OMK Online Shop

OMK Online Shop I am ready you to be helpful🙏

11/10/2020

Online Shop စလုပ်ရင် မဖြစ်မနေသိထားရမည့် အချက်များ...

1. အရင်ဆုံး Facebook ပေါ်မှာ Page တစ်ခုထောင်ရပါမယ်...
Online shop လုပ်မယ်ဆိုရင်...
Account မှာ လုပ်တာထက်...
Page မှာ လုပ်တာ ပိုပြီး ထိရောက်မှု့ရှိပါတယ်...
Account မှာက ကိုယ်တင်လိုက်တဲ့ Post ကို... လူဘယ်လောက်ထိကြည့်ထားလဲဆိုတာ...
ပြန်ကြည့်လိုမရပါဘူး...
Page မှာပဲ ပြန်ကြည့်လို့ရပါတယ်...
ပြီးတော့ Account မှာတင်တဲ့ Post ကို...
လူများများမြင်အောင် Boost လုပ်လို့မရပါဘူး...
Page မှာပဲ Boost လုပ်လို့ရပါတယ်...
ဒါကြောင့် Online shop လုပ်ပြီဆိုရင်...
Page ထောင်ပြီးလုပ်တာက...
ပိုပြီးထိရောက်မှု့ရှိစေပါတယ်...

2. Page ထောင်ပြီးပြီးဆိုတာနဲ့...
ကိုယ့် Page ကို Customer တွေ...
ယုံကြည်မှု့ပိုရှိစေဖို့အတွက်...
Page Setting ပိုင်းကို Professional ကျကျ...
ပြင်ဆင်ထားဖို့လိုပါမယ်...
မလုပ်တတ်သေးရင်လည်းစိတ်မပူပါနဲ့...
ဒီစာလေးကိုဆုံးအောင်ဖတ်လိုက်ပါအုံး...
နောက်ဆုံးမှာဘာလုပ်ရမလဲဆိုတာ...
သိသွားပါလိမ့်မယ်...😉😉

3. ဒီအချက်ကတော့ Page တစ်ခုအတွက်...
အရေးအကြီးဆုံးအပိုင်းလို့ပြောလို့ရတဲ့...
Profile Logo တင်ထားဖို့ပါပဲ...
Logo တင်တဲ့နေရာမှာလည်း...
တခြား Online Shop တွေလို...
Profile မှာ လူပုံတွေတင်တာတို့...
ကိုယ့်လုပ်ငန်းရဲ့လိပ်စာကဒ်ကို... ဓာတ်ပုံရိုက်ပြီးတင်တာတို့...
ဆိုတာ (လုံးဝ) ကိုမလုပ်သင့်တဲ့အရာပါ...
Customer တွေရဲ့အမြင်မှာ အရမ်းကို...
အဆင်မပြေဖြစ်တတ်ပါတယ်...
ဘယ်လို Logo မျိုးတင်သင့်လဲဆိုတော့...
ကြည့်လိုက်တာနဲ့ ရှင်းလင်းပြီး...
မှတ်မိလွယ်စေမယ့် Logo မျိုးတင်သင့်ပါတယ်...
ဒါမှလည်း ဒီ Logo ကိုမြင်လိုက်တာနဲ့...
ဘယ်လုပ်ငန်းရဲ့Logo လည်းဆိုတာ...
မှတ်မိနေမှာဖြစ်ပါတယ်...
Logo ကို ကိုယ်တိုင်မဆွဲတတ်သေးရင်လည်း...
စိတ်မပူပါနဲ့ ဖုန်းလေးတစ်လုံးထဲနဲ့ပဲ...
ဆွဲလို့ရတဲ့နည်းတွေရှိပါတယ်...
Page မှာတင်ဖို့ ကြော်ငြာဒီဇိုင်းတွေကို...
စိတ်ကြိုက်ဖန်တီးလို့ရတဲ့အထိကို...
အသုံးဝင်ပါတယ်...😉😉

4. ဒီအချက်ကတော့ Page ကို ဒေါ်လာမသုံးပဲ...
Like & Follower များအောင်လုပ်ဖို့...
ဘယ်လို Tools တွေ ရှိတယ်...
ဘယ်လို Strategy တွေရှိတယ်ဆိုတာ...
သိထားဖို့လိုပါတယ်...

