Aye Aye Mone

Aye Aye Mone 666666

မေ့နေပီလား 😘😘
22/08/2025

မေ့နေပီလား 😘😘

အချစ်ဆိုတာ.......😍💏ချစ်တတ်ရုံနဲ့ 🖤   မပီးသေးဘူး😎      တန်ဖိုးထားပီး 🤗❤️         ဂရုစိုက်တတ်ဖို့လဲ လိုတရ်💏💞Crd
23/04/2023

အချစ်ဆိုတာ.......😍💏
ချစ်တတ်ရုံနဲ့ 🖤
မပီးသေးဘူး😎
တန်ဖိုးထားပီး 🤗❤️
ဂရုစိုက်တတ်ဖို့လဲ လိုတရ်💏💞

Crd

ကိုယ့်စိတ်ကိုယ် ပြန်အားပေးပါ🍑🍑🍑🍑🍑🍑🍑🍑ဘဝမှာ…ဖြစ်ခြင်တဲ့ ဆန္ဒနဲ့  ဖြစ်သင့်တာနဲ့  ချိန်ဆရင်း ……ဖြစ်ခြင်တဲ့  စိတ်ကူးတွေ အကြိမ်...
29/04/2022

ကိုယ့်စိတ်ကိုယ် ပြန်အားပေးပါ
🍑🍑🍑🍑🍑🍑🍑🍑

ဘဝမှာ…
ဖြစ်ခြင်တဲ့ ဆန္ဒနဲ့  ဖြစ်သင့်တာနဲ့  ချိန်ဆရင်း ……
ဖြစ်ခြင်တဲ့ စိတ်ကူးတွေ အကြိမ်ကြိမ်လွဲချော်ခဲ့ဖူးတယ်။

ဘဝမှာ …
မျှော်လင့်ထားတဲ့ အတွေးနဲ့  လက်တွေ့ကို ဆင်ခြင်ရင်း ……
မျှော်လင့်ထားခဲ့သမျှ အကြိမ်ကြိမ်ပျောက်ကွယ်ဖူးခဲ့တယ်။

ဘဝမှာ …
လိုခြင်တောင့်တမိတဲ့ အရာကို မတရားမယူချင်လို့  ………
ဆန္ဒတွေချိုးနှိမ်ပြီး လက်လျော့ခဲ့ရတာလည်း ……
အကြိမ်ကြိမ်ရှိခဲ့ဖူးပါတယ်။

ဘဝမှာ …
စိတ်နာအောင်လုပ်သွားသူကို လက်တုန့် ပြန်လိုက်ချင်ပေမယ့်
ငရဲကိုမယူရဲလို့  အရှုံးပေးပြီး နောက်ဆုတ်ပေးလိုက်ရတဲ့ ……
အဖြစ်တွေလည်း ရှိခဲ့ဖူးတယ်…

ဘဝမှာ …
နာကျင်စေသူကို လက်တုန့် ပြန်ရင် အနိုင်ရမှန်းသိပေမယ့် ……
နောက်ထပ် ရေစက်မဆုံချင်တော့လို့ ဥပေက္ခာပြုခြင်းနဲ့သာ ……
လက်တုန့် ပြန်လိုက်တာတွေလည်း ရှိခဲ့ပါတယ်။

ဘဝမှာ …
မချစ်သင့်တော့မှန်း သိနေတဲ့ လူတစ်ယောက်ကို ………
ဦးနှောက်က တားစီးနေပေမဲ့ နှလုံးသားရဲ့ ခံစားချက်ကို ……
မလွန်ဆန်နိုင်တဲ့အခါ စိတ်အဆင်းရဲခံပြီးလည်း ချစ်ခဲ့ဖူးပါတယ်။

ဘဝမှာ …
အသက်မက ချစ်ခဲ့ရပေမယ့် မဖြစ်နိုင်တဲ့ အခြေအနေမို့ ……
မမုန်းရက်ပဲ ရင်နာနာ စွန့် လွှတ်ခဲ့ရသူလည်း ရှိခဲ့ဖူးပါတယ်။

ဘဝမှာ …
ကိုယ့်ကိုယ် အချစ်ဆုံးလို့ ခံယူထားသူက အနာကျင်ဆုံး ……
စိတ်ဒဏ်ရာတွေပေးပြီး စွန့် သွားတာလည်း ရင်ဆိုင်ခဲ့ဖူးပါတယ်။

္နဒီလောက်ဆို လူတစ်ယောက်ရဲ့ ဘဝအတွေ့ အကြုံနဲ့ ……
လုံလောက်ပါပြီ နောက်ထပ် ဘယ်အပူမှ မရချင်တော့ဘူး။

