17/12/2019
Charcoal အကြောင်း သိလိုသူများအတွက်
👇👇
Charcoal Vs Activated Charcoal
ရိုးရိုးမီးသွေး (နှင့်) စွမ်းဆောင်ရည်မြင့် မီးသွေး
ဆပ်ပြာလုပ်သူတေ ဘယ်ပစ္စည်းကို ဘာကြောင့် သုံးတယ်ဆိုတာ သိရအောင်ပါ !
အလှကုန် စားသောက်ကုန်မှာ သုံးနေကြတဲ့ မီးသွေးဆိုတာ Activated Charcoal တွေကိုပြောတာပါ ..
Activated Charcoal ကို ဗမာမှုပြုတော့ စွမ်းဆောင်ရည်မြင့် မီးသွေး လို့ဘဲ ဆိုရမလား !? တကယ်တော့ မီးသွေးဆိုတာ ကာဗွန်ပါ , စွမ်းဆောင်ရည် ထပ်ပေါင်းသည်ဖြစ်စေ မပေါင်းသည်ဖြစ်စေ ကာဗွန်ပါဘဲ ...
ရိုးရိုးမီးသွေးကို ရှေးအဘိုးဖွားလက်ထက်ကတည်းက သွားတိုက်တဲ့နေရာမှာ သုံခဲ့ကြတယ်နော် .. ကျမငယ်ငယ်ကလည်း မီးသွေးနဲ့ သွားတိုက်ခဲ့ဘူးတယ် !! သွားလေးကိုဖြူလို့ 😃
အဲ့ဒီရှေးရှေးခေတ် ကတည်းက .. အဖြူများနိုင်ငံ ( Europe, America) မှာ မီးသွေးကို တွင်တွင် ကျယ်ကျယ်သုံးခဲ့ကြတယ် .. မီးသွေးမှုန့် ပုဂံထဲဖြူးပြီး ဆေးရုံ ဆေးခန်းတွေမှာ အနံ့စုပ်အောင် , အညစ်ကြေးတွေစုပ်အောင် ရည်ရွယ်ချက်နဲ့ သုံးခဲ့ကြတယ်
တချို့ ရေပိုက်ကရေကို( tap water) သောက်တဲ့သူတွေဆိုရင် ..ဝါးမီးသွေးချောင်း အရှည်ကြီးကို ရေကရားထဲထည့် ၂၄ နာရီထားပြီး မှ သောက်ရေအဖြစ် သုံးကြတယ် ..
၂၄ အတွင်းမှာ ရေထဲကပါလာတဲ mineral တွေ ( ခဲဓါတ် ထုံးဓါတ် စသဖြင့် ) အနံ့ဆိုးတို့ကို အဲ့ဒီမီးသွေးချောင်းက စုပ်ယူသွားတယ် ..
ဒုတိယကမ္ဘာစစ်အတွင်းကလည်း အုန်းမှုတ်ခွက် မီးသွေးမှုန့်ကို gas mask , ဓါတ်ငွေ့ကာမျက်နှာဖုံး အနေနဲ့ သုံးခဲ့ကြတာ အထင်ကရပါဘဲ ...
ဒီလိုနဲ့ နည်းပညာ တိုးတက်လာတဲ့ ဒီနေ့လို ခေတ်ကြီးမှာ .. ရိုးရိုးမီးသွေးကို အသက်သွင်းခဲ့ကြတယ် 😂
အဲ့ဒါကို Activated Charcoal လို့ခေါ်တာပါ ..
မြန်မာလို တိုက်ရိုက် အသံထွက်နဲ့ဘဲ အက်တီဗ်ိတ်တက် ချာကိုးလို့ဘဲ ခေါ်ကြစို့ရဲ့ ...
ရိုးရိုးမီးသွေး ၂၄ နာရီမှာလုပ်တဲ့ အလုပ်ကို အက်တီဗ်ိတ်တက် ချာကိုးက စက္ကန့်ပိုင်းအတွင်း လုပ်ပေးပါတယ် ..