5. မိမိရဲ့ Page ကို Customer တွေ...
အမြဲတမ်းစိတ်ဝင်စားနေစေဖို့...
အမြဲတမ်းစျေးရောင်းတဲ့... ပိုစ့်တွေကြီးတင်နေတာမျိုးမဟုတ်ပဲ...
သူတို့အတွက် ကောင်းကျိုးတစ်ခုခုရရှိစေမယ့်...
ပိုစ့်မျိုးတွေကို မကြာခဏ တင်ပေးရပါမယ်...
တစ်ပတ်ကို (3) post လောက်ပေါ့...

6. မိတ်ဆွေတို့ရဲ့ Page မှာတင်လိုက်တဲ့...
ကြော်ငြာပိုစ့်တွေကို Customer တွေ... ကြည့်လိုက်တာနဲ့ ဝယ်ချင်စိတ်ဖြစ်အောင်... ရေးသားနိုင်ဖို့လည်းလိုပါတယ်...
ဒါကတော့ ကြော်ငြာရေးသားနည်းတစ်ခုဖြစ်တဲ့...
(Copy Writing) ကို လေ့လာထားဖို့လိုပါတယ်...

7. ဒီအချက်ကတော့ Customer တွေဆီက...
ယုံကြည်မှု့ရရှိစေဖို့ပါ...
သူတို့ကို ကိုယ်ကပြောထားတဲ့အတိုင်း...
ဖြစ်အောင်လုပ်ပေးဖို့လိုပါတယ်...
ဒါမှလည်း Customer တွေက...
ကိုယ့်ရဲ့ Page ကို ယုံကြည်မှု့ရှိလာပြီး...
ရေရှည်အလုပ်လုပ်လို့အဆင်ပြေမှာ...
ဖြစ်ပါတယ်...

8. Page မှာတင်လိုက်တဲ့ ပိုစ့်တွေကို...
လူများများမြင်အောင် Boost လုပ်ရမှာဖြစ်ပါတယ်...
Boost လုပ်တယ်ဆိုတာကလည်း...
သေချာစနစ်တကျလုပ်တတ်ဖို့လိုပါတယ်...
မဟုတ်ရင် ဒေါ်လာအကုန်အကျများပြီး...
ထိရောက်မှု့နည်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်...
ဒီလိုစနစ်တကျ Boost လုပ်ဖို့ဆို...
သေချာနားလည်တတ်ကျွမ်းတဲ့ Boost Service
တွေဆီမှာ ဝန်ဆောင်ခပေးပြီး... ကြော်ငြာခိုင်းလို့ရပါတယ် (သို့မဟုတ်)
ကိုယ်တိုင်စနစ်တကျ Boost လုပ်တတ်ချင်ရင်တော့...
Facebook Marketing သင်တန်း... တစ်ခုလောက် တက်ထားသင့်ပါတယ်..

Credit to original uploader

24/09/2020

ချစ်လေးတို့ရေ ဒီည၇နာရီမှာကံစမ်းမဲလည်းဖောက်ပေးမယ်😍
၁၅၀၀ထက်မကျော်တဲ့စျေးနူန်းနဲ့ ကွန်တိန်နာကျအကျီလေးတွေ ရောင်းပေးမယ်နော်😍😍😍
တန်မှတန်အစီအစဥ်လေးပေါ့😍😍

12/05/2020

#ဝိတ်ချမယ့်သူများမဖြစ်မနေသိထားသင့်သော_ခန္ဓာကိုယ်တည်ဆောက်မှုများ

ဝိတ်ချတော့မယ် , Diet လုပ်တော့မယ် , အားကစားလုပ်ပြီး ကြွက်သားတည်ဆောက်တော့မယ် ဆိုရင် မိမိရဲ့ ခန္ဓာကိုယ်ဟာ ဘယ် အမျိုးအစား ထဲမှာ ပါဝင်လဲ ဆိုတာကို သိထားသင့်ပါတယ် ။👍👍👍👍

ခန္ဓာကိုယ် အမျိုးအစား ကို မူတည်ပြီး စားသောက်ရမယ့် ပုံစံ / လေ့ကျင့်ခန်း လုပ်ရမယ့် နည်းလမ်း စနစ်တွေဟာ ပြောင်းလဲ သွားတတ်တာမို့ပါ ။ 👌