ဒီလောက်ဆို လူတစ်ယောက်မှာ လက်ခံနိုင်တဲ့ ……
စိတ်ဒဏ်ရာတွေ လုံလောက်ပါပြီ။

နောက်ထပ် ဘယ်အရာကိုမှ စိတ်နစ်ပြီး မခံစားချင်တော့ဘူး။

ရင်ဆိုင်ခဲ့ရတဲ့ အဆိုးတွေကို သင်ခန်းစာအဖြင့် အသုံးချရင်း……

~ အမှားတွေနည်းအောင် နေထိုင်မယ်။

~ ပျော်စရာတွေကိုသာ ရွေးချယ်ပြီး ဘဝကို ……
ပျော်ပျော်လေးပဲ ဖြတ်သန်းတော့မယ်။

~ ငိုစရာတွေကြုံလာရင် အရင်ကငိုခဲ့ရတာတွေကို ……
ပြန်တွေးပြီး ရယ်မောပစ်လိုက်မယ်။

~ စိတ်ညစ်စရာတွေ ကြုံလာရင် တချိန်က နာကျင်မှုတွေကို ……
ပြန်တွေးပြီး ဟာသလုပ်ပစ်လိုက်မယ်။

လူဆိုတာ ကိုယ့်ဘဝတိုးတက်အောင်လုပ်ဖို့ လည်း ကိုယ့်တာဝန်
ပျော်အောင်နေဖို့ လည်း ကိုယ့်တာဝန် ပြိုလဲကျအောင်လုပ်တာလည်း ကိုယ့်စိတ်ပါပဲ။

ဒါကြောင့် …
ကိုယ့်ဘဝအတွက် တာဝန်အရှိဆုံးသူကိုယ်က

တချိန်က ဘယ်လိုအမှားတွေလုပ်ခဲ့မိပါစေ ……
ဒီနေ့ မှာ အကောင်းဆုံးဖြစ်အောင် နေထိုင်မယ်။

တချိန်က ဘယ်လိုငိုကြွေးခဲ့ပါစေ ……
ဒီနေ့ မှာ အလှဆုံးပြုံးထားမယ်။

တချိန်က ဘယ်လောက်နာကျည်းစရာတွေရှိခဲ့ပါစေ ……
ဒီနေ့  နောင်တကင်းကင်းနဲ့  စိတ်ချမ်းသာအောင်နေမယ်။

တချိန်က ဘယ်လောက်အခက်ခဲတွေ ရှိခဲ့ပါစေ ……
ဒီနေ့  အခက်ခဲမှန်သမျှကို အားသစ်တွေနဲ့ ရင်ဆိုင်မယ်။

တချိန်က မုန်းတီးမိခဲ့သူတွေရှိခဲ့ပါစေ ………
ဒီနေ့ လူတိုင်းနဲ့  ချစ်ချစ်ခင်ခင်နေထိုင်မယ်။

တချိန်က အကြိမ်ကြိမ်ပြိုလဲ ကျခဲ့ပေမဲ့ ……
ဒီနေ့ စိတ်သစ်လူသစ်နဲ့  အရာရာကို အေးဆေးစွာ ……
ဖြေရှင်းပြီး ကျော်လွှာမယ်။

လူတိုင်းမှာ အတိတ်ဆိုတာရှိတယ်။ အဆိုးတွေလည်းရှိခဲ့သလို ကောင်းတာတွေလည်းရှိခဲ့ကြပါတယ်။ ကိုယ်တစ်ယောက်ထဲ မဟုတ်ပါဘူး။

အဆိုးတွေ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရလေ ……
ဘဝသင်ခန်းစာတွေ ပြည့်ဝလာစေပါတယ်။

ရရှိလာတဲ့ ဘဝသင်ခန်းစာတွေနဲ့  ကိုယ့်ဘဝကိုယ် အကောင်းဆုံးပြုပြင်ရင်း နေ့သစ်တိုင်းမှာ ကိုယ့်စိတ်ကိုယ် ပြန်အားပေးရင်း
အားအင်အသစ် အတွေးအသစ်တွေနဲ့  နောင်တမဲ့စွာ ရှင်သန်နေထိုင်လိုက်ပါတယ်…။

Credit

29/04/2022
မတွေ့ရခင်~~~~~~အချိန်လေးတစ်ခုအထိ စောင့်နေပါ့မယ် ကိုကိုမနေ့ကထက် စာရင် ဒီနေ့ ပိုနီးလာပါပီတဲ့လေဖြစ်နိုင်မယ်ဆိုရင် ချက်ချင်း...
27/05/2021