ဒါကြောင့် ဒီနေ့ခေတ် ..ရေသန့်စနစ် , အလှကုန်နဲ့ စာသောက်ကုန် , ကျန်းမာရေး အထောက်ကူပြု ပစ္စည်းတွေမှာ အက်တီဗ်ိတ်တက် ချာကိုးက တော်တော် နေရာယူထားပြီးပါပြီ !
အက်တီဗ်ိတ်တက် ချာကိုးနဲ့လုပ်တဲ့ face mask ဆိုတာ မြန်မာပြည်က လူတော်တော်များများ သိနေကြတာပါဘဲ !
ဒီမှာ အသိနည်းသေးတာက အဲ့ဒီ အက်တီဗ်ိတ်တက် ချာကိုး ကို မကြာမကြာသောက်ပေးခြင်းဖြင့် ခန္ဒာတွင်း အဆိပ်တောက်တွေကို စစ်ချပေးပြီး ဖြစ်ပါတယ် !!
သူများနိုင်ငံမှာတော့ အက်တီဗ်ိတ်တက် ချာကိုးအမှုန့်လေးတွေကို ဆေးတောင့်အသွင်နဲ့ ထုတ်လုပ်ရောင်းချကြပါတယ် ..
ဒါကြောင့် ဆပ်ပြာလုပ်တဲ့သူတွေ ဘာကြောင့် အက်တီဗ်ိတ်တက် ချာကိုးကို သုံးသင့်သလဲဆိုရင် .. မျက်နှာအတွင်းပိုင်းမှာ စိမ့်ဝင်နေတဲ့ အဆိပ်တောက်တွေ ကို စက္ကန့်ပိုင်းအတွင်း သန့်စင်ပေးနိုင်လို့ ..Detox အဆိပ်ထုတ်တဲ့ အနေနဲ့သုံးပါတယ် !!!
မီးသွေးဆိုတာ တကယ်တော့ ..လေထု ရေထု မြေထု ကို
အဆိပ်တောက်တွေ ကင်းအောင် သန့်စင်ပေးနိုင်တဲ့ သဘာဝတရားကပေးတဲ့ အကောင်းဆုံး ဆုလာဒ်ထဲက တခုပါဘဲ !
ရိုးရိုးမီးသွေးမှုန့်ရော သုံးရင် မရဘူးလားဆိုတော့ .. အဖြေက ဟုတ်ကဲ့ ရပါတယ် ! ဒါပေမယ့် အာနိသင်က အက်တီဗ်ိတ်တက် ချာကိုးလောက်တော့ မထိရောက်ပါဘူး ..
အက်တီဗ်ိတ်တက် ချာကိုးကို အိမ်မှာလုပ်လို့ရလားဆိုရင် .. သီအိုရီအရ မရပါဘူး .. သူ့ကိုလုပ်ဘို့ အပူချိန် ၁၂၀၀•C လောက်မြင့်ရပါမယ် , ဒါမှမဟုတ် အိမ်တွင်းအပူချိန် ၂၀၀•C လောက်ဆိုရင် chemical တခုခုနဲ့ ပေါင်းပြီးမှ လုပ်ရတာမို့ပါ ..
သီအိုရီအရ မရဘူးဆိုပေမယ့် .. လက်တွေ့စမ်းလုပ်နေကြတဲ့လူတွေလဲ ဒီကမ္ဘာပေါ်မှာ အများကြီးပါ .. သူတို့ပိုပြီးနားလည်လိမ့်မယ်လို့ ထင်ပါတယ် ..
စျေးပေါ သွားဖြူဆေးလေး အဆစ်ပေးလိုက်ပါတယ် ..
မီးသွေးမှုန့် , ဆား, နနွင်းမှုန့် , တမာရွက်အခြောက်လှန်းအမှုန့် ..ဆတူရော သွားတိုက်ပါ !! ( သွားတိုက်ဆေးနှင့် သမ၍လည်း သုံးနိုင်ပါသည် !!