GYM တွေမှာ personal trainer တွေ ထားကြတာ ဒီသဘောပါပဲ ။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ် အမျိုးအစားကို လိုက်ပြီး အသေးစိတ် ပြောင်းလဲ ညွှန်ကြားနိုင်ဖို့ပါ။ ❤️

မင်မင်ကတော့ Healthy Life ရဲ့ ပရိသတ်တွေ ဝိတ်ချတော့မယ် , Diet လုပ်တော့မယ် ဆိုရင် ကိုယ်ဟာ ဘယ်အမျိုးအစားထဲမှာ ပါဝင်လဲ ဆိုတာ သိဖို့ အရင်ဆုံး ဒီ post လေးကို သေချာ ဖတ်ကြည့်ပေးပါ။☘️☘️



ဒီ ခန္ဓာကိုယ် အမျိုးအစားဟာ ဝိတ်ချမယ် ဆိုတဲ့ သူတွေမှာ သိပ်မရှိတတ်ပါဘူး ။
Gym တွေမှာ ဝိတ်တက်အောင် ဆော့ဖို့သာ ရည်ရွယ်ကြတဲ့ သူများ ဖြစ်ပါတယ် ။
ဘယ်လောက်စားစား မဝ ဘူးဆိုတာ ဒီလိုလူတွေပါ ။ 😁😁

ဒီခန္ဓာကိုယ် မှာ အရိုးတွေဟာ သေးပြီး ကျစ်လျစ်တဲ့ တည်‌ဆောက်မှု ရှိတယ် ။များသောအားဖြင့် အရပ်ရှည်ကြတယ် ။
ပုခုံး ဗျက် ကျဉ်း တယ်။

ကြွက်သား ထုထည် ကြီးကြီး မရှိတတ်ပါဘူး။ သွယ်သွယ်လျလျ ရှိတယ် ။

‌လက်တွေ ခြေထောက်တွေ သေးသေးသွယ်သွယ် ရှိကြတယ် ။

သွားလာ လှုပ်ရှားရာမှာ ပျော့ပျော့ပျောင်းပျောင်း နဲ့ ခပ်ကိုင်းကိုင်း ရှိတယ် ။

ပိန်ပိန်ရှည်ရှည်လေးတွေပေါ့။

ဇီဝကမ္မ ဖြစ်စဉ် အင်မတန်မြန်တယ် ။ ဒါကြောင့်လည်း သူတို့ ခန္ဓာကိုယ်မှာ အဆီ နဲ့ ကြွက်သား တည်ဆောက်ရာမှာ အလွန်ခက်ခဲပါတယ် ။

ဒီလို ခန္ဓာကိုယ် ပိုင်ရှင်တွေဟာ ကာဘိုဟိုက်ဒရိတ် ကို များများစားသင့်ပါတယ် ။ ပရိုတင်း ဓာတ် များများ စားသောက်သင့်ပါတယ်။ ဆန်လုံးညို / ထမင်း / ပေါင်မုန့် များများစားသင့်ပါတယ် ။



ဒီ အမျိုးအစား ကတော့ တုတ်တုတ်ခိုင်ခိုင်ရှိတယ်။ တောင့်တောင့် တင်းတင်း ရှိတယ်။ များသော အားဖြင့် အရပ် မရှည်ကြပါဘူး ။ ပုခုံး ခပ်ကားကား ရှိတယ်။

တုတ်ခိုင်တဲ့ လက်မောင်းတွေ ခြေထောက်တွေ ရှိကြတယ် ။

အဆီ နဲ့ ကြွက်သား ရောနေတတ်တဲ့ ပုံစံ ဖြစ်ပြီး အဆီထုက ထင်ပေါ်ပြီး ကြွက်သား ပုံစံ သိပ်မပေါ်လွင်တတ်ပါဘူး။

ကြံ့ခိုင်ပြီး ကိုယ်ခံအားကောင်း ခံနိုင်ရည် ရှိတဲ့ တည်ဆောက်မှုမျိုးပါ ။ တုတ်တုတ် ခဲခဲ လေးတွေပေါ့ ။🏋️🏋️