မတွေ့ရခင်~~~~~~

အချိန်လေးတစ်ခုအထိ စောင့်နေပါ့မယ် ကိုကို

မနေ့ကထက် စာရင် ဒီနေ့ ပိုနီးလာပါပီတဲ့လေ

ဖြစ်နိုင်မယ်ဆိုရင် ချက်ချင်းဆိုသလိုမျိုး

ကိုကို့ ကို ပြေးဖက်ထားချင်မိတာလေ

တကယ့်လက်တွေ့မှာတော့

နွေးထွေးတဲ့ ရင်ခွင်တစ်ခုကို မျှော်လင့်ရင်း

အေးစက်တဲ့ပတ်ဝန်းကျင်ကြားမှာ

အထီးကျန်ရင်း ဝမ်းနည်းရင်း လွမ်းရင်းနဲ့

မနည်းဖြက်ကျော် နေဆဲပါ ကိုကို ရယ်။ ။

" ဘဝအတွက် ခွန်းအားဖြစ် စာစုများ "💪💪💪💪💪💪💪💪💪💪💪💪🌺 အမှားတစ်ခုကြုံတိုင်း သင်ခန်းစာယူပါ။🌺 ပြဿနာတစ်ခုတွေ့တိုင်း ဖြေရှင်းတက်ပါစေ...
29/01/2021

" ဘဝအတွက် ခွန်းအားဖြစ် စာစုများ "
💪💪💪💪💪💪💪💪💪💪💪💪

🌺 အမှားတစ်ခုကြုံတိုင်း သင်ခန်းစာယူပါ။
🌺 ပြဿနာတစ်ခုတွေ့တိုင်း ဖြေရှင်းတက်ပါစေ။
🌺 အခက်အခဲ တွေ့တိုင်း စိတ်ဓာတ်မကျပါနဲ့။

🌺 ဒုက္ခဆိုတာ သုခအတွက် ပထမရှေ့ပြေး။
🌺 မုန်တိုင်းပြီးရင် လေပြေလာလိမ့်မယ်။

🌺 လောကဓံကို ကြံ့ကြံ့ခံနိူင်မှ……
🌺 လူဘဝဆိုတာ ဖြောင့်ဖြူးတာပါ။

🌺 အပြေးသမားတစ်ယောက်က……
🌺 အမောမခံနိူင်ပဲ ပန်းတိုင်ရောက်အောင်……
🌺 မပြေးနိူင်ဘူးလေ။

🌺 လူ့ဘဝကလဲ ဒီလိုပဲ……
🌺 မောပန်းခြင်းကို အကြောင်းပြ……
🌺 ရောက်တဲ့နေရာ ရပ်နေသရွေ့့……
🌺 လျှင်မြန်ပါတယ်ဆိုတဲ့''ယုန်''ကို……
🌺 "လိပ်''ကတောင် အနိူင်ယူသွားသေးတာပဲ။

🌺 ရှေ့ကလူကို နောက်ကလူက……
🌺 လိုက်မှီတယ်ဆိုရင် အဲ့ဒီလူကပဲ……
🌺 မြန်တာလား ရှေ့က လူကရပ်နေတာလား……
🌺 စဉ်းစားကြည့်ပါ။

🌺 ဘယ်ကိစ္စမဆို……
🌺 မှားမှာမကြောက်နဲ့……
🌺 ရှုံးမှာမကြောက်နဲ့……
🌺 ကြောက်တက်တဲ့ စိတ်ကိုပြင်……
🌺 စိတ်ဓာတ်ကို အမြဲမြှင့်တင်ပါ။

🌺 ဘဝကိုမြှင့်မှ တိုးတက်တာပါ……
🌺 ဘဝင်မြင့်ရင်တော့……
🌺 အောက်ကျလိမ့်မယ်သတိထား။

🌺 ဘာကြောင့်ဖြစ်ဖြစ် အားမငယ်ပါနဲ့…
🌺 စိတ်ဓာတ်မကျပါနဲ့ ဒါပေမဲ့……
🌺 လောကကြီးက ဒုက္ခတစ်ခုပေးတိုင်း……
🌺 အခက်အခဲ တစ်ခုပေးတိုင်း……
🌺 ပြဿနာတစ်ခုပေးတိုင်း……
🌺 သင်ခန်းယူဖို့တော့ မမေ့ပါနဲ့။

🌺 ဘာကြောင့်ဆို ……
🌺 အခက်အခဲနဲ့ ဒုက္ခဆိုတာ ……
🌺 ကျွန်တော်တို့ လူသားတွေအတွက် ……
🌺 ပြီးဆုံးတယ်ဟူ၍ မရှိနိူင်ပါဘူး

မေဆု ရာမညမြေ

Address

Magway

Website

Alerts

Be the first to know and let us send you an email when Aye Aye Mone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aye Aye Mone:

Share