Credit: bubble
Activated charcoal ၏ အကျိုးသက်ရောက်မှု
------------------------------------------------------------------
activated charcoal ကို အလှအပပစ္စည်းနဲ့ ဆေးဝါးတွေမှာ ထည့်သွင်းဖော်စပ်နေကြတာ ခုမှလားဆိုတော့ မဟုတ်ပါဘူး။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အသားအရည်ထိမ်းသိမ်းရာမှာ အဓိက ပါ၀င်ပစ္စည်း အနေနဲ့ တွင်ကျယ်စွာ သုံးစွဲနေကြတာပါ။
သူ့ရဲ့ နာမည်ကျော် ဂုဏ်သတ္တိကတော့ အသားအရည်ပေါ်က အဆီတွေကို စုပ်ယူဖယ်ရှားနိုင်စွမ်းပါပဲ။ ဒါကြောင့်လဲ သူ့ကိုဆပ်ပြာ၊ scrub နဲ့ beauty mask တွေမှာ ထည့်သွင်းပြုလုပ်လာကြတာဖြစ်ပါတယ်။
အမျိုးအစားကတော့ အစုံပါပဲ၊ sugar charcoal၊ aka white charcoal စသည်ဖြင့် activated charcoal အမျိုးမျိုးရှိပါတယ်။ ရိုးရိုးမီးသွေး အမျိုးမျိုးကို နည်းအမျိုးမျိုး နဲ့ ထုတ်ပါတယ်။ သစ်သား၊ ကျောက်မီးသွေး၊ သစ်ဆွေးမြေ စသည်တို့ကနေ ပြုလုပ်ပါတယ်။ ဒီလိုလုပ်ထားတဲ့ မီးသွေးကိုတော့ လောင်စာအဖြစ်သုံးကြပါတယ်။ ဒါပေမယ့် activated charcoal ကိုတော့ အလှအပပစ္စည်းနဲ့ ဆေးဝါး တွေမှာ ထည့်သွင်းအသုံးပြုကြပါတယ်။ "activated" ဆိုတဲ့ စကားလုံးလေး ရှေ့ကနေတပ်လိုက်ဖို့ အတွက် ရိုးရိုးမီးသွေးကို အပူချိန်မြင့်မြင့်နဲ့ ထပ်မံပြုပြင် သန့်စင်ယူရပါတယ်။ ဒီလိုလုပ်ပေးလိုက်ခြင်းအားဖြင့် သူ့ရဲ့ အဆီစုပ်ယူနိုင်စွမ်းနဲ့ သန့်စင်စစ်ထုတ်ပေးနိုင်စွမ်းကို မြင့့််တက် လာစေပါတယ်။ ဒါကြောင့်သာလဲ activated charcoal ကို အလှကုန်နဲ့ ဆေးဝါးများမှာ ထည့်သွင်း အသုံးပြုနေကြခြင်းဖြစ်ပါတယ်။
တိတိကျကျပြောရရင်ဖြင့် activated charcoal ဟာ အဆီပြန်တဲ့ အသားအရည်အတွက်အထူးကို သင့်တော်ပါတယ်။ သူ့အစွမ်းကြောင့် ချွေးပေါက်မှာ ပိတ်ဆို့ နေတဲ့ အဆီနဲ့ အညစ်အကြေးတွေရှင်းလင်းပြီး အသားအရည်ညီညာညက်ညောစေပါတယ်။ အသားခြောက်သူတွေ အတွက်တော့ မသင့်တော်ပါဘူး။ တစ်ချို့ကတော့ မီးသွေးကို ဆံပင်ထူထဲသန်မာလာစေဖို့ နဲ့ တစ်ချို့ကတော့ သွားကျန်းမာရေးအတွက်ပါ အသုံးပြုကြပါတယ်။