ဇီဝကမ္မဖြစ်စဉ် ဟာ ဒီလို ခန္ဓာကိုယ်မျိုးမှာ နှေးတတ်ပါတယ် ။

ဒီ ခန္ဓာကိုယ် ပိုင်ရှင်များဟာ အလွန်တိကျစွာ နေထိုင်စားသောက်သင့်ပါတယ် ။

ကယ်လိုရီ ဘယ်လောက်ပဲ စားမယ် / ကာဘိုဟိုက်ဒရိတ် ပမာဏ ဘယ်လောက်ပဲ စားမယ် စသည်ဖြင့် တိကျသင့်ပါတယ် ။

ကာဘိုဟိုက်ဒရိတ်ကို လျှော့ပြီး
ပရိုတင်း များများ စားပေးရပါမယ်။

ထမင်း အလွန်အမင်းစားခြင်း / ပေါင်မုန့် / ဂျုံ များ စားခြင်း လျှော့ ချသင့်ပါတယ်

( ကြွက်သားပေါ်လွင်ပြီး ပိန်ချင်ရင် ပြောတာပါနော် ။ 😁)



ဒီ ပုံစံကတော့ အလယ်အလတ်ရှိပြီး ကြည့်ကောင်းတဲ့ ခန္ဓာကိုယ် အမျိုးအစားပါ ။

သင့်တင့်မျှတ တဲ့ ကြွက်သားတည်ဆောက်မှု ရှိပါတယ် ။ လေးထောင့် ကျတဲ့ အသွင်မျိုးရှိတယ် ။ ကြွက်သား ထုထည် ရှိတတ်ပြီး ကျန်းမာကြံ့ခိုင် တတ်ပါတယ် ။

ကြွက်သား အတက်အကျ လွယ်သလို
ပိန်တာ ဝတာ လည်း အတက်အကျမြန်ပါတယ် ။💯💯💯

မျက်စိရှေ့တင် ဝ လာပြီး နောက် ၂ ပတ်လောက်နေရင် ပြန်ပိန်သွားတယ် ဆိုတာမျိုးပါ။

အရပ်လည်းပဲ မရှည် / မပု အလယ်အလတ်ပုံစံမျိုးပါ ။

ဒီလို ခန္ဓာကိုယ်မျိုးတွေကတော့
ကာဘိုဟိုက်ဒရိတ်ပမာဏ ကို အတိအကျ စားသောက်ဖို့ သင့်ပါတယ် ။

အဆီ နဲ့ ပရိုတင်း ကို အညီအမျှ စားသောက်ရပါမယ်။ 💪💪💪

_ဝိတ်ချချင်တယ် ဆိုသူလေးတွေအတွက် နောက်ထပ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းလမ်းကောင်းလေးတွေ ထပ်ထပ် တင်ပေးသွားမှာမို့ Page ကို Like & See First ထားပါဦးနော် ။

ကိုယ့်အတွက် အသုံးဝင်သလို တခြားသူလေးတွေလည်းဖတ်လို့ရအောင် Post ကို လွတ်လပ်စွာ Share လို့ ရပါတယ်နော် ။

⛔⛔Healthy Diet Wieght Loss Plan၏ မူပိုင်ရေးသားဖန်တီးမှု ဖြစ်ပါသောကြောင့် ခွင့်ပြုချက်မပါဘဲ ကူးယူဖော်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။
Credit
ADMIN-M Healthy Diet
#ဝိတ်ချကြမယ်




10/05/2020

ချစ်​​လေးတို့​ရေ ညအိပ်​ယာဝင်​တိုင်းမျက်​နှာ​လေး​တွေသစ်​အိပ်​ကြပါ😍😍😍ကြည်​လင်​တဲ့အသားအရည်​​လေးရရှိဖို့❤

06/05/2020

ဆန်ဆေးရည်=ဆေးဝါး(၁၀မျိုး)

ဆန်ဆေးရည်ထဲမှာ ပရိုတင်းဓာတ်၊ ဗီတာမင်များနှင့် ကဆီဓာတ်တို့ပါဝင်သည်။ အထူးသဖြင့် ပထမနှင့်ဒုတိယ တစ်ခါဆန်ဆေးရည်ထဲမှာ ပိုတက်ဆီယမ်လည်းပါဝင်ထားပြီး PH 5.5ဝန်းကျင်ရှိသည်။ ဆားနဲ့အနည်းငယ်ထည့်၍ သောက်လျှင် အပူချခြင်း၊ သွေးအေးစေခြင်းနှင့် အဆိပ်ကိုဖြေစေသည်။

