Pyae Online Store

Pyae Online Store အရောင်းအဝယ်

20/03/2024

''ကုဋေရှစ်ဆယ်သူဌေးသားက

သိပ်သနားဖို့ကောင်းတယ်နော်ဆရာမ''

မျက်ထောက်နီနဲ့ကြည့်တဲ့အကြည့် ကျွန်တော်သိတယ်...

''နင်ကဘာသနားတာလဲ''

''နင်သာလူမိုက် ဒုစရိုက်တဲ့လားဆရာမရယ်

သူက ဘာမဟုတ်တာလုပ်လို့လဲ''

ဆရာမ မျက်လုံးပြူးပြီးကြည့်တယ်

ဘာမှမပြောသေးဘူး

''သူ့ရှိတဲ့ ပိုက်ဆံလည်းအခိုးခံရတယ်

လူတွေကကျေးဇူးတရားနားမလည်ကြဘူးနော်''

''သူကပညာမှမတတ်တာ''

''ပညာမတတ်ရင် နှလုံးသားမဲ့ရောလားဆရာမ

သူ့ပစ္စည်းတွေ အခိုးခံရတာတောင် ပြန်ပြီး မခိုးရကောင်း

မှန်းသိလို့ မလုရကောင်းမှန်း

သိလို့တောင်းစားတာလေ ဘာလို့ဝိုင်းရိုက်တာလဲ''

''အဲ့ဒါ''

''သားကတော့ အဲ့ဒိလူ့ပါတ်ဝန်းကျင်ကိုပဲ

အမြင်ကတ်တာ...
သူတို့လည်းပညာမဲ့လောက်တယ် . .ပညာတင်မကဘူး

နှလုံးသားလည်းမဲ့လောက်တယ်''

'ဘာ''

''သားမေးပါရစေ အဲ့ဒီကဗျာကသူဋ္ဌေးသားကို

အကောင်းပြောတာလား မကောင်းပြောတာလား''

''ဟို...မကောင်းပြောတာလေသားရဲ့''

''ဒါဆို သူ့ဝိုင်းရိုက်တဲ့သူတွေကကောင်းတယ်ပေါ့''

''ကဗျာက ပညာမဲ့တာကို မကောင်းပြောတာလေ''

''နှလုံးသားမဲ့တာကျတော့ရော...

စာနာစိတ်မဲ့တာကျတော့ရော...

မြေနိမ့်ရာလှံစိုက်တာကျတော့ရော...

ကူညီရကောင်းမှန်းမသိတာကျတော့ရော....''

''ကဗျာရဲ့ဆိုလိုရင်းကို သားသိအောင်ကြိုးစား''

''ဆရာမ ဒီမှာကြည့်''

''နင် နင် ရိုင်းလှချည်လား''

''သားဘာရိုင်းလို့လဲ''

''နင်ငါ့ကို ဘာလို့လက်ခလယ်ထောင်ပြတာလဲ''

''လက်ခလယ်က ဘာဖြစ်လို့လဲ''

'နင့်ကို ကျောင်းအုပ်ကြီးရုံးခန်းပို့မယ်''

''သားပေးချင်တဲ့ ဥပမာက အဲ့ဒါ . .!

သားဘယ်လိုရှင်းပြရှင်းပြဆရာမ

လက်ခံမှာ မဟုတ်တော့ဘူး

သားလက်ခလယ်မှာမှဲ့ပါတယ်...

ပြသူနဲ့ကြည့်သူမှာ ကိုယ်ပိုင်ယူဆချက်တွေရှိတယ်

တူတဲ့အခါတူမယ်ကွဲတဲ့အခါကွဲမယ်...

ဒါပေမယ့်ပြသူမှာပိုတာဝန်ရှိတယ်...

ဒီကဗျာလည်းဒီလိုပဲ''

''ဘာဆိုင်လို့လဲ''

''ဆားတုံဆရာတော်က ပညာမဲ့တာကို အဆိုးရေး

ထားတယ် နှလုံးသားမဲ့တာကို အပြစ်တောင်

တင်မထားဘူး... ဆရာမဘယ်လိုမြင်လဲမသိဘူး...

သားကတော့ ဒီလိုပဲမြင်တယ်''

''သားထပ်မေးမယ်

ပညာမဲ့တာနဲ့

စာနာစိတ်မဲ့တာ

ဘယ်ဟာပိုဆိုးလဲ''

#တာရာမင်းဝေ
လူငယ်တစ်ယောက်ရဲ့ကျောက်ထွင်းရာဇဝင်မှ
Respect - ဆရာတာရာမင်းဝေ😍😍😍

Credit to the original author

03/10/2023

ချစ်ရေးချစ်ရာမှာ
အရင်ဆုံးချစ်တယ်လို့ စပြောတဲ့သူက အရှုံးပဲ.....
နွေလင်းရောင်

နာကျင်လွန်းလို့မျက်ရည်ကျဖူးတဲ့သူက အခြားသူကို ဘယ်လိုနာကျင်အောင်လုပ်ရမလဲဆိုတာ ကောင်းကောင်းသိတယ်.....
ချစ်ဖူးငုံ

ငါ နင့်ကိုချစ်ပါတယ်သူငယ်ချင်းရယ်. ဒါပေမယ့်လေ...........
စံပယ်ဖြူ

အချစ်ဆိုတာ ချစ်ရင်းချစ်ရင်းနဲ့ ရှုံးနေတာမျိုး.....
မင်းသစ်

#မုန်းခွင့်ရုပ်ရှင်ဇာတ်ကားကြီး 💔

20/01/2022
18/08/2021

Address

Magway

Telephone

+959981818780

Website

Alerts

Be the first to know and let us send you an email when Pyae Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share