မီးသွေးကို သင့်ရဲ့ အသားအရည်ထိန်းသိမ်းရာမှာ အသုံးပြုချင်ပါသလား? စိတ်၀င်စားဖို့ ကောင်းတာတစ်ချက်က activated charcoal ဟာ ရေမှာ မပျော်၀င်နိုင်ပါဘူး။
တကယ်လို့များ သင့်ထုတ်ကုန်ထဲ မှာ မီးသွေးကိုထည့်သွင်း အသုံးပြုချင်တယ်ဆိုရင်တော့ ရေထက်စာရင် ဆီနဲ့ ရောစပ်သုံးတာကို ပိုပြီးတော့ လွယ်ကူပါလိမ့်မယ်။ မီးသွေးလက်ဘက်စားဇွန်းတစ်ဇွန်း ကို 99% ispropyl alcohol စားပွဲတင်ဇွန်းတစ်ဇွန်းနှုန်းနဲ့ အရင်ရောစပ်ပြီးမှ cp/mp ဆပ်ပြာထဲကို ထည့်ပါ။ မီးသွေးထည့်မယ်စိတ်ကူးထားရင် ဆပ်ပြာလုပ်ရာမှာ ဆီအမာတွေ အများကြီးမသုံးသင့်ပါဘူး။
နောက်တစ်ချက်ကတော့ activated charcoal ကိုသုံးထားရင် အနက်ရောင် ပစ္စည်းလှလှပပလေး ထွက်လာပါတယ်။ ကျွန်တော်တို့ ဆပ်ပြာသမားတွေအတွက်ကတော့ ဆပ်ပြာ အနက်ရောင်လေးပေါ့။ 😀
အ၀တ်လျှော်မိရင်တော့ အမည်းရောင်နည်းနည်းစွန်းတတ်ပါတယ်။ ဒါပေမယ့် ချွတ်လို့မရတဲ့ အစွန်းမျိုးတော့ မဟုတ်ပါဘူး။ cp/mp ဆပ်ပြာတွေမှာ သုံးမယ်ဆိုရင် လက်ဘက်စားဇွန်း တစ်ဇွန်းကို ဆပ်ပြာတစ်ပေါင်နှုန်း နဲ့ စကြည့်ပါ။ တော်တော်လေးကို အနက်ရောင်ရင့်ရင့်ထွက်တဲ့အထိ charcoal ကိုထည့်သုံးမယ်ဆိုရင်တော့ အမြှုပ်ကလဲ အနက်ရောင်ထွက်ပါတယ်။
မီးခိုးရောင်လောက်ပဲ အရောင်ထွက်အောင်သုံးရင် အမြှုပ်ကတော့ အမည်းရောင်မထွက်ပါဘူး။
နောက်တစ်ခုက activated charcoal ကို ဘယ်လို ကိုင်တွယ်သုံးစွဲကြမလဲ ဆိုတာလေးပြောပါရစေ။ သူက အရမ်းကို မှုန့်လွန်းတဲ့ အမှုန့်ဆိုတော့ လေလေးနည်းနည်းပြင်းတာနဲ့ လေထဲ ဖွတ်ဆို လွင့်သွားတာမျိုး။
ဒီတော့ သူ့ကိုသုံးမယ်ဆိုရင် ပြူတင်းပေါက်တွေ ပိတ်ထားပါ။ ပန်ကာတွေ ပိတ်ထားပါ။ လက်နဲ့ ကိုင်ပြီးသုံးမိရင် သုံးပြီးတာနဲ့ ဆပ်ပြာနဲ့ လက်ကို သေသေချာချာဆေးပါ။ သူက အဆီစုပ်ရာမှာ ဆရာတစ်ဆူဖြစ်လို့ ကိုယ့်လက်က အသားအရည်ခြောက်သွေ့မသွားရအောင်ပါ။
crd. Kiwi
soar seinn ဝါးမီးသွေးဆပ်ပြာမှာတော့ ဝါးမီးသွေး; သံလွှင်ဆီ;ပျားရည် နှင့် ဘီတာမင် E တို့ပါဝင်တယ် ဝက်ခြံနဲ့မျက်နာမှာအဆီပြန်တဲ့သူတွေအတွက်အထူးသင့်လျှော်ပါတယ် 🖤🧼
ph-09451726444
09451726333
063 27492