သူငယ်ချင်းတို့သိကြသလား? ဆန်ဆေးရည်ထဲရှိ ပရိုတင်း၊ သတ္တု့ဓာတ်နှင့် ကဆီဓာတ်များစသည် အာဟာရဓာတ်တို့ပါရှိ၍ မျက်နှာသစ်ပေးလျှင် အသားရေကိုစိုပြေစေသည်။ တစ်ပတ်ကိုနှစ်ခါလောက် ဆေးပေးလျှင်ရသည်။ ကျိုပြီးသောက်လျှင် အစာအိမ်နံရံကို အကာအကွယ်ပေးခြင်း၊ အပူအပုတ်ချစေခြင်းနှင့် အစာကြေစေခြင်းစသည့် အစွမ်းရှိသည်။
ဝက်ခြံပေါက်ခြင်းနှင့် ချွေးပေါက်ကျယ်သော အဆီပြန် အသားရေတို့သည် ဆန်ဆေးရည်နဲ့ဆေးကြောပေးလျှင် သဘာဝကျကျနှင့် အရေပြားရှိ အညစ်အကြေးတွေကို သန့်ရှင်းပေးနိုင်သည်။

ဆန်ဆေးရည်နဲ့ တခြားနေရာမှာ ဘယ်လိုသုံးရမလဲ

၁။ လက်ဆေးပေးလျှင် - အသားရေကို နူးညံ့ချောမွေ့စေပြီး ညစ်ကြေးတွေကို ဖယ်ရှားပေး
၂။ အိုးခွက်ပန်းကန်ဆေး - ဓာတုဗေဒပစ္စည်းမပါဝင်ဘဲ တောက်ပြောင် သန့်ရှင်းစေသည်။
၃။ မြေအိုးအသစ်ကို မသုံးပြုခင်ဆန်ဆေးရည်နဲ့ အရင်ဆေးကြောပေးပြီး ဆန်ဆေးရည်ကို မြေအိုးထဲကိုမိနစ် ၃၀လောက်ထည့်ကျိုပေးလျှင် မြေအိုးရေမစိမ့်ကျတော့ပါ။
၎။ စည်းနှီးတုံးသက်တမ်းကြာလျှင် ညှီနံ့များရှိတတ်၍ ဆန်ဆေးရည်ထဲ ထည့်စိမ်ပြီး ဆားနဲ့ပွတ်ဆေးပေးလျှင် ညှီနံ့ပျောက်မည်။
၅။ သံဖြင့်ပြုလုပ်ထားသော ဓားများဇွန်းများအစရှိသော သံချေးတက်သောပစ္စည်းများကို ပျစ်သောဆန်ရည်ထဲကို နာရီပိုင်းလောက်ထည့်စိမ်လျှင် သံချေးတက်ခြင်းကို ကာကွယ်ပေးသည်။
၆။ ညှီနံ့ရှိသောဟင်းများကို ဆားပါသောဆန်ဆေးရည်ထဲကို ပွတ်ဆေးပေးပြီး ရေသန့်နဲ့ တစ်ဖန် ပြန်ဆေးပေးခြင်းဖြင့် ညှီနံ့ပျောက်စေသည်။
၇။ ဈေးကဝယ်လာသောအသားများမှာ ဖုန်မူန့်နှင့်အမှိုက်များ သန့်ရှင်းအောင်လုပ်ဖို့ ခက်ခဲလျှင်ဆန်ဆေးရည်ထဲကို နှစ်ခါလောက်ထည့်ဆေးပေးလျှင် ok ပါပြီ
၈။ ဆေးသုတ်ထားသော ပရိဘောဂပစ္စည်းများပေါ်မှာ ကျန်ရှိနေသောဆေးနံ့ များကိုပိတ်စနဲ့ ဆန်ဆေးရည်ကိုစွက်ပြီး အပြန်အလှန်သုတ်ပေးလျှင် အနံ့ဆိုးများပျောက်သွားမည်။၉။ အဖြူရောင်အဝတ်အစားများကို ဆန်ဆေးရည်ထဲမှာ ၁၀မိနစ်ထည့်စိမ်ပြီး ဆပ်ပြာနဲ့ဆေးကြောပေးလျှင် အသစ်လိုပြန်ဖြစ်သွားမည်။
၁၀။ ပဝါများပေါ်တွင် သစ်သီးဖျော်ရည်ဖိတ်ထားခြင်း၊ ချွေးများကြောင့်မာပြီး အနံ့ဆိုးများထွက်လာလျှင် ဆန်ဆေးရည်ထဲမှာ ၁၀မိနစ်လောက် ကျိုပေါင်းပေးပါ။crd.....

