဥတုဘယ်လိုပဲပြောင်းလဲပါစေ
သူတို့စုဆောင်းထားတဲ့အစာတွေကြောင့် သူတို့အသက်ရှင်ဖို့စိတ်ပူစရာမလိုတော့ပါဘူး
ဒါကြောင့်
“အကောင်းဆုံးအခြေအနေမှာ မထင်မှတ်တဲ့အဆိုးဆုံးအခြေအနေအတွက်
အဆင်သင့်ဖြစ်အောင် အမြဲပြင်ဆင်ပါ”
နံပါတ် (2) အချက်က
Think Summer All Winter ပါပဲ
“ဆောင်းရာသီမှာ နွေရာသီကိုသတိရပါ”
အခွင့်အရေးကို အမြဲတမ်းစောင့်မျှော်နေတယ်
ဆောင်းရာသီမှာပဲဖြစ်စေ ၊ အကယ်၍ ရာသီဥတုက
ရုတ်တရက်ကောင်းလာပြီး
နေကောင်းကောင်းထွက်တဲ့နေ့မှာ
ပုရွတ်ဆိတ်တွေက ချက်ချင်းအစာရှာထွက်တတ်ပါတယ်
သူတို့က အမြဲတမ်းအဆင်သင့်ဖြစ်အောင်ပြင်ဆင်တတ်ပါတယ်
အခွင့်အရေးကိုလက်လွှတ်ဆုံးရှုံးမှုမခံဘူး
ဒါကြောင့် ပုရွတ်ဆိတ်တွေက ဘယ်လောက်ဆိုးရွားတဲ့အခြေအနေမှာမဆို
အသက်ရှင်နိုင်တဲ့ သတ္တဝါဖြစ်ပါတယ်
ကျ​နော်တို့နဲ့ယှဉ်ကြည့်မယ်ဆိုရင်
အလုပ်တွေကောင်းတဲ့ချိန်၊ စီးပွားရေးကောင်းတဲ့ချိန်မှာ
များသောအားဖြင့် တခြားအခြေအနေကို မတွေးခဲ့ပါဘူး
ကောင်းနေတာပဲ ၊ အဆင်ပြေနေတာပဲ ဆိုပြီးတစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပါတယ်
ဒါပေမဲ့ တရက်ရက်မှာ မကောင်းတော့ရင်ကော
အခုအနီးဆုံး ဥပမာပြရမယ်ဆိုရင်
Virus တွေ , PM တွေကြောင့် မြန်မာနိုင်ငံမှာ အရမ်းအကျိုးသက်ရောက်မှုမရှိသေးပေမဲ့
တခြားနိုင်ငံတွေက အလုပ်တွေ၊ ကုမ္ဗဏီတွေ၊ ဆိုင်တွေ ပိတ်ကြရပါပြီ
ပုရွတ်ဆိတ်လိုတွေးပါ
အကယ်၍ သူများနိုင်ငံလိုမျိုးအဆိုးဆုံးအခြေအနေဖြစ်လာရင်
ကိုယ့်မိသားစုအဆင်ပြေအောင်ဘယ်လိုထားရမှာလဲ?
အပြင်မထွက်နိုင်ရင် Online နဲ့ကောဝင်ငွေရှာနိုင်လား?
ငါသာအလုပ်မသွားနိုင်ရင်၊ အပြင်ထွက်ခွင့်ပိတ်လိုက်ရင်?
င့ါစားသောက်ဆိုင်လေး ပိတ်ထားရရင် ?
ကျ​နော်က တွေးပြီးကြောက်ခိုင်းတာမဟုတ်ပါဘူး
တွေးပြီး ကြိုတင်ပြင်ဆင်စေချင်တာပါ
ပုရွက်ဆိတ်တွေလို ကြိုတင်ပြင်ဆင်ထားပါ
ဘာကိစ္စမှာပဲဖြစ်ဖြစ် သူများထက်အောင်မြင်ချင်ရင်တော့
သူများထက်အဆင်သင့်ဖြစ်နေအောင် ကြိုတင်ပြင်ဆင်ထားရမှာပဲ
..

31/05/2020

အဝေးသင်ကျောင်းသူကျောင်းသားများခင်ဗျာ
ကျောင်းအပ်ဖို့အတွက်စိတ်မပူကြပါနဲ့
June လကုန်အထိလက်ခံမည်ဖြစ်ပြီး လိုအပ်ရင် July လအထိပါ အချိန်ရှိနိုင်ပါတယ်နော်။

စောစောအပ်ရင်တော့ စိတ်ပေါ့သွားတာပေါ့။
ကျွန်တော်လိုဘဝသမားများ ၊ ကျောင်းအပ်ရန် ပိုက်ဆံမလုံလောက်သေးသူများအတွက်ကတော့ အခွင့်အရေးရှိပါသေးတယ်နော် ပိုက်ဆံထပ်ရှာလို့ရပါတယ်ခင်ဗျာ။
ဖြစ်နိုင်ရင်တော့ June လ အတွင်းအပ်ရင် စိတ်ချရပါတယ်နော်....
Crd #

အဝေးသင်assတင်မဲ့ရက်ထွက်ရှိလာပါpရောဂါအခြေအနေပေါ်မူတည်ပြီးပြောင်းလဲမှုလဲရှိနိုင်ပါသည်Poto crd #
19/05/2020

အဝေးသင်assတင်မဲ့ရက်ထွက်ရှိလာပါp
ရောဂါအခြေအနေပေါ်မူတည်ပြီးပြောင်းလဲမှုလဲရှိနိုင်ပါသည်
Poto crd #

18/05/2020

Philမေဂျာယူတိုင်းချောတယ်လို့မဆိုလိုပါဘူး ဒါပေမဲ့ချောတဲ့သူအများစုတော့philမှာဘဲတွေ့ရတယ်😍😍

Address

Nyihtet09@email. Com
Magway
766766532

Telephone

+959766766532

Website

Alerts

Be the first to know and let us send you an email when Philosophy Magway Mailbox posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share