05/05/2020

"အဆီပြန်တက်တဲ့အသားအရည်ပိုရှင်တွေအတွက် အသားအရည်ထိန်းသိမ်းနည်း"

မိန်းကလေးတော်တော်များများဟာ အသားအရည်ကို ပြင်ဆင်ခြယ်သဖို့တော့ သိကြပေမယ့် အသားအရည် ထိန်းသိမ်းနည်းကိုတော့ သိပ်မသိကြပါဘူး။ အသားအရည်ကျန်းမာမှ ပြင်ဆင်ခြယ်သတဲ့အခါမှာလည်း ပြီးပြည့်စုံတဲ့ ရလဒ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ ခုဖော်ပြပေးမယ့် နည်းလမ်းလေးကတော့ ချွေးပေါက်ကျယ်ပြီး အဆီပြန်တဲ့ အသားအရည်ပိုင်ရှင်တွေအတွက် အသင့်တော်ဆုံး အသားအရည်ထိန်းသိမ်းနည်း ဖြစ်ပါတယ်။

(၁) မိတ်ကပ်ဖျက်

ညအိပ်ရာဝင်ခါနီးတိုင်း မိတ်ကပ်ကို မဖြစ်မနေ ဖျက်ရပါမယ်။ မိတ်ကပ်မဖျက်ပဲ အိပ်စက်ခြင်းဟာ အသားအရည်ကို ဆိုးရွားစွာ ထိခိုက်စေရုံသာမက အဆီပြန်ခြင်း၊ ချွေးပေါက်ကျယ်ခြင်းတွေကိုလည်း ပိုဆိုးလာစေပါတယ်။ မိတ်ကပ်ဖျက်ဖို့ ဖျက်ဆေးသီးသန့်မရှိရင်တောင် Veseline ကို လိမ်းပြီး ဂွမ်းလေးနဲ့ ပြန်သုတ်ပါ။

(၂) ရေနွေးနဲ့မျက်နှာသစ်ပါ

ရေနွေးတယ်ဆိုရုံလေးနဲ့ မျက်နှာသစ်ပေးပါ။ မျက်နှာသစ်ဆပ်ပြာကိုလည်း ကိုယ့်အသားရည်နဲ့ အသင့်တော်ဆုံး အမျိုးအစားကို ရွေးချယ်ပါ။ မျက်နှာသစ်ပြီးရင်လည်း တဘက်နဲ့ သုတ်မယ့်အစား အခြောက်ခံတာ ပိုကောင်းပါတယ်။

(၃) ဂျီးချွတ်

မျက်နှာကို မကြာခဏ ဂျီးချွတ်ပေးပါ။ သွားပွတ်တံ ပျော့ပျော့လေးကို ဝယ်ပြီး ခြောက်သွေ့တဲ့ မျက်နှာပေါ်ကို ငြင်ငြင်သာသာ ပွတ်တိုက်ပေးပါ။ တစ်ခါတလေ သကြား၊ ပျားရည်၊ လက်ဖက်စိမ်းတို့ကို ရောပြီးမျက်နှာကို ပွတ်ပေးပါ။ ပြီးရင် ရေနွေးလေးနဲပြန်သစ်ပေးပါ။

(၄) အစိုဓာတ်ဖြည့်ပါ

မျက်နှာကို သန့်စင်ပြီးတိုင်း Moisturizer လိမ်းပေးဖို့ လုံးဝမမေ့ပါနဲ့။ သင့်မျက်နှာလေးစိုပြည်နေပြီး ချွေးပေါက်တွေ ကျဉ်းသွားမှာဖြစ်ပါတယ်။crd...

Address

Magway

Website

Alerts

Be the first to know and let us send you an email when OMK Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share